အားကစားသတင်းများ

ဘရားဇီးလ် မှော်ဆရာလေး ကော်တင်ဟို ရဲ့ ‌နောင်တ

blog image

December 23, 2024

“ ယာဂင်ကလော့ပ်က ကျွန်တော့်ကို လီဗာပူလ်းမှာပဲဆက်နေဖို့နဲ့ ဂန္တဝင်ဖြစ်လာဖို့ ပြောခဲ့ပေမယ့် လီဗာပူလ်းက ထွက်ခွာခဲ့မိတာကို ကျွန်တော် နောင်တရခဲ့ပါတယ်။ လီဗာပူလ်းကနေထွက်ခွါခဲ့တာဟာ ဆုဖလားတွေနဲ့ ကြီးကြီးမားမားအောင်မြင်မှုတွေရယူဖို့ဆိုပေမယ့် ကျွန်တော်ထွက်ခွါသွားပြီး‌ နောက်နှစ်မှာပဲ လီဗာပူလ်းက ဆုဖလားတွေရလာခဲ့တယ်။ဒီလိုနဲ့ ကျွန်တော်စိတ်ဓာတ်တွေကျလာတာပဲ။ဘာစီလိုနာမှာလည်းကျွန်တော်က ဘာကောင်မှမဟုတ်သလိုပဲ အငှာထွက်ကစားခဲ့ရတယ်။အမှန်တိုင်းပြောရရင် တကယ်ခက်ခဲ ခဲ့တဲ့အချိန်တွေပါပဲ။ “ ဒီလို ပြောပြီး ကစားသမားဘဝ ရဲ့ အကျ အပိုင်း ကို ရောက်သွားခဲ့တာဟာ ကော်တင်ဟို အတွက်ရော ဘောလုံး ပရိတ်သတ်တွေအတွက် တော့ လုံးဝ နှမြောစရာပါ ။


ကော်တင်ဟို ရဲ့ ဘောလုံးကစားသမား ဘဝဟာ အံသြစရာ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ပြည့်နေပြီး ကစားသမား ဘဝ ကျော်ကြားမှုတစ်ခုထဲသာမက စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပါတယ် ။ အပြင်ပန်းတွင် တိတ်ဆိတ်နေသလိုပုံစံမျိုး နှင့် မြင်ရတတ်ပေမယ့် သူ့ရဲ့ ကစားပုံက ပရိတ်သတ်တွေ ကို စိတ်လှုပ်ရှားမှုတွေကို ဖန်တီးပေးနိုင်ပါတယ်။ ကွင်းထဲ မှာ သူရဲ့ 𝐃𝐫𝐢𝐛𝐛𝐥𝐢𝐧𝐠 အရည်အချင်း၊ 𝐕𝐢𝐬𝐢𝐨𝐧 နှင့် 𝐋𝐨𝐧𝐠-𝐑𝐚𝐧𝐠𝐞 𝐒𝐡𝐨𝐭𝐬 တွေကြောင့် 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ကစားသမားဘဝ မှာ ထိပ်တန်းအဆင့်ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။


ကော်တင်ဟို က ဘရာဇီးနိုင်ငံ ရီယိုဒီဂျေနရိုမြို့တော်မှာ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဘောလုံးအရည်အချင်းတွေဟာ အသက်ငယ်စဉ်ကတည်းက ထင်ရှားပြီး မိသားစုရဲ့ အားပေးမှုတွေကြောင့် အလွန်ထူးချွန်လာခဲ့တာပါ။ကော်တင်ဟို ရဲ့ လူငယ်ကစားသမား ဘဝ ဟာ အခြားသော ကစားသမားတွေလို ချက်ချင်းထင်ရှားလာခဲ့တာမဟုတ်ပဲ သူ့ရဲ့ 𝐃𝐫𝐢𝐛𝐛𝐥𝐢𝐧𝐠 နှင့် အတိအကျ 𝐏𝐚𝐬𝐬 ပေးနိုင်စွမ်းတွေကြောင့် အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိလာခဲ့ပါတယ်။ သူဟာ ကွင်းထဲမှာ လျင်မြန်မှုနဲ့ 𝐁𝐚𝐥𝐥 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐢𝐧𝐠 ပိုင်းတွေကို အကောင်းဆုံး ပြသနိုင်ခဲ့ပြီး လေ့ကျင့်ပျိုးထောင်မှုနဲ့ပေါင်းစပ်ကာ သူ့ရဲ့အရည်အချင်းတွေကို ပိုမိုကောင်းမွန်လာစေခဲ့တာဖြစ်ပါတယ်။ ကော်တင်ဟို ဟာ ၁၃ နှစ်အရွယ်မှာ 𝐅𝐥𝐚𝐦𝐞𝐧𝐠𝐨 𝐂𝐥𝐮𝐛 ရဲ့ ယူ-၁၃ အသင်းမှာ ကစားခွင့်ရခဲ့ပြီး သူ့ ရဲ့ အရည်အချင်းတွေကြောင့် နေရာတစ်နေရာ ကို အခိုင်အမာ ရယူနိုင် ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဘဝအစမှာတော့ ကော်တင်ဟို ဟာ 𝐈𝐧𝐭𝐞𝐫 𝐌𝐢𝐥𝐚𝐧 အသင်းမှတစ်ဆင့် ၂၀၁၀ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်လောက ထဲသို့ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ တိုးတက်လာမှု နဲ့ ကော်တင်ဟို ဟာ အင်တာမီလန် အသင်းမှာ အခွင့်ရေး တချို့ ရရှိလာခဲ့ပါတယ် ။ အဲဒီချိန် မှာ အင်တာမီလန် မှာ ကစားသမား ကောင်းတွေ များစွာ ရှိနေပြီး သူ့အနေနဲ့ ပွဲထွက် ကစားခွင့် ပိုမို လိုအပ်တာကြောင့် အက်စပန်ညို အသင်းကို ပြောင်းရွှေ့ သွားခဲ့ပါတယ် ။


𝐄𝐬𝐩𝐚𝐧𝐲𝐨𝐥 မှာ ကော်တင်ဟို ဟာ ပိုမိုနာမည် ရလာခဲ့ပြီး ဥရောပ အသင်းကြီးတွေက စပြီး သတိထားလာမိခဲ့ကြပါတယ် ။ သူ့ရဲ့ 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 တွေကြောင့် 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 အသင်းရဲ့ အာရုံစိုက်မှုကို ရရှိလာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ၈.၅ သန်းပေါင်နဲ့ 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 ကို ပထမဦးဆုံး ဝင်ရောက်ခဲ့ပါသည်။ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 မှာ သူ့ရဲ့ ပထမဦးဆုံးကာလကပင် အသင်းအတွက် အရေးပါတဲ့ 𝐆𝐚𝐦𝐞-𝐂𝐡𝐚𝐧𝐠𝐞𝐫 အဖြစ်သက်သေပြခဲ့ပြီး အရေးပါတဲ့ 𝐀𝐬𝐬𝐢𝐬𝐭𝐬 နှင့် 𝐆𝐨𝐚𝐥𝐬 တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 မှာ ရှိစဉ် အချိန်ကာလတွေမှာ ကော်တင်ဟို ဟာ သူ့ရဲ့ ဘောလုံးကစားသမား ဘဝ ထိပ်ဆုံး အောင်မြင်မှုတွေကိုရရှိခဲ့ပြီး ကြိုးကြာနီ ပရိသတ်တွေရဲ့ နှလုံးသား တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အချစ်တော် ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ် ။ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 မှာ ပွဲပေါင်း ၂၀၁ ကစားပြီး ၅၄ ဂိုး သွင်းယူခဲ့ကာ ၄၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် သက်သေပြခဲ့ပါတယ်။


ကော်တင်ဟို ရဲ့ 𝐕𝐢𝐬𝐢𝐨𝐧, 𝐃𝐫𝐢𝐛𝐛𝐥𝐢𝐧𝐠, နှင့် 𝐋𝐨𝐧𝐠-𝐑𝐚𝐧𝐠𝐞 𝐒𝐡𝐨𝐭𝐬 တွေဟာ အဓိကအားသာချက်တွေဖြစ်ပြီး ၂၀၁၆-၁၇ 𝐒𝐞𝐚𝐬𝐨𝐧 မှာ သူ့ရဲ့ လီဗာပူးလ် မှာ အကောင်းဆုံး ရာသီ တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာ ကော်တင်ဟို ဟာ 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 မှာ ၁၃ ဂိုး သွင်းပြီး ၇ ဂိုး ဖန်းတီးနိုင်ခဲ့ကာ အသင်းကို 𝐓𝐨𝐩 ၄ နဲ့ ရာသီသိမ်းနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုက ၂၀၁၄ ခုနှစ်မှာ 𝐏𝐅𝐀 𝐓𝐞𝐚𝐦 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 အဖြစ်ရွေးချယ်ခံရမှုဖြစ်ပြီး 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 ပရိသတ်တွေအကြား ကော်တင်ဟို ကို '𝐓𝐡𝐞 𝐌𝐚𝐠𝐢𝐜𝐢𝐚𝐧' လို့ ပင် တင်စားခဲ့ကြသေးပါတယ် ။


𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 မှာ ကော်တင်ဟို ရဲ့ နောက်ဆုံးကာလမှာ 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 က ပြောင်းရွှေ့ ကြေး စတာလင်ပေါင် ၁၄၂ သန်း ပေးကာ ပြောင်းရွေ့သွားခဲ့ပါတယ် ။ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 မှာ ရှိစဉ်ကတည်းက သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ အသင်းကို အများကြီး အထောက်ကူပြုပေးနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းတွေဟာ ဒီနေ့ထိ လီဗာပူးလ်ပရိသတ်တွေ အမှတ်တရ ဖြစ်နေဆဲပါ။


𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 မှာတော့ ကော်တင်ဟို အတွက် အောင်မြင်မှုနှင့် အခက်အခဲ နှစ်မျိုးလုံးပေါင်းစပ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 𝐅𝐞𝐞 စံချိန်တင် ၁၄၂ သန်းဖြင့် 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 ကို ပြောင်းလာစဉ် ကော်တင်ဟို ဟာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်မယ်ကို အားလုံးက မျှော်လင့်ခဲ့ကြပါတယ် ။ သို့သော် 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 မှာ သူ့ရဲ့ အသင်းသစ် နဲ့အသားမကျသေးတာပြဿနာတွေ နဲ့ တခြားသော ကိစ္စတွေ နဲ့ အသင်းနည်းပြများနှင့် သဘောထားမတိုက်ဆိုင်မှုတွေက ခြေစွမ်း မတည်မငြိမ် ဖြစ်စေခဲ့ပါတယ် ။ ဒဏ်ရာပြဿနာတွေကြောင့် လည်း ကော်တင်ဟို ရဲ့ စွမ်းဆောင်ရည်ကို အတားအဆီးဖြစ်စေခဲ့ပြီး ပွဲစဉ် ၇၆ မှာ ၂၁ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ကော်တင်ဟို ဟာ သူ့ရဲ့ 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 မှာ ရုန်းကန်မှုတွေကြားထဲမှာ ၂၀၁၉-၂၀ ရာသီ မှာတော့ ဂျာမန်ဘီလူးကြီး 𝐁𝐚𝐲𝐞𝐫𝐧 𝐌𝐮𝐧𝐢𝐜𝐡 အသင်းကို အငှားနဲ့ပြောင်း‌ရွှေ့ သွားခဲ့ပါတယ် ။ အငှားနဲ့ သွားရောကစားစဉ်မှာ ပဲ အရမ်းအောင်မြင်သော 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 𝐋𝐞𝐚𝐠𝐮𝐞 ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ ဒီအောင်မြင်မှုဟာ ကော်တင်ဟို ရဲ့ ဘောလုံးဘဝမှာ အထင်ရှားဆုံး တစ်ခုဖြစ်ခဲ့ပြီး သူ့ရဲ့ 𝐅𝐢𝐠𝐡𝐭𝐢𝐧𝐠 𝐒𝐩𝐢𝐫𝐢𝐭 ကို ပြသပေးခဲ့ပါတယ်။ 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 ကို ပြန်လည် ရောက်ရှိလာပြီးနောက်မှာလည်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ် ။ အဲဒီနောက်မှာ 𝟐𝟎𝟐𝟐 ခုနှစ် မှာ ကော်တင်ဟို ဟာ 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 သို့ ပြန်လည်ရောက်ရှိခဲ့ပြီး 𝐀𝐬𝐭𝐨𝐧 𝐕𝐢𝐥𝐥𝐚 ဆီကို တစ်ရာသီ အငှား နဲ့ ပြောင်း‌ရွှေ့ လာခဲ့ပါတယ် ။ ပထမရာသီ မှာ 𝐀𝐬𝐭𝐨𝐧 𝐕𝐢𝐥𝐥𝐚 အသင်း နဲ့ အတူ အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည် ပြသနိုင်ခဲ့ပြီး နောက်ရာသီမှာ အပြီးသတ် ပြောင်းရွှေ့ ခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ 𝐀𝐥-𝐃𝐮𝐡𝐚𝐢𝐥 𝐒𝐜 ကို အငှားထွက် ကစားခဲ့ရပြီး အခုလက်ရှိ မှာတော့ 𝐁𝐫𝐚𝐳𝐢𝐥 𝐒𝐞𝐫𝐢𝐚 𝐀 အသင်းတစ်သင်း ဖြစ်တဲ့ 𝐕𝐚𝐬𝐜𝐨 𝐝𝐚 𝐆𝐚𝐦𝐚 အသင်းမှာ အငှားထွက်ကစားနေပါတယ် ။


ကော်တင်ဟို ရဲ့ ဘရာဇီးနိုင်ငံ လက်ရွေးစင်အသင်းဘဝဟာ သူ့ဘောလုံးလောကခရီးစဉ်အတွက် အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်တွင် လူငယ်အသင်းမှ တိုးတက်လာကာ အမျိုးသားအသင်းမှာ ပထမဆုံးအသင်းဝင်အဖြစ်ရွေးချယ်ခြင်းကို ရရှိခဲ့ပါသည်။ ကော်တင်ဟို ဟာ တည်ငြိမ်ပြီး ကြိုးစားတဲ့စတိုင်နဲ့ ကစားသမားတစ်ဦးဖြစ်တဲ့အပြင် သူ့ရဲ့ 𝐃𝐫𝐢𝐛𝐛𝐥𝐢𝐧𝐠 နဲ့ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐏𝐥𝐚𝐲𝐦𝐚𝐤𝐢𝐧𝐠 ကွက်တွေကြောင့် အသင်းအတွက် အရေးပါတဲ့အချို့သော 𝐆𝐨𝐚𝐥𝐬 နဲ့ 𝐀𝐬𝐬𝐢𝐬𝐭𝐬 တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ပွဲဦးထွက်အနေဖြင့် ကော်တင်ဟို ဟာ ဘရာဇီးလ် အသင်းကြီးအတွက် ၂၀၁၄ 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ စတင်ပွဲထွက်ခွင့် ရရှိခဲ့ပြီး အဲဒီကာလအတွင်း ကော်တင်ဟို နဲ့ 𝐍𝐞𝐲𝐦𝐚𝐫 𝐉𝐫. တို့ရဲ့ ညီညီမျှမျှခြေစွမ်းပြပြီး ဘရာဇီးလက်ရွေးစင်အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်း ဆုံး ဦးဆောင်နိုင်ခဲ့ပါတယ် ။ ကော်တင်ဟို ဟာ ဘရာဇီးလ် အသင်းတွက် ပွဲပေါင်း ၃၅ ပွဲ ပါဝင်ကစားပေးခဲ့ကာ ၁၀ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဘရာဇီးလ် အသင်းမှာ နေမာ နဲ့ အတူတူ အတွဲဖက်မိမိ ခြေစွမ်း ပြရင်း ကိုပါအမေရိက ဖလားကို ၂၀၁၉ ခုနှစ် မှာ ရရှိနိုင်ခဲ့ပါတယ် ။ ကော်တင်ဟို ရဲ့ လူငယ်ဘဝနှင့် ပရော်ဖက်ရှင်နယ်ဘဝအစကာလဟာ သူ့ရဲ့ စွန့်စားမှု၊ ခွန်အား၊ နှင့်မျှော်လင့်ချက်များ နဲ့ ပြည့်နေခဲ့ပြီး ယနေ့အထိ သူ့ရဲ့ ဘောလုံးခရီးစဉ်ကို ယနေ့ ထိ ဆက်လက် ပုံဖော်နေဆဲ ဖြစ်ပါတယ် ။
"〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#MMMedia
#PhilippeCoutinho
#Brazil



Related Sports News