အားကစားသတင်းများ
ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံးတိုက်စစ် အတွဲ
April 21, 2025
ဒီနေ့တင်ဆက်ပေးသွားမှာကတော့ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲတွေထဲက တစ်တွဲဖြစ်ပြီး ပရီးမီးယားလိဂ် ပရိတ်သတ်တိုင်း အခုချိန်ထိမှတ်မိနေအုံးမယ့် ချယ်ဆီး အသင်းရဲ့ ဂန္ထဝင် တိုက်စစ် အတွဲတစ်တွဲ ဖြစ်တဲ့ ဂူဂျွန်ဆင် နဲ့ ဟက်ဆယ်ဘိန်း တို့တိုက်စစ်အတွဲကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ဘောလုံးပွဲတွေကို ကြည့်ရှုဖို့ အရင်လိုခက်ခဲမှုတွေမရှိတော့ ပိုမိုတွင်ကျယ်လာတဲ့ အချိန်မှာ ဟက်ဆယ်ဘိန်း နဲ့ ဂူဂျွန်ဆင်တို့ တိုက်စစ်အတွဲကို ကောင်းကောင်းကြည့်ရှုခဲ့ရတယ်။ ဒီတိုက်စစ် ၂ ယောက်လုံးက ချယ်ဆီး အသင်းကို၂၀၀၀ ခုနှစ်က အတူတူ ရောက်ရှိခဲ့တယ်။ ဂူဂျွန်ဆင် က ဘော်ဒန် အသင်းကနေပြောင်းရွှေ့လာခဲ့ပြီး ဟက်ဆယ်ဘိန်းကတော့ အက်သလတီကို မက်ဒရစ် အသင်းကနေပြောင်းရွှေ့လာခဲ့ပြီး နှစ်ယောက်လုံးက တစ်နှစ်ထဲမှာ ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အိုက်လန် သားကြီး ဂူဂျွန်ဆင်က အေးစက်တဲ့ ကစားပုံ တစ်ခုကို ပိုင်ဆိုင်ထားပြီး ဟက်ဆယ်ဘိန်းကတော့ ပေါက်ကွဲအားကောင်းကောင်း နဲ့ ပွဲတစ်ပွဲ ကို ကစားတာကြောင့် ပရိတ်သတ်တော်တော်များများက သူတို့ နှစ်ယောက်အတွဲကို ရေခဲ နဲ့ မီး လို့သတ်မှတ်ခဲ့ကြတယ်။
ချယ်ဆီး အသင်းက မော်ရင်ဟို လက်ထပ်နောက်ပိုင်းမှသာ ကောင်းမွန်လာတဲ့ အသင်းတစ်သင်း ၊ ဥရောပ အသင်းကြီးတစ်သင်းဖြစ်သွားပေမယ့် မော်ရင်ဟို ခေတ်မတိုင်ခင်ထဲက ပြောင်းလဲပြင်ဆင်မှု အနည်းငယ်နဲ့ အောင်မြင်မှု လမ်းကြောင်းဆီသွားဖို့ အရှိန်ယူနေခဲ့တာပဲဖြစ်ပါတယ် ။ အဲ့ချိန်တွေတုန်းက ဟက်ဆယ်ဘိန်း နဲ့ ဂူဂျွန်ဆင်တို့ရဲ့ အကောင်းဆုံးတိုက်စစ် အတွဲက သိပ်ကို ကောင်းမွန်ပြီး အပေးအယူအရမ်းမျှတခဲ့တယ်။ ဟက်ဆယ်ဘိန်းက သွင်းဂိုးအများဆုံး ကစားသမား ဆုကို ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပြီး ဂူဂျွန်ဆင်က လည်း ဘေးကနေ အကောင်းဆုံးပံ့ပိုးပေးခဲ့ပြီး သူ့ရဲ့ supporting play ဘယ်လောက်ကောင်းမွန်လည်းဆိုတာ တကမ္ဘာလုံးကို ပြသနိုင်ခဲ့တယ်။ ချယ်ဆီး အသင်းက ဂူဂျွန်ဆင် နဲ့ ဟက်ဆယ်ဘိန်း တိုက်စစ်အတွဲနဲ့ အတူ နှစ် ၅၀ ကျော်ဝေးကွာနေတဲ့ပရီးမီးယားလိဂ် အဆင့် ၂ ကို ရရှိခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဆီးမီးဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တယ်။ ဟက်ဆယ်ဘိန်း က မော်ရင်ဟို ချယ်ဆီး အသင်းကို ကိုင်တွယ်တဲ့ အချိန်မှာတော့ မစ်ဒယ်ဘရော့ အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဂူဂျွန်ဆင် သာ အသင်းမှာ ကျန်ခဲ့တာဖြစ်ပါတယ်။
၂၀၀၀ နဲ့ ၂၀၀၄ ခုနှစ်တွေကြားထဲမှာ ဂူဂျွန်ဆင် နဲ့ ဟက်ဆယ်ဘိန်းတို့ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲအဖက်ကို ပရိတ်သတ်တွေမြင်တွေ့ခွင့်ရရှိခဲ့တယ်။ ဟက်ဆယ်ဘိန်းကတော့ အားပါပြင်းထန်တဲ့ ကန်ချက်တွေ ၊ သူ့ရဲ့ အတိုးအလှုပ်တွေ ၊ ခေါင်းတိုက်စွမ်းရည်ကောင်းမွန်တဲ့ အပြင် ၊ အလွန်လျင်မြန်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဂူဂျွန်ဆင်ကတော့ FALSE 9 မှာကောင်းကောင်းမွန်မွန်ကစားနိုင်ပြီး အသင်းဖော်တွေအတွက် နေရာ အလွတ်တွေ အများကြီး ရှာဖွေပေးနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်တယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ၂၀၀၀ နဲ့ ၂၀၀၄ ခုနှစ်အတွင်း ချယ်ဆီး အသင်းပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံးတိုက်စစ် အတွဲဖြစ်တဲ့ ဂူဂျွန်ဆင်နဲ့ ဟက်ဆယ်ဘိန်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်ကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#gudjohnsen
#hasselbaink
#football
#striker
Related Sports News
သမိုင်းတစ်လျှောက် အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ ဘောလွန်းဒီအော ဆုရှင်များ
April 21, 2025
ရီးရဲလ် ရဲ့ ကျောနံပတ် ၁၁ ပိုင်ရှင် ရိုဒီဂို က အမေ့လျော့ခံ ကစားသမားလား
April 20, 2025
Acl ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ကြတဲ့ ကစားသမား ( ၅) ယောက်
April 19, 2025
ချယ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဝေးကွာပြီလား?
April 18, 2025
ကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာကတော့အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။
April 17, 2025