အားကစားသတင်းများ

ရီးရဲလ် ရဲ့ ကျောနံပတ် ၁၁ ပိုင်ရှင် ရိုဒီဂို က အမေ့လျော့ခံ ကစားသမားလား

blog image

April 20, 2025

    ရီးရဲလ် မက်ဒရစ် အသင်းဆိုတာ  ဥရောပ အောင်မြင်မှု အများဆုံး ရရှိထားတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အပြင် ကစားသမားကောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အခုနောက်ပိုင်း ရီးရဲလ်မက်ဒရစ် အသင်းကို ချီးကျူးခန်းဖွဲ့ကြတဲ့ အခါ လူတွေရဲ့ ပါးစပ်ဖျားမှာ အမ်ဘာပေ ၊ ဘယ်လင်ဟမ် ၊ ဗီးနီးယက် တို့ရဲ့ နာမည်တွေပဲ တဖွဖွ ရွတ်ဆိုနေခဲ့ကြပါတယ်။ ရိုဒီဂို ကိုတော့  ချီးကျူးခန်းဖွဲ့ဖို့မေ့နေကြပါတယ်။  ရိုဒီဂိုက အသင်းအတွက်  အကောင်းဆုံးပေးဆပ်ကစားပြီး အသင်းလိုအပ်တဲ့ အချိန်တိုင်းမှာလည်း အသင်းကို အမြဲလိုလို ကယ်တင်ပေးတက်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခြားကြယ်ပွင့် ကစားသမားတွေလောက်တော့ သူက နာမည်မထွက်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရိုဒီဂို ရဲ့ အရေးပါမှုက အခြား ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဟမ် ၊ အမ်ဘာပေ ၊ ဗီးနီးယက်တို့ထက် မနိမ့်ကျခဲ့ပါဘူး ။ 

    ရိုဒီဂို က အသင်းအတွက် ပေးဆပ်ကစားပေးတက်တဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ အပြင် အမြဲတမ်း ကြိုးစားနေတဲ့ လူငယ်ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ အန်စလော့တီ က ဒီလိုပြောဖူးပါတယ်။ ရိုဒီဂို က သူ့ကိုအရံခုံပို့လို့ ဘယ်တုန်းကမှ ပြသာနာမရှာဘူး လို့ပြောခဲ့ဖူးပါတယ်။ ရိုဒီဂို က သူကစားရတဲ့ အချိန်တိုင်းမှာ အသင်းအတွက် အမြဲတမ်းပေးဆပ် ကစားတက်ပေမယ့် သူအရံခုံထိုင်ရတဲ့ အချိန်တိုင်းမှာလည်း ပြသာနာ မရှာခဲ့ပါဘူး။ ရိုဒီဂို က ရီးရဲလ်မက်ဒရစ် အသင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီးချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့် ဘောလွန်းဒီအော ရဲ့ ဇကာတင် စာရင်းထဲမှာတောင် မပါခဲ့ပါဘူး။ အသင်းအတွက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး အသင်းကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ပေမယ့် ရိုဒီဂို က ပရိတ်သတ်တွေ အတွက်တော့ အမေ့ပျောက်ခံ ဖြစ်ခဲ့ရပါတယ်။  ရိုဒီဂို က တစ်ချိန်တုန်းက ကြောက်စရာကောင်းခဲ့တဲ့ bbc တိုက်စစ် အတွဲက ဂါရက် ဘေးလိုပါပဲ ။ အသင်းအတွက်  အကောင်းဆုံးပေးဆပ်ကစားတာလည်း အတူ ၊ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာချင်းလည်း အတူတူ ဂရက်ဘေး ရော ရိုဒီဂို နှစ်ယောက်လုံးက ပရိတ်သတ်တွေ ချီးကျူးသင့်သလောက် မချီးကျူးခဲ့တဲ့ underrated  ကစားသမား ၂ ဦးဖြစ်ပါတယ်။ 


   ရိုဒီဂို က ရီးရဲလ်အသင်းကို မရောက်ခင် ဘာစီလိုနာ အသင်း ရဲ့ ကမ်းလှမ်းချက်ကို အရင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ရိုဒီဂို က ရီးရဲလ်မက်ဒရစ် အသင်းကမ်းလှမ်းတာကို စောင့်နေခဲ့ပြီး ရီးရဲလ် အသင်းကမ်းလှမ်းတဲ့ အချိန်မှာတော့ ချက်ချင်းလက်ခံခဲ့တာပဲဖြစ်ပါတယ်။ ရိုဒီဂို ရဲ့ ကစားပုံ ၊ ခြေစွမ်း ၊ mentality ၊ အသင်းအပေါ်ချစ်တဲ့ စိတ် ၊ အသင်းအတွက် ပေးဆပ်ကစားချင်စိတ်ကတော့ အခြားကြယ်ပွင့် ဘယ်ကစားသမားနဲ့ ယှဥ်ယှဥ်မနိမ့်ကျပါဘူး။ ဒါပေမယ့် အခြားကြယ်ပွင့်ကစားသမားတွေ ရရှိတဲ့ လေးစားမှု ၊ ချီူကျူးတာတွေကိုတော့ ရိုဒီဂို တစ်ယောက် အခြားကြယ်ပွင့်ကစားသမားတွေနဲ့ အတူတူ မရရှိခဲ့ပါဘူး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။ 


#mmmedia

#realmadrid

#rodrigo

#europe

#football

Related Sports News