အားကစားသတင်းများ
သမိုင်းတစ်လျှောက် အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ ဘောလွန်းဒီအော ဆုရှင်များ
April 21, 2025
ကမ္ဘာ့ဘောလုံးလောကရဲ့ တစ်ဦးတစ်ယောက်ချင်းဆုမှာ အခမ်းနားဆုံး နဲ့ အကြီးမားဆုံး ဆု က ဘောလွန်းဒီအော ဆုဖြစ်ပါတယ်။ ဘောလွန်းဒီအော ဆုနဲ့ ပတ်သတ်ပြီး လူအများက ဘယ်သူ ရသင့် မရသင့် ကို အမြဲတမ်း ဆွေးနွေး ငြင်းခုံတက်ကြပါတယ်။ ဘောလွန်းဒီအော ဆု က တစ်နှစ်တာ အတွင်း အကောင်းဆုံး ကစားသမား ကို ပေးတဲ့ ဆုပဲဖြစ်ပါတယ်။ အချို့နှစ်တွေမှာ ဘောလွန်ဒီအော ဆုရှင်ထက် အခြားဆုမရသော ကစားသမား က စွမ်းဆောင်ရည် ပိုကောင်းမွန် နေတဲ့ အခါတွေမှာ ကမ္ဘာ့ ဘောလုံးပရိတ်သတ် တွေ က အချင်းချင်း ငြင်းခုံတက် ကြတာတွေလဲ ရှိတက်ပါတယ်။
၂၀၀၆ ခုနှစ်
ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲ ကတစ်ယောက်လဲဖြစ်ပြီး အနောက်တန်း ကစားသမား တစ်ယောက် အနေနဲ့ ဘောလွန်းဒီအော ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တစ်ဦးထဲသော နောက်ခံ ကစားသမားလဲဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား မှာ ဇီဒန်း က ပြင်သစ်အသင်း ကို ကမ္ဘာ့ဖလားဖိုင်နယ် အထိ ပို့ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားရဲ့ GOLDEN BALL ကို လဲရရှိခဲ့ပါတယ်။ ပရိတ်သတ် အချို့က ၂၀၀၆ ခုနှစ် ဘောလွန်ဒီအော ဆု ကို ဇီဒန်း ရသင့်တယ်လို့ အငြင်းပွားမှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်
ကမ္ဘာ့ဘောလုံး လောကရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ လီယိုနယ် မက်ဆီ က သူရဲ့ ကစားသမား ဘဝ ဒုတိယ အကြိမ် ဘောလွန်းဒီအော ကို ၂၀၁၀ ခုနှစ် မှာရရှိခဲ့ပါတယ် အချို့ ဘောလုံး ပရိတ်သတ်တွေက ၂၀၁၀ ခုနှစ် ရဲ့ ဘောလွန်းဒီအော က ဝက်စလေ ရှနိုက်တာ ရသင့်တယ် လို့ အငြင်းပွား မှုများ ရှိခဲ့ပါတယ်။ ရှနိက်တာ က အင်တာမီလန် အသင်းနဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြကာ ချန်ပီယံလိဂ်ဖလား ၊ စီးရီးအေ ၊ ကိုပါ အီတလီ စတဲ့ ဖလားတွေကို တစ်နှစ် အတွင်း သိမ်းပိုက်နိုင်ခဲ့ရာ မှာ အင်တာမီလန် အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်
ကမ္ဘာဘောလုံးလောက ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ ရော်နယ်ဒို သူ့ရဲ့ ကစားသမား ဘဝ ဒုတိယ အကြိမ် ဘောလွန်းဒီအော ဆုကို ၂၀၁၃ ခုနှစ် မှာ ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရွေဘာရီ က ဘာယန်မြူးနစ် အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၊ ဘွန်ဒက်လီဂါ အမှတ်ပေးဖလား ၊ DFB _ POKAL စတဲ့ ဖလားများ ကို တစ်နှစ်အတွင်းသိမ်းပိုက်ရာ မှာ အသင်းအတွက် မရှိမဖြစ် အရေးအပါဆုံး ကစားသမား တစ်ဦးဖြစ်ခဲ့ပါတယ်။ ကမ္ဘာဘောလုံးပရိတ်သတ်တွေ ၂၀၁၃ ဘောလွန်ဒီအော ဆု က ရွေဘာရီ နဲ့ ပိုထိုက်တန်တယ် လို့ ငြင်းခုံခဲ့ကြတာပဲဖြစ်ပါတယ်။
ပရိတ်သတ်တွေ ရော ဘယ်နခုနှစ်ရဲ့ ဘောလွန်းဒီအော ဆု ကို အခြားကစားသမား တစ်ယောက်က ရသင့်တယ်ထင်လဲ ? COMMENT မှာဝင်ရောက်ဆွေးနွေးပေးသွားပါအုံး။ အဆုံးထိဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#ballondor
#zinedinezidane
#messi
#wesleysneijder
#ronaldo
#football
Related Sports News
ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံးတိုက်စစ် အတွဲ
April 21, 2025
ရီးရဲလ် ရဲ့ ကျောနံပတ် ၁၁ ပိုင်ရှင် ရိုဒီဂို က အမေ့လျော့ခံ ကစားသမားလား
April 20, 2025
Acl ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ကြတဲ့ ကစားသမား ( ၅) ယောက်
April 19, 2025
ချယ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဝေးကွာပြီလား?
April 18, 2025
ကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာကတော့အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။
April 17, 2025