အားကစားသတင်းများ
Acl ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ကြတဲ့ ကစားသမား ( ၅) ယောက်
April 19, 2025
အားကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာဒဏ်ရာပြသာနာတွေနဲ့ ကင်းဝေးနေဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပါရမီပါတဲ့ လူဖြစ်ဖြစ် ဒဏ်ရာပြသာနာတွေနဲ့ ခနခန ရင်ဆိုင်နေရရင် ကောင်းမွန်တဲ့ အားကစားသမား ဘဝမျိုး ဘယ်လိုမှ ပိုင်ဆိုင်မှာ မဟုတ်ပါဘူး။ ဒဏ်ရာပြသာနာတွေထဲမှာမှ ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ Acl လို ဒဏ်ရာမျိုးကတော့ အဆိုးဆုံးပဲဖြစ်ပါတယ်။ ACL ဒဏ်ရာဆိုတာ ဒူးခေါင်းရဲ့ အဓိက အရွတ် ဆုတ်ပြဲသွားတဲ့ ဒဏ်ရာပဲဖြစ်ပါတယ်။ ACL ဒဏ်ရာက ပြန်လည်ကောင်းမွန်လာဖို့အတွက် အချိန်အတော်လေးပေးရပြီး အရှင်းပျောက်တာမျိုးလည်းမရှိပါဘူး။ ACL ဒဏ်ရာက ဘောလုံး သမားတွေ ၊ တန်းနစ် သမားတွေ ၊ ဘတ်စကက်ဘော သမားတွေ မှာ အဖြစ်များပါတယ်။ ACL ဒဏ်ရာကြောင့် ကစားသမား ဘဝ အဆုံးသတ်သွားတဲ့ ကစားသမားတွေတောင် ရှိပါတယ်။ တဖက်မှာလည်း ACL ဒဏ်ရာ ရရှိခဲ့တာတောင် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ ကမ္ဘာ့ဘောလုံး ပရိတ်သတ်တွေရဲ့ အသဲနှလုံး ကို ဆွဲကိုင်လှုပ်ယူခဲ့တဲ့ ကစားသမားတွေလည်းရှိပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ACL ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ကြတဲ့ ကစားသမား ( 5 ) အကြောင်းပဲဖြစ်ပါတယ်။
၁. ဇာဗီ
ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲကတစ်ယောက်ဖြစ်တဲ့အပြင် စပိန်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် နည်းပြဟောင်းလည်းဖြစ်တဲ့ ဇာဗီကလည်း ACL ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ ဇာဗီက ၂၀၀၅-၀၆ ဘောလုံးရာသီမှာ ACL ဒဏ်ရာရရှိခဲ့ပြီး မြက်ခင်းစိမ်းတွေနဲ့ ၅ လလောက်ဝေးကွာခဲ့ရပါတယ်။ ဒါပေမယ့် ရာသီကုန်ခါနီးမှာ ဒဏ်ရာပြသာနာကနေ ပြန်လည်ကောင်းမွန်လာပြီး ဘာစီလိုနာ အသင်းနဲ့ အတူ ဆုဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၂. အလန်ရှီးယား
အလန်ရှီးယား ကတော့ နယူးကာဆယ် အသင်းကို မပြောင်းရွှေ့ခင် ဘလက်ဘန်း အသင်းမှာ ကစားခဲ့တဲ့ အချိန်တုန်းက ACL ဒဏ်ရာရရှိခဲ့ပါတယ်။ အလန်ရှီးယားက အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး ဘယ်တုန်းကမှ ACL ဒဏ်ရာမရရှိခဲ့ဖူးတဲ့ ပုံစံနဲ့အရင်အတိုင်း ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေခဲ့တာပဲဖြစ်ပါတယ်။ နယူးကားဆယ် အသင်းကို ရောက်တဲ့ အချိန်မှာလဲ စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း ( ၂၆၀ ) နဲ့ ထာဝရ ဂိုးသွင်းအများဆုံး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
၃. ဒါဝင် နူးညက်
ဒါဝင် နူညက်ကလည်း ACL ဒဏ်ရာ ရရှိခဲ့ဖူးတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ နူးညက် က ဥရုဂွေးကလပ် Penarol အသင်းအကယ်ဒမီ ထွက်ကစားသမား တစ်ဦးဖြစ်ပြီး လူငယ် အသင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် အသင်းကြီးကို အချိန်တိုလေးအတွင်းမှာ ပြောင်းရွှေ့ခွင့်ရရှိခဲ့ပါတယ်။ နူးညက်က Penarol အသင်းမှာကစာနေရင်းနဲ့ပဲ ACL ဒဏ်ရာရရှိခဲ့ပြီး ၁၈ လကြာ အနားယူခဲ့ရတာပဲဖြစ်ပါတယ်။ ဒဏ်ရာက ပြန်လာချိန်မှာလည်း စွမ်းဆောင်ရည်ပိုင်း ကျဆင်းမသွားပဲ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့တာကြောင့် ဘင်ဖီကာ အသင်း ကိုပြောင်းရွှေ့ခဲ့ပြီး ဘင်ဖီကာ အသင်းမှာလည်းဆက်လတ် ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့တာပဲဖြစ်ပါတယ်။
၄. ရွိုင်ကိန်း
ရွိုင်ကိန်းက ၁၉၉၇-၉၈ ဘောလုံးရာသီတုန်းက ဟာလန်းရဲ့ အဖေ အက်ဖစ် ဟာလန်း နဲ့ ဘောလုံးယှဥ်လုရင်းနဲ့ ACL ဒဏ်ရာကို ရရှိခဲ့ပြီး တစ်ရာသီကြာ အနားယူခဲ့ပါတယ်။ ရွိုင်ကိန်းမပါတဲ့ မန်ချက်စတာယူနိုက်တက် က အဘက်ဘက်က အားလျော့နေတာကြောင့် အဲ့ရာသီ ပရီးမီးယားလိဂ် ဖလားကိုလက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် ရွိုင်ကိန်းက ဒဏ်ရာပြသာနာကနေသက်သာလာတဲ့ အချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေက ပျောက်ပျက်မသွားပဲ မန်ချက်စတာယူနိုက် အသင်းနဲ့ အတူ ဆုဖလားပေါင်းများစွာကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး ဆုဖလား ဆွတ်ခူးရာ လမ်းကြောင်းမှာ ရွိုင်ကိန်းက အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တာပဲဖြစ်ပါတယ်။
၅. နစ္စတယ်ရွိုင်း
နယ်သာလန်လိဂ်မှာ ကြမ်းပြရမ်းပြနေတဲ့ နစ္စတယ်ရွိုင်းက သူရဲ့ ကစားသမားဘဝ စတင်တောက်ပနေတဲ့ အချိန်မှာပဲ ACL ဒဏ်ရာရရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဖာဂူဆန်က acl ရရှိထားတဲ့ နစ္စရွိုင်းကို ခေါ်ယူခဲ့တာကြောင့် ဝေဖန်သံ အချို့ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေ့မယ် နစ္စတယ်ရွိုင်းက ဖာဂူဆန် ကို ဝေဖန်တဲ့ ဝေဖန်သံတွေပျောက်သွားအောင် အချိန်တိုလေးအတွင်းမှာပဲ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ သက်သေပြခဲ့ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ Acl ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ကြတဲ့ ကစားသမား ( ၅) ယောက် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#acl
#xavi
#alanshearer
#darwinnunez
#nistelrooy
#roykeane
Related Sports News
ချယ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဝေးကွာပြီလား?
April 18, 2025
ကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာကတော့အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။
April 17, 2025
ချယ်ဆီး နဲ့ မန်ယူ နှစ်သင်းလုံး အမှန်တကယ်စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး
April 16, 2025
Golden Boy ဆုရရှိခဲ့ပေမယ့် အောင်မြင်တဲ့ဘဝကို မရရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်
April 14, 2025
သူ့ခေတ်ရဲ့ ကြိုးဝိုင်းထဲ မှ လူမိုက်ကြီး မိုက်တိုင်ဆန်
April 14, 2025