အားကစားသတင်းများ

ချယ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဝေးကွာပြီလား?

blog image

April 18, 2025

   ချယ်ဆီး အသင်းက ရာသီအစပိုင်းအချိန်တွေမှာ သိပ်ကို ကြောက်စရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ကစားပုံ ကစားကွက် ကောင်းမွန်တဲ့ အပြင် ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကလည်း တစ်ပွဲထွက်တစ်ပွဲပိုမိုကောင်းမွန်ခဲ့တယ် ။? ကစားသမားတိုင်းမှာ နိုင်လိုစိတ်အပြည့်အဝတွေ့ခဲ့ရပြီး ပွဲစဥ်တိုင်း ပွဲစဥ်တိုင်းကို အာရုံစိုက်မှု အပြည့်နဲ့ ပွဲတိုင်းလိုလို အနိုင်ယူနိုင်ခဲ့တယ်။ဒါပေမယ့် ဒီဇင်ဘာလလောက်ကစပြီး ချယ်ဆီး အသင်းရဲ့ စွမ်းဆောင်ရည်တွေက တဖြည်းဖြည်း ကျဆင်းလာခဲ့တယ်။ ကစားသမားတိုင်းမှာ နိုင်လိုစိတ်နဲ့ အသင်းအတွက်ပေးဆပ်ကစားချင်စိတ်တွေပျောက်လာတယ် ။ တိုက်စစ်ကစားသမားတိုင်း ခြေစွမ်းပိုင်းကျဆင်းလာတယ်။ ဒီအချက်တွေကြောင့်ပဲ ရာသီအစမှာ အမှတ်တော်တော်များများလေး စုဆောင်းမိထားတဲ့ ချယ်ဆီး အသင်းက ရာသီဝက်အကျော်လောက်မှာ အဆင့် ၄၊ ၅ ၊ ၆ လောက်မှာလည်လာတယ်။ ပွဲချိန် ၈ ပွဲသာကျန်တော့မယ့် အချိန်မှာ ချယ်ဆီး အသင်း က ချန်ပီယံလိဂ် မျော်လင့်လို့ရတဲ့ အခြေအနေမှာ ရှိပါသေးတယ်။ 



   ဒီနှစ် ပရီးမီးယားလိဂ်မှာ  အသင်းတိုင်းနီးပါးက အားပြိုင်ဆိုင်မှုပြင်းထန်ပြီး ချန်ပီယံဆုအတွက်တော့မဟုတ်ပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် အသင်းတိုင်းနီးပါးက ပြိုင်ဆိုင်နေပြီး အသင်းတစ်သင်းနဲ့ တစ်သင်းကလည်း အမှတ်ကွာဟချက် အတော်လေးကိုနည်းပါးနေတာပဲဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် က ၅ နေရာအထိ ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေထဲမှာ အခုချိန် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြည့်အဝ အာမခံချက်ရရှိသေးတာဆိုလို့ လီပါပူး အသင်းနဲ့ အာဆင်နယ် အသင်း ၂ သင်းသာရှိပါသေးတယ်။ ကျန်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ၃ နေရာအတွက် အသင်း ၅ သင်း ကယှဥ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။ လက်ကျန်ပွဲစဥ်တွေမှာ ပွဲကြပ်တွေရင်ဆိုင်ရမယ့် အသင်းထဲမှာ ချယ်ဆီး အသင်း ပါဝင်နေတာပဲဖြစ်ပါတယ် ။ ချယ်ဆီး အသင်းက လက်ကျန် ၈ ပွဲမှာ ပွဲချောင်တာဆိုလို့ ဘရန်ဖို့ဒ် နဲ့ အစ်ဆွစ် နှစ်သင်းကပါဝင်ပြီး ကျန်တဲ့ပွဲတွေက ရင်ဆိုင်ဖို့ ခက်ခဲတဲ့ ပြိုင်ဘက်တွေပဲဖြစ်ပါတယ် ။ ဒါပေမယ့် ချယ်ဆီး အသင်းက ပွဲနည်းနည်းလေး ချောင်ပါတယ်ဆိုတဲ့ ဘရန်ဖို့ဒ် နဲ့ အစ်ဆွစ် ၂ ပွဲလုံးကို အနိုင်မယူနိုင်ခဲ့ပါဘူး။ 



    နှစ်ပွဲကစားပြီးမှ ၂ မှတ်သာ စုဆောင်းနိုင်တော့တာဖြစ်ပါတယ် ။ ချယ်ဆီး အသင်းက နည်းပြရဲ့ ဆုံးဖြတ်ချက်အမှားတွေ ၊  အသင်းရဲ့ ကစားသမားတွေ ခြေစွမ်းကျဆင်းနေတာတွေ ၊ နောက်တန်းခံစစ်က ဘယ်သူက ဦးစားပေးကစားသမားလည်း ဘယ်သူက line up ကစားသမားဆိုတာ သေသေချာချာ မသိရသေးပဲ အခုချိန်ထိ လှည့်လည်သုံးနေတာတွေက အသင်းကို အောက်ကိုဆွဲချနေသလိုပါပဲ ။ ချယ်ဆီး အသင်းက လက်ကျန် ၆ ပွဲမှာ ခက်ခဲတဲ့ ပွဲစဥ်တွေကို ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ကတော့ မျော်လင့်ချင်စရာ တဖြည်းဖြည်းနဲ့ နည်းပါးလာခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက လက်ကျန်ပွဲစဥ် အားလုံးနီးပါး နိုင်အောင်ကစားနိုင်ရင်တောင် အခြား ပြိုင်ဘက်တွေရဲ့ အမှားကို စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။ ဟုတ်ပါတယ် ချယ်ဆီး အသင်း နောက်ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ဆိုတာ ချယ်ဆီး အသင်းနိုင်နေရုံနဲ့မပြီးသေးပဲ အခြားအသင်းတွေ မှားမှသာ ချယ်ဆီး နောက်ရာသီ ချန်ပီယံလိဂ် ကစားရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ချယ်ဆီး အသင်းနောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို အမိအရ ဖမ်းဆုတ်သွားနိုင်မယ်ထင်လား။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။ 


#mmmedia

#chelsea

#championsleague

#football

Related Sports News