အားကစားသတင်းများ

လူလေး မတိုင်ခင် တည်းက ရွာလေး ပြာကျပြီးသား

blog image

December 13, 2024

အဖြစ်ကတော့ မနှစ်ကလိုပါပဲ ။ ဒီတစ်ချီ အားခဲထားသမျှ ဒုံရင်း အတိုင်းပါပဲလား ။ ဒီတခေါက်တော့ မမှားဘူးထင်တယ် ။ အပိုင်ဆိုသလိုပဲ ....မြန်မာ ကွ လို့ ကြွေးကြော်ပြီး ကွင်းထဲ တဖန် ပြန်ဝင်လာရတာ ...ဘယ်နှယ့် ဒီအလှည့်လည်း ဒီအတိုင်းပါပဲ ... နိမ့်တလှည့် ကြက်တခုန် ပဲ ကြားဖူးပါတယ် ... နိမ့်ချက်ကတော့ မြေကြီးထဲက ရှက်တတ်ရင် ပြန်မထွက်သင့်တော့ဘူး ။ မြန်မာ အသင်း နဲ့ အခု လက်ရှိ အခြေနေ အကြောင်း ကို သိရင် ကျွန်တော် ပြောပြတာလည်း သဘောပေါက်မှာပါ ။ အားမတန် မာန်လျှော့ ပေါင်းလည်း များပြီမို့ ဘယ်အခါမှ မာန်ပြန်တင်းရမလဲ မသိတော့ပါဘူး ။ ကြုံရာလူ ဝင်အိပ်လို့ရတဲ့ ဇရပ် ကြီးလိုပါပဲ ။ ဘယ်အသင်းနဲ့ ကန်ကန် အနိုင်ဆိုတာ အဆိုတော်လားလို့ မေးယူရမလိုပါပဲ ။ ခြေစမ်းပွဲလည်း မနိုင် ၊ ခြေစစ်ပွဲ လည်းကျ ရှုံး ၊ ညွှန့်ပေါင်း အသင်း နဲ့ကျ အရေးနိမ့်လို့ လေ့ကျင့်ရေး ကွင်းထဲ ၂သင်း ခွဲကန်ရင်တော့ ဘယ်အသင်းမှ မနိုင်တဲ့ ကျွန်တော်တို့ မြန်မာလက်‌ရွေးစင်အသင်းကြီးကို ဘယ်လို ဘယ်ပုံ ဝေဖန် ရမလဲ မသိတော့ပါဘူး ။ ပြောပါများလို့ နာမလားမှတ်တယ် ။ မင်းတို့ ပရိတ်သတ်တွေ ပြောနိုင်တာ ဒါအကုန်ပဲလား ပြောရအောင် အရွဲ့ တိုက်ပြနေတာလား အောက်မေ့ရတယ် ။



ကွင်းထဲ လာအားပေးတဲ့ ပရိတ်သတ်တွေကိုပဲ အပြစ်တင်ရတော့မလိုပါ ။ အော် ... ဒါက အင်ဒိုမလို့ ထိုင်း ကိုတော့ ဘယ်လိုမို့ ဗီယက်နမ် ဘယ်လောက်ကောင်းတာ မလေးကလည်း ပြင်ဆင်ချက်က မမှီနိုင်ဘူး စသဖြင့် ချွင်းချက်ပေးရတဲ့အသင်းတွေနဲ့ ထည့်ရေရင် အ‌ရှေ့တောင် အာရှမှာ မြန်မာနိုင်မယ့် အသင်းရော ရှိပါ့ဦးမလား ။ အရင်က တရေးနိုးထကန်ရင်တောင် နိုင်တဲ့ အသင်းတွေက အခု အိမ်ပေါ်တက် ခေါင်းတက်ခေါက်နေပြီ နောက်ကျရင် ကိုယ်တွေ မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းက လုံးဝ အောက်ကို ထိုးကျနေတာ လက်ခံရတော့မှာပါ ။ အခုလည်း မြန်မာလက်ရွေးစင် အသင်း နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲကို ကြည့်လိုက် နိုင်တာဆိုလို့ သီရိလင်္ကာကို ၂ - ၀ နဲ့ တစ်ပွဲပဲ ရှိတယ် ။ ဒါတောင် အိမ်ကွင်းမှာ ခေါ်ကန်ထားတာ နောက်ပွဲ သရေ တောင် ကျလိုက်သေးတယ် ။ အရင်ကဆို သီရိလင်္ကာလို အသင်းမျိုးဆို ယူ ၂၀/၂၃ အသင်း နဲ့ ကန်တောင် သက်တောင့်သက်သာ နိုင်တဲ့ အခြေနေပါ ။ ဒါကလည်း တဖက်အသင်းကို ပုတ်ခတ်တာမဟုတ်ပါဘူး ။ကိုယ့်အသင်းရဲ့ အခြေနေ ကိုက ဆိုးရွားနေတာပါ ။ လက်ဘနွန် လည်း ရှုံး ၊ စင်ကာပူလည်း ရှုံး ခြေစမ်းပွဲတွေကလည်း ဒီအသင်း ဒီပုံပဲ တိုးတက်မလာဘူး ထင်ပါတယ် ။ ဒါပေမဲ့လည်း အမှတ်မရှိ အားပေးမိနေတာပါ ။



အခုလည်း ကြည့် 𝐀𝐅𝐅 𝐌𝐢𝐭𝐬𝐮𝐛𝐢𝐬𝐡𝐢 𝐂𝐮𝐩 ပွဲတွေလာတော့ စိတ်နာလည်း မြန်မာ ဆိုပြီး ကွင်းထဲ အရောက် အမှတ်မရှိ အားပေးမိပြန်ပါတယ် ။ အသင်းမနိုင် တဲ့ အပြင် ကစားသမားတွေကပါ ပြန်ဆဲလို့ အိမ်ပြန်ခဲ့တယ် ။ အော်..... ဒင်းမမှားဘူး ။ ငါတို့မှားတာ အမှတ်မရှိသွားကြည့်ခဲ့တာကိုက ငါတို့မှားခဲ့တာ ... အုပ်စု 𝐁 မှာ အင်ဒို ၊ ဗီယက်နမ် ၊ လာအို ၊ ဖိလစ်ပိုင် နဲ့ အတူ အုပ်စု တစ်ခု တည်းကျတော့ 𝐆𝐫𝐨𝐮𝐩 𝐀 ထက်စာရင် ငါတို့ နည်းနည်း အသက်ရှူချောင်တယ်ဆိုပြီး မျှော်လင့် လိုက်မိသေးတယ် ။ မြန်မာပရိတ်သတ်တွေဆိုတာ ဘယ်လောက်လုပ်ခံထားခံထား အမှတ်မရှိတာကိုး ။ အဖွင့်ပွဲစဉ် အနေနဲ့ သုဝဏ္ဏကွင်း ကိုယ့်အိမ်ကွင်း မှာ ကိုယ့်ပရိတ်သတ် တွေရှေ့ကစားရမယ့် ပွဲဆိုတော့ သရေ လောက်တော့ မျှော်လင့်မိတာ အမှန်ပဲ ။ ဘာလို့လဲဆိုတော့ တဖက် အင်ဒို အသင်းက ဒီဖလား ပွဲအတွက် 𝐔𝟐𝟑 ကစားသမားတွေနဲ့ ပြိုင်မှာမို့တဲ့လေ ။ ဟုတ်ပြီပေါ့ .. မြန်မာတော့ အသင်းကြီး မနိုင်တောင် ဒီ အသင်းတော့ မရှုံးလောက်ဘူး ။ သရေ လောက် ဖြစ်နိုင်တယ်ဆိုပြီး အားခဲထားတာ လွဲပါလေရောနော်...


ပြည်ပထွက်ကစားသမားများ ပါဝင်ကစားတဲ့ မြန်မာ့လက်ရွေးစင်အသင်းလို့ ခေါင်းစဉ်တပ်ထားပြီး အထင်ကြီးနေတဲ့ ပရိတ်သတ်များ ရှိရင် မြန်မာပွဲလာတဲ့အခါ တချက်လောက်လေး သွားကြည့်ကြည့်လိုက်ပါ ။ ဘုရားစူး နိုင်ငံခြားထွက်ကစားနေတဲ့ ကစားသမား ပါ ။ ဝေဖန်တာမဟုတ်ပါဘူး ။ ဒဲ့ ပြောကို‌ ပြောတာပါ ။ ရှက်တတ်ရင်လည်း လဲသေဖို့တောင် ကောင်းနေပါပြီ ။ 𝐏𝐚𝐬𝐬𝐢𝐧𝐠 မမှန် ၊ 𝐒𝐡𝐨𝐨𝐭𝐢𝐧𝐠 𝐏𝐨𝐰𝐞𝐫 မရှိ ၊ ကစားကွက် မရှိ ၊ ကစား ပုံ မမှန် နဲ့ ဒီအသင်းကို အရင်ကလည်း နိုင်ငံခြားနည်းပြတွေ ကိုင်ခဲ့ပါတယ် ။ အခု မြန်မာနည်းပြ နဲ့ကျ ဟုတ်မလိုလို နဲ့ ဘာသာစကား အခက်အခဲ မရှိတော့ဘူး ဘာညာ နဲ့ ဦးမျိုးလှိုင်ဝင်း အနေနဲ့ စိတ်ဓာတ်မကျပါ ။ အရပ်စကား နဲ့ ပြောရရင် “လူလေးမတိုင်ခင်တည်းက ရွာလေး ပြာကျပြီးသား” ပါ ။ ထူထွေပြီး ကိုယ့်နည်းစနစ် တွေ အပေါ်လည်း သံသယ မဝင်ပါနဲ့ ။ နည်းပြ လိုအပ်ချက် ရှိတာတော့ အမှန်ပါ ။ ဒါပေမဲ့ ကစားသမားတွေမှာ နိုင်ငံ လက်ရွေးစင်ဖြစ်ရလောက်တဲ့ အရည်အသွေးရော အရည်အချင်းရော လုံးလုံး မမှီတာပါ ။ ဒါကို နည်းပြအဖွဲ့ဝင်တွေရော အဖွဲ့ချုပ်ကသူတွေရော သိဖို့ လိုပါတယ် ။ ရွေးစရာ ဒီလူမှ မဟုတ်ရင် မရှိဘူးဆိုရင်လည်း ၄နှစ် ၊ ၅ နှစ်လောက် အသင်းကို ခဏ ဖျက်သိမ်းပြီး လူငယ်ကစားသမားတွေ ပြန်မွေးပါ ။ အကယ်ဒမီကို အားပိုထည့်လိုက်ပါ ။ အနည်းဆုံးတော့ လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းကို ကျခံနေတဲ့ ကုန်ကျစရိတ်တွေ နှမြောမိပါတယ် ။



ကစားသမားတွေအနေနဲ့ အခြေခံ ဘောလုံးပညာ ၊ ဝမ်းစာ ၊ နည်းစနစ် ၊ နာခံမှု နဲ့ အသင်းအဖွဲ့ စိတ်ဓာတ်ရှိအောင် ပြန်တည်ဆောက်ဖို့အရင်လုပ်ပါ ။ အာဆီယံ မီဒီယာတွေ အထိပါ မောင်မောင်လွင် နဲ့ ဟိန်းဖြိုးဝင်း တို့ ရဲ့ ကိစ္စ က ပုံရိပ်ကျနေတဲ့ ကိုယ်နိုင်ငံအတွက် ပိုအကျည်းတန်စေပါတယ် ။ အသင်းနည်းပြတွေရော ဦးဇော်ဇော် ရော ဆွဲတဲ့ ကြားထဲက ပရိတ်သတ် ကို ရအောင် လက်ခလယ်ထောင်ပြီး ဆဲသွားသေးတယ် ။ အဲတာကို အသင်းခေါင်းဆောင် လက်ပတ် ပဲ ပြန်သိမ်းပြီး 𝐋𝐢𝐧𝐞 𝐔𝐩 ထည့်ကန်နေသေးတဲ့ မြန်မာ့လက်ရွေးစင်အသင်းကိုလည်း အံသြမိပါတယ် ။ ကစားသမားတွေ ဒီလောက် အတင့်ရဲတာလည်း အဖွဲ့ချုပ်ရော ၊ နည်းပြ အဖွဲ့ဝင်တွေရောပါ မြှောက်စားထားလို့ ဆိုတာ သိသာပါတယ် ။ ဒီလိုကစားသမား မျိုးက ဘယ်လောက်ပဲ မိုးပျံအောင် ကောင်းပါစေ ။ အသင်းလိုက်စိတ်ဓာတ် ၊ ပရိတ်သတ်တွေကို လေးစားမှု မရှိတဲ့ အတွက် လုံလောက်တဲ့ အပြစ်ပေးမှု တွေ လုပ်ဖို့လိုပါမယ် ။ နောင်လာမယ့် မျိုးဆက်အတွက် သင်ခန်းစာ အနေနဲ့ ဥပမာထားပြီး အပြစ်ပေး အရေးယူ မှု မဖြစ်မနေ လုပ်ဖို့လိုပါမယ် ။ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 မှာ ပရိတ်သတ်တစ်ယောက် က မောင်မောင်လွင် ကို မရွေးဖို့ ပြောတဲ့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 တစ်ခုအောက်မှာ “ မရွေးဖို့ ပြောလိုက်လေနော် “ ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 အပြန်အလှန် နဲ့ စကားနာပြန်ထိုးသွားသေးပါတယ် ။ လူပဲ စိတ်ခံစားချက် ရှိတယ်ဆိုပြီး တော့ ကာဗာ မယူပါနဲ့ ။ မြန်မာလက်ရွေးစင် အသင်း ရဲ့ အသင်းခေါင်းဆောင် ရာထူးကို ယူထားတာဖြစ်တဲ့အတွက် စိတ်ခံစားချက်ရော ခြေစွမ်းအရပါ အမြှင့်ဆုံးထိန်းထားရမှာပါ ။ တော်ပါပြီ ဒီလောက်ပါပဲ ဒီထက်လည်း ထူးမလာနိုင်တဲ့ အကြောင်းအရာမို့ စိတ်ချမ်းသာစေချင်ရင် မြန်မာပွဲကို ရှောင် လို့ ပြောရင်း ဒီဆောင်းပါးလေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#mmmedia
#Myanmar
#football
#umyohlaingwin

Related Sports News