အားကစားသတင်းများ

အာမိုရင် ဖြတ်သန်းရဦးမယ့် အနီရောင် ကန္တာရ

blog image

December 11, 2024

အာမိုရင် ဖြတ်သန်းရဦးမယ့် အနီရောင် ကန္တာရ
--------------------------------------------
အာမိုရင်နဲ့ ယူနိုက်တက် ပေါင်းစပ်မှုဟာ ပွဲစဉ် ၄ ပွဲရှိလာခဲ့ပါပြီ။ အစ်ဝှစ်ချ်တောင်းနဲ့ပွဲမှာ ဖွင့်ဖွင့်ချင်း သရေ၊ ဘိုဒိုဂလင့်နဲ့ပွဲမှာ ၃-၂ ဆိုတဲ့ ကျဉ်းမြှောင်းတဲ့အနိုင်၊ အဲဗာတန်နဲ့ပွဲမှာ ၄-၀ ဂိုးပြတ်ဆိုပေမဲ့ နောက်ဆုံးနှစ်ပွဲမှာတော့ အာဆင်နယ်ကို ၂-၀ နဲ့ရှုံးသလို ဖောရက်စ်ကိုလည်း အိမ်ကွင်းမှာ ၂-၃ နဲ့ ရှုံး သွားခဲ့ပါတယ်။ ဆိုတော့ အာမိုရင်အတွက် ခဏကလေးရှိခဲ့တဲ့ ဟန်းနီးမွန်းကာလဟာ အဆုံးသတ် သွားခဲ့ပါပြီ။
ပွဲတွေအားလုံးမှာ တူညီတဲ့ အချက်တွေကို ဆွဲထုတ်ကြည့်ရင် ယူနိုက်တက်ဟာ ကွင်းလယ်ကစား ကွက်အခိုင်အမာတည်ဆောက်ဖို့နဲ့ တိုက်စစ်ကို ထက်ထက်မြက်မြက် ပုံဖော်နိုင်ဖို့ အဝေးကြီးလိုနေ သေးတယ်ဆိုတာနဲ့ တစ်ဉီးချင်းအမှားတွေ များနေသေးတယ်၊ ကစားကွက်တည်နေရာကနေ ဘော လုံးပျက်သွားရင် နောက်တန်းမှာ နေရာလွတ်ကြီးတွေ ပေးနေရသေးတယ်ဆိုတာပါပဲ။
အစ်ဝှစ်ချ်တောင်းလို ဖိအားအကြီးအကျယ်ပေးပြီး တင်ကစားတဲ့အသင်းမျိုးတွေဆိုရင် ရုန်းကန်ရ လေ့ရှိတာ ထုံးစံလိုပါ။ ဘိုဒိုဂလင့်နဲ့ပွဲမှာလည်း နိုင်သာနိုင်ခဲ့ပေမဲ့ အဲဒီလိုပဲ လျင်မြန်တဲ့ ပြိုင်ဖက်က စားသမားတွေရဲ့ ဒဏ်ကို ယူနိုက်တက် ခံခဲ့ရတာကို တွေ့ရပါတယ်။ အဲဗာတန်နဲ့ပွဲမှာတောင်မှ ယူ နိုက်တက်ခံစစ်က အပိုင်အခွင့်အရေးတွေ ပေးနေခဲ့ရတုန်းပါ။ အာဆင်နယ်နဲ့ပွဲမှာတော့ ကွင်းလယ် ကနေ တိုက်စစ်၊ ကစားကွက်ရဲ့ ဒုတိယပိုင်းအဆင့်ကနေ တတိယပိုင်း တိုက်စစ်အဆင့်ကို ကူး ပြောင်းတဲ့နေရာမှာ ပြဿနာရှိနေသေးတာကို အထင်အရှားမြင်ခဲ့ရပါတယ်။ တိုက်စစ်လုံးဝသေနေခဲ့ပြီး 𝐒𝐞𝐭-𝐩𝐢𝐞𝐜𝐞 တွေကနေ ဂိုးတွေပေးခဲ့ရပါတယ်။
ဖောရက်စ်နဲ့ပွဲမှာလည်း ဒီလိုပါပဲ။ ထောင့်ကန်ဘောကနေ ဂိုးပေးခဲ့ရသလို အမြင့်ဘောကာကွယ်ပုံ ညံ့တာရော၊ တစ်ဦးချင်း အမှားဆိုးဆိုးရွားရွားတွေကနေရော ဂိုးပေးခဲ့ရတာပါ။ အိုနာနာ အမှားမျိုးဆို ရင် ဒါက ခံစစ်ကြောင်းက အလွတ်ကြီးပေးကန်လိုက်တာလည်း ပါသလို ဒီလို ဘောလုံးမျိုးကို မကာ ကွယ်နိုင်တဲ့ အိုနာနာရဲ့အမှားကလည်း ကြီးပါတယ်။ဆိုတော့ ယူနိုက်တက်ရဲ့ ပြဿနာက အာမိုရင်အတွက်တော့ အများကြီးပိုခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ် လာတော့မှာပါ။ အဲဒီအပြင်ကိုမှ ပြဿနာတွေက ဒီလောက်တင်မဟုတ်နေသေးပါဘူး။ ရက်ပိုင်းအ တွင်းကပဲ ယူနိုက်တက်ဟာ ဘောလုံးဒါရိုက်တာ ဒန်အက်ရှ်ဝပ်ကို အသင်းကနေ ထုတ်ပယ်ပစ်လိုက်ပါတယ်။ အဲရစ်တန်ဟက်ကို ပြီးခဲ့တဲ့ ရာသီအကုန်မှာ ဆက်ထားဖို့ တိုက်တွန်းခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့်ဆိုပေမဲ့ ဒီထက်မကတာတွေလည်း အများကြီးရှိဦးမှာပါ။ ဇက်ဇီကို ခေါ်ယူမှုကလည်း အက်ရှ် ဝပ်ရဲ့ ဆုံးဖြတ်ချက်ပဲလို့ သတင်းတွေထွက်လာတာကြောင့် ဆုံးဖြတ်ချက်အမှားတွေကို တာဝန်ယူ ခိုင်းလိုက်တာလို့ ဆိုရင်ရပါတယ်။
ဒါပေမဲ့ အက်ရှ်ဝပ်ကို ထုတ်ပယ်လိုက်ရုံနဲ့ ပြေလည်မသွားမှာတွေက အများကြီးပါပဲ။ ဥပမာ ပရိသတ် တွေနဲ့ ပြဿနာတက်နေတဲ့ အသုံးစရိတ်လျှော့ချမှု လုပ်ငန်းစဉ် ဆိုတာမျိုးတွေပေါ့။ ဝန်ထမ်းတွေ အများကြီးကို နှစ်ဆန်းပိုင်းမှာ လျှော့ချပစ်တာ၊ မသန်စွမ်းတွေအတွက် ပေးနေကျနေရာတွေကို ဈေး တွေတင်လာတာ၊ ကလေးလက်မှတ်တွေကို ဈေးကြီးပစ်တာ။ ဒါမျိုးတွေက ပရိသတ်နဲ့ ဆာဂျင်တို့ 𝐈𝐍𝐄𝐎𝐒 ကို ထိပ်တိုက်တွေ့စေပြီး ဆန္ဒပြမှုတွေ ဖြစ်လာစေပါတယ်။
အာမိုရင်ကို ခေါ်တဲ့အချိန်မှာလည်း စပို့တင်းကို သွားညှိခဲ့တာက အသင်းရဲ့ စီအီးအို အိုမာ ဘာရာဒါ ကိုယ်တိုင်သွားခဲ့ရတာပါ။ အမှန်တော့ အဲဒီအတွက် သွားရမှာက ဘောလုံးဒါရိုက်တာ ဒန်အက်ရှ်ဝပ် ဖြစ်တာကြောင့် အာမိုရင်ကို ခေါ် ဖို့ဆုံးဖြတ်ချက်ကို အသင်းဘုတ်အဖွဲ့တွေထဲ ကွဲလွဲမှုတွေရှိခဲ့ တယ်လို့ ကောက်ယူလို့ရပါတယ်။ ကစားသမားခေါ်ယူမှုတွေမှာလည်း သဘောထားကွဲလွဲတာတွေ ရှိ သေးပုံပါပဲ။
နည်းပြ အာမိုရင်ကို ခန့်အပ်လိုက်တဲ့အချိန်မှာ သူက ၃-၄-၃ ကိုပဲ အပိုင်တည်ကစားမယ်လို့ အခိုင် အမာဆိုထားတော့ ဒီကစားကွက်ကို လက်ရှိကစားသမားတွေက လိုက်ကြရပါမယ်။ ဒီနေရာမှာ လိုက်ပါ ပြောင်းလဲ ကစားနိုင်ဖို့ဆိုတာ ပရိုကစားသမားတွေအတွက်က ဆန္ဒပြင်းပြရင် အနည်းနဲ့ အများတော့ လုပ်ယူလို့ရပါတယ်။ တောင်ပံကိုမှ အစွန်ဖက်ထွက်ကစားတဲ့ ပုံစံနဲ့ အတွင်းဝင်ပြီး ကစားတဲ့ပုံစံက ကွဲလွဲပေမယ့် အဆင်ပြေအောင် တောင်ပံကစားသမားတွေ ကစားနိုင်ကြပါတယ်။ သို့သော် ယူနိုက်တက်ရဲ့ ပြဿနာက သူတို့ကစားသမားတွေ တော်တော်များများဟာ 𝐎𝐧𝐞 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐨𝐧𝐚𝐥 လို့ခေါ်တဲ့ တပေါက်သန်-တပေါက်ကောင်းကစားသမားတွေဖြစ်နေတာပါ။
ဥပမာ အန်တိုနီ၊ ဂါနာချို၊ ရက်ဖို့ဒ် ဒီလိုကစားသမားတွေဟာ သူတို့ သန်ရာသန်ရာမှာပဲ ကစားဖို့ စိတ် အားထက်သန်ပြီး လိုက်ပါပြောင်းလဲဖို့ ဝန်လေးကြတာကို တွေ့ရမှာပါ။ ကက်စ်မဲရိုးတို့ဆိုတာက လည်း ပြောင်းလဲဖို့ အရွယ်လွန်သွားပါပြီ။ အဲရစ်ဆင်ကလည်း လုံးဝ ကျသွားပြီဖြစ်တဲ့ကစားသမားပါ။ ဆိုတော့ ယူနိုက်တက်ကစားသမားတွေမှာ လက်ရှိကစားကွက်အတိုင်း အားတက်သရော လိုက်ကစားနေတဲ့ အာမက် ဒီယာလိုတို့လို ကစားသမားမျိုးတွေရှိသလို လိုက်ပါပြောင်းလဲဖို့ ဝန်လေးတဲ့သူ တွေ၊ ဘရူနို ဖာနန်ဒက်တို့လို လိုက်ပါပြောင်းလဲဖို့ရာ သူ့ ကစားပုံမှာကိုက အကန့်အသတ်ရှိနေတဲ့သူ တွေ ပြည့်နှက်နေတာပါ။
ဆိုတော့ ယူနိုက်တက်အတွက်က လက်ရှိအသင်းထဲကနေ အာမိုရင်အတွက် အဆင်ပြေစေမယ့် လူတွေကို စစ်ထုတ်ရင်း လာမယ့် ဆောင်းမှာ အဓိကလိုအပ်မယ့်သူ၊ ခေါ်လိုက်တာနဲ့ အဆင်ပြေပြီး အသင်းကစားကွက်ကို တိုးတက်လာစေမယ့်လူ ၂ ယောက်လောက် ဦးစားပေးခေါ်ဖို့ လိုပါတယ်။ ဒါ ကလည်း လက်ရှိ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ယူနိုက်တက်ရဲ့ ဝယ်ယူမှုအမှားတွေမှာ ပေးဖို့ကျန်နေတဲ့ ပြောင်းရွှေ့ကြေး ကြွေးကျန်တွေကြောင့် အရောင်းရှိမှ ဝယ်နိုင်မယ့်သဘောပါပဲ။
တကယ်တော့ ဒန်အက်ရှ်ဝပ်ကို ဆာဂျင်ရက်ကလစ် မကျေမနပ်နဲ့ လမ်းခွဲပစ်လိုက်တဲ့အထိဖြစ်စေ တာက အဲရစ်တန်ဟက်ကို ဆက်ပြီး ထောက်ခံခဲ့ရုံတင်မက အဲရစ်တန်ဟက် ပါဝင်ပတ်သက်မှုရှိနေ တဲ့ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်ကို ပေးသုံးလိုက်တာလည်း ပါပါလိမ့်မယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နွေ ခေါ်ယူမှုထဲမှာ ဒီလစ်၊ ယိုရို၊ ယူဂါတေး၊ မာဇာဝါရီ တို့ကတော့ အာမိုရင်စနစ်မှာလည်း အလုပ်ဖြစ် ပါလိမ့်မယ်။
လာမယ့်ဆောင်းမှာတော့ အာမိုရင်ရဲ့ စနစ်မှာ အဓိကကျသလို အသင်းမှာလည်း အပူတပြင်းလိုအပ် နေတဲ့ ဘယ်ခြမ်း 𝐖𝐢𝐧𝐠-𝐛𝐚𝐜𝐤 နေရာအတွက်ကိုပဲ ကြိုးစားလာလောက်မယ်လို့ ယူဆရပြီး လက်တ လောတော့ အသင်းအနေနဲ့ အထိုင်ကျဖို့ အချိန်တစ်ခုယူရဖို့ရှိနေလောက်ဦးမှာဖြစ်ကြောင်း။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

Related Sports News