အားကစားသတင်းများ

ယူနိုက်တက်ရဲ့အထင်ကရပုဂ္ဂိုလ်ကြီး ဘော်ဘီချာတန်

blog image

November 27, 2024

ဘော်ဘီချာတန် သည် တိုက်စစ်ကွင်းလယ်၊ ဘယ်တောင်ပံ သို့မဟုတ် ဗဟိုတိုက်စစ်မှူးအဖြစ် ကစားခဲ့သော အင်္ဂလန်နိုင်ငံသားပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး အချိန်တိုင်းရဲ့ အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးဟုလည်းကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ သူသည် 𝟏𝟗𝟗𝟔 ဖီဖာကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့သော အင်္ဂလန်အသင်းရဲ့ အသင်းသားတစ်ဦး ဖြစ်ခဲ့ပြီး ရွှေဘောလုံးဆုကိုရရှိထားသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် 𝟏𝟗𝟔𝟕 နှင့် 𝟏𝟗𝟔𝟖 ရွှေဘောလုံးဆု မဲပေးမှုတွင်လည်း ဒုတိယနေရာရရှိခဲ့သူပါ။


မန်ချက်စတာယူနိုက်တက်တွင် သူ့ရဲ့ကလပ် ကစားသမားဘဝအားလုံးနီးပါးကို ကစားခဲ့ပြီး တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်း၊ အားပါပြင်းထန်သော ကန်ချက်တွေနဲ့ ခြေနှစ်ဘက်စလုံးနဲ့ အဆုံးသတ်နိုင်မှုတွေကြောင့်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ ကလပ်အသင်းနှင့် လက်ရွေးစင်အဆင့် အောင်မြင်မှုများနှင့်အတူ ဖီဖာကမ္ဘာ့ဖလား၊ ဥရောပဖလားနှင့် ရွှေဘောလုံးဆု တို့ကို ဆွတ်ခူးနိုင်ခဲ့သည့် ကစားသမားကိုးဦးအနက်မှ တစ်ဦးလည်းဖြစ်ပါတယ်။


ဘော်ဘီချာတန်သည် အက်စ်ရှင်းတွန်၊ နော့သမ်ဘာလန်ဒ်တွင်မွေးဖွားခဲ့ပြီး 𝟏𝟗𝟓𝟔 ၊ အသက် 𝟏𝟖 တွင်မန်ချက်စတာယူနိုက်တက် စီနီယာအသင်းအတွက်ပထမဆုံးပွဲထွက်ကစားခဲ့ပါတယ်။ သိပ်မကြာခင်အချိန်မှာပဲသူဟာ အသင်းရဲ့ပုံမှန်ပွဲထွက်ခွင့်နေရာမှာပါဝင်လာပြီး 𝟏𝟗𝟓𝟕 တွင် 𝐅𝐢𝐫𝐬𝐭 𝐃𝐢𝐯𝐢𝐬𝐢𝐨𝐧 ( ပရီးမီးယားလိဂ်လို့ပြောင်းလဲမသတ်မှတ်ခင် အင်္ဂလန်ပြည်တွင်းဖလား ) ချန်ပီယံဖြစ်ခဲ့ပါတယ်။ သူဟာကံကောင်းစွာဖြင့် အသင်းဖော် ဟယ်ရီဂရက်ဂ်ရဲ့ကယ်တင်မှုဖြင့် ယူနိုက်တက်ရဲ့မြူးနစ်ဖြစ်ရပ်ဆိုးမှလွတ်မြောက်ခဲ့ပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်ခဲ့ပါတယ်။


ယူနိုက်တက်အား 𝟏𝟗𝟔𝟑 တွင် 𝐅𝐀 ဖလား နှင့် 𝟏𝟗𝟔𝟓 နှင့် 𝟏𝟗𝟔𝟕 တို့တွင် အမှတ်ပေးဖလား တို့ကို ရယူပေးပြီးနောက် 𝟏𝟗𝟔𝟖 ဥရောပဖလားဖိုင်နယ်တွင်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူကာ ဖိုင်နယ်တွင် နှစ်ဂိုးသွင်းယူခဲ့ပြီး အသင်းကိုဉရောပဖလားရယူနိုင်တဲ့ပထမဆုံး အင်္ဂလိပ်လပ်အသင်းဖြစ်လာစေရန် ကူညီပေးနိုင်ခဲ့ပါတယ်။ 𝟏𝟗𝟕𝟑-𝟕𝟒 မှာတော့သူဟာ ပရက်စ်စတန်နော့ အသင်းအတွက်ကစားသမား-နည်းပြအဖြစ်ပြုလုပ်ရန် ယူနိုက်တက်မှထွက်ခွာခဲ့ပါတယ်။ ပြီးနောက် ဝီဂန် အက်သလက်တစ် အသင်းတွင်လည်း ဒါရိုက်တာ ရာထူးလက်ခံခဲ့ပြီး 𝟏𝟗𝟖𝟒 ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။


နိုင်ငံလက်ရွေးစင်အဖြစ် ဘော်ဘီချာလ်တန်သည် ကမ္ဘာ့ဖလား 𝟒 ကြိမ် ( 𝟏𝟗𝟓𝟖 ၊ 𝟏𝟗𝟔𝟐 ၊ 𝟏𝟗𝟔𝟔 ၊ 𝟏𝟗𝟕𝟎 ) တွင် အင်္ဂလန်လက်ရွေးစင်အသင်းတွင်ပါဝင်ခဲ့သော်လည်း အစပိုင်းမှာတော့ကစားခွင့်မရရှိခဲ့ပါဘူး။ 𝟏𝟗𝟕𝟎 ခုနှစ်တွင် အင်္ဂလန်အသင်းမှ အနားယူချိန်၌ သူသည်လက်ရွေးစင်ပွဲအများဆုံးဖြင့် 𝟏𝟎𝟔 ကြိမ်ဖြင့်စံချိန်တင်ခဲ့ပြီး နောက်ပိုင်း 𝟏𝟗𝟕𝟑 မှ ဘော်ဘီမိုရီမှကျော်တက်ခဲ့တာဖြစ်ပါတယ်။ သူသည် မန်ချက်စတာယူနိုက်တက် နှင့် အင်္ဂလန် အတွက် နှစ်ပေါင်းများစွာကြာအောင် သွင်းဂိုးအများဆုံးနှင့် ပွဲအများဆုံးစံချိန်တင်ထားတဲ့သူဖြစ်ခဲ့ပြီး၊ 𝟐𝟎𝟎𝟖 မှာရိုင်ယန်ဂစ်ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ် ကစားပြီးနောက် သူ့ရဲ့ ပွဲပေါင်း 𝟕𝟓𝟖 ပွဲကိုကျော်တက်ခဲ့တာပါ၊ သူ့ရဲ့ နှစ်ပေါင်း 𝟒𝟎 ကျော်ကြာသွင်းဂိုး အများဆုံး 𝟐𝟒𝟗 ဂိုးစံချိန်ကိုတော့ 𝟐𝟎𝟏𝟕 မှာ ဝိန်းရွန်းနီကချိုးခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်တွေအပြင် သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း သွင်း 𝟒𝟗 ဂိုးဖြင့်တင်နိုင်ခဲ့ပြီး 𝟐𝟎𝟏𝟓 မှာ ရွန်းနီ နှင့် 𝟐𝟎𝟐𝟐 မှာ ဟယ်ရီကိန်းတို့ စံချိန်ချိုးလိုက်ပြီးနောက် လက်ရှိအချိန်မှာသူဟာ အင်္ဂလန်ရဲ့ တတိယမြောက်ဂိုးသွင်းအများဆုံးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်း မန်နေဂျာ မတ်ဘစ်ဘီ က " ဒီထက်ပိုပြီး နာမည်ကြီးတဲ့ ဘောလုံးသမားဆိုတာ ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ သူက ပြီးပြည့်စုံတဲ့ကစားသမားတစ်ယောက်ပါ “လို့ ဆိုခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ အဲလ်ဖ်ရမ်ဆေးကလည်း "သူဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး 𝟏𝟗𝟔𝟔 အသင်းရဲ့ အကြိုက်ဆုံးကစားသမားပါ။ အစပိုင်းထဲက သူ့ရဲ့အရည်အသွေးတွေကြောင့် အသင်းမှာသူ့အတွက်နေရာတစ်နေရာ ပေးရမယ်ဆိုတာကြိုသိခဲ့ပါတယ်။ သူဟာ ဂိုးတွေပဲသွင်းတတ်တဲ့ ကစားသမားမဟုတ်တဲ့အပြင် အသင်းဖော်တွေနဲ့တွဲဖက်ကာ ကြိုကြိုးစားစားကစားတတ်သူ တစ်ယောက်လည်းဖြစ်ပါတယ်။


အရင်တုန်းကဆို ယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေကိုကြည့်တိုင်း ဘော်ဘီချာတန်ကိုအထူးတန်းမှာအမြဲ မြင်တွေ့ရလေ့ရှိပါတယ်။ သူဟာယူနိုက်တက်အတွက်သံယောဇဉ်တွေကြီးခဲ့သလောက် ယူနိုက်တက် အတွက်လည်းတန်ဖိုးဖြတ်မရတဲ့ အထင်ကရပုဂ္ဂုလ်ကြီးပါ၊ ပြောရမယ်ဆို ယူနိုက်တက်အကြောင်း ပြောရင် အမြဲထည့်ပြောရမဲ့သူမျိုးဖြစ်ပါတယ်။ သူဟာလူ့လောက ကနေနှုတ်ဆက်ထွက်ခွာသွားတာ ကြာပြီဖြစ်ပြီး ၊ 𝟐𝟎𝟐𝟑 ၊ အောက်တိုဘာလ 𝟐𝟏 ရက် ၊ အသက် 𝟖𝟔 နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰

"𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#k9mmmedia
#manchesterunited

#bobbycharlton

Related Sports News