ယာယာတိုရေးဆိုတာနဲ့ ကွင်းလယ်မှာ အရပ်မြင့်မြင့်၊ တောင့်တောင့်တင်းတင်း၊ အားကောင်းကောင်း နဲ့ နေရာစုံ ကစားနိုင်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိကြမှာပါ။ ဘာ စီလိုနာနဲ့ မန်စီးတီးတို့အတွက် တကယ့်ကိုအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။
အိုင်ဗရီကို့စ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘူအာကေးမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ မီမို ဆာအသင်းမှာ လူငယ်အနေနဲ့ စပြီး လေ့ကျင့်ခဲ့ကြပါတယ်။ အဲဒီနောက်တော့ သူ ဘယ်လ်ဂျီယံက လပ် ဘီဗာရန် အသင်းကိုရောက်သွားခဲ့ပြီး အဲဒီမှာပဲ ကစားသမားဘဝစတင်ခဲ့ပါတယ်။ သူက ကစား သမားဘဝအစောပိုင်းမှာ တိုက်စစ်မှူးအနေနဲ့ ကစားခဲ့ရပြီး ဗဟိုခံစစ်ကစားသမားနေရာမှာလည်း ကစားခဲ့ဖူးပါသေးတယ်။ ၂၀၀၉ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာတောင် သူက ဗဟိုခံစစ်ကစားခဲ့တာပါ။
ဘီဗာရန်အသင်းကနေမှ သူထပ်ပြောင်းတာကတော့ ယူကရိန်းအသင်း မီတဲလက် ဒိုးနတ်စ်အသင်းပါ။ သိပ်တော့ များများစားစားမကစားခဲ့ရပါဘူး။ ၂ ရာသီလောက်ပဲ ကြာခဲ့ပြီး ပွဲ ၃၀ ကျော်လောက်ပဲ ကစားခဲ့ပါတယ်။ အဲဒီနောက် ဂရိကလပ် အိုလံပီယာကော့စ်ကို ရောက်သွားခဲ့ပြန်ပြီး အဲဒီမှာလည်း ပွဲ ၂၀ လောက်ပဲ ကစားခဲ့ရပါတယ်။
အဲဒီကနေမှ ၂၀၀၆ မှာ မိုနာကို ကိုပြောင်းရွှေ့သွားခဲ့ပြီး တစ်ရာသီအတွင်းမှာ ၂၇ ပွဲကစား ၅ ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။ ၂၀၀၇ မှာတော့ သူရောက်သွားတာ ဘာစီလိုနာကိုပါပဲ။ အဲဒီအချိန်မှာ ဘာစီလိုနာ အသင်းရဲ့ နည်းပြက ဖရန့် ရီကက်ပါ။ ရီကတ်လက်ထက်မှာ သူတော်တော်နေရာရပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ရီကတ်က ၂၀၀၇-၀၈ ချန်ပီယံလိဂ်မှာ ဆီမီးနဲ့ ပြုတ်သွားခဲ့ပြီး နောက်ရာသီမှာပဲ ဂွါ ဒီယိုလာနဲ့အစားထိုးခံလိုက်ရပါတယ်။
ဂွါဒီယိုလာ လက်ထက်မှာတော့ ယာယာတိုရေးက ပွဲများများ မကစားခဲ့ရပါဘူး။ ၂၀၁၀ မှာ ပြန်ထွက်ခွါ မလာခင်အထိ ကြားထဲက ၃ ရာသီလောက်မှာ သူ ဘယ်လောက်မှကိုမကစားခဲ့ရတာပါ။ ရှေ့ ရီကတ် လက်ထက်ကပါနဲ့ ပေါင်းမှ ၇၄ ပွဲပဲ ကစားခဲ့ရပါတယ်။ ဒဏ်ရာပြဿနာလည်း ပါတော့ပါပါတယ်။ ဒါပေမဲ့အဓိကကတော့ ဂွါဒီယိုလာရဲ့အသင်းမှာ မာရှေယာနိုကိုတောင် နောက်တန်းဆီပို့ပစ်ပြီး နောက် တန်းဗဟိုခံစစ်မှာ စကစားခဲ့တဲ့ ဘူးစကွက်က ကွင်းလယ်ခံစစ်အဖြစ် ရောက်လာ၊ ဇာဗီ၊ အင်နေယက် စတာတို့နဲ့ တီကီတာကာ ပေါင်းစပ်မှု ဖြစ်လာတော့ ယာယာတိုရေးအတွက် နေရာမရှိတော့တာပါပါ တယ်။
၂၀၁၀ မှာ သူ ဘာစီလိုနာကနေ မန်စီးတီးကိုရောက်လာခဲ့ပါတယ်။ သက်ဆင်ရှင်နာဝပ် လက်ထဲက နေ လက်ရှိအသင်းပိုင်ရှင်တွေဖြစ်တဲ့ အဘူဒါဘီအုပ်စုက ဝယ်ပြီးပါပြီ။ အသင်းကို အကောင်းဆုံး တည်ဆောက်ဖို့လုပ်နေတဲ့ အချိန်ပါ။ နည်းပြက မန်စီနီဆိုပါတော့။ နောက်ရာသီဖြစ်တဲ့ ၂၀၁၁-၁၂ ရာသီမှာပဲ မန်စီးတီးတို့အတွက် ပထမဆုံး ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ မန်စီးတီး ရယ်လို့ ဒီနေ့လို ဖြစ်လာစေမယ့် ပထမမျိုးဆက်ရဲ့အောင်မြင်မှုပါပဲ။ အဲဒီမှာ ယာယာတိုရေးက အခ ရာအများကြီး ကျခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ပါဘူး။ ရော်ဘတ်တို မန်စီနီနဲ့အတူ အောင်ပွဲဆင်နိုင်ခဲ့တဲ့ ယာယာတိုရေးဟာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာပါ။
ယာယာတိုရေးဟာ မန်စီနီလက်ထက်၊ မန်စီနီထွက်ပြီး ဘရိုင်ယန်ကစ် ခဏကိုင်တဲ့အချိန်၊ နောက် ပယ်လီဂရီနီလက်ထက်တွေအထိ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ရှိနေခဲ့တာပါ။ ဒဏ်ရာကြောင့် မပါနိုင်တဲ့ပွဲတွေရှိပေမဲ့ ဒဏ်ရာကင်းစင်ရင်တော့ သူ့နေရာကို ခြိမ်းခြောက်နိုင်တဲ့သူ မရှိပါဘူး။ ၂၀၁၁-၁၂ 𝐄𝐏𝐋 အပြင် ၂၀၁၃-၁၄ 𝐄𝐏𝐋 ကိုလည်း ရယူနိုင်ခဲ့သလို ရောက်ရောက်ချင်းရာသီ မှာလည်း အက်ဖ်အေဖလား ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဖြစ်ချင်တော့ ပယ်လီဂရီနီအထွက် ၂၀၁၆-၁၇ ရာသီမှာ အသင်းကို ဘိုင်ယန်မြူးနစ်ကနေ ထွက်လာတဲ့ ဂွါဒီယိုလာရောက်လာခဲ့ပါတယ်။ ၂၀၁၇-၁၈ မှာ ဂွါဒီယိုလာလက်အောက် 𝐄𝐏𝐋 ရယူ နိုင်ခဲ့ပေမဲ့ အဲဒီနှစ်အပြီးမှာ သူ့ကို ထုတ်ရောင်းပစ်လိုက်တော့တာပါပဲ။ သူနဲ့ ဂွါဒီယိုလာတို့ ဇာတ်လမ်းကလည်း တစ်ကိစ္စပါ။ သူ့ဘက်ကတော့ ဒါဟာ လူမျိုးရေးကိစ္စတွေပါ ပါတယ်လို့ စွပ်စွဲခဲ့ပေမဲ့ ဥရောပလိုနေရာကြီးမှာတော့ ဒီလိုလုပ်လို့မရလောက်ပါဘူး။ တခြား ကိစ္စတွေအများကြီးပါဝင်ဦးမှာပါ။အဝတ်လဲခန်းထဲက တစ်ချို့ ကိစ္စတွေကို မသိနိုင်တာကြောင့် ဆုံးဖြတ်ဖို့တော့ ခက်ပါတယ်။ ဒီအကြောင်းကို မပြောခင်မှာ ယာယာတိုရေးရဲ့ကစားပုံအကြောင်းကိုလည်း ပြောဖို့လိုပါတယ်။
သူက ဗဟိုခံစစ်ရော တိုက်စစ်ရော ကစားခဲ့ဖူးပေမဲ့ တကယ်တမ်း သူ့အကောင်းဆုံးက ကွင်းလယ်မှာ ပါ။ ကွင်းလယ်ကို ၃ နေရာလုံး ကစားနိုင်ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားစစ်စစ်လိုတော့ သိပ် မကစားပေမဲ့ သူက ကွင်းလယ်ဗဟိုကစားသမား၊ 𝐁𝐨𝐱-𝐭𝐨-𝐁𝐨𝐱 ကစားသမားအပြင် နံပါတ် ၁၀ လိုပါ ကစားနိုင်ပါတယ်။ နံပါတ် ၁၀ လိုတော့ သိပ်များများ စားစား မကစားခဲ့ရပေမဲ့ ဇုန် ၁၄ ထိပ်မှာ သူ ဘာလုပ်နိုင်သလဲဆိုတာကိုတော့ မှီလိုက်သူတွေ သိကြပါလိမ့်မယ်။
သူက ပြိုင်ဖက် တိုက်စစ်ကို တားဆီး ဘောလုံးကို လုယူပြီးတဲ့နောက် အဝေးဘောတွေနဲ့ တိုက်စစ် ပြန်စတာမျိုးလည်း ကောင်းသလို ကိုယ်တိုင်လည်း ဘောလုံးကို သယ်ယူတက်သွားနိုင်၊ ဂိုးသွင်းယူ နိုင်ပါတယ်။ သူ ပြေးရင် နှေးတယ်ထင်ရပေမဲ့ တကယ်အရှိန်ရသွားရင် သူ့ကိုတားဖို့ဆိုတာ မလွယ် ပါ ဘူး။ လူကောင်ကလည်း တော်တော်ကို ထွားပြီး သန်မာမှုကောင်းလွန်းလို့ပါ။ နည်းစနစ်ပိုင်းလည်း တော်တော်ကြီးကို ကောင်းပါတယ်။ ဟိုက်ဘရစ်ကစားသမားဆိုတဲ့ဟန်ကို အစောပိုင်းလောက်က တည်းက ကစားခဲ့သူဖြစ်ပြီး ပြိုင်ဖက်ဘောလုံးကို တား၊ လုယူ၊ ဘောလုံးနဲ့အတူ တက်လာပြီး ပြန် ခြိမ်းခြောက်တဲ့အထိ လိုက်ပါလာနိုင်တဲ့သူမျိုးပါ။
ဂွါဒီယိုလာနဲ့ ကိစ္စပြန်ပြောရရင် အဲဒါကပဲ ပြဿနာဖြစ်မယ်ထင်ပါတယ်။ ဂွါဒီယိုလာက သူ့အသင်း မှာ စိတ်တိုင်းကျပေးကစားခဲ့တာ မက်ဆီတစ်ယောက်ပဲရှိပါတယ်။ ကျန်တဲ့ကစားသမားတွေက သူ့စနစ် အတွင်းမှာပဲ ညက်ညက်ညောညော ချိတ်ဆက်ကစားရတာပါ။ ဘူးစကွက်-ဇာဗီ-အင်နေယက်စတာ တို့လည်း ဒီလိုပဲ ကစားရပါတယ်။ ယာယာတိုရေးက သူ့အတွက်ဆိုရင် လိုအပ်တာထက် ဘောလုံး ကိုင်လွန်းတယ်၊ သူ့ တီကီတာကာဟန်မှာ အံမဝင်ဘူးလို့ ဂွါဒီယိုလာ မြင်ပုံပါပဲ။ဘယ်လိုပဲဖြစ်ဖြစ် ယာယာတိုရေးဟာ မန်စီးတီးရဲ့ အဘူဒါဘီခေတ်ဦးပိုင်းမှာ အသင်းကို စတင်တည် ဆောက်ခဲ့ကြသူတွေထဲက တစ်ယောက်အဖြစ်ပါဝင်ပြီး မန်စီးတီးရဲ့ခေတ်သစ်အောင်မြင်မှုအုတ်မြစ် ကို စတင်ချပေးနိုင်ခဲ့ကြသူတွေထဲက တစ်ယောက်ဆိုတာ ငြင်းလို့ဘယ်လိုမှ မရတာ အမှန်ပါ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"