အားကစားသတင်းများ

သူကောင်းမဖြစ်ခဲ့တဲ့ တောပြောင်းသော ကျား - ဖာနန်ဒို တောရက်စ်

blog image

December 10, 2024

ဖာနန်ဒို တောရက်စ်

လက်မောင်းမှာ အစင်းတွေနဲ့ အနီရောင်တောက်တောက် လီဗာပူး ဂျာစီလက်ရှည်။ ရွှေရောင်ဆံပင် အရှည်တွေနဲ့။ လီဗာပူးရဲ့ အင်အားအကောင်းဆုံး မူလအစုအဖွဲ့လို့ ဆိုနိုင်ပါတယ်။ ဘင်နီတက် လက်အောက်မှာ စုရုံးထားတဲ့အင်အားက နည်းမှမနည်းပဲ။ လူးဝစ် ဂါစီယာ၊ မီလန် ဘားရို့စ်၊ မိုရီယန်တေး၊ ဂျရတ်၊ မာရှေ ယာနို၊ ဇာဗီအလွန်ဆို။ တောရက်စ် ရောက်လာတဲ့အချိန် ၂၀၀၇ နွေမှာ လီဗာပူးက အပြောင်းအလဲ တွေ တော်တော်များများ လုပ်နေတဲ့အချိန်။


ဒူးဒက်လို ဂိုးသမားထွက်သွားတယ်။ ဒီဂိုးသမားက ချန်ပီယံလိဂ်ဖိုင်နယ်မှာ လက်စွမ်းပြပြီး ချန်ပီယံ လိဂ်ယူလာပေးခဲ့တဲ့သူ။ ရော်ဘီဖောင်လာ၊ လူးဝစ်ဂါစီယာ၊ ဘယ်လာမီ၊ ဆစ်ဆီ၊ ဇန်ဒန်း စတဲ့ကစား သမားတွေထွက်သွားပြီး ဗိုရိုနင်၊ ဘီနာယောင်၊ ရိုင်ယန်း ဘာဘယ်တို့နဲ့အတူ တောရက်စ်ရောက်လာခဲ့ ပါတယ်။ လူးကပ်စ်လည်းပါတာပေါ့။ ဘုရားစူး ဘရာဇီးသားလို့ ပရိသတ်တွေ နောက်ခေါ်ခဲ့ကြဖူးတဲ့ လူးကပ်စ်ပါပဲ။


အက်သလက်တီကို ထွက်တိုက်စစ်မှူးတွေရဲ့ 𝐀𝐮𝐫𝐚 က ခေတ်အဆက်ဆက်မသေးပါဘူး။ အဲဒီအထဲမှာ တောရက်စ်လည်း ပါပါတယ်။ သူ့အတွက် လီဗာပူးက ပေါင်သန်း ၂၀ ပေးခဲ့ရတာပါ။ ဒီနေ့ခေတ်ဆိုရင် မက်တိုမီနေးတောင် အဲဒီဈေးနဲ့မရပါဘူး။ အာဆင်နယ်က အက်ဒီ အန်ကေးတီးယားတောင် ပေါင် သန်း ၃၀ ပေးရပါတယ်။ ဒါပေမဲ့ အဲဒီခေတ်က သန်း ၂၀ ဆိုတာက တော်တော်များတာပါ။ အထူးသဖြင့် လီဗာပူးအသင်းအနေနဲ့ ကစားသမားတစ်ဦးအတွက် သန်း ၂၀ သုံးတာ တော်တော်ကို အားထုတ် တယ်လို့ ဆိုနိုင်ပါတယ်။


သုံးခဲ့ရတာနဲ့လည်း တန်ခဲ့ပါတယ်။ အက်သလက်တီကိုမှာ ၂၁၄ ပွဲကစား ၈၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တော ရက်ဟာ ၂၃ နှစ်သားအရွယ် လီဗာပူးကို ရောက်ချိန်မှာ သွင်းဂိုးတွေနဲ့ တောက်လျှောက်သက်သေပြခဲ့တာ ပါ။ ၂၀၀၇ ကနေ ၂၀၁၁ ထိဆိုရင် စုစုပေါင်း ၄ ရာသီလောက်သာ ကစားခဲ့ပြီး ပွဲ ၁၀၀ ကျော်၊ အတိအ ကျဆိုရရင် ၁၀၂ ပွဲပဲ ကစားခဲ့ပေမဲ့ ၆၅ ဂိုးသွင်းပေးခဲ့တာ တော်တော်ကိုကောင်းတဲ့ရလဒ်ပါပဲ။


သွင်းဂိုးအရေအတွက်ထက် ပိုပြီး ကြောက်ဖို့ကောင်းခဲ့တာက သူ့ရဲ့ ကစားပုံနဲ့ ပြိုင်ဖက်တွေအပေါ် လှုပ်ခါနိုင်စွမ်းပါ။ တကိုယ်တော်လည်း ဖောက်ထွက်နိုင်သလို တွဲကစားရမယ်ဆိုလည်း အဆင်ပြေ ပြီး ကြုံသလိုလည်း အဆုံးသတ်နိုင်ပါတယ်။ အနီးတိုင်အပေါ်ထောင့်ထဲကို ဖြတ်ဖြတ်ကန်တာမျိုးတွေက သူ့ရဲ့ ပြယုဂ်သွင်းဂိုးတွေပါ။ ပင်နယ်တီဧရိယာထဲမှာတင် ကျားတစ်ကောင်လိုမဟုတ်ဘဲ တိုက်စစ်ဧရိယာအားလုံးမှာ ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့ပါတယ်။


အဲဒီခေတ်က အကောင်းဆုံးနောက်ခံလူအတွဲလို့ ဆိုရမယ့် ဖာဒီနန်-ဗီဒစ်ခံစစ်ကို အကြိမ်ကြိမ် ဆွဲ လှုပ်ခါပြနိုင်ခဲ့တာကြောင့်လည်း တောရက်စ်က လီဗာပူးပရိသတ်တွေ အချစ်ပိုရတဲ့ တိုက်စစ်မှူးတစ် ယောက်ဖြစ်နေခဲ့တာ ဖြစ်နိုင်ပါတယ်။ ပြဿနာက သူ့ခြေစွမ်းတွေ၊ သွင်းဂိုးတွေက အရမ်းကို ကောင်း ပေမဲ့ သူဟာ လီဗာပူးနဲ့အတူ ဘာအောင်မြင်မှုမှ မယ်မယ်ရရ မရခဲ့တာပါပဲ။ ၂၀၁၁ မှာတော့ သူ ချယ်လ်ဆီးကို ပေါင် သန်း ၅၀ နဲ့ပြောင်းသွားခဲ့ပါတော့တယ်။ ဒီအပြောင်းအရွှေ့က အားလုံးစိုးရိမ်ရတဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့တာပါ။ ခြေစွမ်းမပြမှာကို စိုးရိမ်ခဲ့ကြတာမဟုတ်ဘဲ ချယ်လ်ဆီးအစုအဖွဲ့ထဲကို တောရက်စ်ရောက်လာတာ ဘယ်လောက်ကြောက်ဖို့ကောင်းလိမ့်မလဲဆိုတာကို တွေးပြီး စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၀-၁၁ ဆောင်းရာသီအပြောင်းအရွှေ့ကြီးမှာ သူရောက်လာတာပါ။ ဘင်ဖီကာက ဒေးဗစ်လုခ်နဲ့အတူ ဆိုပါတော့။ ကားလို့စ် အန်စလော့တီ လက်အောက်ကို ရောက်လာခဲ့တာဖြစ်ပါ တယ်။


သူနဲ့ဆိုရင် ချယ်လ်ဆီးက ဒရော့ဘာ၊ ကာလူး၊ အနယ်လ်ကာ၊ မာလူဒါ၊ လမ်းပတ်၊ ရာမီရက်စ် ဒီကစား သမားတွေရဲ့ ပေါင်းစပ်မှုက ကြောက်စရာကောင်းမယ်လို့ အားလုံးထင်ခဲ့ကြတာပါ။ သူ့ လီဗာပူးအ သင်းဖော် အစ္စရေးကစားသမား ဘီနာယောင်လည်း ရောက်နေပါပြီ။ ဒါပေမဲ့ ထင်သလိုဖြစ်မလာခဲ့ပါ ဘူး။ တောရက်စ်ဟာ လီဗာပူးက တောရက်စ်မဟုတ်တော့သလိုပါပဲ။ဒီနေရာမှာ သူ့ ပုံမှန်ကစားပုံက ပွဲတစ်ချို့မှာဆိုရင် မဆိုးဘူးလို့ ပြောလို့ရတာရှိသလို၊ ကောင်းခဲ့တဲ့ပွဲ တွေလည်း ရှိခဲ့ပါတယ်။ ခက်တာက ဂိုးမရတာပါ။ မရတာမှ အပိုင်ကြီးတွေကိုပါ သူ့လို တကယ့် ကြောက်စရာအဆုံးသတ်သမားတစ်ယောက်က လွဲပစ်နေတာဖြစ်ပါတယ်။ လုံးဝကို ထူးဆန်းလွန်း တဲ့အချက်ပါပဲ။ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးပေါက်အလွတ်ကြီးကို ဘေးကန်ပစ်တာမျိုးတွေအထိ သူလွဲ ခဲ့ပါတယ်။
ချယ်လ်ဆီးမှာ လီဗာပူးထက် ပိုများတဲ့ ပွဲ ၁၁၀ ကစားခဲ့ပေမဲ့ ဂိုး ၂၀ ပဲသွင်းခဲ့သလို ၂၀၁၄-၁၅ ရာသီ မှာ အေစီမီလန်ကို အငှားသွားကစားတော့လည်း ၁၀ ပွဲမှာ ၁ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ အက်သလက် ကို ပြန်သွားတော့မှသာ သူ ဂိုးတွေပြန်ရလာခဲ့တာပါ။


ဒါပေမဲ့ တောရက်စ်ဟာ ချယ်လ်ဆီးမှာ ကစားပုံမတူညီတာတွေ၊ သူ့စိတ်ကြိုက်ပုံစံမကစားရတာ တွေ၊ အသားမကျတာတွေ၊ အံမဝင်တာတွေ ဘယ်လိုရှိခဲ့ပြီး ခြေစွမ်းဘယ်လောက်ပဲမပြမပြ ဆုဖလားတွေ တော့ရခဲ့ပါတယ်။ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေကို ရယူခဲ့နိုင်တာ ကြောင့် အောင်မြင်မှုအရတော့ ၄ ရာသီအတွင်းမှာ မဆိုးခဲ့ပါဘူး။အဲဒီအပြင် သူက စပိန် ယူ ၁၆ နဲ့ ဉရောပချန်ပီယံ၊ ယူ ၁၉ နဲ့ ဉရောပချန်ပီယံ၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ၂၀၀၈ ယူရိုနဲ့ ၂၀၁၂ ယူရိုဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သူဆိုတော့ ချယ်လ်ဆီးမှာ အလုပ်မဖြစ်ခဲ့ရုံနဲ့ သူ့ကို ဟားပွဲဖွဲ့ဖို့မလုံလောက်ပါဘူး။ ဥရောပရဲ့ တချိန်က ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူး တွေထဲ သူက ပါကို ပါရမှာပါ။ အက်သလက်တီကိုမှာလည်း ၂၀၁၇-၁၈ ယူရိုပါလိဂ်ကို ရယူနိုင်ခဲ့သလို ၂၀၁၅-၁၆ မှာ ချန်ပီယံလိဂ်ဖိုင်နယ်အထိ တက်နိုင်ခဲ့တာက တကယ့်ကို မှတ်တမ်းကောင်းပါပဲ။ ချယ်လ်ဆီးတို့ ပေါင်သန်း ၅၀ နဲ့ တောရက်စ်ကို ခေါ်လိုက်တာ အလုပ်မဖြစ်ခဲ့သလိုပဲ တောရက်စ် ထွက်တဲ့ ၂၀၁၁ ဆောင်းရာသီမှာတင် လီဗာပူးတို့က နယူးကာဆယ်နဲ့ တောက်ပပြနေတဲ့ အန်ဒီကာရိုး ကို ပေါင် ၃၅ သန်းတောင်သုံးပြီး ပြန်ခေါ်ခဲ့တာကလည်း အလုပ်မဖြစ်ခဲ့တာ အမှတ်တရပါ။ လီဗာပူး တို့အတွက် အဆင်ပြေသွားတာက ပေါင် ၂၂ သန်းနဲ့ လူးဝစ် ဆွာရက်ဇ်ကို တပါတည်းခေါ်ယူနိုင်ခဲ့တာ ပါပဲ။
ဒီအပြောင်းအရွှေ့အဆက်အစပ်အားလုံးဟာ အခုအချိန်မှာ ပြန်ကြည့်တဲ့အခါ ဘောလုံးလောကရဲ့ သရုပ်သကန်ကို ဖော်ပြလို့နေတာ အမှန်ပါပဲ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"


#mmmedia
#FernandoTorres
#liverpool

#Chelsea

Related Sports News