အားကစားသတင်းများ

𝐄𝐥 𝐂𝐚𝐩𝐭𝐚𝐢𝐧 - ဘာစီလိုနာရဲ့ ကျောက်ဆောင်ကြီး ပူယိုးလ်

blog image

December 12, 2024

ကက်တလန်ဒေသရဲ့ လာပါဘလာ ဒီဆီဂါ ဆိုတဲ့အရပ်မှာ မွေးတယ်။ တကယ့် ကက်တလန်သား စစ်စစ်။ ပါဘလာ ဒီ ဆီဂါအသင်းမှာ လူငယ်ကစားသမားအဖြစ် စလေ့ကျင့်တယ်။ နောက်တော့ လာ မာစီယာကို ရောက်လာတယ်။ လာမာစီယာ စီ အသင်း၊ ဘီအသင်းတွေကနေ ၁၉၉၉ ခုနှစ်မှာ ဘာစီ လိုနာအသင်းကြီးကို ရောက်ခဲ့တယ်။ ကျန်တာကတော့ သမိုင်းပါပဲ။ ဒီလောက်ရေးရင်ကို ပူယိုးလ်အကြောင်းက လုံလောက်ပါတယ်။


ကားလ် ပူယိုးလ်။ ၁၉၇၈ ခုနှစ်မှာ မွေးခဲ့သူဖြစ်ပြီး စစချင်း ပါဘလာ ဒီ ဆီဂါ လူငယ်အသင်းမှာ ကစား တုန်းက ဂိုးသမားအဖြစ် စကစားခဲ့တဲ့သူ။ ဒါပေမဲ့ လေ့ကျင့်ရေးမှာပဲ ပုခုံးဒဏ်ရာရသွားတယ်။ ပုခုံး ဒဏ်ရာဆိုတာက ကျန်တဲ့နေရာတွေအတွက်တော့ ဒီလောက်မဟုတ်ပေမဲ့ တစ်ချိန်လုံး ဘယ်ညာ လှဲ ချပြီး ဒိုင်ဗင်ပစ်နေရတဲ့ ဂိုးသမားနေရာအတွက်တော့ အဆင်မပြေပါဘူး။ ဒါနဲ့ သူ ဂိုးသမားနေရာကို စွန့်လွှတ်လိုက်ရပါတယ်။


စာရေးသူမှာ ပူယိုးလ်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဟာသတစ်ခုရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ၂၀၁၃ လောက်ကာလတုန်းက ဂျာနယ်မှာ လုပ်ကြတော့ နောက်ကျ ပွဲပြီး ရီဗျူးတစ်ခုမှာ လုပ်ဖော်ကိုင် ဖက်အကိုတစ်ယောက်က အိပ်ချင်မူးတူးနဲ့ ဘာစီလိုနာတိုက်စစ်မှူး ပူယိုးလ်က ခေါင်းတိုက်အဆုံး သတ်လိုက်တယ်လို့ မှားရေးလိုက်ပြီး အဲဒါကြီးက ဂျာနယ်ထဲ ပါသွားတာပါပဲ။ စာဖတ်ပရိသတ်တွေ ဖုန်းဆက်ပြီး ဝေဖန်တာအတော်ခံလိုက်ရပါသေးတယ်။


ဘာလို့ ဒါကို ပြန်ပြောသလဲဆိုတော့ တကယ်တော့ သူပြောတဲ့ တိုက်စစ်မှူး ပူယိုးလ်ဆိုတာက အရမ်း လည်းမမှားနေလို့ပါပဲ။ ပူယိုးလ် ဂိုးသမားနေရာကို စွန့်လွှတ်လိုက်ရတဲ့နောက်မှာ ကစားခဲ့ရတာက တိုက် စစ်မှူးနေရာပါ။ တကယ်သာ သူ အဲဒီနေရာမှာ အလုပ်ဖြစ်သွားခဲ့ရင် ကြည့်ရမြင်ရတာတော့ တော်တော်မိုက်မယ့်ပုံပါပဲ။ ဆံပင်ကောက်ကောက်တွေ ဖွားဖွားကျနေပြီး ရုတ်တရက် လက်ထဲ ဓါးနဲ့ ဒိုင်း ထည့်ပေးလိုက်ရင် ရောမသမိုင်းထဲက ဒဏ္ဍာရီလာ သူရဲကောင်းလိုလို ရုပ်ပေါက်နေတဲ့ သူ့စတိုင်နဲ့ တိုက်စစ်မှူးနဲ့က တကယ်လိုက်မှာပါ။


သူ့မိဘတွေက သူ့ဘောလုံးသမား ဖြစ်ချင်တဲ့အိပ်မက်ကို သိပ်ယုံကြည်လှတာတော့မဟုတ်ပါဘူး။ ဒါ ကြောင့် စာကြိုးစားဖို့ မကြာခဏအပြောခံခဲ့ရတာပါ။ ၁၉၉၅ မှာ သူ လာမာစီယာကို ရောက်သွား တော့လည်း သူ့နေရာက မတည်ငြိမ်ပြန်ပါဘူး။ ကွင်းလယ်ခံစစ်နေရာကို ပြောင်းကစားရပြန်ပါတယ်။ ဒါပေမဲ့ နောက် ၂ နှစ်ကြာလို့ ဘာစီလိုနာ ဘီ အသင်းမှာ သူစကစားရတော့ ညာနောက်ခံလူနေရာက ပါ။ အပြောင်းအလဲတွေ များလှပါတယ်။


၁၉၉၈ ခုနှစ်မှာ ဘာစီလိုနာတို့က သူ့ကို မာလာဂါဆီ ရောင်းဖို့ ဆုံးဖြတ်ပြီးပါပြီ။ အပြောင်းအရွှေ့ကို လက်တောင် လက်ခံခဲ့ပြီးပြီဆိုပါတော့။ အဲဒီတုန်းက သူက အသက် ၂၀ အရွယ်ပဲရှိသေးပြီး ဒီဘိုး အားနဲ့ မိုက်ကယ် ရိုင်ဇီဂျာ တို့နောက်မှာပဲ နေရာရနေတဲ့သူပါ။ ဒါပေမဲ့ ကက်တလန်သား ဘာစီလိုနာ မှ ဘာစီလိုနာဆိုတဲ့ ပူယိုးလ်ကတော့ မာလာဂါရဲ့အပြောင်းအရွှေ့ကို ငြင်းလိုက်ပါတယ်။ သူနဲ့ အကယ်ဒ မီမှာ လေ့ကျင့်ဖော်လေ့ကျင့်ဖက် ဇာဗီက အသင်းကြီးမှာ စနေရာရနေပြီဆိုတာကို မြင်တော့ သူ လည်း ကြိုးစားရင် ဒီလိုပဲ နေရာရလိမ့်မယ်လို့ ပြင်းပြင်းပြပြ ယုံကြည်ထားခဲ့ပါတယ်။
ဒီဖက်ခေတ်မှာတော့ လူမြင်ကပ်ချင်စရာကြီးဖြစ်ပေမဲ့ တကယ်အရေးပါတဲ့ ကစားသမားတွေကို နေရာပေးခဲ့တဲ့နေရာမှာ ထင်သလောက် အသိအမှတ်ပြုမခံရတာက လူးဝစ္စဗန်ဟားပါ။ အေဂျက်ဇ် မှာ ပက်ထရစ် ကလွိုက်ဗက်၊ ဗန်ဒါဆား စတဲ့ကစားသမားတွေကို ပွဲဉီးထွက်ခွင့်ပေးခဲ့သလို ဘာစီလိုနာမှာ ဇာဗီ၊ အင်နေယက်စတာတို့ကို ပွဲဉီးထွက်ခွင့်ပေးခဲ့တာလည်း သူပါပဲ။ မန်ယူနိုက်တက်မှာ လည်း ရက်ဖို့ဒ်အပါအဝင် လူငယ်အများအပြားကို သူ ပွဲထွက်ခွင့်ပေးခဲ့တာပါ။


ပူယိုးလ်ကိုလည်း အသင်းကြီးဆီ ခေါ်လိုက်တဲ့သူက လူးဝစ္စဗန်ဟားပါ။ ဗယ်လာဒိုးလစ်ကို အဝေးကွင်း မှာ ၂-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဝင်ကစားခဲ့ရတာပါ။ အဲဒီပွဲလည်းပြီးရော သူ့ကို နေရာပြောင်းသုံးပြန်ပါတယ်။ ဒီတခါတော့ သူ တောက်လျှောက်ကစားရတော့မယ့် ဗဟိုခံစစ်မှူးနေရာပါပဲ။ တကယ်တော့ သူ့ အရပ်က ၅ ပေ ၁၀ ပဲရှိတာပါ။ ဉရောပခံစစ်မှူးတွေထဲမှာတော့ ပုတယ်လို့တောင်ဆိုနိုင်ပါတယ်။ သို့ သော် သူ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေက အဲဒီအချက်ကို ကောင်းကောင်း ဖုံးကွယ်သွားနိုင်ခဲ့ပါတယ်။
မှတ်မှတ်ရရ ၂၀၀၃ ခုနှစ်လောက်မှာ ဘာစီလိုနာဟာ ဘဏ္ဍာရေးပြဿနာနဲ့ရင်ဆိုင်နေခဲ့ရပြီးကစားသမားတွေ ရောင်းထုတ်ရဖို့ ကြိုးစားနေခဲ့ရတုန်းက ပူယိုးလ်ကို မန်ချက်စတာယူနိုက်တက်ကခေါ် ဖို့ ချိတ်ဆက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့က ဆက်မဖြစ်ခဲ့ပါဘူး။ သတင်းအတိအကျက တော့ အဲဒီခေတ်မှာ ဖာဘရီဇီယိုတို့လို လူတွေလည်း မရှိသေးတော့ အပြည့်အစုံထွက်မလာခဲ့ပေမဲ့ ကက်တလန်သားက ကက်တလန်ပြယုဂ်အသင်းကနေ ထွက်ခွါဖို့ ငြင်းဆန်ခဲ့တာပဲဖြစ်မယ်ဆိုတာ မလွဲပါဘူး။ ၂၀၀၃-၀၄ ရာသီအကုန်မှာတော့ ပူယိုး ဘာစီလိုနာအသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ လူးဝစ် အင်းနရစ် အနားယူသွားတာကြောင့်ပါ။

လိုအပ်ရင် လိုအပ်သလို ကြမ်းကြမ်းဝင် ကြမ်းကြမ်းထွက်နိုင်တဲ့သူဖြစ်သလို ကစားကွက်ကို အကဲ ခတ်နိုင်စွမ်းလည်း မြင့်မားပြီး အသင်းလိုက်ကစားပုံကောင်းတဲ့ ကစားသမားပါ။ စွယ်စုံရပြီး စွမ်း ဆောင်ရည်လည်း မြင့်မားလို့ အကောင်းဆုံး အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့တောင် စာရင်း သွင်းရမှာဖြစ်ပါတယ်။ ရော်နယ်ဒင်ညိုက ပြိုင်ဖက်ကစားသမားကို ရန်ပြုဖို့ ပြေးအသွားမှာ လိုက်ဆွဲ တာမျိုး၊ မီးခြစ်နဲ့ပေါက်တဲ့ ပြိုင်ဖက်ပရိသတ်တွေအကြောင်း ပီကေးက ဒိုင်ကိုစောဒကတက်နေတုန်း မှာ မီးခြစ်ယူလွှင့်ပစ်ပြီး ပွဲကို အာရုံစိုက်ဖို့ ညွန်ကြားတာမျိုးတွေက သူ့အရပ် ၅ ပေ ၁၀ ပဲရှိတယ်ဆို တာမေ့လောက်အောင် ဩဇာကြီးမားမှုကို ပြသနေတာပါပဲ။


လာလီဂါ ၆ လုံး၊ ကိုပါဒယ်ရေး ၂ ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၂ ကြိမ်၊ ကမ္ဘာ့ ဖလား ၁ ကြိမ်၊ ယူရိုဖလား ၁ ကြိမ် ဒီလို အောင်မြင်မှုကြီးတွေ ရယူထားသူဖြစ်တာကြောင့် အကောင်း ဆုံးနောက်ခံလူတွေစာရင်းထဲမှာလည်း မဖြစ်မနေထည့်သွင်းထားရမယ့် ကစားသမားပါပဲ။ အနားယူ သွားပြီဆိုပေမဲ့ သူ့ အမွေအနှစ်ကတော့ အမြဲဆက်လက်တည်ရှိနေမှာပါ။

#CarlesPuyol
#Barcelona
#footballer


Related Sports News

သမိုင်းတစ်လျှောက် အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ ဘောလွန်းဒီအော ဆုရှင်များ

April 21, 2025

ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံးတိုက်စစ် အတွဲ

April 21, 2025

ရီးရဲလ် ရဲ့ ကျောနံပတ် ၁၁ ပိုင်ရှင် ရိုဒီဂို က အမေ့လျော့ခံ ကစားသမားလား

April 20, 2025

Acl ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ကြတဲ့ ကစားသမား ( ၅) ယောက်

April 19, 2025

ချယ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဝေးကွာပြီလား?

April 18, 2025