𝐀𝐬𝐡𝐥𝐞𝐲𝐂𝐨𝐥𝐞ဆိုတာကတော့တစ်ချိန်ကကျွန်တော်တို့အရမ်းကြိုက်ခဲ့ရတဲ့နောက်ခံကစားသမားတွေထဲကတစ်ယောက်အပါအဝင်ဘဲဖြစ်ပါတယ်။ဘောလုံးကစားသမားတစ်ဦးအနေနဲ့ သူဟာ ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့ပြီး အထူးသဖြင့် အာဆင်နယ်နဲ့ ချဲလ်ဆီး စတဲ့ အသင်း တွေမှာ ကစားခဲ့ပါတယ်။သူကို ဒီဇင်ဘာ 𝟐𝟎 𝟏𝟗𝟖𝟎 မှာ အဖေ ရိုမ်ကော်လန်ဒါ၊အမေ ဆူးကိုလ်းတို့က အင်္ဂလန်နိုင်ငံ စတပ်နီမြို့ မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ မိဘတွေကတော့ သူတို့အိမ်ထောင်သက် 𝟕 နှစ်အကြာမှာဘဲ သူ့အဖေဖြစ်သူ ရိုမ်ကော်လန်ဒါ ကသူတို့မိသားစုကနေထွက်ခွာသွားခဲ့ပီး နောက်ပိုင်းမှာသြစတေးလျ သို့ ပြောင်းရွှေသွားခဲ့ပါတယ်။ 𝐂𝐨𝐥𝐞 နဲ့ သူ့ညီ မက်သယူးကတော့ အမေဖြစ်သူ ဆူးကိုလ်းနဲ့ဘဲ ကြီးပြင်းလာခဲ့ရတာပါ။ဘယ်လိုဘဲပြောပြော အပ်ရှလေကိုလ်းရဲ့မိသားစုဘဝကလဲ ထင်သလောက်မသာယာခဲ့ပါဘူး။ သူရဲ့ဘောလုံးကစားသမားဘဝကဘယ်ကစလဲဆိုရင်တော့ မြောက်လန်ဒန် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကနေစလာတာပါဘဲ။ကိုးလ်ကကလေးဘဝကသူ့ကိုပံ့ပိုးပေးခဲ့ ၎င်း၏ပြည်တွင်းကလပ် အာဆင်နယ်အသင်း သို့ ရောက်ရှိလာခဲ့ပြီးကစားသမားဘဝကို စတင်ခဲ့ပါတယ်။ အသက် 𝟏𝟖 နှစ်အရွယ် 𝟏𝟗𝟗𝟗 ခုနှစ် နိုဝင်ဘာလ 𝟑𝟎 ရက်နေ့မှာ မစ်ဒယ်ဘရော့ နဲ့ လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဥ်ကတော့ သူရဲ့ ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့တဲ့ပွဲပါဘဲ။အဲ့နေ့ပွဲမှာအာဆင်နယ်အသင်းက ပွဲပြီးချိန်မှာ 𝟐- 𝟐သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာဘဲ 𝟏-𝟑 ဆိုတဲ့ရလဒ်နဲ့ ရှုံးနှိမ့်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟎 ခုနှစ် ဖေဖော်ဝါရီလ 𝟐𝟓 ရက်နေ့မှာတော 𝐂𝐨𝐥𝐞 က သူရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုခဲ့ပါ။ သူရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ကတော့𝟐𝟎𝟎𝟎ခုနှစ်မေလ𝟏𝟒ရက်နေ့မှာကစားခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်ရာသီနောက်ဆုံးနေ့ပွဲစဥ်ဖြစ်ပြီး အဝေးကွင်းမှာ 𝟒-𝟐 ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဲ့ဒီနောက် ကိုလ်းက ခရစ္စတယ်ပဲလေ့စ်ကို တစ်ရာသီ အငှားသွားရောက်ကစားခဲ့ရပြီးလိဂ်ပွဲ 𝟏𝟒 ပွဲကစားကာ 𝟏ဂိုးသွင်းပြီးခြေစွမ်းပြခဲ့ပါတယ်။နောက်ရာသီမှာတော့ကိုလ်းအတွက်ပွဲထွက်ကစားခွင့်ရဖို့အခွင့်ရေးတစ်ခုပေါ်လာခဲ့ပါတယ်။ အဲ့တာကတော့ အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ ဆစ်ဗင်ဟိုက 𝟐𝟎𝟎𝟎-𝟎𝟏 ရာသီမှာဒဏ်ရာရရှိခဲ့ပြီးတော့အဲ့အချိန်မှာဘဲကိုလ်းကအသင်းရဲ့ပထမဦးစားပေးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။အဲ့တစ်ရာသီလုံးခြေစွမ်းပြနေတဲ့ ကိုလ်းကတော့ သူ့ရဲ့စီနီယာကစားသမားဖြစ် တဲ့ ဆာဗင်ဟို ဒဏ်ရာကပြန်လည်သက်သာလာတဲ့အချိန်မှာတောင်ပထမဦးစားပေးကစားသမားအဖြစ်ဆက်ရှိနေခဲ့ပါတယ်။အဲ့လိုနဲ့အာဆင်နယ်အသင်းအတွက်အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီးနောက် အာဆင်နယ် စီနီယာအသင်းကြီးမှာ၆နှစ်ကြာကစားပေးခဲ့ပြီးပွဲပေါင်း𝟐𝟐𝟖ပွဲကစား ကာ𝟗ဂိုးထိသွင်းယူပေးထားခဲ့ပါတယ်။ကိုလ်းကအာဆင်နယ်အသင်းအတွက် (𝟐𝟎𝟎𝟐/𝟎𝟑)မှာ 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 𝟐 ကြိမ် ။(𝟐𝟎𝟎𝟐/𝟎𝟑/𝟎𝟓)𝐅𝐀 ဖလား 𝟑 ကြိမ်တို့ကို ရယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အာဆင်နယ်အသင်းနဲ့ ကိုလ်းတို့ရဲ့ကြားကအဆုံးသတ်ကတော့ထင်သလောက်မလှပခဲ့ပါဘူး။ဘာလို့လည်း ဆိုတော့အာဆင်န ယ်အသင်းဘက်ကို တိုင်ပင်ခြင်းမရှိဘဲ ကိုလ်းဟာချဲလ်ဆီးအသင်းနဲ့ တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့မိတာကြောင့် ပါဘဲ။ အဲ့နောက်ကိုလ်း ကို အာဆင်နယ်ပရိတ်သတ်တွေဝေဖန်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ချဲလ်ဆီးအသင်းကိုဘဲပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့လိုနဲ့ ကိုလ်းကချဲလ်ဆီးကို ဩဂုတ်လ 𝟑𝟏 𝟐𝟎𝟎𝟔 မှာဘဲပြောင်းရွှေကြေး ပေါင် 𝟓 သန်းနဲ့ရောက်ရှိလာခဲ့တာပါ။ကိုးလ်ဟာ ချဲလ်ဆီးမှာကျောနံပါတ် ၃ ကိုဝတ်ဆင်ခဲ့ပြီး ပထမဆုံးပွဲဦးထွက် ပွဲစဥ်ကတော့ ချာလ်တန် အက်သလက်တစ်ကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ လူစားဝင်ကစားသမားအဖြစ်ဝင်ကစားခဲ့ ရတဲ့ပွဲ ဘဲဖြစ်ပါတယ်။အဲ့နောက်ပိုင်းမော်ရင်ဟိုနဲ့ ကိုလ်းတို့ရဲ့ဆက်ဆံရေးကလည်း ပိုကောင်းလာခဲ့ပြီး 𝟐𝟎𝟎𝟗 ခုနှစ် စက်တင်ဘာလ 𝟐 ရက်နေ့မှာချဲလ်ဆီးအသင်းနှင့် 𝟐𝟎𝟏𝟑 ခုနှစ်အထိ လေးနှစ်စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပါတယ်။အဲ့လိုနဲ့ ချဲလ်ဆီး မှာ 𝟖 နှစ်ကြာအောင်ကစားပေးခဲ့ပြီးချဲလ်ဆီးအသင်းအတွက် 𝟑𝟑𝟕 ပွဲကစားကာ 𝟕 ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ဆုဖလားအောင်မြင်မှု အနေနဲ့ကလည်း 𝟐𝟎𝟏𝟏/𝟏𝟐 မှာ 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 𝐋𝐞𝐚𝐠𝐮𝐞 𝟏 ကြိမ်၊𝟐𝟎𝟏𝟐/𝟏𝟑မှာ 𝐄𝐮𝐫𝐨𝐩𝐚 𝐋𝐞𝐚𝐠𝐮𝐞 𝟏ကြိမ် ၊ 𝟐𝟎𝟎𝟗/𝟐𝟎𝟏𝟎မှာ 𝐩𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 𝟏ကြိမ်၊ 𝐅𝐀 𝐂𝐮𝐩 ကိုတော့စုစုပေါင်း 𝟒ကြိမ်ထိရရှိခဲ့ပြီး ချဲလ်ဆီးအသင်းမှာအောင်မြင်မှုများစွာရယူနိုင်ခဲ့ပါတယ်။
အဲ့ ဒီနောက်မှာတော့ 𝟐𝟎𝟏𝟒 ခုနှစ် ဇူလိုင်လ 𝟕 ရက်နေ့မှာဘဲ ကိုးလ်သည် ရိုးမားအသင်း နှင့် နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။နှစ်နှစ်ကစားပြီးတဲ့နောက် တခြားကလပ်အသင်းတွေဖြစ်တဲ့ အယ်လ်အေ ဂလက်ဆီ / ဒါဘီကောင်တီ တို့မှာဆက်လက်ကစားပြီးတော့ 𝟐𝟎𝟏𝟗 ခုနှစ် ဩဂုတ်လ 𝟏𝟖 ရက်နေ့မှာဘဲ ကစားသမားဘဝကနေ တရားဝင်အနားယူခဲ့ပါတယ်။ ကစားသမားဘဝကနေအနားယူပြီးတဲ့နောက်မှာတော့ ချဲလ်ဆီးလူငယ်အသင်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိအချိန်မှာတော့အင်္ဂလန်လက်ရွှေးစင်အသင်းအတွက်လက်ထောက်နည်းပြအဖြစ်တာဝန်ယူထားရပါတယ်။
𝐀𝐬𝐡𝐥𝐞𝐲 𝐂𝐨𝐥𝐞 ရဲ့အကြောင်းကို 𝐎𝐯𝐞𝐫𝐚𝐥𝐥 ပြောရမယ်ဆိုရင်တော့ သူကချဲလ်ဆီးတို့အာဆင်နယ်တို့မှာ သူ့ရဲ့ အတောက်ပဆုံးအချိန်တွေဖြစ်ခဲ့ပြီး ဘောလုံးလောကရဲ့ အကောင်းဆုံးဘယ်နောက်ခံလူ ကစားသမားတစ်ယောက်ဖြစ်ခဲ့သလိုအင်္ဂလန်လက်ရွှေးစင်အသင်းအတွက်လည်းတကယ်ကိုအရေးပါခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"