အားကစားသတင်းများ

တော်ဝင်မက်ဒရစ်ရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့သူ ဂန္ထဝင်တိုက်စစ်မှူးကြီး ရာအူးလ်

blog image

November 30, 2024

ရာအူးလ်သည် အချိန်တိုင်းရဲ့ အကြီးမြတ်ဆုံးတိုက်စစ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝအများစုအတွက် နံပါတ် 𝟕 ဂျာစီကို ဝတ်ဆင်ခဲ့ကာ အဓိကအားဖြင့် ဗဟိုတိုက်စစ်မှူးအဖြစ် ကစားခဲ့သူဖြစ်ပါတယ်။ သူဟာ နံပါတ် 𝟏𝟎 အဖြစ်လည်း ကစားနိုင်သူဖြစ်ပြီး အဝေးကန်ချက်တွေဖြင့်ဂိုးသွင်းယူနိုင်စွမ်းရှိသောဘယ်ခြေအားသန် ကစားသမားဖြစ်ပါတယ်။ နောက်ပြီးသူ့မှာ အလွန်ကောင်းမွန်သော ဘောလုံးထိန်းချုပ်မှု၊ ဘောလုံးအမြင်တွေအပြင် အမြင့်ဘောကောင်းမွန်မှုတွေလည်း ပိုင်ဆိုင်ထားပါတယ်။ သူဟာ ကစားသမားဘဝတွင် ပွဲပေါင်း 𝟏,𝟎𝟎𝟎 ကျော်ကစားခဲ့ကာအနားယူပြီးနောက် လက်ရှိအချိန်မှာတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ 𝐁 အသင်းနည်းပြတာဝန်ကိုထမ်းဆောင်နေသူဖြစ်ပါတယ်။
ရာအူးလ်သည် လူငယ်ကစားသမားဘဝအစကို သူ့ရဲ့ဒေသခံအသင်း စန်ခရစ်စတိုဘယ်လ်တွင် ကစားခဲ့ပြီး 𝟏𝟗𝟗𝟎 တွင် အက်သလက်တီကိုမက်ဒရစ်လူငယ်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲ့လိုနဲ့ အက်သလက်မှာရှိနေချိန်အတွင်း အသင်းရဲ့ ယခင်ဥက္ကဋ္ဌ ဂျေးဆက်စ်ဂီး ကအသင်းကုန်ကျစရိတ် ချွေတာတဲ့အနေနဲ့ လူငယ်အကယ်ဒမီကိုပိတ်ရန်ဆုံးဖြတ်ခဲ့ပြီးနောက် သူဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ 𝐁 အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်လူငယ်အသင်းမှာ 𝐀, 𝐁, 𝐂 အသင်းတွေမှာ ပတ်ကစားရင် 𝟏𝟗𝟗𝟑 နှင့် 𝟏𝟗𝟗𝟒 တို့မှာ ဒဲလ်လက်စ်ဖလား ကိုဆွတ်ခူးခဲ့ပြီး အသင်းကြီးဆီ တဖြည်းဖြည်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
သူရဲ့ ကစားသမားဘဝတစ်လျှောက် ရီးရဲမက်ဒရစ်တွင် 𝟏𝟔 နှစ်ကြာကစားခဲ့ပြီး ကလပ်အသင်းပွဲစဉ် 𝟕𝟒𝟏 ပွဲဖြင့် ပွဲအများဆုံးကစားထားတဲ့သူဖြစ်ပါတယ်။ မက်ဒရစ် နှင့်အတူ သူသည် လာလီဂါဖလား 𝟔 ကြိမ်၊ ချန်ပီယံလိဂ် 𝟑 ကြိမ်၊ စပိန်စူပါကိုပါ ဖလား 𝟒 ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား 𝟏 ကြိမ်နှင့် အင်တာနေရှင်နယ်ဖလား 𝟐 ကြိမ်တို့ကိုရရှိထားခဲ့ပါတယ်။ 𝟐𝟎𝟎𝟏 ခုနှစ် ရွှေဘောလုံးဆုစာရင်းတွင် ဒုတိယရရှိခဲ့ပြီး 𝟐 နှစ်အကြာတွင် မက်ဒရစ်ရဲ့အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ရာအူးလ်သည် မက်ဒရစ် အတွက် 𝟑𝟐𝟑 ဂိုးသွင်းယူပေးခဲ့ပြီး 𝟐𝟎𝟏𝟎 ခုနှစ်တွင် ကလပ်မှ ထွက်ခွာခဲ့ကာ ဘွန်ဒက်လီဂါ ကလပ် ရှော်ကေးသို့ပြောင်းရွှေ့ခဲ့ပါတယ်။ သူသည် ဂျာမနီတွင် 𝟐 ရာသီကြာဖြတ်သန်းခဲ့ပြီး ပိုကယ်ဖလား နှင့် 𝐃𝐅𝐋 စူပါဖလား တို့ကိုရရှိခဲ့ကာ ကာတာကလပ် အယ်လ်ဆက်ဒ် သို့ပြောင်းရွှေ့ခဲ့ပါတယ်။ ကာတာကလပ်မှာလည်း 𝟐 ရာသီဖြတ်သန်းခဲ့ပြီး ထို့မှတစ်ဆင့် သူ့ရဲ့နောက်ဆုံးကလပ်ဖြစ်တဲ့ အမေရိကန်ကလပ် နယူးယောက်ခ်ကို့စ်မို့စ် သို့ရောက်ရှိခဲ့ပါတယ်။
သူသည် စပိန်အသင်းအတွက် 𝟏𝟎𝟐 ပွဲကစားကာ 𝟒𝟒 ဂိုးသွင်းယူခဲ့ပြီး နိုင်ငံရဲ့အကြီးကျယ်ဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ စပိန်အတွက် ဖီဖာကမ္ဘာ့ဖလား 𝟑 ကြိမ်နှင့် ယူရို 𝟐 ကြိမ်တို့တွင် ပါဝင်ကစားခဲ့ပြီး 𝟐𝟎𝟎𝟎 ခုနှစ်ရဲ့ ယူရိုအကောင်းဆုံးအသင်းစာရင်းတွင် ပါဝင်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟐 မှာတော့ နိုင်ငံအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး 𝟐𝟎𝟎𝟔 ခုနှစ်တွင် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှအပြီးတိုင်အနားယူခဲ့ပါတယ်။
ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ရာအူးလ် ဟာ ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးရှေ့တန်းကစားသမားဆု ( 𝟏𝟗𝟗𝟗-𝟐𝟎𝟎𝟎၊ 𝟐𝟎𝟎𝟎-𝟎𝟏 နှင့် 𝟐𝟎𝟎𝟏-𝟎𝟐 ) တို့ကို 𝟑 နှစ်ဆက်တိုက်ရရှိခဲ့ပြီး 𝟏𝟗𝟗𝟗-𝟐𝟎𝟎𝟎 နှင့် 𝟐𝟎𝟎𝟎-𝟎𝟏 တို့ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐞𝐝𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐇𝐢𝐬𝐭𝐨𝐫𝐲 & 𝐒𝐭𝐚𝐭𝐢𝐬𝐭𝐢𝐜𝐬 မှလည်း သူ့အား 𝟏𝟗𝟗𝟗 ခုနှစ်တွင်ကမ္ဘာ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်သတ်မှတ်ခံခဲ့ပါတယ်။
နောက်ထပ်ဆုများတွင် လာလီဂါဂိုးသွင်းအများဆုံးဆု 𝟐 ဆု၊ ဒွန်ဘောလွန်း ဆု 𝟓 ဆု နှင့် 𝟏𝟗𝟗𝟖 အင်တာနေရှင်နယ်ဖလား တို့တွင် အကောင်းဆုံးကစားသမားဆုများပါဝင်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟒 တွင် ဖီဖာ 𝟏𝟎𝟎 ကမ္ဘာ့အကောင်းဆုံး ကစားသမားများစာရင်းတွင်ပါဝင်ခဲ့ပြီး ယူအီးအက်ဖ်အေရဲ့ 𝟏𝟗𝟓𝟒-𝟐𝟎𝟎𝟒 ကာလရဲ့အကောင်းဆုံး ဥရောပကစားသမား 𝟓𝟎 စာရင်းတွင်ပါဝင်ခဲ့ပါတယ်။ 𝟏𝟗𝟗𝟕 ၊ 𝟏𝟗𝟗𝟗 နှင့် 𝟐𝟎𝟎𝟎 ခုနှစ်များတွင် ဉရောပအားကစားမီဒီယာရဲ့ ဥရောပတစ်နှစ်တာအကောင်းဆုံးအသင်း လူစာရင်းတွင် လည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။
ရာအူးလ် ကိုထပ်ပြီးချီးမွန်းခန်းဖွင့်ရရင် သူဟာကစားသမားပွဲပေါင်း 𝟏,𝟎𝟎𝟎 ကျော်ကစားခဲ့သည့်တိုင် အနီကတစ်ကြိမ်တစ်ခါမှမရဘူးတဲ့ အနည်းငယ်သောကစားသမားတွေထဲကတစ်ယောက်ပါ။နောက်ပြီး ခေါင်ဆောင်မှု၊ အလုပ်ကြိုးစားမှုအပိုင်းတို့မှာလည်းနာမည်ကောင်းနဲ့ကျော်ကြားခဲ့သူဖြစ်ပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

Related Sports News