အားကစားသတင်းများ

မြန်မာ ယူ ၁၉ နဲ့ ယူ ၂၀ ကမ္ဘာ့ဖလား ကာလဆီကို လည်ပြန်ကြည့်ခြင်း

blog image

December 8, 2024

၂၀၂၄ တောင်ကုန်တော့မယ် ၂၀၂၅ ထဲ မကြာခင် ဝင်ရောက်တော့မယ်ဆိုတော့ ဒီလိုအချိန်နဲ့ ၁၀ နှစ် လောက်အကွာတုန်းက ဖြစ်ပျက်ခဲ့တဲ့ မြန်မာဘောလုံးလောကအတွက် တက်ကြွလှုပ်ရှားစရာဖြစ်ရပ် တွေကို လှမ်းပြီး ပြန်ကြည့်မိပြန်ပါတယ်။ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေတုန်းက အရာတွေပေါ့။ မြန် မာ ယူ ၁၉ အသင်း အာရှ ယူ ၁၉ မှာ ဆီမီးဖိုင်နယ်တက်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွားခဲ့ချိန်နဲ့ ယူ ၂၀ ကမ္ဘာ့ဖလားကို ဝင်ရောက်ဆင်နွှဲနေချိန်တွေဆိုရင်လည်း မမှားပါဘူး။


နည်းပြကြီး ဂက်ဖရိုင်းဒရစ်က ပြောစမှတ်တွင်တဲ့ နည်းပြတစ်ယောက်ဖြစ်သွားပြီဆိုပေမဲ့ သူ့ ရောက် လာလာချင်းကာလတုန်းက ဒီလောက်အထိတော့ လူသိများခဲ့တာမဟုတ်ပါဘူး။ ယူ ၁၉ မျိုးဆက်ကို ကိုင်တွယ်နေတုန်းက သူ့အတွက် အထောက်အပံ့တွေ ကောင်းကောင်းတောင် မရခဲ့သေးဘူးဆိုတာ အဲဒီအချိန်တုန်းက အားကစားဂျာနယ်မှာ လုပ်နေခဲ့တာကြောင့် စာရေးသူမှတ်မိနေပါသေးတယ်။ က စားသမားတွေရဲ့လေ့ကျင့်ရေးကွင်းနဲ့ အထွေထွေမပြည့်စုံမှုတွေ၊ မြန်မာ့လက်ရွေးစင်လူငယ်အသင်း တိုင်း ကြုံနေကျ မအောင်မြင်ခင် နွမ်းပါးတဲ့အခြေအနေတွေ၊ ထောက်ပံ့မှုအားနည်းတာတွေကြားက နေပဲ သူက ဒီအသင်းလေးကို အခြေကနေ စတင်တည်ဆောက်လာခဲ့တာပါ။


မှတ်မှတ်ရရ ပြိုင်ပွဲတစ်ခုအသွားမှာ လေယာဉ်ပေါ်မှာ ကျွေးတဲ့ အစားအသောက်ကို စားပြီးပြီးမို့လို့ ကစားသမားတွေကို နေ့လည်စာလား၊ ညနေစာလား ထပ်မကျွေးတော့ဖို့ အသင်းကြီးကြပ်သူက လုပ် ခဲ့တာမှာ နည်းပြဂက်ဖရိုင်းဒရစ်ကိုယ်တိုင် မစားဘဲ ဆန္ဒပြမှ ပြေလည်ပြီး ကစားသမားတွေကို ကျွေး မွေးခဲ့တာမျိုးတွေအထိ ရှိခဲ့ဖူးပါတယ်။ အတိအကျမှတ်မိနေတာက အဲဒီတုန်းက ဒီသတင်းကို သတင်း သမားတစ်ယောက်အနေနဲ့ ဂျာနယ်မှာရေးခဲ့ရတာဖြစ်ပြီး ၁၀ နှစ်လောက်ကြာပြီဖြစ်လေတော့ နေ့ လည်စာလား၊ ညစာလားသာ မသေချာတော့တာပါ။ ဆိုလိုချင်တာက ယူ ၁၉ အသင်းဟာ အစောပိုင်း မှာ မပြည့်စုံခဲ့ပါဘူး။


ယူ ၁၉ အသင်းကို ယူ ၂၀ ကမ္ဘာ့ဖလားဝင်စေမယ့် ယူအေအီးဘက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းပေးခဲ့သူ သန်းပိုင်ဟာလည်း ယူ ၁၉ အသင်းရဲ့အစောပိုင်းမှာ အဓိကပွဲထွက်ကစားသမားတစ်ဉီး ဖြစ်မနေသေးပါဘူး။ အဲဒီတုန်းက သူနဲ့အတူ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကစားနေတဲ့ ကစားသမား တစ်ဦးရှိပြီး စည်းကမ်းပိုင်းအရ သူ့ကို နောက်ပိုင်းအသင်းနေပါ ချန်လှပ်ခဲ့ပါတယ်။ သူ့နာမည်ကိုတော့ ဒီမှာ မဖော်ပြတော့ပါဘူး။ နောက်ပိုင်း လက်ရွေးစင်အသင်းထိ ပြန်ပါလာခဲ့ပါသေးတယ်။
ယူ ၁၉ အသင်းအတွက် အလှည့်အပြောင်းကတော့ ၂၀၁၄ ဩဂုတ်ထဲမှာ ကစားခဲ့တဲ့ ဘရူနိုင်းဘုရင့် ဖလားပါပဲ။ အဲဒီမှာ မြန်မာက ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ အရှေ့တီမောတို့နဲ့တစ်အုပ်စုတည်းကျရောက် ခဲ့ပြီး ၄ ပွဲကစား ၄ ပွဲနိုင် အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကနေ သတိထားမိစရာဖြစ်လာ ခဲ့ပြီး ဆီမီးမှာ မလေးကို ဂိုးပြတ်နိုင် ဖိုင်နယ်မှာ ဗီယက်နမ်ကို နိုင်လိုက်ရာကနေ သူတို့အသင်း စပြီး ပရိသတ်ရှေ့ရောက်လာပါတော့တယ်။ ဒီအချိန်လောက်မှာတော့ ထောက်ပံ့မှုတွေက စပြီး အပြောင်း အလဲဖြစ်စပြုပါပြီ။


အဲဒီနောက် သိပ်မကြာခင် စက်တင်ဘာလထဲလောက်မှာ 𝐀𝐅𝐅 𝐔 𝟏𝟗 ပွဲထပ်ကစားရပြန်ပါတယ်။ ထိုင်း၊ အင်ဒိုတို့နဲ့ တစ်အုပ်စုတည်းကျခဲ့ပြီး ၂ ပွဲလုံးနိုင် အုပ်စု ပထမပါ။ အုပ်စု ဘီကတော့ အုပ်စု ကြပ်ပြီး ဗီယက်နမ်၊ ဩဇီ၊ ဂျပန်တို့ဖြစ်ပါတယ်။ ဂျပန်နဲ့ ဗီယက်နမ်တို့နောက်တဆင့်တက်လာခဲ့ ကြတာပါ။


မြန်မာက ဗီယက်နမ်နဲ့တွေ့ခဲ့ပေမဲ့ ဒီတစ်ခါမှာတော့ ဗီယက်နမ်တို့က ဂိုးပြတ် လက်စားချေသွားခဲ့ပြီး ၄-၁ နဲ့ရှုံးခဲ့ပါတယ်။ တတိယလုပွဲမှာလည်း ထိုင်းကို ရှုံးသွားခဲ့ပြန်ပါတယ်။ ဒီနေရာမှာ မဖြစ်မနေထည့် သွင်းပြောရမယ့်အချက်က ယူ ၁၉ အာရှဖလားခြေစစ်ပွဲကို မြန်မာအသင်းအနေနဲ့ ခြေစစ်ပွဲတွေကို ဖြတ်သန်းလာခဲ့ပြီးမှ အာရှ ယူ ၁၉ ထဲရောက်ခဲ့တာမဟုတ်ဘူးဆိုတာပါ။ အိမ်ရှင်နိုင်ငံအနေနဲ့ ဝင်ပြိုင် ခွင့်ရခဲ့တာဖြစ်ပါတယ်။ ထိုင်း၊ အင်ဒိုနဲ့ ဗီယက်နမ်တို့က ခြေစစ်ပွဲတွေကနေ ဖြတ်သန်းရောက်ရှိလာ တာပါ။


မြန်မာအသင်းဟာ အာရှ ယူ ၁၉ မှာ ထိုင်း၊ ယီမင်၊ အီရန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ယီမင် နဲ့သရေ၊ ထိုင်းကိုနိုင်၊ အီရန်ကို ရှုံးပြီးအုပ်စု ဒုတိယနဲ့ ကွာတားကို တက်လာနိုင်ခဲ့ပါတယ်။ အဲဒီကနေ ကျော်ရင် ဆီမီးရောက်တာနဲ့ ယူ ၂၀ ကမ္ဘာ့ဖလားကိုရောက်ပါပြီ။ အဲဒီပွဲကိုတော့ အထူးပြောနေဖို့မလို တော့ပါဘူး။ ငြိမ်းချမ်းအောင်ရဲ့ တွန်းတွန်းတိုက်တိုက်ဖန်တီးချပေးမှုကို သန်းပိုင်က ပိတ်သွင်းသွားတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ပွဲချိန်ပြည့် ခံစစ်ကစားသွားခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်အရယူနိုင်ခဲ့တာပါ။ ဒီပွဲနဲ့ ထက် ကာတာနဲ့ ကစားခဲ့တဲ့ဆီမီးပွဲစဉ်က အများကြီး ပိုကြည့်ကောင်းခဲ့တာလည်း အမှတ်ရစရာပါပဲ။


မှတ်မှတ်ရရပြောရရင် အဲဒီ ယူ ၁၉ အာရှဖလားပြိုင်ပွဲတုန်းက ဂျပန်အသင်းနဲ့ပါလာတဲ့ မီနာမီတိုဟာ လီဗာပူးမှာ ကစားခဲ့တဲ့အပြင် အခုဆို မိုနာကိုမှာ ကစားနေတဲ့ ကစားသမားပါ။ ကမ္ဘာ့ဖလားမှာတော့ မြန်မာ ယူ ၂၀ အသင်းဟာ အိမ်ရှင် နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်းတို့နဲ့ တစ်အုပ်စုတည်းကျခဲ့ပါ တယ်။ အဖွင့်ပွဲမှာ အမေရိကန်တို့နဲ့ ကစားခဲ့ရတာပါ။ ရန်နိုင်ဦးက အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့ပေမဲ့ ပွဲအပြီး မှာတော့ ၂-၁ နဲ့ရှုံးသွားခဲ့ပါတယ်။


ဒုတိယပွဲမှာတော့ ယူကရိန်းကို ပထမပိုင်း ၀-၀ ဖြစ်အောင် ခံကစားနိုင်ခဲ့ပြီးမှ ဒုတိယပိုင်းမှာ ကြံ့ခိုင် မှုနဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့် ဂိုးတွေဆက်တိုက်ပေးခဲ့ရပြီး ၆-၀ အထိဖြစ်သွားခဲ့ပါ တယ်။ နောက်ဆုံးပွဲမှာလည်း အတူတူပါပဲ။ အောင်သူရဲ့လှပတဲ့ ဂိုးနဲ့ ပွဲကို စဖွင့်နိုင်ခဲ့ပေမဲ့ နယူးဇီလန် က ကြံ့ခိုင်မှုအသာ၊ သက်လုံအသာနဲ့ ၅ ဂိုးပြန်သွင်းယူသွားခဲ့တာပါ။


ဒီမတိုင်ခင်မှာ ငြိမ်းချမ်းအောင်ကို ဒဏ်ရာကြောင့် ဆုံးရှုံးထားရတာက တော်တော်ကို အထိနာစေ သလို ပထမပွဲထွက် လူစာရင်း ၁၁ ယောက်တည်းကသာ ခြေစွမ်းကောင်းပြီး လူစားဝင်ကစားသမား တွေက အဆင့်တစ်ခု ကွာခြားနေတာကလည်း ပြဿနာတစ်ခုလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုက်ထိုက် အောင်၊ နန္ဒကျော်၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ မောင်မောင်စိုး၊ သန်းပိုင်၊ မောင်မောင်လွင်၊ အောင် သူ၊ နန်းဝေမင်း၊ ရန်နိုင်ဦး၊ မျိုးကိုထွန်း၊ သီဟထက်အောင် စတဲ့ ကစားသမားအစုအဖွဲ့ကို ဒီမျိုးဆက် က မွေးထုတ်ပေးခဲ့တာကတော့ အမှန်ပါ။


ဒါပေမဲ့ မြန်မာ့ဘောလုံးထုံးစံအတိုင်း စဉ်ဆက်မပြတ် မွေးထုတ်ဖို့ ပျက်ကွက်တာနဲ့ အသင်းကြီး ရောက်တဲ့အခါ စုဖွဲ့မှုတွေ ပြိုကွဲကုန်ကြတာကြောင့် အခုထိတော့ အသင်းလိုက်အောင်မြင်မှုတွေ ဆီ ပြန်မရောက်တော့ပါဘူး။ 〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။

#mmmedia
#MyanmarU19

#football

Related Sports News