ကော်လီနာသည် ဖေဖော်ဝါရီ 13 ၊ 1960 တွင်မွေးဖွားသည့် အီတလီဘောလုံးဒိုင်လူကြီးဟောင်း တစ်ဦးဖြစ်ပြီး သူဟာ နိုင်ငံတကာဘောလုံးသမိုင်းနှင့်စာရင်းအင်းများအဖွဲ့ချုပ်မှ 1998 ခုနှစ်မှ 2003 ခုနှစ်အထိ ခြောက်ကြိမ်ဆက်တိုက် "ကမ္ဘာ့အကောင်းဆုံးဒိုင်လူကြီး" အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
ကော်လီနာ ဟာ 2010 ခုနှစ်ကတည်းက ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်လူကြီးများဖြစ်သည့် အီတလီဘောလုံးဒိုင်လူကြီးများအသင်း (AIA) ၏ အခကြေးငွေမယူသော အတိုင်ပင်ခံအဖြစ် ဘောလုံးလောကတွင် ပါဝင်နေဆဲဖြစ်ပြီး UEFA ဒိုင်လူကြီးများကော်မတီအဖွဲ့ဝင်နှင့် FIFA ဒိုင်လူကြီးများ ဥက္ကဋ္ဌ၊ ကော်မတီ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ကော်လီနာကို ဘိုလော့နာ တွင်မွေးဖွားခဲ့ပြီး 1984 တွင်စီးပွားရေးဘွဲ့ရရှိခဲ့ကာ ဘိုလော့နာ တက္ကသိုလ်တွင်တက်ရောက်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်တွင်သူသည် ဒေသခံအသင်း အတွက်ဗဟိုနောက်ခံကစားသမားအဖြစ်ကစားခဲ့သော်လည်း ဒိုင်လူကြီးသင်တန်းတက်ရန် 1977 တွင်ဆွဲဆောင်ခံခဲ့ရပါတယ်။ သူ့မှာ အလုပ်အတွက် ထူးထူးခြားခြား အရည်အချင်းရှိတယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီး သုံးနှစ်တာအတွင်း သူဟာ မသင်မနေရ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရင်း ဒေသတွင်း အမြင့်ဆုံးအဆင့် ပြိုင်ပွဲများတွင် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ 1988 တွင် အမျိုးသားတတိယတန်းလိဂ် ၊ စီးရီး စီ 1 နှင့် စီးရီး စီ 2 သို့ လျှင်မြန်စွာလုပ်တာဝန်ယူခဲ့ရပြီး သုံးရာသီကြာပြီးနောက် စီးရီးဘီနှင့် စီးရီးအေပွဲစဉ်များသို့ရာထူးတိုးကာ ကိုင်တွယ်ခွင့်ရရှိခဲ့ပါတယ်။
1995 ခုနှစ်တွင် စီးရီးအေ ပွဲစဉ် 43 ပွဲ တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖီဖာရဲ့ ဒိုင်လူကြီးများ စာရင်းတွင် ထည့်သွင်းခံခဲ့ရပါတယ်။ နိုင်ဂျီးရီးယားနှင့် အာဂျင်တီးနားတို့ကြား ဗိုလ်လုပွဲအပါအဝင် 1996 အိုလံပစ်အားကစားပြိုင်ပွဲတွင် ငါးပွဲ ခွဲဝေကိုင်တွယ်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်နှင့် မန်ချက်စတာ ယူနိုက်တက် တို့ကြား 1999 ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်ကိုလည်းကိုင်တွယ် ခဲ့သူဖြစ်ပါတယ်။
2002 ခုနှစ် ဇွန်လတွင် ကော်လီနာ သည် ဘရာဇီးနှင့် ဂျာမနီ တို့ရဲ့ကမ္ဘာ့ဖလားဖိုင်နယ်တွင် ကိုင်တွယ်ရန်အတွက် ရွေးချယ်ခံရချိန်တွင် သူ့ရဲ့ ဒိုင်သူကြီးဘဝဟာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။ ပွဲမစမီတွင် ဂျာမနီနိုင်ငံသား အိုလီဗာခန်း က Irish Times သို့ ပြောကြားရာတွင် " ကော်လီနာ ကကမ္ဘာ့အဆင့်မီ ဒိုင်လူကြီးတစ်ဦးပါ သူနဲ့ ပတ်သက်ပြီးဘာသံသယမှမရှိပါဘူး၊ ဒါပေမဲ့သူဟာ ကံကောင်းခြင်းတွေဘယ်တော့မှမယူဆောင်လာသူပါ “ဟုပြောကြားခဲ့ပါတယ်။ တကယ်လည်း အိုလီဗာခန်း ပါဝင်သော ကော်လီနာ ဒိုင်လူကြီးလုပ်ခဲ့သော ထိပ်တန်းပွဲစဉ်နှစ်ပွဲဖြစ်တဲ့ 1999 ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်က 2-1 ဖြင့် ရှုံးနိမ့်ခဲ့ပြီး 2001 စက်တင်ဘာလ အင်္ဂလန်နှင့် ဂျာမနီပွဲစဉ်တွင်လည်း ဂျာမနီက 5-1 ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ် ။
2004 UEFA Cup Final ကို ဗလင်စီယာ နှင့် မာဆေး တို့ရဲ့ ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့ပြီး ယူအီးအက်ဖ်အေ ယူရို 2004 သည် သူ့ရဲ့နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်ခဲ့ပါတယ်။ သူရဲ့နောက်ဆုံးလိဂ်ပြိုင်ပွဲကတော့ 2005 ၊ ဩဂုတ်လ 24 ရက်နေ့တွင် အဲဗာတန်နှင့် ဗီလာရီးရဲလ်တို့ကြား ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ်ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ဖြစ်ပြီး ပွဲအပြီးမကြာမီတွင် သူအနားယူကြောင်းကြေညာခဲ့ပါတယ်။
ကော်လီနာ က ဒိုင်သူကြီးလောကရဲ့ဂုတ်ကြီးတစ်ပါးပါ ၊ လူတိုင်းက ရိုသေလေးစားကြရတဲ့ သူလည်းဖြစ်ပါတယ်။ ပွဲအတွင်းသူ့ရဲ့ဆုံးဖြတ်ချက်တွေဟာလည်း တိကျပြတ်သားလွန်းခဲ့ပြီး ယနေ့ခေတ်နဲ့ယှဉ်ပြီး ပြောရရင် VAR မလိုတဲ့ဒိုင်သူကြီး ကော်လီနာလို့ပဲဆိုရပါမယ်။