အားကစားသတင်းများ

ချဲယ်လ်ဆီးအတွက် မေ့မရတဲ့ဂန္ထာဝင်တိုက်စစ်မှုး ဒီဒီယာဒရော့ဘာ

blog image

October 24, 2024

ကျိမ်စာတွေများလွန်းလှတဲ့ ချယ်လ်ဆီးအသင်းရဲ့နံပါတ် 9 တိုက်စစ်နေရာမှာ အအောင်မြင်ဆုံး ကစားသမားတစ်ယောက် ရှိခဲ့ပါတယ်။ သူဟာ ဒီဒီယာဒရော့ဘာပါ။ ကစားသမားတစ်ယောက်အတွက် ဖိအား၊ ကျရှုံးမှု၊ ထိတ်လန့်မှု ဆိုတာအမြဲကြုံတွေ့ ကြရမှာပါ၊ ဒါပေမဲ့ သူ့ကိုသွားမေး ဘာလဲလို့ပြန်ပြောပါလိမ့်မယ်။ ဟုတ်ပါတယ် သူဟာအဲ့ဒီအရာတွေအားလုံးကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်၊ နောက်ပြီးအသင်းရဲ့အရေးကြီးတဲ့ပွဲစဉ်တွေ၊ ဗိုလ်လုပွဲစဉ်တွေမှာ ခြေစွမ်းပြဖို့ဘယ်တော့မှဝန်မလေး တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ်အသင်းအတွက် ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေရှိပြီး သူ့ရဲ့အသင်းဖော်တွေ ကိုအမြဲအားတက်စေတဲ့သူပါ။ ချယ်လ်ဆီးသမိုင်းရဲ့အကြီးမြတ်ဆုံး သူတစ်ယောက်၊ ခံစစ်မှုးတိုင်းထိပ်လန့်ခဲ့ကြရတဲ့ ချယ်လ်ဆီးအတွက် မေ့မရတဲ့ဂန္တာဝင်တိုက်စစ်မှူး တစ်ယောက် ဖြစ်ပါတယ်။


ငယ်စဉ်က အစဉ်မပြေမှုတွေနဲ့သူ့ရဲ့ဦးလေးက ဘဝရဲ့ကယ်တင်ရှင်ဖြစ်ပြီးဘောလုံးကစားသမားတစ်ယောက် ဖြစ်လာဖို့အတွက်လမ်းပြပေးခဲ့သူလည်းဖြစ်ပါတယ်။ မိဘတွေကတော့ ပညာသင်စေချင်ခဲ့ပြီး စာတစ်ဖက် ဘောလုံးတစ်ဖက်နဲ့နောက်ဆုံးမှာတော့ ဘောလုံးကိုပဲရွေးချယ်ခဲ့ပြီး ဘောလုံးလောကထဲခြေစုံပစ်ဝင်ခဲ့ပါတယ်။ ဒီလိုနဲ့လူငယ်အသင်းတွေမှာကစားသမားဘဝကိုဖြတ်သန်းပြီးနောက် အသက် 21 နှစ်အရွယ်မှာတော့ လီဂူး 2 ကလပ် လီမန်းစ် မှာပရော်ဖက်ရှင်နယ်ကစားသမားဘဝပွဲဦးထွက်ကိုစတင်ခဲ့ပါတယ်။ 2002-2003 မှာတော့ လိဂ် 1 ကလပ် ဂူအင်ဂန့်ပ် အတွက် 34 ပွဲကစားပြီး 17 ဂိုးသွင်းယူခဲ့ပြီးနောက် မာဆေးအသင်းဆီ ရောက်ရှိလာပါတယ်။ မာဆေးမှာခြေစွမ်းပြနေချိန်အတွင်း မော်ရင်ဟိုရဲ့ ပေါ်တိုနဲ့တွေ့ပြီး မော်ရင်ဟိုကို ထိုင်မရ ထမရဖြစ်အောင် ဒုက္ခပေးခဲ့တာကြောင့် မော်ရင်ဟို ချယ်လ်ဆီးနည်းပြဖြစ်ချိန် ဦးစားပေးဝယ်ခဲ့တဲ့ တိုက်စစ်မှုးတစ်ယောက်အဖြစ် ချယ်လ်ဆီး ဆီရောက်ရှိခဲ့လာတာလည်းဖြစ်ပါတယ်။


ဒရော့ဘာ ချယ်လ်ဆီး ဆီရောက်ရှိချိန်ကဆို ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် 24 သန်းနဲ့ပါ။ ဒီအတွက်ဝေဖန်သံတွေ လည်း ဆူညံခဲ့ပါသေးတယ်။ သူ့နေရာမှာထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်လိုက်ရင်ပိုပြီးအဆင်မပြေဘူးလား ?.. ပေါ့ ၊ဒါပေမဲ့သူဟာ ချယ်လ်ဆီးနဲ့ပွဲဦးထွက်ရာသီမှာပဲ အသင်းကိုနှစ်ပေါင်း 50 နီးပါးဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ရရှိအောင်ကူညီခဲ့ပြီး နောက်တစ်နှစ်မှာလည်း ပရီးမီးယားလိဂ် ဖလားကိုရရှိအောင် ထပ်မံစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကစားသမားဘဝ 2011-2012 ခုနှစ်ရဲ့ ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ခဲ့တဲ့ အချိန်တွေမှာတော့ သူ့အတွက်အဖိုးဖြတ်မရတဲ့အချိန်တွေပေါ့၊ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို မာတာ တင်ပေးလိုက်တဲ့ဒေါင့်ကန်ဘောကနေခေါင်းတိုက်သွင်းပြီး ချယ်လ်ဆီးကိုအသက်ဆက်စေကာ ပင်နယ်တီအဆုံးဖြတ်နဲ့ချယ်ဆီးကိုပထမဆုံးဉရောပချန်ပီယံဖြစ်စေခဲ့သူပါ။ နောက်ပြီး ဒရော့ဘာ + အနယ်ကာ ကာတို့ရဲ့ တိုက်စစ်အတွဲအဖက်၊ လမ်းပတ်နဲ့ အတွဲအဖက်တွေ ၊မော်ရင်ဟိုနဲ့သံယောဇဉ် ဇာတ်လမ်းလေးတွေဟာလည်း ချယ်ဆီးပရိသတ်တွေ ဘယ်တော့မှမေ့လို့မရတဲ့ အခိုက်အတန့်တွေပါ။ မော်ရင်ဟို ကိုချယ်လ်ဆီးအသင်းက ထုတ်ပယ်လိုက်ချိန် မျက်ရည်တွေနဲ့ အသင်းကနေထွက်မယ်ဆိုပြီး တရားဝင်ပြောကြားခဲ့တဲ့သူ၊ ချယ်လ်ဆီးကိုလည်းသူ့လောက်ချစ်တဲ့ သူတစ်ယောက်ပါ။ အဲ့ဒီအချိန်ရဲ့နေရက်တွေမှာ ဒရော့ဘာဟာ ဘောလုံးမင်းသားတစ်ပါးပေါ့ သူဟာ ချယ်လ်ဆီးနဲ့ စုစုပေါင်းဆိုရင် ရာသီပေါင်း 9 ရာသီကြာဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ဖလား 4 ကြိမ်၊ FAဖလား 4 ကြိမ်၊ လိဂ်ဖလား 3 ကြိမ်၊ ကွန်မြူနတီဖလား 2 ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား 1 ကြိမ်တို့ကိုရယူနိုင်ခဲ့ပါတယ်။ နောက်ပြီး ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုး 100 ပြည့်တဲ့ ပထမဦးဆုံးအာဖရီကန်ကစားသမား အဖြစ်လည်းမှတ်တမ်း တွေတင်ခဲ့ပါသေးတယ်။


အဆုံးသတ်ရရင်တော့ သူဟာ ချယ်လ်ဆီးတို့ဘယ်တော့မှ မေ့လို့မရတဲ့သူတစ်ယောက်ပေါ့ ၊ ဘောလုံးကို အားကစားတစ်ခုထက်ပိုတယ်ဆိုတာကိုသက်သေပြထားခဲ့တဲ့သူတစ်ယောက်၊ ချယ်လ်ဆီးဆိုတဲ့ လိုဂိုနဲ့အမြဲပူးတွဲ ထင်မှတ်ရတဲ့သူတစ်ယောက်ပါ။ ဘောလုံးလောကရဲ့ထိပ်တန်း တိုက်စစ်မှူးတွေအကြောင်းပြောကြတဲ့အခါ အမြဲတမ်းထည့်ပြောကြမဲ့သူတစ်ယောက်ပေါ့။

#k9mmmedia
#Chelsea
#DidierDrogba


Related Sports News