အားကစားသတင်းများ
ချယ်ဆီး နဲ့ မန်ယူ နှစ်သင်းလုံး အမှန်တကယ်စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး
April 16, 2025
ဒီနှစ်ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ ချယ်ဆီးအသင်း က တိုက်စစ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းနေပြီ နောက်ရာသီ အတွက် တိုက်စစ်မှူးတစ်ဦးလိုအပ်နေတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းခေတ်တွေမှာ တိုးအားရုန်းအားအပြည့် နဲ့ ဂိုးတွေ တဒိုင်းဒိုင်းသွင်းပေးနိုင်တဲ့ ဒေါင်ဒေါင်မြည် တိုက်စစ်မှူးဆိုတာ ဈေးကွက်ထဲမှာ ရှားသွားပါပြီ ။ အခုနောက်ပိုင်းခေတ်တွေမှာ တိုက်စစ်မှူးကောင်းကောင်းရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ် ။ ချယ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် အသင်းအပြင် အခြားပရီးမီးယားလိဂ် အသင်းတော်တော်များများကလည်း တိုက်စစ်မှူးတစ်ယောက် ရှာဖွေနေကြတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီး အပြင် အခြားအသင်းတွေကလည်း အက်ဆွစ်ချ် အသင်းရဲ့ တိုက်စစ်မှူး delap ကို အထူးစိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ delap က ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ကစားသမားတစ်ယောက်ဖြစ်တဲ့ အပြင် အခုချိန် ခံစစ် နဲ့ ကွင်းလယ် ကစားသမားတစ်ယောက်ခေါ်မယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၆၀ ကနေ ၁၀၀ ကြားဖြစ်နေတဲ့ အချိန် တိုက်စစ်မှူးတစ်ယောက်ရဲ့ ပြောင်းရွှေ့ကြေးကနည်းမှာမဟုတ်ပါဘူး။
Delap ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ရာသီကုန် အက်ဆွစ်ချ် အသင်းတန်းဆင်းသွားပါက ပေါင် သန်း ၃၀ သာရှိမှာဖြစ်ပါတယ် ။ Delap က Final Third Zone ထဲမှာ အင်မတန်ကောင်းမွန်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး Ball Carries ပိုင်းတွေ ၊ အဆုံးသတ်တဲ့ အပိုင်းတွေမှာ ပြောစရာ မလိုအောင်ကောင်းတဲ့အပြင် တိုးအား ရုန်းအားကောင်းတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ delap က အသက် ၂၂နှစ် သာ ရှိသေးပေမယ့် ပွဲတစ်ပွဲမှာ အခွင့်အရေးတစ်ကြိမ် ရတာနဲ့ ပွဲရဲ့ အခြေအနေကို ပြောင်းလောက်နိုင်တဲ့ အတွေ့အကြုံမျိုး Delap မှာ အပြည့်ရှိပါတယ်။ Delap က တစ်ပွဲပျှမ်းမျှ (၇.၃)မီတာ ကို ball carries လုပ်ထားတာဖြစ်ပြီး ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေထဲမှာ အမြင့်ဆုံး စံချိန်ပဲဖြစ်ပါတယ်။ အဲ့တာအပြင် Delap က ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ball carries (၇၂)ကြိမ်ထိပြုလုပ်ထားနိုင်ပြီး Epl တိုက်စစ်မှူးတွေထဲမှာ ဒုတိယ များဆုံးဖြစ်ပါတယ်။
ဒီလောက်ဆိုရင် Delap က ball carries ပိုင်းမှာ ဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်လည်းဆိုတာ သိမယ်ထင်ပါတယ် ။ Delap က မော်ဒန်ဘောလုံးလောကရဲ့ အထောင်တိုက်စစ်မှူး စစ်စစ် တစ်ယောက်ဖြစ်ပြီး ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ hold up play အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေပြသနိုင်တဲ့ အပြင် အသက် ၂၂ နှစ်သာ ရှိသေးပြီး တန်းဆင်းဇုံ က အသင်းအတွက်တောင် ၁၂ ဂိုးထိ သွင်းယူပေးထားတာကတော့ တကယ်ကို ချီးကျူးရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ နောက်ရာသီ Delap တစ်ယောက် ဘယ်အသင်းကို ရောက်ရှိသွားမယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#delap
#striker
#chelsea
#manchesterunited
Related Sports News
ချယ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဝေးကွာပြီလား?
April 18, 2025
ကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာကတော့အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။
April 17, 2025
Golden Boy ဆုရရှိခဲ့ပေမယ့် အောင်မြင်တဲ့ဘဝကို မရရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်
April 14, 2025
သူ့ခေတ်ရဲ့ ကြိုးဝိုင်းထဲ မှ လူမိုက်ကြီး မိုက်တိုင်ဆန်
April 14, 2025
လူမသိသူမသိ ရီရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစားဖူးတဲ့ ကစားသမားများ
April 13, 2025