မကြာခင်ကပဲ 𝐅𝐈𝐅𝐀 ဟာ လာမယ့် ၂၀၃၄ ခုနှစ် အတွက် အိမ်ရှင်နိုင်ငံအဖြစ် လက်ရှိ ခရစ္စယာနို သွားရောက် ကစားနေတဲ့ ဆော်ဒီ အာရေးဘီယား နိုင်ငံကို အိမ်ရှင် နိုင်ငံ အဖြစ် ကြေငြာလိုက်ပါတယ် ။ ကမ္ဘာ့ ဖလား ရဲ့ အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပခွင့်ရရှိဖို့ ဂုဏ်ဒြပ် ဟာ ဘယ်လောက်ထိ အရေးပါသလဲဆိုရင် ကာတာနိုင်ငံ နဲ့ ဆော်ဒီနိုင်ငံတို့ကိုကြည့်ရင် သိနိုင်ပါတယ် ။ ၄ နှစ် တစ်ကြိမ် ကျင်းပတဲ့ကမ္ဘာ့ ဖလားဘောလုံး ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် အရွေးခံရဖို့အတွက် နိုင်ငံတိုင်းက အစိုးရတွေရော လုပ်ငန်းရှင်တွေ အပြင်ငွေကြေးရင်းနှီးမြှပ်နှံမှုအများအပြား နှင့် နိုင်ငံ ရဲ့ ပုံရိပ် ကို မြှင့်တင်ချင်ကြပါတယ် ။ ဆော်ဒီ ဟာလည်း အာရေဘီယန် အစုဖွဲ့ နိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပြီး လက်ရှိ သူတို့ နိုင်ငံရဲ့ ဘောလုံ အဆင့်အတန်းဟာလည်း ဥရောပရဲ့ နာမည်ကျော် အများအပြား လာရောက်ကစားရတဲ့ အထိ ဘောလုံးအပေါ်ကို ရင်းနှီးမြှပ်နှံထားပါတယ် ။ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ အိမ်ရှင် ကာတာ အသင်းရဲ့ ပြင်ဆင်မှုတွေဟာဘယ်လောက်ထိ ခမ်းနားကြီးကျယ်ခဲ့သလဲ ဆိုရင် ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေထဲမှာ အအောင်မြင်ဆုံး အဖြစ် မှတ်တမ်းတင်ခံရတဲ့အထိ ခမ်းနားခဲ့ပါတယ် ။ အခု နောက်ထပ် အာရေဘီးယား နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ဆော်ဒီ နိုင်ငံမှာ ကျင်းပမယ့် ဆော်ဒီ ၂၀၃၄ ကမ္ဘာ့ဖလား ဟာလည်း ဘယ်လောက်ထိ ပိုပြီး ကြီးကျယ် ခမ်းနားလည်း စောင့်ကြည့်ရမှာပါ ။ အခု ကမ္ဘာ့ဖလား ကျင်းပခဲ့တဲ့ နောက်ဆုံး အိမ်ရှင် (၁၀) နိုင်ငံ တွေအကြောင်း ပြောပြပေးသွားမှာပါ ။
၂၀၂၂ ကာတာနိုင်ငံ - ကာတာကမ္ဘာ့ဖလားကတော့ ရာစုနှစ် တစ်ခုရဲ့ အကောင်းဆုံးကမ္ဘာ့ ပြိုင်ပွဲ အဖြစ် သတ်မှတ်ခံရပြီး ဘောလုံးလောကရဲ့ ဂုတ်ကြီးတစ်ယောက်ဖြစ်တဲ့ လီယွန်နယ် မက်ဆီ ဆိုရင်လည်း သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားကို ရရှိခဲ့တာပါ ။ အံသြစရာကောင်းတဲ့ ကွင်းကြီးတွေ ပြင်ဆင်ထားမှုတွေ အစိုးရရော ပြည်သူတွေကပါ လိုလိုလားလား ဝိုင်းဝန်းပူးပေါင်းပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ် ။ ကာတာ နိုင်ငံဟာ ၁၀နှစ်တာလုံးလုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွင်း ကွင်းတွေ အားလုံးကို သေချာစွာ ပြင်ဆင်ဆောက်လုပ်ခဲ့ပြီး အချိ့သော ကွင်းတွေကိုတော့ အရှင်ပုံစံဆောက်လုပ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတဲ့ အချိန်မှာတော့ ဖျက်ပြီးတော့ လှူဒါန်းပစ်ခဲ့ပါတယ် ။ ထူးထူးခြားခြား ကမ္ဘာ့ဖလားဖိုင်နယ် က အကြိတ်အနယ် နဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာပြိုင်ပွဲဖြစ်ခဲ့ပြီး အာဂျင်တီးနား အသင်းက ဗိုလ်စွဲခဲ့ပါတယ် ။
၂၀၁၈ ရရှားနိုင်ငံ - ရှရား နိုင်ငံ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားမှာတော့ ပြင်သစ်အသင်းက ဗိုလ်စွဲခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ခဲ့ပါတယ် ။ ရှရှား သမ္မတ ပူတင် ကိုယ်တိုင် က အားပေးပြီး အခမ်းနားဆုံး ပြိုင်ပွဲတစ်ခုအဖြစ် လက်ခံကျင်းပခဲ့ပါတယ် ။ ထူးထူးခြားခြား ရှရှားအသင်းက အထူးခြေစွမ်းပြသခဲ့ပြီး ကွာတားဖိုင်နယ် ထိတက်ရောက်ခဲ့ပြီး ဖိုင်နယ် မှာ ပြင်သစ်က ခရိုအေးရှား အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ၃ကြိမ်မြောက် ဗိုလ်စွဲ သွားခဲ့ပါတယ် ။ မိုဒရစ် က ခရိုအေးရှား အသင်းကို အကောင်းဆုံး မောင်းနှင်ခဲ့ပြီး နိုင်ငံ သမိုင်းတစ်ယောက် အမြင့်ဆုံး အောင်မြင်မှု ဖြစ်သလို မိုဒရစ် အတွက် ဘောလွန်းဒီအော ဆု ကို ပါ ရရှိခဲ့ပါတယ် ။
၂၀၁၄ ဘရာဇီးလ် နိုင်ငံ - ဘရားဇီးလ်သားတို့အတွက် ဝေးကွာနေတဲ့ ကမ္ဘာ့ ဖလားကို အိမ်ရှင် ပရိတ်သတ်တွေ အရှေ့မှာ အရယူပြမယ်လို့ ကြွေးကြော်ထားခဲ့ပြီး တကယ်တမ်း အဆုံးသတ်မှာတော့ ဂျာမန်သားတို့ က အောင်ပွဲခံပြီး ဆွတ်ခူး ရယူသွားခဲ့ပါတယ် ။ ထူးခြားချက်အနေနဲ့ အိမ်ရှင် ဘရာလ်ဇီးလ်တို့ ဆီမီးဖိုင်နယ် မှာ ဂျာမနီကို ၇-၁ ဆိုတဲ့ ရလဒ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီး စတုတ္ထ နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။ ကွာတားဖိုင်နယ် မှာ ကြယ်ပွင့် ကစားသမား နေမာ ဒဏ်ရာရစေခဲ့တာက ဘရာလ်ဇီးလ်တို့အတွက် အရှုံးလို့ ဆိုရပါမယ် ။
၂၀၁၀ တောင်အာဖရိက - ဘယ်သူတွေ အတွက် ကာတာကမ္ဘာ့ဖလား အကောင်းဆုံး ဆိုပေမဲ့ ကျနော့် အတွက်ရော 𝟗𝟎 𝐁𝐨𝐫𝐧 တို့အတွက်ရော အကောင်းဆုံးဆိုတဲ့ ကမ္ဘာ့ဖလားကတော့ တောင်အာဖရိက မှာ စပိန်တို့ ဗိုလ်စွဲ ခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပဲ ဖြစ်ပါတယ် ။ စပိန်တို့ရဲ့ ရွှေခေတ် ဘုန်းမီးနေလ တောက်ပနေတဲ့ချိန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဖြစ်ပြီး ပထမဆုံး အာဖရိက မြေပေါ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားလည်း ဖြစ်ပါတယ် ။ ရှာကီရာ ရဲ့ ဝါကာ ဝါကာ သီချင်း က တကမ္ဘာလုံးမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီး အာနန် ရဲ့ 𝐖𝐚𝐯𝐢𝐧𝐠 𝐅𝐥𝐚𝐠 သီချင်းတွေ နဲ့ ပြိုင်ပွဲကို အမှတ်ရစေတာပါ ။ စပိန်တို့ အတွက် လည်း ပထမဆုံး ကမ္ဘာ့ဖလားအောင်ပွဲ ဖြစ်ခဲ့သလို ပီကေး နဲ့ ရှာကီရာ တို့ရဲ့ ဇာတ်လမ်းကလည်း ဒီကနေပဲ စခဲ့တာပါ ။
၂၀၀၆ ဂျာမနီနိုင်ငံ - အမှတ်အရဆုံး ကမ္ဘာ့ တစ်ခုလို့ ပြောမယ်ဆိုရင် မမှားပါဘူး ။ ဇီဒန်းကြီး ရဲ့ မာတာရာဇီ ကို ဖိုင်နယ် မှာ ခေါင်းတိုက်ချက် နဲ့ အတူ ပြင်သစ်တို့ရဲ့ ကမ္ဘာ့ အိပ်မက် အဆုံးသတ်ခဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ် ။ အီတလီတို့ရဲ့ ၄ ကြိမ်မြောက် ကမ္ဘာ့ဖလား ဆုကြီး ဖြစ်သလို ဂန္ထဝင် နောက်ခံလူ ကနာဗာရို လည်း ဘောလွန်းဒီအော ရရှိစေခဲ့တဲ့ ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ် ။ အင်္ဂလန် - ပေါ်တူဂီ ကွာတားဖိုင်နယ် ပွဲစဉ်က ရော်နယ်ဒို နဲ့ ရွန်းနီ တို့ရဲ့ ဖြစ်စဉ်ကလည်း တစ်ကမ္ဘာ့လုံးမှာ မန်ချက်စတာယူနိုက်တက် ပရိတ်သတ် တို့အတွက် အုံ့အုံ့ကြွက်ကြွက် ဖြစ်စေခဲ့ပါတယ် ။
၂၀၀၂ တောင်ကိုရီးယား နဲ့ ဂျပန် - အာရှ မြေ မှာ ပထမဆုံး လာရောက်ကျင်းပခဲ့တဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ပြီး တောင်ကိုရီးယား နဲ့ ဂျပန် နှစ်နိုင်ငံ မှာ ပူးပေါင်း ကျင်းပခဲ့တာဖြစ်ပတယ် ။ ဒီပြိုင်ပွဲ မှာ အထူးခြားဆုံးကတော့ ဘရာဇီးလ် တိုက်စစ်မှူး ရော်နယ်ဒို ( ဒိုကြီး ) ရဲ့ ဆံပင်ပုံစံက အမှတ်တရ ဖြစ်ခဲ့ပြီး ရော်နယ်ဒို ကြီး ကလည်း ဒီပြိုင်ပွဲ ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ၈ ဂိုး နဲ့ ရပ်တည် ခဲ့ပါတယ် ။ အိမ်ရှင် တောင်ကိုရီးယား အသင်းကတော့ ကွာတာဖိုင်နယ် မှာ စပိန်ကို ပင်နယ်တီ အဆုံးဖြတ် နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် ထိ တက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ နဲ့ ၂၀၀၂ ကမ္ဘာ့ဖလား ကတော့ ဘရားလ်ဇီးပရိတ်သတ်တွေအတွက်တော့ မေ့မရနိုင်စရာပါ ။ ကမ္ဘာ့ဖလား ကို ၅ ကြိမ် အထိ ဆွတ်ခူးထားနိုင်ပြီး ဘောလုံးမျိုးဆက်ကောင်းတွေ အမြဲတမ်းလိုလို ပိုင်ဆိုင်ခဲ့တဲ့ ဘရာဇီးလ် အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားနောက်ပြိုင်း ကမ္ဘာ့ အောင်မြင်မှုတွေ နဲ့ ဆက်တိုက် ဝေးကွာနေလာခဲ့ပါတယ် ။
၁၉၉၈ ပြင်သစ် - ဇီဒန်း ရယ်လို့ တကမ္ဘာလုံးကို ကြွေးကြော် ပြနိုင်ခဲ့တဲ့ ပြိုင်ပွဲကြီး ဖြစ်သလို ဇီဇူး အတွက်လည်း ပထမဆုံး နိုင်ငံအသင်း အတွက် အောင်မြင်မှု ရခဲ့တဲ့ ပြိုင်ပွဲ လည်း ဖြစ်ပါတယ် ။ ပြင်သစ်မြေ မှာ ကျင်းပခဲ့ပြီး ဖိုင်နယ် မှာ ဘရားဇီလ် အသင်းကို ဂိုးပြတ်အနိုင်ယူပြီး အောင်ပွဲခံနိုင်ခဲ့တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ် ။ ဒီ ကမ္ဘာ့ဖလား မှာ ထူးခြားမှု အနေနဲ့ ခရိုအေးရှာ အသင်းဟာ တတိယ နေရာ ရရှိခဲ့ပါတယ် ။
ကမ္ဘာ့ဖလား ဆိုတာကတော့ ဘောလုံး ပရိတ်သတ်တွေ အတွက် ၄နှစ် တစ်ကြိမ် ကျင်းပ တဲ့ ပြိုင်ပွဲ ဖြစ်တာနဲ့ အညီ တကမ္ဘာလုံး အုံ့အုံ့ကြွက်ကြွက် အသည်းစွဲ အားပေးတဲ့ ပြိုင်ပွဲ ကြီး တစ်ခု ဖြစ်ပါတယ် ။ အဲဒီတော့ ကမ္ဘ့ာဖလား ပြိုင်ပွဲတွေ ထဲမှာ ဘောလုံးချစ် ပရိတ်သတ်တို့အနေနဲ့ ဘယ်ပြိုင်ပွဲကြီး ကို အမှတ်ရလည်း ဆိုတာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မှတ်ချက်ပေးသွားကြပါဦး ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"