အားကစားသတင်းများ

သူ့ခေတ်ရဲ့ ကြိုးဝိုင်းထဲ မှ လူမိုက်ကြီး မိုက်တိုင်ဆန်

blog image

April 14, 2025

Boxing လောကရဲ့ ဘုရင်ကြီး တစ်ပါး ( သို့ ) ပရိတ်သတ်တွေရဲ့ အချစ်တော် BOXING သမား လို့ပြောလိုက်တာနဲ့ မိုက်တိုင်ဆန်ကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ကမ္ဘာ့ကြေးစား လက်ဝှေ့သမိုင်းမှာ အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်တဲ့ မိုက်တိုင်ဆန်ကို ၁၉၆၆ ခုနှစ် ဇွန် လ ၃၀ ရက်နေ့ မှာ အမေရိကန်ပြည်ထောင်စု နယူးဟောက်မြို့ ဘရွတ်ကလင်း ရပ်ကွက် က ဆင်းရဲ့ တဲ့မိသားစုတစ်စုမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ မိုင်တိုင်ဆန် က ငယ်စဥ်ကတည်းက အတော်လေးဆိုးဝါးတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာကြောင့် ပညာရေးကို ကောင်းကောင်းမွန်မွန် မသင်ခဲ့ရပါဘူး။ မိုက်တိုင်ဆန် ရဲ့ မိခင်က အလုပ်ကြိုးစားပြီး စနစ်ကျတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် မိုက်တိုင်ဆန် ရဲ့ ဖခင်ကတော့ ဆေးအရောင်းအဝယ်လုပ်တဲ့ ဂန်းစတား တစ်ယောက်ဖြစ်တယ်။ မိုက်တိုင်ဆန် က ငယ်စဥ်ကတည်းက သူ့အဖေရဲ့ ဗီဇ ပါလာခဲ့ပြီး ငယ်စဥ်ထဲက ကျောင်းတက်ရတာမပျော်ဘူး ၊ ဆေးရောင်းဆေးဝယ်တွေ လုပ်ပြီး ငယ်စဥ်ကတည်းက အကြိမ်ကြိမ်ဖမ်းခံခဲ့ရတယ်။


မိုက်တိုင်ဆန်က ကမ္ဘာကျော် boxing ကစားသမား တစ်ယောက်ဖြစ်လာဖို့ တစ်နေ့မှာ အကြောင်းဖန်လာခဲ့တယ်။ မိုက်တိုင်ဆန် က ငယ်စဥ်ကတည်းက boxing ပညာကို လေ့လာခဲ့တယ်။ အဲ့လိုနဲ့ပဲ မိုက်တိုင်ဆန်က လမ်းပေါ်မှာ မူးယစ်ဆေးတွေနဲ့ ဖမ်းမိတာကြောင့် လူငယ်ထိန်းသိမ်းရေးကျောင်းကို ပို့ခံရတယ်။ လူငယ်ထိန်းသိမ်းရေးကျောင်းရဲ့ အတိုင်ပင်ခံ ဘော့စတီးဝပ်က မိုက်တိုင်ဆန်ရဲ့ Boxing လေ့ကျင့်တဲ့ပုံစံ နဲ့ တိုင်ဆန် ရဲ့ ပင်ကို အရည်အချင်းတွေကို ကြိုက်နှစ်သက်တာကြောင့် ကပ်စ်ဒီအမာ ရဲ့ လက်ဝှေ့သင်းတန်းကို ပို့ပေးခဲ့တယ်။ ကပ်စ်ဒီအမာ ဆိုတဲ့လူကတော်ယုံတန်ယုံ လူတစ်ယောက်မဟုတ်ပါဘူး။ ၁၉၅၆ ကနေ ၁၉၅၉ ခုနှစ်အထိ ဟဲဗီးဝိတ် ချန်ပီယံဖြစ်တဲ့ ဖလွိုက်ပက်တာဆင် နဲ့ ၁၉၆၅ ကနေ ၁၉၆၆ ခုနှစ်အထိ လိုက် ဟဲဗီးဝိတ် ချန်ပီယံဖြစ်ခဲ့တဲ့ ဟိုဆေးတောရက်စ် တို့ကို မွေးထုတ်ပေးခဲ့တဲ့ ဝါရင့် နည်းပြ ဆရာတစ်ဦးလည်းဖြစ်ပါတယ်၊ ။ မိုက်တိုင်ဆန် က ၁၉၈၄ ခုနှစ် လော့စ်အိန်းဂျလီးစ် ကမ္ဘာ့အိုလဲပစ် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန်ကြိုးစားခဲ့ပေမယ့် ရွေးချယ်ခြင်းတော့ မခံခဲ့ရပါဘူး။ တိုင်ဆန် က ၁၉၈၅ ခုနှစ်ကစပြီး ကြေးစားလက်ဝှေ့လောကထဲကို စတင်ဝင်ရောက်ခဲ့ကာ ပွဲတော်တော်များများကို ထိုးသတ်ခဲ့ပြီး ၁၂ ပွဲကို ၃ မိနစ်အတွင်းအနိုင်ယူပြပြီး ၊ ၆ ပွဲကိုတော့ တစ်မိနစ် အတွင်း အနိုင်ယူခဲ့တယ်။ တကမ္ဘာလုံးကို သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ် အရောက်မှာတော့ ကမ္ဘာ့လက်ဝှေ့ကောင်စီ ( ဒဗလျူဘီစီ ) ရဲ့ လက်ဝှေ့ချန်ပီယံ ထရေဗာဘားဘစ် ကို အလဲထိုးကာ အသက်အငယ်ဆုံး ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာခဲ့တယ်။


တိုင်ဆန် က အသက် ၂၀ ကျော်လေးနဲ့ ဟဲဗီးဝိတ် ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ချန်ပီယံ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မိုက်တိုင်ဆန်က နိုင်ပွဲတွေဆက်တိုက်ရရှိခဲ့တယ်။ ၁၉၉၂ မှာ မိုင်တိုင်ဆန် နောက်တစ်ကြိမ် ထောင်ကျခဲ့ပြီး ၁၉၉၅ အရောက်မှာတော့ ထောင်ကနေပြန်လွှတ်ခဲ့တယ်။ ထောင်ကျတဲ့ ကာလအတွင်းမှာ တိုင်ဆန်က ကိုယ့်ကိုကိုယ်ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ပြီးစည်းကမ်းတကျနေထိုင်ခဲ့တယ်။ ထောင်ကပြန်ထွက်လာကတည်းက စည်းကမ်းတကျနေထိုင်ပြီး လေ့ကျင့်မှုတွေကို လုပ်ခဲ့တဲ့ တိုင်ဆန်က နိုင်ပွဲတွေဆက်တိုက် ပြန်လည်ရရှိခဲ့တယ်။ ၁၉၉၇ ခုနှစ်နောက်ပိုင်းမှာတော့ မိုင်တိုင်ဆန်က ပြသာနာပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ လက်ဝှေ့လိုင်စင် ပြန်ရုတ်သိမ်းတဲ့ ပြဿနာတွေ ၊ စီစဥ်ထားတဲ့ ပွဲတွေပျက်တယ် ၊ မူးယစ်ဆေးတွေ ပြန်သုံးလာတယ် ၊ စီးပွားပျက်ပြီး ဆင်းရဲတဲ့ ဘဝကိုပြန်လည်ရောက်ရှိခဲ့တယ်။ ၁၉၉၉ ခုနှစ်လောက်အရောက်မှာတော့ တိုင်ဆန်က ကိုယ့်ကိုကိုယ် ပြောင်းလဲခဲ့ပြီး ၂၀၀၂ ခုနှစ်အရောက်မှာတော့ အနားယူသွားခဲ့ပါတယ်။


မိုက်တိုင်ဆန် က ပြိုင်ဘက်ကို အချိန်တိုအတွင်း ပြိုလဲသွားအောင်ထိုးနိုင်တဲ့ စိတ်ဓာတ် နဲ့ အင်အားတစ်ခု သူ့မှာကောင်းကောင်းရှိတယ်။ ဘာပြဿ နာတွေပဲဖြစ်ဖြစ် အကောင်းဆုံး ပြန်လည်ရုန်းထပြီး ကမ္ဘာ့အကောင်းဆုံး boxing သမားတစ်ယောက် ဆိုတဲ့ ဂုဏ်ကို ပြန်လည်သုံးပိုက်နိုင်ခဲ့တယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ သူ့ခေတ်ရဲ့ ကြိုးဝိုင်းထဲ မှ လူမိုက်ကြီး မိုက်တိုင်ဆန် အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#boxing

#miketyson

#championship

#heavyweightchampion

Related Sports News