ဗာဂျီ ဗန်ဒိုက် လို့ ဆိုရင် နယ်သာလန် အသင်းရဲ့ ခံစစ်ကျောက်ဆောင် ၊ လီဗာပူးလ် အသင်း ရဲ့ စစ်မှန် တဲ့ ဦးဆောင်သူ ခေါင်းဆောင် တစ်ဦး ၊ မော်ဒန် ဘောလုံး လောကမှာ အကောင်းဆုံး နောက်ခံ ကစားသမား ၊ ခံစစ် ကို ဦးနှောက် နဲ့ ကစားတတ်သူ စတဲ့ ဂုဏ်ပုဒ်တွေ နဲ့ အမွှန်းတင်နေပြီး လက်ရှိ အသက် ၃၃ နှစ် အချိန်ထိ လည်း အကောင်းဆုံး နောက်ခံ ကစားသမား အဖြစ် သက်သေပြနေဆဲ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ် ။
ဗန်ဒိုက် ဟာ အသင်းရဲ့ ကျောရိုးသဖွယ် အရေးပါပြီး ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ် ဖလား တွေ ကို လီဗာပူးလ် အသင်း နဲ့ အတူ ရယူထားနိုင်ပြီး ဘောလွန်းဒီအော စကာတင် စာရင်းမှာ ရလုနီးပါးထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ဗန်ဒိုက် ကို ဇူလိုင် လ ၈ရက် 𝟏𝟗𝟗𝟏 ခုနှစ် မှာ နယ်သာလန်လူမျိုး ဖခင် ရွှန်ဗန်ဒိုက် နဲ့ ဆူရီနမ် လူမျိုး မိခင် ဟဲလင်ချင်ဖိုးစီးယူ တို့ မှာ မွေးဖွားခဲ့ပါတယ် ။ ဗန်ဒိုက် ရဲ့ မိခင် ဟာ တရုတ်လူမျိုးနွယ်ဖွား တစ်ဦးဖြစ်ပါတယ် ။ ဗန်ဒိုက် ကို 𝐁𝐫𝐞𝐝𝐚 ပြည်နယ် တွင်ကြီးပြင်းခဲ့ပြီး အသက် ၁၁ နှစ် အရွယ်တွင် ဖခင်ဖြစ်သူ နဲ့ မိခင် ဖြစ်သူတို့ ကွဲသွားပြီးတဲ့နောက်မှာ မိခင် ဖြစ်သူ နဲ့ အတူ နေထိုင်ခဲ့ပါတယ် ။ ဖခင် မရှိတဲ့နောက် မိသားစု စီးပွာရေး ဟာ ရုန်းကန်ခဲ့ရပါတယ် ။ ငယ်စဉ်တုန်းက 𝐖𝐃𝐒 𝟏𝟗 လူငယ် အသင်းမှာ ကစားခဲ့ပြီး အသက် ၈ နှစ်သားအရွယ် မှာ 𝐖𝐢𝐥𝐥𝐞𝐦 𝐥𝐥 ဘောလုံး အကယ်ဒမီ မှာ ဘောလုံးပညာတတ်ရောက်သင်ယူခဲ့ပါတယ် ။ အဲအချိန် မှာ တဖက်တလမ်းကနေ အချိန်ပိုင်း အလုပ်လုပ်ရင် မိသားစု ကို ထောက်ပံ့ခဲ့ရပါတယ် ။ ဗန်ဒိုက် ဟာ ကစားသမား ဘဝ ကို ဗဟို နောက်ခံလူ အဖြစ် စတင်ခဲ့တာ မဟုတ်ပဲ ညာနောက်ခံလူ အဖြစ် ကစားခဲ့တာ ဖြစ်ပါတယ် ။ နောက်ပိုင်းမှ သာဗဟိုနောက်ခံလူ အဖြစ် ပြောင်းလဲကစားခဲ့ပါတယ် ။ ဗန်ဒိုက် ဟာ 𝐖𝐢𝐥𝐥𝐞𝐦 𝐈𝐈 လူငယ် အသင်းမှာ လူငယ်ဘဝ တလျှောက်ကျင်လည် ခဲ့ရပြီး အသင်းကြီး အသင်းမှာ တော့ ရွေးချယ်ခြင်းမခံရခဲ့ပါဘူး ။ အဲဒီတော့ ဗန်ဒိုက် ၂၀၁၀ ခုနှစ် အသက် ၁၉ နှစ်အရွယ် မှာတော့ 𝐆𝐫𝐨𝐧𝐢𝐧𝐠𝐞𝐧 အသင်းကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွေ့ သွားခဲ့ပါတယ် ။ စစရောက်ချင်းမှာလည်း ဗန်ဒိုက် ဟာ 𝐆𝐫𝐨𝐧𝐢𝐧𝐠𝐞𝐧 အသင်းမှာ ရုန်းကန်ခဲ့ပြီး ၂၀၁၁ မေလ ၁ ရက်နေ့ ရောက်မှသာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ပရော်ဖက်ရှင်နယ် ပွဲဦးထွက် ကစားခွင့် ရခဲ့တာပါ ။ သိပ်မကြာခင် မှာပဲ 𝐄𝐮𝐫𝐨𝐩𝐚 𝐋𝐞𝐚𝐠𝐮𝐞 𝐏𝐥𝐚𝐲 𝐎𝐟𝐟 ပွဲစဉ် မှာတော့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ကို သွင်းယူနိုင်ခဲ့ပါတယ် ။ ၂၀၁၁-၁၂ ဘောလုံး ရာသီမှာ ဒတ်လိဂ် မှာ ၂၃ ပွဲ အထိ 𝐆𝐫𝐨𝐧𝐢𝐧𝐠𝐞𝐧 အသင်းအတွက် ကစားပေးနိုင်ခဲ့ပါတယ် ။ ဗန်ဒိုက် ဟာ အသက် ၂၀ ပြည့်ပြီး မကြာခင် မှာ ကျောက်ကပ် မှာ အဆိပ်သင့် ပြဿနာကြောင့် အရေးပေါ် ဆေးရုံတက်ခဲ့ရပြီး ဆေးရုံ မှာ ၁၃ ရက်ကြာ ဆေးကုသ မှု ခံယူခဲ့ရပါတယ် ။ အဲဒီ ရောဂါ ကြောင့် ဗန်ဒိုက် ဟာ ကျောက်ကပ် ၂ခုလုံး ဆုံးရှုံး ရလုနီးနီး ဖြစ်ခဲ့ပြီး အဲဒီရောဂါ ကြောင့် ၃၅ပေါင်ထိ ကျခဲ့ပြီး ၁၀ရက်လောက် လမ်းမလျှောက်နိုင်ခဲ့ပါဘူး ။ ဗန်ဒိုက် မှာ လအနည်းငယ် လောက် အနားယူခဲ့ပြီးနောက် အသင်း နဲ့ အတူ ၂၀၁၂ နွေရာသီ မှာ အသင်း နဲ့ အတူပြန်လည် ပူးပေါင်း နိုင်ခဲ့ပါတယ် ။
ဗန်ဒိုက် ဟာ ၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်မှာတော့ ဆဲတစ် အသင်းကို ယူရို ၂.၆သန်း နဲ့ ၄ နှစ်စာချုပ် နဲ့ ရောက်ရှိသွားခဲ့ပါတယ် ။ ဗန်ဒိုက် မှာ ၂ရာသီ ကြာ ကစားခဲ့ပြီး အသင်းရဲ့ အဓိကကစားသမား အဖြစ် အကောင်းဆုံး ခြေစွမ်း ပြနိုင်ခဲ့ပါတယ် ။ ဆဲတစ် မှာ ကစားခဲ့စဥ် အတွင်း ဗန်ဒိုက် မှာ 𝐓𝐞𝐚𝐦 𝐨𝐟 𝐭𝐡𝐞 𝐒𝐞𝐚𝐬𝐨𝐧 မှာ ၂ နှစ်ဆက်တိုက် အရွေးချယ်ခံခဲ့ရပြီး 𝐏𝐅𝐀 𝐒𝐜𝐨𝐭𝐥𝐚𝐧𝐝 𝐏𝐥𝐚𝐲𝐞𝐫𝐬 တွေ ပေးတဲ့ အကောင်းဆုံး ကစားသမား ဆု အတွက် စကာတင်စာရင်း ထိ ပါဝင်နိုင်ခဲ့ပါတယ် ။ အဲဒီနောက် ၂၀၁၅ ခုနှစ် ရဲ့ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာတော့ ပရီးမီးယားလိဂ် ကလပ် ဆောက်သမ်တန် အသင်း ကို ယူရို ၁၃ သန်း နဲ့ရောက်ရှိခဲ့ပါတယ် ။အပြောင်းအရွှေ့ နောက်ဆုံး နာရီပိုင်း မှာ အခြား ပရီးမီးယားလိဂ်ကလပ် တွေ လည်း ဗန်ဒိုက် ကို စိတ်ဝင်စားခဲ့ပေမဲ့ တစ်နိုင်ငံတည်းသား နည်းပြ ရော်နယ် ကိုးမန်း ကိုင်တွယ်တဲ့ ဆောက်သမ်တန် အသင်းကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ် ။ ဗန်ဒိုက် ဟာ အသင်းကို ပထမဆုံး ရောက်တဲ့ နှစ်မှာလည်း အသင်းဖော်တွေ နဲ့ ပရိတ်သတ်တွေက ပေးတဲ့ 𝐏𝐥𝐚𝐲𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 ကို ရရှိခဲ့ပြီး အသင်းကလည်း ၂၀၁၆ မေလ မှာတော့ ဗန်ဒိုက်ကို ၆ နှစ် သက်တမ်း ထပ်တိုး ခဲ့ပါတယ် ။ ၂၀၁၇ ဇန်နဝါရီလ မှာတော့ အသင်းခေါင်းဆောင်း ဟိုဆေး ဖွန်တီ ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင် အသစ် အဖြစ် ဗန်ဒိုက် ကို ခန့်အပ်ခဲ့ပါတယ် ။ အဲဒီရာသီမှာပဲ ဆောက်သမ်တန် အသင်း နဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး 𝐄𝐅𝐋 𝐂𝐮𝐩 𝐅𝐢𝐧𝐚𝐥 အဆင့်ထိ တန်းရောက်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းကို ရှုံးနိမ့်ကာ ဒုတိယ နေရာ နဲ့ ကျေနပ် ခဲ့ရပါတယ် ။ အဲဒီနောက်မှာတော့ ဗန်ဒိုက်ကို ပရီးမီးယား လိဂ် အသင်းကြီးတွေက စိတ်ဝင်းစားခဲ့ပြီး ဗန်ဒိုက်ကတော့ အသင်းမှာ ဆက်နေခဲ့ပါတယ် ။ ၂၀၁၇ ဒီဇင်ဘာ မှာ တော့ ဗန်ဒိုက် ကို ယူရို ၇၅သန်း နဲ့ လီဗာပူးလ် အသင်းထံကို ရောင်းချခဲ့ပါတယ် ။ ဗန်ဒိုက် ဟာ လီဗာပူးအသင်း နဲ့ ပွဲဦးထွက် ပွဲစဉ် အဖြစ် 𝐅𝐀 ဖလားပွဲစဉ်မှာ လီဗာပူးအသင်း အတွက် စတင်ပွဲထွက် ခွင့်ရခဲ့ပြီး နောက်ကျ အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပါတယ် ။ ဗန်ဒိုက် ဟာ နောက်ခံလူ လောဗရန် နဲ့ အတူ အတွဲတွဲညီညီ နဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး လီဗာပူးလ် အသင်း ရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ လီဗာပူးလ် နဲ့ ပထမဆုံး ရာသီမှာပဲ 𝐔𝐄𝐅𝐀 ရဲ့ 𝐔𝐂𝐋 𝐓𝐞𝐚𝐦 𝐨𝐟 𝐭𝐡𝐞 𝐒𝐞𝐚𝐬𝐨𝐧 မှာ အရွေးချယ်ခံခဲ့ရပါတယ် ။ ၂၀၁၈ ချန်ပီယံလိဂ် ဖိုင်နယ် အထိ တက်နိုင်ခဲ့ပြီး ရီးရဲလ် အသင်း ကို ဂိုးသမား ကားရီးယပ် ရဲ့ အမှားတွေ နဲ့ အတူ ၃-၁ ဂိုး နဲ့ အရေးနိမ့် ကာ ဒုတိယ ဆု နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။ အဲဒီနောက်ပိုင်း မှာ ဗန်ဒိုက် ဟာ အသင်းရဲ့ ခံစစ်တံတိုင်းကြီး တစ်ခုလုံးကို ဦးဆောင်သူ တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပြီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် နဲ့ အက်အေဖလား ၊ 𝐄𝐅𝐋 ဖလား၊ 𝐔𝐄𝐅𝐀 𝐒𝐮𝐩𝐞𝐫 ဖလား ၊ 𝐅𝐈𝐅𝐀 ကလပ် ကမ္ဘာ့ဖလား တို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ 𝐏𝐅𝐀 𝐏𝐥𝐚𝐲𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 ကို ၂၀၁၈-၂၀၁၉ ရာသီမှာ ရယူနိုင်ခဲ့ပြီး 𝐏𝐅𝐀 𝐓𝐞𝐚𝐦 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 မှာ လည်း ၄ရာသီ ဆက်တိုက် အရွေးချယ်ခံခဲ့ရပါတယ် ။ နောက်ခံလူတစ်ယောက်အဖြစ် ဘောလုံးကို အနုပညာဆန်ဆန် ဦးနှောက်သုံးကစားတတ် တဲ့ ဗန်ဒိုက် ဟာ တစ်ဦးချင်း ဆု တစ်ဆိပ်ပေါင်း များစွားကို ဆွတ်ခွတ်နိုင်ခဲ့တဲ့ မော်ဒန် နောက်ခံလူ တစ်ယောက် ဖြစ်ကြောင်းပြောရင်း ဒီဆောင်းပါးလေးကို အဆုံးသတ် လိုက်ပါရစေ ...
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"