ညီအကိုတွေ ဒီလိုကစား ကြမယ်ဆိုပြီး ညှိထားရသလား အောက်မေ့ရတဲ့ စပိန် လာလီဂါ ကတော့ မဟာ ပြိုင်ဘက် တွေ အချင်းချင်းကြားမှာလည်း ပြတ်သားတဲ့ ဦးဆောင်မှုတွေ မပေးနိုင်ကြသေးပါဘူး ။ အမှတ်ပေးဇယားထိပ် မှာ ဦးဆောင်တဲ့ အသင်း ခြေချော်ရင် အောက်က အသင်းပါ ခြေချော်နေတာ ၂ပွဲ မက တော့ပါဘူး ။ အခုတော့ ဒီတပတ်မှာလည်း ရိုးရာ မပျက် စပိန် ညီ အကိုတို့ ကတော့ လုပ်ချလိုက်ပြန်ပါပြီ ။
လက်ရှိ မှာဆိုရင် ရီးရဲလ် အသင်းဟာ အမ်ဘာပေ နဲ့ အတူ အသင်းဟာ ပြိုင်ပွဲ စုံ မှာ ရုန်းကန်နေရပြီ တစ်သင်းစာလောက် ဒဏ်ရာပြဿနာတွေနဲ့ ထိုးနှက်ခံထားရဲ့ နည်းပြကြီး အန်ဆယ်လော့တီရဲ့ ရီးရဲ လ် အသင်းဟာ ဒီအပတ်မှာလည်း နောက်တန်း ပြဿနာတွေ နဲ့ အတူ ဗယ်လက်ကာနို အသင်းကို တဖက် ၃ ဂိုး စီ နဲ့ သရေ ကျခဲ့ပါတယ် ။ တဖက် က သွေးသောက်ညီအကိုကလည်း အိမ်ကွင်းမှာ လက်ဂနက်စ် အသင်းကို ၀ - ၁ ဆိုတဲ့ ရလဒ် နဲ့ အတူ လက်မြှောက်ခဲ့ရပါတယ် ။ ရီးရဲလ်အသင်း ခြေချော်တာကို အခွင့်ကောင်း မယူနိုင် ဟန်စီဖလစ် ရဲ့ ဘာစီလိုနာ လည်း ၁၈ ပွဲ ကစားအပြီး ရီးလ်ရဲ ထက် ၁ ပွဲ ပိုစကားကာ အမှတ်ပေးဇယား ကို ၁ မှတ် အကွာ နဲ့ ပဲ ဆက်လက် ဦးဆောင်နေပါတယ် ။ ရာသီအစ က ပုံစံကောင်းတွေ တောက်လျှောက် ပြသနေခဲ့တဲ့ ဖလစ် ရဲ့ ဘာစီလိုနာ မှာ နိုဝင်ဘာလ က စပြီး အနိုင်ရရှိဖို့ ရုန်းကန်နေခဲ့ရသလို အခုလို အသင်းငယ်တွေနဲ့ တွေ့တဲ့ပွဲတွေ မှာပါ အရှုံးပေးနေရပြီး လာလီဂါ ကိုပြတ်ပြတ်သားသား ဦးဆောင်နိုင်မယ့် အခွင့်ရေးတွေလက်လွှတ်ထားခဲ့ရပါတယ် ။
ရီးရဲလ်အသင်းက တော့ ရာသီအစ မှာ အားလုံး မျှော်လင့်ထားတာနဲ့ တက်တက်စင်အောင် လွှဲချော်နေခဲ့ပြီး ဒဏ်ရာရ ကစားသမား အများပြား ပြဿနာ အပြင် တိုက်စစ်ပြဿနာတွေပါ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် အားကိုးတကြီး နဲ့ ခေါ်ယူခဲ့ တဲအမ်ဘာပီ ဟာ ရသင့်သလောက် ဂိုးတွေကို မရခဲ့သလို အသင်း နဲ့ အံဝင် အသားကျအောင် အတော်လေး ကြိုးစားနေရတာလည်း ဖြစ်ပါတယ် ။ ရာသီအစ စာရွက်ပေါ်က လူစာရင်းအရ ရီးရဲလ် ကို ယှဉ်နိုင်မယ့် အသင်းမရှိတော့လောက်အောင် တောင့်တင်းနေတယ်လို ပြောရမှာဆိုသလို တကယ်တမ်း တိုနီ ခရူးစ် အနားယူသွားပြီး ကွင်းလယ်မှာ လိုအပ်ချက်တွေ ရှိနေပါတယ် ။ မနှစ်က ဗီနီယပ်စ် နဲ့ အပြိုင် ထိပ်တန်း ဂိုးသွင်း ရှင်အဖြစ် ထူးရှယ်ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်သားလေး ဘယ်လင်ဂမ် ဟာဆိုရင်လည်း ဒီရာသီ မှာ ဒဏ်ရာ ပြဿနာ အချို့ နဲ့ အတူ ပုံမှန် ခြေစွမ်း ကျဆင်းနေခဲ့ပါတယ် ။ ရီးရဲလ် ဟာ ဒီရာသီ မှာ ဘာစီလိုနာထက်လူပြောများစရာတွေ ဖြစ်နေခဲ့ပါတယ် ။ တချို့ပွဲတွေမှာဆိုရင် နောက်တန်းကစားသမားစစ်စစ် မပါပဲ ကစားခဲ့ရတဲ့ ပွဲတွေတောင် ရှိပါသေးတယ် ။ ဘာစီလိုနာအသင်းကတော့ နောက်ဆုံး ၅ပွဲမှာ နိုင်တလှည့် ရှုံးတလှည့် သရေ ရလဒ် တစ်မျိုး နဲ့ အလှည့်ကျ ဖြစ်နေသလို နောက်တန်းက ပေးဂိုးကလည်း များပြားနေခဲ့ပါတယ် ။
ဒီလို ၂သင်းလုံး ဟာ ရလဒ်တွေ မတည်ငြိမ်မှုကို ကြားထဲကနေ အသက်လက်တီကို အသင်း က အခွင့်ကောင်း ယူသွားမလား စောင့်ကြည့်ချင်စရာကောင်းနေပါတယ် ။ ဒီရာသီမှာ တီကို အသင်းက အပြောင်းအရွှေ့မှာ လူအင်အား ဖြည့်တင်းမှု အများအပြား ပြုလုပ်ထားခဲ့ပြီး စပိန်မှာ ၂သင်းတည်း ကြီးစိုးနေမှုကို ချေဖျက်ပြစ်ဖို့ နည်းပြကြီး ဆီမြွန်နီ က ကြိုးစားလာခဲ့ပါတယ် ။ ပရီမီးယား လိဂ် ရဲ့ ကြယ်ပွင့်ကစားသမားတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်း က အဲဗာရက်စ် နဲ့ ချဲလ်ဆီး နဲ့ အင်္ဂလန် ကွင်းလယ်လူ ကော်နာဂလယ်ဂါ တို့ကို ဖြည့်တင်းပြီး အကောင်းဆုံး ပုံစံတစ်ခု နဲ့ ပြင်ဆင်လာခဲ့ပါတယ် ။ အခုဆိုရင် ၁၇ ပွဲ ကစားအပြီး ဘာစီလိုနာထက် တစ်ပွဲလျော့ အမှတ်တူကာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်ပြီး 𝐓𝐢𝐭𝐥𝐞 𝐑𝐚𝐜𝐞 ထဲကို သေချာပေါက်ကို ခေါင်းတိုးလာခဲ့ပါတယ် ။
အစဉ်လာပြိုင်ဘက် တွေ ဖြစ်တာနဲ့ အညီ အမှတ်ကွာဟချက်ကျဉ်းမြောင်းနေသေးတာကြောင့် ဒီရာသီ မှာ ဘယ်အသင်းက ဗိုလ်စွဲသွားမလဲ ဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး ။ ဘာပဲပြောပြော ပြိုင်ပွဲပြင်းထန်နေတဲ့ လာလီဂါ ပြိုင်ပွဲကြီးကတော့ ပရိတ်သတ်တွေကို အကောင်းဆုံး ဆွဲဆောင်နေတာတော့ အမှန်ပါပဲ ။ လီဝန်ဒေါစကီး ၊ ရာဖင်ဟာ ၊ ယာမဲလ် တို့ အုပ်စု ရဲ့ တိုးတက်လာမှုတွေ ဗီနီယပ်စ် ၊ ဘာပေ ၊ ဘယ်လင်ဂမ် တို့ရဲ့ ကြယ်စင်စု တို့ အပြင် အခုနောက်ထပ် ဂရစ်ဇမန်း ၊ အဲဗာရက်စ် ၊ ဒီပေါလ် တို့ရဲ့ 𝐑𝐡𝐲𝐭𝐡𝐦 မှန်မှန် နဲ့ ချီတက်လာတဲ့ ဟာတွေကတော့ ပိုပြီးတော့ ကြည့်လို့ကောင်းတဲ့ လာလီဂါပြိုင်ပွဲ တစ်ခု အဖြစ် ပုံဖော်နေတယ်လို့ ပြောကြားရင် ဒီဆောင်းပါးလေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ ....
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"