သမိုင်းထဲမှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေ များစွာထဲက တောင်ကိုရီးယားဘောလုံး အဆင့်အတန်း တစ်ခု ကို ကမ္ဘာကို ချပြပုံဖော် ခဲ့သူထဲမှာဆိုရင် ဆွန်ဟောင်မင်း ကိုလည်း ထိပ်ဆုံးပိုင်း မှာ ဖော်ပြဖို့ လိုပါတယ် ။ ဆွန် ဟာ အထင်ရှားဆုံး အာရှဘောလုံးသမားတစ်ဦးဖြစ်ရုံသာမက၊ တောင်ကိုရီးယားနိုင်ငံအတွင်းမှာလည်း ဘောလုံး ပရိတ်သတ်တွေသာမက တောင်ကိုရီးယားလူထုတစ်ခုလုံး ချစ်ခင်ရတဲ့ သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အရင်က တောင်ကိုရီးယား ရဲ့ ပြယုဂ်တစ်ခုကို ပြမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင်ကစားသမား တောင်ကိုရီးယား ရဲ့ ထာဝရအကောင်းဆုံး ကစားသမား ပတ်ဂျီဆန် ကို ညွှန်းပြခဲ့ရပြီ အခုဆိုရင် ဆွန် ဟာလည်း ပတ်ဂျီဆန် နဲ့ အတူ ယှဉ်ပြရတဲ့ အထိ ကျော်ကြားပါတယ် ။
ဆွန်ဟောင်မင်း ကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဂန်ဝန်းဒို၊ ချွန်ဆွန်မြို့မှာ သာမန်မိသားစု မှ မွေးဖွားခဲ့ပြီး တက်လှမ်းလာတဲ့ အတွက်ကြောင့် ဆွန် ရဲ့ အောင်မြင်မှုနောက်ကွယ်က ဂုဏ်ယူစရာတစ်ချက်လည်း ဖြစ်ပါတယ်။ ဆွန်ဟောင်မင်၏ ဖခင်ဖြစ်သူ လက်ရွေးစင်ဟောင်း ဆွန်ဝူးဂျွန် ဟာ ငယ်စဉ်ထဲက ဆွန် အပေါ် ကို မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ပြီး ဘောလုံးကစားသမားကောင်း တစ်ယောက်ဖြစ်အောင် လေ့ကျင့်ကြာပေးခဲ့ပါတယ် ။ ဆွန် ကိုယ်တိုင်ကလည်း အသက်ငယ်စဉ်ကတည်းက ဘောလုံးကို ချစ်မြတ်နိုးခဲ့ပြီး၊ သူ့အဖေ ရဲ့ လေ့ကျင့်မှုများကြောင့် ဘောလုံးနည်းပညာရပ်တွေအပေါ် အခြေခံကောင်းတွေ ကို ရယူခဲ့နိုင်ခဲ့ပါတယ် ။ ဆွန်ဟာ လူငယ် ကစားသမား ဘဝကို 𝐅𝐂 𝐒𝐞𝐨𝐮𝐥 အသင်း မှာ စတင်ခဲ့ပါတယ် ။ 𝐅𝐂 𝐒𝐞𝐨𝐮𝐥 အသင်းမှာ စပါးအသင်းရဲ့ နောက်ခံလူဟောင်း လီယောင်ပျို လည်း ကစားခဲ့ပါတယ် ။ ဆွန် ဟာ 𝐅𝐂 𝐒𝐞𝐨𝐮𝐥 လူငယ်အသင်းမှာ ကစားစဉ်မှာ အသင်းကြီး ရဲ့ အိမ်ကွင်းပွဲစဉ်အချို့မှာ 𝐁𝐚𝐥𝐥 𝐁𝐨𝐲 ( ဘောကောက် ) အဖြစ်လုပ်ရင်း စီနီယာ ကစားသမားတွေရဲ့ ကစားပုံကို လေ့လာခွင့်ရခဲ့ပါတယ် ။ အဲဒီအချိန်တုန်းက ဆွန် ရဲ့ 𝐑𝐨𝐥𝐞 𝐌𝐨𝐝𝐞𝐥 ဟာ ခရစ္စတယ်ပဲလေ့ နဲ့ ဘောတွန် အသင်း ရဲ့ ကွင်းလယ်ကစားသမား လီချောင်ယောင် ပဲ ဖြစ်ပါတယ် ။ ဆွန် ဟာ ၂၀၀၈ ခုနှစ် အသက် ၁၆ နှစ်မှာတော့ 𝐇𝐚𝐦𝐛𝐮𝐫𝐠𝐞𝐫 𝐒𝐕 အကယ်ဒမီ ကို တက်ဖို့အ တွက် ဂျာမနီသို့ပြောင်းရွှေ့ခဲ့ပါတယ် ။ အဲဒီအချိန်မှာ ဆွန် ဟာ 𝐅𝐈𝐅𝐀 𝐔𝟏𝟕 ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် တောင်ကိုရီးယား အသင်းမှာ ရွေးချယ်ခံနေရပါပြီး ကစားခွင့်ရရှိခဲ့ပါတယ် ။ ၂၀၁၀-၁၁ ခုနှစ် ဘောလုံး ရာသီမှာ ဆွန် ဟာ အသက် ၁၈နှစ် ပြည့်ခဲ့ပြီး ပထမဆုံး ပရော်ဖက်နယ် စာချုပ်ချုပ်ဆိုခွင့်ရခဲ့ကာ 𝐁𝐮𝐧𝐝𝐞𝐬𝐥𝐢𝐠𝐚 တွင်သူ၏ပထမဆုံးပွဲထွက်ခွင့် ကို ရရှိခဲ့ပါ တယ် ။ ဆွန် ဟာ သူ့ရဲ့ ပထမဆုံး ပရော်နယ်ရှင်ရာသီမှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး ၁၄ ပွဲကစားကာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ဘောလုံးလေ့လာသုံးသပ်သူတွေဟာတော့ ဆွန် ဟာ တောင်ကိုးရီးယား ကြယ်ပွင့်ဟောင်း 𝐂𝐡𝐚 𝐁𝐮𝐦-𝐤𝐮𝐧 ရဲ့ ခြေရာကို လိုက်နိုင်မယ့် ကစားသမားလို့ မှတ်ချက်ပြု ချီးကျူးခဲ့ကျပါတယ် ။ ၂၀၁၁-၂၀၁၂ ရာသီ မှာတော့ ဆွန် ဟာ ဟမ်းဘာ့ အသင်းရဲ့ အရေးပါ တဲ့ ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲ ၃၀ ကစားကာ ၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး အရေးကြီး ပွဲစဉ်တွေမှာလည်း ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အဲဒီရာသီ ဟမ်းဘာ့ အသင်းကို ဘွန်ဒက်လီဂါ မှာ တန်းကျန်ရစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် ။ နောက်တစ်ရာသီ ၂၀၁၂-၂၀၁၃ ရာသီမှာ တော့ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်ကျတဲ့ ပီထရစ် နဲ့ ဂွာရဲယို တို့ ဟာ ဖူဟမ် နဲ့ ကိုရင်သီယန် အသင်းတွေကို အသီးသီး ထွက်ခွာသွားခဲ့ကြပြီး နည်းပြ အနေနဲ့ ဆွန်ကို အဓိက ပွဲထွက် ကစားသမား အဖြစ် အသုံး ပြုခဲ့ပါတယ် ။ အဲဒီရာသီမှာ ဆွန်ဟာ ပွဲပေါင်း ၃၄ပွဲ ကစားကာ ၁၂ ဂိုး ထိ သွင်းယူနိုင်ခဲ့ပါတယ် ။
၂၀၁၃ ခုနှစ်တွင် လေဗာကူဆင် သို့ ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး ယူရို ၁၀ သန်း ၅နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ် ။ဆွန် ဟာ အသင်းသစ် နဲ့ အတူ အလျင်အမြန် အထိုင်ကျခဲ့ပြီး အသင်းဟောင်း ဟမ်းဘာ့ နဲ့ ပြန်လည်တွေ့ဆုံတဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲပါတယ် ။အဲဒီ ရာသီမှာ ဆွန် ဟာ လေဗာကူဆင် အသင်းအတွက် ပြိုင်ပွဲစုံ ၄၃ပွဲကစားကာ ၁၂ ဂိုး ထိ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ် ။နောက်ရာသီ မှာ အသင်းအတွက် မရှိမဖြစ် ကစားသမား တစ်ယောက် အဖြစ် အရေးပါခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၄၂ပွဲကစားကာ ၁၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ် ။
လေဗာကူဆင်မှာ နှစ်နှစ်အကြာ ကစားပြီးတဲ့နောက် ဆွန် ဟာ သူ့ ဘဝ ရဲ့ အအောင်အမြင်ဆုံး အသင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးထံကို ပေါင် ၂၂ သန်း နဲ့ ခေါ်ယူခဲ့ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး အာရှကစားသမားဖြစ်လာခဲ့ပါတယ် ။ တော့တင်ဟမ်ဟော့စပါးအသင်း မှာတော့ ဆွန်ဟောင်မင်း ဟာ အားလုံး သိတိုင်းအတိုင်း သံသယ များစွာ ကို ချိုးဖြတ်ပြနိုင်ခဲ့ပြီး အသင်း အတွက် အသင်းခေါင်းဆောင် ဟာရီကိန်း နဲ့ တွဲဖက်ပြီး အတွဲညီညီ ခြေစွမ်း ပြသနိုင်ခဲ့ပါတယ် ။ ဆွန် ဟာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အာရှသား ထဲမှ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပြီး ဥရောပပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းတဲ့ ကိုရီးယားကစားသမား 𝐂𝐡𝐚 𝐁𝐮𝐦-𝐤𝐮𝐧 ၏ သွင်းဂိုးအများဆုံး စံချိန်ကို ကျော်တက်သွားနိုင်ခဲ့ပါတယ် ။ ၂၀၁၉ ခုနှစ်မှာတော့ ဆွန် ဟာ တောင်ကိုရီးယား ဂန္ထဝင်ကစားသမား 𝐏𝐚𝐫𝐤 𝐉𝐢-𝐬𝐮𝐧𝐠 ပြီးနောက် ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ဒုတိယမြောက် အာရှသား ဖြစ်လာခဲ့ပါတယ် ။ 𝟐𝟎𝟐𝟏-𝟐𝟐 ရာသီမှာလည်း လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလက် နှင့်အတူ ပရီးမီးယားလိဂ်ရွှေဖိနပ် ဆုကို ၂၃ ဂိုးဖြင့် ပူးတွဲ ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ် ဆု ရရှိခဲ့တဲ့ ပထမဆုံးအာရှကစားသမားဖြစ်လာခဲ့ပါတယ် ။ ၂၀၂၃ ခုနှစ် ဧပြီလ မှာတော့ ပရီးမီးယားလိဂ် ဂိုး ၁၀၀ သွင်းယူနိုင်သော ပထမဆုံး အာရှကစားသမား ဖြစ်လာခဲ့ပြီး တော့တင်ဟမ်ဟော့စပါး ရဲ့ ပဉ္စမမြောက် ဂိုးအများဆုံး သွင်းသူ အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ် ။ ဆွန် ဟာ တော့တင်ဟမ် ဟော့စပါး အသင်း အတွက် ပရီးမီးယားလိဂ် ပွဲ ၃၀၀ ပွဲ ကစား ပေး ခဲ့တဲ့ တတိယမြောက် ကစားသမား ဖြစ်တဲ့ ဟူဂို လိုရစ် နဲ့ ဟယ်ရီကိန်း တို့ နောက် ရပ်တည်နေပါတယ် ။
ဆွန်ဟာ တောင်ကိုရီးယားနိုင်ငံအသင်းအတွက် ၂၀၁၀ ခုနှစ် ကတည်းက ရွေးချယ်ခံခဲ့ရပြီး လက်ရှိ အချိန်ထိ အသင်းရဲ့ အဓိက အရေးပါတဲ့ အသက်သွေးကြော ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ် ။ တောင်ကိုရီးယား အသင်း ရဲ့ သမိုင်းမှာ ၂၀၁၈ 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ 𝐆𝐞𝐫𝐦𝐚𝐧𝐲 အသင်းကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ သမိုင်းဝင်နိုင်ပွဲ မှာလည်း ဆွန်ဟာ အရေးပါတဲ့ အနိုင်ဂို တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ၂၀၂၂ 𝐀𝐅𝐂 𝐀𝐬𝐢𝐚𝐧 𝐂𝐮𝐩 မှာလည်း ဆွန် ဟာ အသင်းနဲ့ အတူ ရွှေ တံဆိပ်ဆု ကို ရယူပေးနိုင်ခဲ့ပါတယ် ။ လက်ရှိချိန်ထိမှာတော့ ဆွန် ဟာ တောင်ကိုရီးယား လက်ရွေးစင်အသင်းအတွက် ၁၃၁ ပွဲကစားကာ ၅၁ ဂိုး ထိ သွင်းယူထားပြီး ဂန္ထဝင် တိုက်စစ်မှူး 𝐂𝐡𝐚 𝐁𝐮𝐦-𝐤𝐮𝐧 ရဲ့ နောက် ဒုတိယဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်လျှက်ရှိပါတယ် ။
ဆွန်ဟောင်မင် ဟာ တောင်ကိုရီးယားဘောလုံးသမိုင်းအတွင်း အမြဲတမ်းတောက်ပနေမယ့် ကြယ်ပွင့်တစ်ခု ဖြစ်ပါပြီး ဆွန် ရဲ့ ထူးခြားတဲ့ တိုက်စစ်စွမ်းရည်နှင့် နည်းစနစ်တွေကြောင့် အာရှကစားသမားအနေနဲ့ ဥရောပ တခွင် မှာ အကြိမ်ကြိမ် သက်သေပြထားခဲ့တဲ့ ကစားသမားကောင်း တစ်ယောက် ဖြစ်တယ်ဆိုတာ ပြောကြားရင် ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ ...
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"