စိုးလင်းဦး ဆိုတာကတော့ မြန်မာ့ လက်ဝှေ့ပရိတ်သတ်တွေ ကြားမှာ မုန်းသူ မရှိ ချစ်ခင်ကြသူတွေ သာ များပါတယ် ။ သိပ်မကြာခင်က သံမဏိ စိုးလင်းဦး မောင်းလာတဲ့ ကားက ဘရိတ်မမိတော့ ပဲ တောင်အောက်ကို ကျသွားခဲ့ပြီး စိုးလင်းဦး လည်း ဒဏ်ရာ အများအပြား ရရှိခဲ့ပါတယ် ။ အဲတာကြောင့် ပဲ ဇန်နဝါရီ လ ထိုင်းနိုင်ငံ မှာ ထိုးသတ်မဲ့ ONE ပွဲ က ပြတ်မလိုတောင် ဖြစ်ခဲ့ပါတယ် ။ အခုဆိုရင် သံမဏိကြီးဟာ နာမည် နဲ့ လိုက်အောင်ပဲ ပွဲကို ပြန်လက်ခံခဲ့ပြီး အရင်သတ်မှတ်ထားတဲ့ ရက်မှာ ပဲ ပြန်လည် ထိုးဖို့ကို လေ့ကျင့်ခန်းကို အပြင်းအထန်ပြန်လုပ်နေပြီ ပဲ ဖြစ်ပါတယ် ။ သံမဏိကြီးဟာ အခုလိုနိုင်ငံကျော် Fighter တစ်ယောက်ဖြစ်ဖို့ကို သူ့ရဲ့ ကစားသမား ဘဝ က မလွယ်ကူခဲ့ပါဘူး ။ ဖြတ်ကျော်ခဲ့ရတဲ့ ပြိုင်ဘက်ကောင်းတွေ မဆုတ်မနစ် ကြိုးစားမှုတွေ နဲ့ အတူအခုလို နေရာကို ရောက်ရှိလာခဲ့တာပါ ။
စိုးလင်းဦး ဟာ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက် နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံသား ကရင် လူမျိုး လက်ဝှေ့အားကစားသမားတစ်ဦး ဖြစ်ပါတယ် ။ စိုးလင်းဦးကို မွန်ပြည်နယ်၊ သထုံခရိုင်၊ အင်းရှည်ရွာတွင် ခဲ့ပါတယ် ။ WLC ဝယ်တာဝိတ်တန်းပြိုင်ပွဲများတွင်လည်း လက်ရှိအချိန် အထိ ယှဉ်ပြိုင်ထိုးသတ်လျက်ရှိပါတယ် ။ အရင် က ၆၀ ကီလိုတန်း ရွှေခါးပတ်ချန်ပီယံ ဖြစ်ခဲ့သူပါ ။ငယ်ဘဝမှာ စိုးလင်းဦးရဲ့ ထိုးဖက်တွေက သပြေညိုနဲ့ စစ်သွေး တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ အတူ ယှဉ်ပြိုင်ခဲ့ရပါတယ် ။ ကရင်ပြည်နယ်မှာ နာမည်ရလာပြီးမှ ရန်ကုန်ပရိသတ်တွေ ပိုသိလာခဲ့ တာပါ။ စိုးလင်းဦးဟာ ရဲတံခွန်ကို အလဲထိုးခဲ့ဖူးတယ်။ ဒေါနအောင်၊ ရွှေမင်းရာဇာ၊ အောင်ဇေယျနဲ့ လုံးချောလေးတို့ကိုလည်း အနိုင်ယူခဲ့ဖူးပါတယ် ။ စိုးလင်းဦးက သက်လုံနဲ့ မာဂုဏ်ကြောင့် ကြိုးဝိုင်းကဝေကြီး ဝင်းထွန်းကို (၂) ကြိမ် အလဲထိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ပထမတန်းကို တက်ချင်တဲ့ အတွက်ကြောင့် မလို့ တွေ့မရှောင်ကို စိန်ခေါ်ထိုးသတ်ခဲ့တယ်။ စိုးလင်းဦး မှာ တွေ့မရှောင် နဲ့ ၃ ကြိမ်အထိ ထိုးခဲ့ဖူးပေမယ့် အရှုံးအနိုင်မပေါခဲ့ပဲ သရေရလဒ်သာ ထွက်ပေါ် ခဲ့ပါတယ် ။
စိုးလင်းဦး ဟာ အရပ် ၅ ပေ ၆လက်မ ခန့် နဲ့ ဝိတ်တန်း က ကီလို ၆၁ သာရှိပြီး လုံးလုံးကျစ်ကျစ် နဲ့ ပုံစံ ရှိပါတယ် ။ စိုးလင်းဦး ရဲ့ ကစားသမား ဘဝ တစ်လျှောက်တော်တော်များများ မှာ သပြေညိုနဲ့ စစ်သွေးတို့ကလွဲရင် သူ့ထက် ဝိတ်တန်းကြီးတဲ့ ပြိုင်ဘက်တွေနဲ့ပဲ ထိုးခဲ့ရတာပါ။သူ့ထက် (၁၀)ကီလိုဂရမ် လောက် ပိုကြီးတဲ့ ဖိုးကေကိုလည်း (၂) ကြိမ်ထိုးဖူးခဲ့ပါတယ်။ ထွန်းထွန်းမင်းနဲ့ တူးတူးတို့ကိုလည်း (၃) ကြိမ်စီ ထိုးခဲ့ ဖူးပါတယ်။ ပြည်ပကစားသမားတွေကို ထိုးတော့လည်း အများအားဖြင့် သူ့ထက် ဝိတ်ကြီးတာတွေကိုပဲ ထိုးရတာပါပဲ။ လူ့ဘီလူးကြီး ခရွန်ကိုလည်း ထိုးခဲ့ဖူးပါတယ်။ စိုးလင်းဦး ရဲ့ မှတ်မှတ်ရရ တစ်ပွဲ ကို ပြောရမယ်ဆိုရင် မွန်ပြည်နယ် ၊ ရေးမြို့ မှာ ထိုးသွားတဲ့ ရာမာန် နဲ့ ထိုးခဲ့တဲ့ ပွဲပါပဲ ။ ရာမာန် ရဲ့ မြို့ မှာ ထိုးသတ်ခဲ့ရတာ ဖြစ်ပြီး ရာမန် ဟာ စိုးလင်းဦးထက် လျှင်မြန်မှု ၊ ပါဝါ နဲ့ ဝိတ် လည်း ကွာနေတာပါ ။ အဲဒီပွဲ မှာ စိုးလင်းဦး ဟာ အမှတ်စဉ် လည်း အရေခံထားရပြီး သွေးသံရဲရဲ နဲ့ ဖူးရောင်ကွဲပြဲနေပါတယ် ။ ဒိုင်ကလည်း စိုးလင်းဦးကို ဆေးရှုံး အဖြစ် နဲ့ သတ်မှတ်လို့ ရတဲ့ ပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ် ။ တတိယအချီမှာ ဒိုင်က စိုးလင်းဦးကို ဆေးရှုံး အဖြစ် မသတ်မှတ်ပဲ ဆက်ထိုးခိုင်းခဲ့ပါတယ် ။ ဒီပွဲမှာ ရာမာန် ဟာ စိုးလင်းဦး ရဲ့ မာဂုဏ် ကို မကျော်နိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ဒီပွဲမှာ ပွဲပြီး ဖို့ စက္ကန့် ပိုင်းလောက် အလိုမှာ ဒိုင်က ပွဲကို ရပ်ပြီးဆရာဝန်ကို ပြပြီး စိုးလင်းဦးကို ဆေးရှုံး သတ်မှတ်ပေးလိုက်ပါတယ် ။ အဲပွဲမှာ စိုးလင်းဦး ဟာ ပွဲပြီး ဖို့ စက္ကန့် ပိုင်းလောက် အလိုမှာ ဆေးရှုံး နဲ့ အရှုံးပေးခဲ့ရသလို ပရိတ်သတ်တွေကလည်း ဒီပွဲကို သို့လော သို့လော နဲ့ မကျေနပ်ခဲ့ပါဘူး ။ စိုးလင်းဦးဟာ သူ့ရဲ့ အလုပ်ပေါ် မှာ တာဝန်ကျေတယ် ။ ပရို ပီသတယ် ။ အပတ်တကုပ်လေ့ကျင့်တယ် ။ ကြိုးစားတယ် ။ အသံတိတ် အလုပ်လုပ်တဲ့ ဖိုက်တာ လို့ ပြောလို့ရတယ် ။ သူ့တို့ လက်ဝှေ့အသိုင်းအဝိုင်းမှာ စိုးလင်းဦး ဆိုတဲ့ နာမည် ဟာ နာမည်ကောင်း နဲ့ ရပ်တည်တယ် ။ စိုးလင်းဦး ရဲ့ ကစားဟန်ဟာ ပြိုင်ဘက်ကို ဖိအားပေးတတ်တဲ့ ကစားဟန်မျိုးမပါ ။ အစောပိုင်းအချီမှာ သူ့ရဲ့ အားသက်ချက် ဖြစ်တဲ့ မာဂုဏ်အားပြုပြီး ကစားတယ်။ နောက်ပိုင်းအချီတွေမှာ ပူးကပ်ပြီး ပင့်လက်သီးတွေအပြင် နံနှိုက်လက်သီးထိုးပြီး ပွဲသိမ်းတတ်တဲ့ ပုံစံမျိုးပါ ။ အပူးအချုပ်မှာလည်း စိုးလင်းဦးဟာ အားသာတယ် ။ ပူးမိရင် လက်သီးတွေက ပြိုင်ဘက်ကို အမှတ်စဉ် ရေခံရတဲ့အထိ အားကောင်းတယ် ။ ပြိုင်ဘက်တွေက သက်လုံကျလာရင် စိုးလင်းဦးရဲ့ ဖိအားပေးတဲ့ ကစားဟန်ကို မခံနိုင်ကြလို့ အရှုံးပေးရတာ များပါတယ် ။ ပရိတ်သတ်တွေ အများစု က စိုးလင်းဦးရဲ့ နည်းစနစ် (ပညာ) ထက် အသည်း၊ ဇွဲ နဲ့ မာဂုဏ် ကို ပိုကြိုက်ကြတာပါ ။ အရင်တုန်းကဆိုရင် စိုးလင်းဦးက ခြေကန်ချက်နဲ့ တံတောင်ရိုက်ချက်တွေပါ သုံးတယ်။ အခုနောက်ပိုင်းမှာ လက်သီးပဲ အားပြုကစားပါတယ် ။ ၂၀၁၈ ခုနှစ်မှာလည်း စိုးလင်းဦးဟာ အလဲထိုးနိုင်ပွဲ အများဆုံးဆုရထားတယ်။
စိုးလင်းဦးက (၆၀) ကီလိုတန်း ရွှေခါးပတ်ချန်ပီယံဖြစ်ဖူးသလို ဒုတိယတန်း ဒဂုံအောင်လံဆုရှင်ပါ။ နောက်ပြီး အထူးဒဂုံအောင်လံဆုရှင်လည်း ဖြစ်ပါတယ်။ အောင်မြင်သလောက် အထိနာပါတယ်။ စိုးလင်းဦး ဟာ ကြေးစားဘဝမှာ ထိုးလိုက်တဲ့ ပမာဏနဲ့ ထိသွားတဲ့ ပမာဏကို ယှဉ်ကြည့်လိုက်ရင် ထိသွားတဲ့ ပမာဏက ပိုများပါတယ်။ ရှုံးသွားတဲ့ ကစားသမားထက်ကို ပိုခံရပါတယ် ။ သရေဆိုရင်လည်း အထိနာပါတယ်။ စိုးလင်းဦးက တနိုင်ငံလုံး အတိုင်းတာ နဲ့ ပရိသတ်များတဲ့ ကစားသမား ဖြစ်ပြီး တစ်နှစ်ပတ်လုံးမှာ ပွဲ အများကြီး ထိုးရလေ့ ရှိပါတယ် ။ တနှစ်အတွင်းမှာ (၉/၁၀) ပွဲထိ ပွဲကစားရပါတယ် ။ နောက်ပိုင်းမှာ ကိုဗစ်နဲ့ နိုင်ငံရေးကာလ တွေ ကလွဲရင် ကျန်တဲ့အချိန်မှာ စိုးလင်းဦး ဟာ ပွဲပြည့်နေပါတယ် ။
၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှာ လက်ဝှေ့ပွဲတွေ အရင်လိုမများတော့ပါဘူး။ စိုးလင်းဦးအပါအဝင် ရိုးရာလက်ဝှေ့သမားတွေလည်း ONE Friday Fights ပြိုင်ပွဲကို သွားကစားနေပြီး ပြည်ပပြိုင်ဘက်တွေကို မွေထိုင်းပွဲကစားရတာပါ။ စိုးလင်းဦးက Masayoshi ၊ Fabio Reis နဲ့ Pongsiri တို့ကို အလဲထိုးပြီး ဒေါ်လာတစ်သိန်းတန် ONE Contract ရရှိခဲ့ပြီး မြန်မာ့ လက်ဝှေ့ ပရိတ်သတ်တွေ တော်တော်ဂုဏ်ယူစရာကောင်းပါတယ်။ အခုဆိုရင် ONE Contract ရပြီး ပထမဦးဆုံး ထိုးခဲ့ရဲ့ နာဘီး နဲ့ပွဲမှာ စိုးလင်းဦး က အရေးနိမ့်ထားပါတယ် ။ အဲတော့ Chatri က စိုးလင်းဦးအတွက် ONE 170 မှာ ဆက်ဆန် နဲ့ ပွဲတည်ပေးထားပါတယ် ။ ONE Contract ရပြီး နိုင်ပွဲ ရဖို့ စိုးလင်းဦး ရော သူ့ပရိတ်သတ် တွေပါ မျှော်လင့် နေကြပါ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ စိုးလင်းဦးရဲ့ ကားအက်စီးဒင့် ကြောင့် ပရိတ်သတ်တွေအတွက် စိတ်ပူစရာအခြေနေဖြစ်ခဲ့ပြီး ပွဲပျက်မလို ထိပါဖြစ်ခဲ့ပါတယ် ။ အခုမှာတော့ စိုးလင်းဦး ဟာ သူ့ရဲ့ Facebook Page ကနေပြီး ကားအက်စီးဒင့် ဖြစ်ခဲ့တာဟာ Minor Injuries သာ ဖြစ်ပြီး သူ့အနေနဲ့ ဒီပွဲစဉ်ကို ပြန်လည် ထိုးသတ်သွားမှာ ဖြစ်တဲ့အကြောင်း ကြေငြာသွားခဲ့ပါတယ် ။ အဲတော့ ကျနော်တို့ ပရိတ်သတ်ကြီးအနေနဲ့ လာမယ့် ဇန်နဝါရီလ မှာ ကစားသွားမယ့် ONE 170 မှာ စိုးလင်းဦး ကို အတူတူအားပေးဖို့ ဖိတ်ခေါ်ရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ ....
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"