အခုရက်ပိုင်း မှာ ချယ်လ်ဆီး အသင်းရဲ့ ယူကရိန်း တောင်ပံ ကစားသမား တားမြစ်ဆေး သုံးစွဲတယ်ဆိုတဲ့စွပ်စွဲချက် နဲ့ အတူ ပွဲပယ်ခံရနိုင်တယ် ဆိုတဲ့ သတင်းတွေက ကြားရတော့ လွန်ခဲ့တဲ့ တစ်နှစ်က ပေါ့ဘာ ရဲ့ ဆေးပြဿနာ ကိစ္စကို သွားသတိရမိသေးတယ် ။ တားမြစ်ဆေး သုံးစွဲလို့ ပြိုင်ပွဲတွေ က ပယ်ခံရတာ ဘောလုံး တစ်ခုတည်းမဟုတ်ဘူး ။ အခြားသော အားကစားနည်းတွေမှာလည်း တားမြစ်ဆေး သုံးစွဲတယ်လို သံသယ ရှိရင်ပဲ ဖြစ်ဖြစ် ဆေးရလဒ် ထွက်ရင်ပဲ ဖြစ်ဖြစ်ပြင်းပြင်းထန်ထန် အရေးယူ ခံရပါတယ် ။ တချို့ သော ကစားသမားတွေ ကို ကစားသမား ဘဝ ကနေပါ အနားယူလိုက်ရတဲ့ အထိ ဖြစ်ပါတယ် ။ ဟုတ်လည်း ဟုတ်တာပဲ ကို တကယ်သာ စစ်ဆေးတွေ့ရှိရင် လေးရာသီ အထိ ပိတ်ပင်ခံရပါတယ် ။
ပေါ့ဘာ ဟာ စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် ဟော်မုန်းဆေးသုံးစွဲမှုကြောင့် အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံး(𝐍𝐀𝐃𝐎)က ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ပေါ့ဘာ က အားကစားခုံရုံး(𝐂𝐀𝐒) ထံ အယူခံဝင်ရာ အောင်မြင်မှုရခဲ့ပြီး ၁၈ လသို့ လျှော့ချပေးကြောင်း အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့ပါတယ် ။
ဒါကြောင့် မို့ ပေါ့ဘာဟာ ဇန်နဝါရီထဲမှာ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်ပြီး မတ်လမှာ ပြန်လည်ကစားခွင့်ရမှာပါ ။ အဲဒီအတွက်ကြောင့် ဂျူဗင်တပ် အသင်းဟာ ပေါ့ဘာ ကို စာချုပ်ဖျက်သိမ်း ခဲ့ပါတယ် ။ ဗြိတိန်အခြေစိုက် 𝐒𝐤𝐲 𝐒𝐩𝐨𝐫𝐭𝐬 သတင်းဌာနနှင့်ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်တစ်ခု မှာ ပေါ့ဘာက ''အဲဒါက ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော်က လိမ်ညာတတ်သူ မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်ရဲ့အားကစားကို ချစ်တဲ့သူပါ။ ကျွန်တော်က ကစားပွဲတွေကို နှစ်သက်ပြီး ဘယ်တော့မှ မလိမ်တတ်ပါဘူး။ ကျွန်တော်က မျှတစွာ အနိုင်ယူရတာကို ကြိုက်ပါတယ်။ ကျွန်တော်က အရှုံးသမား ဆိုပေမဲ့ လိမ်ညာတတ်သူတော့ မဟုတ်ပါဘူး။ ကျွန်တော်က ဖြည့်စွက်စာကို စားခဲ့တာဖြစ်လို့ တာဝန်တချို့တော့ ယူရပါမယ်။ ကျွန်တော် စစ်ဆေးမှုသုံးကြိမ် မလုပ်ခဲ့ပါဘူး။ အဲဒါက ပရော်ဖက်ရှင်နယ်တစ်ယောက်ဆီက ရလာတာလို့ ပြောခဲ့ရင်တောင်မှပေါ့။ ကျွန်တော်အပြစ်ပေးခံရရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ လေးနှစ်ဆိုတာတော့ လုံးဝ မဖြစ်သင့်ပါဘူး'' လို့ ဖွင့်ဟ ခဲ့ပါတယ် ။ ဂျူဗင်တပ်စ်နှင့် ပေါ့ဘာ၏စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ ရှိနေပေမဲ့ အသင်းဘက်ကနေ စာချုပ်ဖျက်သိမ်းသွားတဲ့ အတွက် လက်ရှိ မှာ ပေါ့ဘာ ဟာ အသင်းလက်မဲ့ ဖြစ်ခဲ့ရပါတယ် ။
အာဂျင်တီးနာ ရဲ့ ကမ္ဘာ့ဖလား ချန်ပီယံ လောင်း တစ်ဦး ဖြစ်ပြီး ပါပူဂိုးမက် ဟာလည်း တာမြစ်ဆေး ပြဿနာ ကြောင့် ပဲ ၂၀၂၃ အောက်တိုဘာလ မှာတော့ နှစ်နှစ် ပွဲပယ် ချမှတ်ခံခဲ့ရပါတယ် ။ ဒါကြောင့်ပဲ အသက် ၃၆ နှစ် အရွယ် ရှိနေပြီး ဖြစ်ပြီး ပါပူဂိုးမက်ဇ် ဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပြီး ကစားသမားဘဝမှ အနားယူဖွယ်ရှိနေပါတယ် ။ ပါပူဂိုးမက်ဇ်ဟာ စစ်ဆေးတွေ့ ရှိချိန် မှာ အသက် ၃၅ နှစ်အရွယ် ရှိနေပြီး ၂၀၂၃ နွေရာသီတွင် ဆီဗီလာအသင်းမှ မွန်ဇာအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ် နဲ့ ရောက်ရှိလာတာ ဖြစ်ပြီး နှစ်ပွဲသာ ကစားခွင့်ရထားသေးတာလည်း ဖြစ်ပါတယ် ။ ဆီဗီလာအသင်းမှာ ကစားစဉ် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ် ။ ဆေးကျရှုံးရတဲ့ အဓိကအကြောင်းအရင်း ဟာ ပန်းနာရင်ကျပ်၊ လည်ချောင်းနာနှင့် အဆုတ်ရောဂါများ ကာကွယ်တဲ့ အခါမှာ အသုံးပြုသည့် 𝐓𝐞𝐫𝐛𝐮𝐭𝐚𝐥𝐢𝐧𝐞 သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ် ။
ဂိုးမက်ဇ် ကို ပထမအကြိမ်စီရင်ချက်ချဖို့ 𝐅𝐈𝐅𝐀 (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) က စပိန်တားမြစ်ဆေးတိုက်ဖျက်ရေး ကော်မရှင်ဆီ အကြောင်းကြားထားပါတယ်" ဟု မွန်ဇာအသင်း၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ။ပါပူဂိုးမက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းတွင် ပါဝင်ခဲ့ပြီး ဆော်ဒီအသင်းနှင့် အုပ်စုအဖွင့်ပွဲ၊ သြစတြေးလျအသင်းနှင့် ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်တွေမှာ ပွဲထွက်အဖြစ် ကစားခွင့်ရခဲ့ပါတယ် ။ ဒါကြောင့်မို့ တားမြစ်ဆေးပြဿနာနှင့် ရင်ဆိုင်ရတဲ့အတွက်ကြောင့် မလို့ ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် ယူရိုပါလိဂ်ချန်ပီယံဆုများ ပြန်လည်ရုပ်သိမ်းခံရဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ် ။ ပွဲပယ်ပြစ်ဒဏ်မှာ (၂)နှစ်ဖြစ်သောကြောင့် ၂၀၂၅ အောက်တိုဘာလ မှ ပြန်ကစားခွင့် ရမှာ ဖြစ်တဲ့အတွက် ကြောင့်မလို့ ကစားသမားဘဝမှ အနားယူဖွယ်ရှိနေတာလည်း ဖြစ်ပါတယ် ။
ပြင်သစ်အိုးပင်းန်ချန်ပီယံ ကမ္ဘာ့အဆင့်(၂)တင်းနစ်မယ် အီဂါရှဝမ်တက်ခ်ဟာ တားမြစ်ဆေးသုံးထားကြောင်း စစ်ဆေးတွေ့ရှိလို့ ပွဲယှဉ်ပြိုင်ခွင့် တလ ဆိုင်းငံ့ခံရပြီး သူဟာ အဲဒီလိုဆိုင်းငံ့မှုကို လက်ခံခဲ့ပါတယ် ။ တားမြစ်ဆေးသုံးကြောင်း တွေ့ရှိမှုဖြစ်စဉ်မှာ သူမ ဟာ တမင်ရည်ရွယ်ချက်ရှိရှိ သုံးစွဲခဲ့တာ မဟုတ်ဘဲ မတော်တဆ ဖြစ်သွားခဲ့တာဖြစ်ကြောင်း နိုင်ငံတကာ တင်းနစ်သမာဓိအေဂျင်စီ (𝐈𝐓𝐈𝐀) ထံ တင်ပြပြောဆိုခဲ့တဲ့နောက် အီဂါရှဝမ်တက်ခ်ဟာ ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်မခံရဘဲ တလ ဆိုင်းငံ့ခံရမှုနဲ့ပဲ ပြီးသွားခဲ့ တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ ပိုလန်တင်းနစ်မယ် ရှဝမ်တက်ခ်ဟာ ယခုနှစ် ဩဂုတ်လက ဆေးစစ်မှုနမူနာတခုမှာ တားမြစ်ထားတဲ့ ဆေးတမျိုးဖြစ်တဲ့ 𝐭𝐫𝐢𝐦𝐞𝐭𝐚𝐳𝐢𝐝𝐢𝐧𝐞 (𝐓𝐌𝐙) သုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကမ္ဘာ့စံတော်ချိန် ဇုန်တခုကနေ အလွန်ခြားနားတဲ့ အခြားတခုကို လေယာဉ်နဲ့ ရုတ်ခြည်း ကူးရောက်သွားလာရာမှာ ခံစားရတတ်တဲ့ ကိုယ်လက် ပင်ပန်းမှုနဲ့ အိပ်စက်မှု ပြဿနာတွေအတွက် ကစားသမား သောက်သုံးခဲ့တဲ့ ပိုလန်မှာပဲ ထုတ်လုပ်ရောင်းချတဲ့ ဆေးဝါးတမျိုးမှာ တားမြစ်ထားတဲ့ ပါဝင်ပစ္စည်း ပါဝင်နေမှုကြောင့် အခုလိုဖြစ်တာဖြစ်ကြောင်း 𝐈𝐓𝐈𝐀 က လက်ခံခဲ့ပါတယ်။
“ဒါကြောင့် ချိုးဖောက်မှုက တမင်ရည်ရွယ်ချက် မပါပါဘူး။ ကစားသမားရဲ့ အပြစ်လယ်ဗယ်က ‘သိသာထင်ရှားတဲ့ အပြစ်(အမှား) ဒါမှမဟုတ် ပေါ့ဆမှု’ ဆိုင်ရာ အစဉ်အတိုင်းအတာရဲ့ အနိမ့်ဆုံးမှာ ရှိပြီး အသေးအဖွဲ့သာဖြစ်တယ်လို့ သုံးသပ်ခဲ့တယ်”ဟု ထုတ်ပြန်ခဲ့ပြီး ဂရန်းစလမ်းအကြိမ် ငါးဆုရှင် ရှဝမ်တက်ခ်ဟာ တလ ဆိုင်းငံ့မှုကို လက်ခံခဲ့ပါတယ်။သူမဟာ စက်တင်ဘာ ၁၂ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ယာယီအားဖြင့် ဆိုင်းငံ့ခံခဲ့ရပြီး အဲဒီကာလအတွင်းမှာ ပြိုင်ပွဲ သုံးခုကို လွဲချော်ခဲ့ရပါတယ်။ တလဆိုင်းငံ့မှုကို လက်ခံခဲ့တဲ့အတွက် ဆိုင်းငံ့မှုရဲ့ လက်ခံ ခဲ့ အပြီး ဒီဇင်ဘာလအစောပိုင်းမှာ ပြိုင်ပွဲပြန်ပြိုင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ် ။ဒါ့အပြင် သူမဟာ ကမ္ဘာ့ နံပါတ်(၁)တင်းနစ်မယ် အရီနာ ဆာဘယ်လန်ကာကို ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရှုံးတဲ့ စင်စင်နာတီ အိုးပင်းန်ပြိုင်ပွဲကနေရမယ့် ဆုကြေးကိုလည်း လက်လွှတ်ခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ကစားသမား မူဒရပ်ခ် ရဲ့ ဆီးနမူနာကနေ တားမြစ်ဆေး အသုံးပြုခဲ့တယ်ဆိုပြီး ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ကြားရတဲ့သတင်းတွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလ ဆေးစစ်မှုအစီအစဉ်မှာ မူဒရပ်ခ် ရဲ့ပထမဆီးနမူနာ (𝐬𝐚𝐦𝐩𝐥𝐞 𝐀) ထဲမှာ တားမြစ်ဆေး 𝐦𝐞𝐥𝐝𝐨𝐧𝐢𝐮𝐦 တွေ့ ရှိခဲ့တယ်လို့ သိရပါတယ် ။ ဒုတိယ ဆီးနမူနာ (𝐬𝐚𝐦𝐩𝐥𝐞 𝐁) ရဲ့ အဖြေကို စောင့်ပြီး 𝐬𝐚𝐦𝐩𝐥𝐞 𝐁 မှာ မတွေ့ရင် ဒီပြဿနာတွေကနေ မူဒရပ်ခ် တစ်ယောက် ကင်းလွတ်ခွင့်ရမှာပါ ။ ဒုတိယ ဆီးနမူနာမှာ ထပ်ပြီးတွေ့ခဲ့ ရင် ပေါ့ဘာ လိုပဲ မူဒရပ်ခ် တစ်ယောက် လေးရာသီ ပွဲပယ်ခဲ့ရမှာပါ ။အခုထိတော့ မူဒရပ်ခ် ကို တားမြစ်ဆေး သုံးစွဲခဲ့တယ်ဆိုပြီး စွဲချက်မတင်ရသေးပါဘူး ။ မူဒရပ်ခ် ကိုယ်တိုင် ကလည်း တားမြစ်ဆေးတွေကို လုံးဝမသုံးစွဲပါဘူးလို့ ငြင်းဆိုထားခဲ့ပါတယ် ။ အခုအချိန်ထိ ချယ်လ်ဆီးအသင်းကလည်း မူဒရပ်ခ် ဘက်မှာ ရှိနေကြောင်း ကြေငြာချက်ထုတ်ပြန်ထားခဲ့ပါတယ် ။
အားကစားသမားတွေကို ပိတ်ပင်ထားတဲ့ တားမြစ်ဆေးဝါးတွေကို ယေဘူယျအားဖြင့် ‘စွမ်းဆောင်ရည် မြင့်တက်လာအောင် ကူညီပေးတဲ့ ဆေးဝါးများ (𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐞𝐧𝐡𝐚𝐧𝐜𝐢𝐧𝐠 𝐝𝐫𝐮𝐠𝐬)’ လို့ ခေါ်ပါတယ် ။ ကိုကင်း၊ စိတ်ကြွဆေးတွေလို မူးယစ်ဆေးဝါးတွေကနေ ရောဂါကုသရာမှာ သုံးစွဲတဲ့ စတီးရွိုက်ဆေးတွေ၊ ယောင်္ကျား ဟော်မုန်းဆေးတွေ၊ ဆီးဆေးတွေ၊ နှလုံးရောဂါကုသဆေးတွေ၊ သွေးအားကောင်းစေတဲ့ဆေးတွေ ပါဝင်ပါတယ် ။
မူဒရပ်ခ် ရဲ့ ဆီးနမူနာထဲမှာတွေ့တဲ့ 𝐦𝐞𝐥𝐝𝐨𝐧𝐢𝐮𝐦 က နှလုံးသွေးကြောကျဉ်း ရောဂါကုသဆေးတစ်မျိုး ဖြစ်ပါတယ် ။ ၁၉၉၀ ခုနှစ်လွန် ကာလတွေကစပြီး အားကစားလောကထဲက တားမြစ်ဆေး ပြဿနာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာခဲ့ရာမှာ တခါတလေ ကစားသမားကိုယ်တိုင် မသိလိုက်ပဲ တားမြစ်ဆေးပြဿနာနဲ့ ငြိစွန်းတာတွေလည်း ရှိတတ်ပါတယ် ။ ဥပမာအနေနဲ့ဆိုရင် ၂၀၀၄ ခုနှစ်၊ ဂရိနိုင်ငံမှာ ကျင်းပတဲ့ အေသင် အိုလံပစ်မှာ မြန်မာပြည်က အလေးမကစားမယ်တစ်ယောက် အဆင့် (၄) ချိတ်ပါတယ် ။ဆေးစစ်တဲ့အဖြေ ထွက်လာတဲ့အခါမှာ တားမြစ်ဆေး သုံးစွဲတယ်ဆိုပြီး ပြိုင်ပွဲက ထုတ်ပယ်ခံခဲ့ပါတယ်..။ အဲဒီ ပြဿနာဖြစ်တုန်းက ပြိုင်ရမယ့်နေ့မတိုင်ခင် နေမကောင်းဖြစ်လို့ ဆိုပြီး သူ့ကိုတိုင်းရင်ဆေး တိုက်လိုက်ပါတယ် ။ အဲဒီ တိုင်းရင်းဆေးထဲမှာ တားမြစ်ထားတဲ့ စတီးရွိုက် ပါနေတယ် လို့ ဆိုပါတယ် ။
တကယ်တမ်း တားမြစ်ဆေး ပြဿနာဟာ အရှေ့ဂျာမနီကနေ စတာပါ ။ အိုလံပစ်ပြိုင်ပွဲတွေဆိုရင် အရှေ့ဂျာမနီက ဆုတွေအများကြီးရအောင် လို့ အားကစားအဖွဲ့ချုပ် ကိုယ်တိုင်က ကစားသမားတွေကို စနစ်တကျ တားမြစ်ဆေးတွေကျွေးပြီး ဆုတွေရအောင် ဖြတ်လမ်းနည်း သုံးခဲ့တာပါ ။ နောက်တော့ ၂၀၁၇ ခုနှစ်မှာ ရုရှားအားကစားအဖွဲ့ချုပ်ရဲ့ အားကစားသမား (၁,၀၀၀) ကျော်အထိ ဆေးကျခဲ့တဲ့ တားမြစ်ဆေး ပြဿနာ ဖြစ်ခဲ့ပါတယ်။
အခုမူဒရပ်ခ် ရဲ့ တားမြစ်ဆေး ပြဿနာမှာ ကနဦးသတင်းတွေအရ ယူကရိန်းအသင်းနဲ့သွားရောက်စဉ်က ဖြစ်လာခဲ့တယ်လို့ ကောက်ချက်ချထားတာ ဖြစ်တဲ့အတွက် ချယ်လ်ဆီးအသင်း ဆေးအဖွဲ့နဲ့ မသက်ဆိုင်တဲ့ပုံပါပဲ ။ ကစားသမားရဲ့ ဒုတိယ 𝐬𝐚𝐦𝐩𝐥𝐞 အဖြေကို စောင့်ပြီးမှသာ ပြဿနာရဲ့ အတိမ်အနက် ပြောနိုင်မှာ ဖြစ်တာကြောင့် ကွင်းလုံးကျွတ်လွတ်ကင်းပါစေ လို့ ဆုတောင်းပေးရင်း နဲ့ ဒီဆောင်းပါးလေး အဆုံးသတ်ပေးလိုက်ပါတယ် ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
#MMMedia
#papugoomez
#mudryk
#Pogba