လက်ရှိကာလမှာ ထိုင်းလိဂ်၊ မလေးရှားလိဂ်စသဖြင့် အိမ်နီးချင်းလိဂ်တွေဆီက တန်းအသီးသီးမှာရှိတဲ့ ကလပ်တွေဆီ တော်တော်ကို သွားရောက်ကစားလာနေကြပါပြီ။ အောင်သူဆိုရင် ထိုင်းကလပ် ဘူရိ ယမ်အသင်းနဲ့ ထိုင်းပရီးမီးယားလိဂ်၊ ထိုင်းအက်ဖ်အေဖလား၊ ထိုင်းလိဂ်ဖလားတို့ကို ကိုင်မြှောက်ဖူးသလို ကျော်ကိုကိုဟာလည်း ထိုင်းချန်ပီယံဖလားကို ချင်းရိုင်အသင်းနဲ့ ကိုင်မြှောက်ဖူးနေပါပြီ။
ဒါပေမဲ့ မြန်မာကစားသမားတွေအတွက် အတိတ်တုန်းကတော့ ပြည်ပထွက်ကစားဖို့ဆိုတာ ဒီ လောက်မလွယ်ခဲ့ဘဲ ပြည်ပထွက်ကစားတဲ့အတွက် ပြဿနာတွေဖြစ်ခဲ့ရတဲ့ကစားသမားတွေအထိ ရှိခဲ့ဖူးပါတယ်။ အဲဒီလို အစောပိုင်းကတည်းက ပြည်ပထွက်ပြီး ကစားခဲ့ဖူးတဲ့ မြန်မာကစားသမားတစ် ချို့ကို ဒီနေရာမှာ ဖော်ပြသွားချင်ပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို ပထမဆုံးကို ထွက်ကစားတဲ့ ကစားသမားကို ပြပါဆိုရင် ဒီနေ့လူငယ် တွေ ကြားဖူးချင်မှ ကြားဖူးတော့မဲ့ကစားသမားတစ်ဉီးနာမည်ကို ပြောရမှာဖြစ်ပါတယ်။ သူကတော့ အောင်ထွန်းထွန်းပါပဲ။ အောင်ထွန်းထွန်းဟာ ရန်ကုန်တိုင်းအသင်းကနေ ပေါ်ထွက်လာတဲ့ကစားသ မားဖြစ်ကာ မြန်မာ့လက်ရွေးစင်အသင်းဆီကို ပြည်နယ်နဲ့တိုင်းချန်ပီယံအသင်းဖြစ်တဲ့ ရန်ကုန်တိုင်း အသင်းကနေ ရောက်ရှိလာခဲ့တာပါ။ မြန်မာ့လက်ရွေးစင်အသင်းအတွက် ဆီးဂိမ်းအပါအဝင် ထိုင်းဘု ရင့်ဖလားတွေကို သွားရောက်ကစားပေးခဲ့ပြီး ထိုင်းဆိပ်ကမ်းအသင်းနဲ့ အချိတ်အဆက်ရကာ ပြည်ပ ထွက် ကစားခဲ့ပေမဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်က ပြည်ပထွက်ကစားခွင့် ခွင့်ပြုချက်မထုတ်ပေးခဲ့ဘဲ ဆိုင်းငံ့ထားခဲ့တာကြောင့် ပထမနှစ်မှာ ထိုင်းဆိပ်ကမ်းအသင်းနဲ့ လေ့ကျင့်ခန်းသာဆင်းနေနိုင်ခဲ့ပါ တယ်။ နောက်ပိုင်းမှသာ ကစားခွင့်ရရှိခဲ့ပြီး ထိုင်းဆိပ်ကမ်းအသင်းမှာ ၇ နှစ်ကြာကစားခဲ့ပါတယ်။ အဲ ဒီအပြင် မလေးရှားနိုင်ငံက ဆီမီးပရိုလိဂ်ကို စတင်တဲ့အချိန်မှာ မလေးရှားကလပ် ပါးလစ်ကို ၃ ရာသီ ကြာသွားရောက်ကစားခဲ့ပါသေးတယ်။ အဲဒီနောက် ပြင်သစ်ကလပ် မာဆေးလ်အသင်းမှာ လေ့ကျင့် ခန်းပူးတွဲဆင်းကာ ဘောလုံးပညာနဲ့ နည်းပြပညာတွေကို သင်ယူခဲ့ပြီး ထိုင်းဆိပ်ကမ်းအသင်းဆီပြန် ရောက်လာကာ လူငယ်အသင်းနည်းပြအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အောင်ထွန်းထွန်းဟာ သူ့ခေတ်ကတော့ သူ့ရဲ့ ဆံပင်ပုံစံကြောင့် မြန်မာရုဒ်ဂူးလစ်လို့ နာမည်တွင်ခဲ့သူပါ။
အဲဒီနောက် ဆက်လက်ဖော်ပြရမှာကတော့ အောင်သူနဲ့ ကျော်ကိုကိုတို့မတိုင်ခင်က ပြည်ပကို ထွက် ကစားရင်း အောင်မြင်မှုဆုဖလားရယူခဲ့ဖူးတဲ့ ကစားသမားနှစ်ဉီးပါ။ သူတို့ကတော့ ကြည်လွင်နဲ့ အောင်နိုင်တို့ပါပဲ။ သူတို့က ပဲရက်ခ်အသင်းမှာ ကစားခဲ့ကြတာဖြစ်ပါတယ်။ မလေးရှား အက်ဖ်အေ ဖလားဖိုင်နယ်ပွဲစဉ်မှာ အဲဒီခေတ်ကာလ မလေးရှားရဲ့ နာမည်ကြီးကလပ်ဖြစ်တဲ့ စလမ်းဂေါလ်အ သင်းနဲ့ ရင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။ ၄-၂ နဲ့ အနိုင်ရကာ ဗိုလ်စွဲခဲ့ပြီး မလေးရှား အက်ဖ်အေဖလား ကို နှစ်ဉီးစလုံး ကိုင်မြှောက်နိုင်ခဲ့ကြသလို အောင်နိုင်က အဲဒီပွဲအတွက် အရေးပါတဲ့ ဂိုး ၂ ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ပထမ တစ်ဂိုးကတော့ စလမ်းဂေါလ်က ၂-၀ နဲ့ ဉီးဆောင်နေတဲ့အချိန်မှာ ပထမဆုံး ချေပဂိုး ပြန်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့ ၂-၂ ဖြစ်သွားအပြီးမှာ ပဲရက်ခ်အတွက် ဉီးဆောင်ဂိုးကို ပထမဆုံး သွင်းယူပေးခဲ့တာပါ။ သူတို့ဟာ ပြည်ပမှာ ထွက်ကစားပြီး ဆုဖလားအောင် မြင်မှုရခဲ့တဲ့ မြန်မာကစားသမားတွေအဖြစ် မှတ်တမ်းတင်ထားရမယ့်သူတွေပါပဲ။ ကြည်လွင်ဟာ ၁၉၉၆ ခုနှစ်မှာ တရုတ်ကလပ်အသင်းဖြစ်တဲ့ ယူနန်တန့်ယန်းအသင်းဆီကိုလည်း သွားရောက်ကစား ခဲ့ဖူးပါတယ်။ သူတို့နှစ်ဉီးစလုံးရဲ့ မလေးရှားလိဂ်က စွမ်းရည်တွေနဲ့ ပဲရက်ခ်အသင်းအတွက် ပြသခဲ့တဲ့ ခြေစွမ်းတွေကို အဲဒီခေတ်က မလေးရှား သတင်းစာတွေကတောင် တခုတ်တရချီးကျူးရေးသားခဲ့ကြ ဖူးတယ်လို့ မှတ်သားခဲ့ရပါတယ်။
သူတို့နောက် ဆက်တိုက်ဆိုသလို ပြည်ပထွက်ကစားလာကြတာကတော့ မြန်မာ့ငွေခေတ်ရဲ့ နာမည် ကျော် တြိဂံအတွဲဖြစ်တဲ့ သန်းတိုးအောင်၊ တင်မြင့်အောင်၊ မျိုးလှိုင်ဝင်းတို့အတွဲပါပဲ။ သူတို့ ၃ ဉီးစလုံး ဟာ မလေးရှားကလပ်အသင်းတစ်သင်းဖြစ်တဲ့ မလေးရှားအာမီအသင်းဆီကို ပြောင်းရွှေ့ကာ အတူ တကွ ကစားခဲ့ကြတာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာတော့ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းမှာ မြန်မာကစားသမားတွေ ပြည်ပသွားကစားရေးဟာ လုံးဝကင်းပြတ်နေခဲ့ပြီး မြန် မာကစားသမားတွေ ပြည်ပထွက်ကစားတယ်ဆိုတာ အိပ်မက်တစ်ခုလိုပဲ ပြန်လည်ဖြစ်သွားခဲ့ပါ တယ်။ မြန်မာနေရှင်နယ်လိဂ်ကို စတင်ထူထောင်ပြီး မြန်မာကစားသမားအများအပြား ပေါ်ထွက် လာခဲ့တဲ့နောက်ပိုင်းမှာတော့ ပြည်ပထွက်ကစားတဲ့ကစားသမားတွေ ပေါ်ပေါက်လာဉီးမလားဆိုတဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အဲဒီမျှော်လင့်ချက်တွေဟာ ကျော်ကိုကိုရဲ့ အ ပြောင်းအရွှေ့ကနေ ပြန်လည်အသက်ဝင်လာပါတော့တယ်။ ကျော်ကိုကိုဟာ ၂၀၁၈ ခုနှစ်မှာ ချင်း ရိုင်အသင်းဆီကို အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဆူမက် ပရာခန်စီးတီးအသင်း ဆီကို အငှားထပ်မံသွားခဲ့ပြန်ပါတယ်။ အဲဒီနောက် ဆူခိုထိုင်း၊ ချင်းမိုင်ယူနိုက်တက်စတဲ့ ကလပ်အသင်းတွေအများကြီးကို ဆက်လက်ပြောင်းရွှေ့ကစားနေခဲ့ပါတယ်။
သူ့နောက်မှာတော့ အောင်သူ၊ ဇော်မင်းထွန်း၊ မောင်မောင်လွင်စတဲ့ လက်ရွေးစင်အသင်းက နာမည် ကျော်ကစားသမားတွေ အပါအဝင် မြန်မာကစားသမားအများအပြား နိုင်ငံခြားကလပ်တွေမှာ ထွက် ကစားနေကြပါပြီ။ ဩစတြေးလျ၊ ဒါဝင်မှာ အခြေစိုက်ထားတဲ့ ဆီမီးပရိုအသင်း မင်ဒေးလ်အေ့စ်မှာ ကစားနေတဲ့ မြန်မာကွင်းလယ်ကစားသမား သန်းဉီးအပါအဝင် ကမ္ဘောဒီယားလိဂ် ဖနွမ်းပင်ခရောင်းမှာ စိုးမိုးကျော်၊ ဒိန်းမတ်ကလပ်အသင်း 𝐎𝐊𝐒 မှာ ချင်းလူမျိုး ဗန်သောင်၊ နယူးဇီလန်နေရှင်နယ်လိဂ်က လပ် ခရစ်ချာ့ဒ်ယူနိုက်တက်မှာ ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမား တာအယ်ဒိုးအစရှိသဖြင့် ကစားသမားပေါင်းများစွာဟာ နိုင်ငံရပ်ခြားမှာ ကစားနေကြပြီဖြစ်သလို ထိုင်းလိဂ်မှာဆိုရင်လည်း မြန်မာကစားသမားပေါင်းများစွာရောက်ရှိလို့နေပါပြီ။ မြန်မာကစားသမားတွေအတွက်တော့ ဝေးလံလှတဲ့ ခရီးကြမ်းတစ်ခုဖြစ်ပေမဲ့ ရှေ့ဆက်ပြီး ဒီထက်ပိုအဆင့်မြင့်တဲ့ လိဂ်တွေကို ဘယ်သူတွေရောက်ရှိသွားဉီးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"