အားကစားသတင်းများ

ခရစ္စမတ်ကာလမှာ ပျော်ရွှင်မှုနဲ့ဝေးကွာနေတဲ့ မန်ချက်စတာ အသင်းတွေ

blog image

December 29, 2024

ခရစ္စမတ်ကာလမှာ ဆန်တာကလော့ပ်ကြီးက အားလုံးအတွက် လက်ဆောင်တွေနဲ့လာခဲ့တယ်ဆိုရင် မန်ချက်စတာအသင်း နှစ်သင်းကိုတော့ သူ မတော်တဆ ကျော်သွားခဲ့မိတယ်လို့ ပြောရမှာပါ။ ခရစ္စမတ်ကာ လတွေမှာ မန်ချက်စတာအသင်းတွေဟာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေကြပါတယ်။ ဆိုးတာမှ နှစ်သင်းလုံးအခြေအနေက ပြောစရာဖြစ်လောက်အောင်ကို ဖြစ်နေတာပါ။
မန်စီးတီးနဲ့ ဂွါဒီယိုလာတို့ လူစု နိုင်ပွဲဆိုတာကို ဘာလဲမေးနေရတာ တော်တော်ကြာလာခဲ့ပါပြီ။ သူတို့ အသင်းအဓိကကစားသမားတွေ ဒဏ်ရာရနေလို့လို့ ပြောနိုင်ပေမဲ့ နောက်ပိုင်း ကိုဗာချစ် ပြန်ပါလာ တော့လည်း အခြေအနေက သိပ်မထူးလာသေးတာ မန်စီးတီးအတွက် ဆိုးပါတယ်။ ခြေစွမ်းပိုင်းမှာတော့ တက်ရိပ်ပြလာပေမဲ့ ရလဒ်တွေကတော့ မထူးခြားသေးပါဘူး။
နောက်ဆုံး ဖောရက်စ်ကို နိုင်ထားတာက လွဲရင် ကျန်တဲ့အသင်းတွေ အားလုံးကို အနိုင်မယူထားနိုင်ပါဘူး။ ယုတ်စွအဆုံး ပုလင်းတူ ဘူးဆို့ဖြစ်နေ တဲ့ မန်ယူနိုက်တက်ကိုတောင် ရှုံးပစ်လိုက်ပါသေးတယ်။ အဲဗာတန်နဲ့ပွဲမှာ ပထမပိုင်းခြေစွမ်းနဲ့ ဂိုးလည်းရ ထားတာကြောင့် နိုင်ပြီလို့ ထင်လိုက်ပေမဲ့ ချေပဂိုးပြန်ပေးလိုက်ရပြီး သရေနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ ဟာလန်းကလည်း ပင်နယ်တီပါ မဝင်တော့တာကြောင့် ဖိအားတွေ ပိုများလာခဲ့ရပါတယ်။ လုပ်ပြနိုင်နေတုန်းက ချီးကျူး ထားသမျှတွေကြောင့် အခုတော့ ဟာလန်းလည်း အတိုးနဲ့ ဝေဖန်ခံနေရပါတယ်။
ဒါပေမဲ့ စီးတီးထက် ပိုဆိုးနေတာက မန်ယူနိုက်တက်တို့ပါ။ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ နည်းပြလုပ်သူ အမိုရင်ဟာ ချာလပတ်လည်လိုက်နေပါတယ်။ မန်စီးတီးကိုတော့ နိုင်ခဲ့ပေမဲ့ အဲဒီပွဲပြီး လိုက်ကတည်းက တောက်လျှောက်ကို ပြဿနာတက်နေတာပါပဲ။ စီးတီးပြဿနာက အချိန်တန်ရင် အဖြေရှာလို့ တွေ့သွားလိမ့်မယ်လို့ ယူဆနိုင်ပေမဲ့ ယူနိုက်တက်ပြဿနာက အဲဒီလိုမဟုတ်ပါဘူး။ ဒီ တောင်ကိုတော့ ကျော်နိုင်ပါ့မလားဆိုတဲ့ အနေအထားပါပဲ။ ရောက်လာလို့ ၂ လပြည့်သေးခင် အမို ရင်တစ်ယောက် ရှယ်ပလန်နဲ့ ဖိအားတွေအောက်ရောက်နေတာပါ။
နိုဝင်ဘာ ၁၁ မှာရောက်လာခဲ့ပြီး အခုဆိုရင် တစ်လကျော်လောက်ပဲ အသင်းကို ကိုင်ထားရသေးပေမဲ့ သူရောက်လာတဲ့အချိန်ကာလက ပွဲတွေအရမ်းကြပ်ပြီး ပွဲတွေအရမ်းဆက်နေတဲ့အချိန်ဖြစ်တာ ကြောင့် သူလည်း လုပ်ရကိုင်ရအရမ်းခက်နေတဲ့ပုံပေါ်ပါတယ်။ ၃ ရက်တစ်ပွဲလောက်ကို ဆက်တိုက် ကစားနေရတဲ့အချိန်မှာ သူ့စနစ်အောက်ကို အသွင်ပြောင်းနိုင်ဖို့ လုံလောက်တဲ့လေ့ကျင့်ချိန်မှ ရရဲ့ လားဆိုတဲ့ ပြဿနာကိုလည်း မြင်ရပါတယ်။ ယူနိုက်တက်က ပြဿနာတွေနဲ့ ထူပြောနေတာတော့ ကြာပါပြီ။ အခုလည်း နောက်တန်းမှာ ခံစစ် အစွန်လူအဖြစ်တောင် ကစားဖို့ လုံလောက်အောင် ကောင်းတဲ့ ကစားသမား မလုံလောက်တဲ့အချိန် ခံစစ်ကူတောင်ပံကစားသမားပုံစံ ကစားနိုင်တဲ့ ကစားသမားက မရှိပါဘူး။ မာဇရာဝီကလည်း အဆင် ပြေရုံကစားနိုင်သလို ဒါလော့ကတော့ မရဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြထားပါတယ်။ ဒါလော့မရ သလို မလားစီးယားလည်းမရပါဘူး။ လုခ်ရှောကတော့ နာနေပါတယ်။
ကက်စမဲရိုးနဲ့ အဲရစ်ဆင်မှာ လုံလောက်တဲ့ သက်လုံနဲ့ လုပ်အားမရှိတော့တာကြောင့် ပွဲထွက်ကစားသ မားတွေအဖြစ် သုံးလို့မရသလို ကိုဘီမိုင်နူးကလည်း ဒဏ်ရာကနေ ပြန်လာကတည်းက ကြံ့ခိုင်မှုပိုင်း ရော ခြေစွမ်းပိုင်းပါ ကျနေပါတယ်။ ဒီကြားထဲ မေဆန်မောင့်က မတ်လလောက်အထိ နားရမယ့်ဒဏ် ရာပြန်ရသွားတဲ့အခါ အမိုရင်အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ဘဲ သူ့လက်ထက် အစောပိုင်းပွဲတွေမှာ ခံစစ်ကူ တောင်ပံအဖြစ် ကောင်းကောင်း အလုပ်လုပ်ပြထားတဲ့ အာမက် ဒီယာလိုကို ညာခြမ်းနောက် ချန်တိုက်စစ်အဖြစ် သုံးနေရပါတယ်။ ရက်ဖို့ဒ်နဲ့ကလည်း ပြဿနာတွေဖြစ်ထားသလို၊ ဂါနာချိုက လည်း ဒီရာသီ အစကတည်းက သိသိသာသာ ကျနေတာပါ။ အခြေအနေကတော့ ဂွါဒီယိုလာနဲ့ အမိုရင်တို့ ဘယ်သူက ပိုဆိုးသလဲ ပြိုင်နေရသလိုပါပဲ။ ခရစ္စမတ်နဲ့ နှစ်ကူးကာလအကြပ်ကြီးကို မြန်မြန်နဲ့ အတတ်နိုင်ဆုံး အဆိုးနည်းနည်း ကျော်ဖြတ်ပြီး ဆောင်းရာသီ အပြောင်းအရွှေ့မှာ လူအင်အားဖြည့်တင်းမှုတွေ လုပ်ဖို့က အခုချိန် သူတို့ရဲ့ ဆန္ဒတွေ ဖြစ်နေလောက် မှာပါ။
မန်စီးတီးကတော့ သူတို့အနေနဲ့ ပြဿနာက ရှင်းပါတယ်။ အသက်အရွယ်ကြောင့် အရင်လို မဟုတ် တော့တဲ့ ဒီဘရိုင်းနေရာနဲ့ ဒဏ်ရာကြောင့်လွဲနေတဲ့ ရိုဒရီတို့နေရာမှာ ကစားသမားတွေ ထပ်ဖြည့် လိုက်နိုင်ရင် သူတို့ရဲ့ လက်ရှိကစားပုံနဲ့ ပြန်ပြီး တက်လာမှာပါ။ ဟာလန်းဆိုတာကလည်း ဂိုးပေါက် ပြန်ရှာတွေ့သွားရင် အရှိန်ရသွားမှာဖြစ်သလို သူ့ကို ဖန်တီးပေးနိုင်တဲ့သူရှိလာရင် သူ လုပ်နိုင်ကိုင် နိုင်လာမှာပါ။ဖြစ်နိုင်ရင်တော့ ကိုင်းလ်ဝေါ်ကာနေရာကိုပါ ဖြည့်ရမှာဖြစ်ပြီး မန်စီးတီးမှာ အရွယ်ရ ကစားသမားတွေများလာနေတာကိုလည်း ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ဘာနာဒိုဆေးဗားတို့၊ ဂန်ဒိုဂန်တို့ဆိုတာလည်း မငယ်တော့ပါဘူး။ ဒါပေမဲ့ သူတို့ လိုအပ်သလောက်ကိုတော့ ဒီဆောင်းရာသီ ဈေးကွက်တစ်ခုတည်းမှာ အပြောင်းအရွှေ့လုပ်လို့ရဖို့ မလွယ်ပါဘူး။ ဆောင်းရာသီမှာက အသင်း တွေဟာ သူတို့ လက်ရှိပုံစံကောင်းပြနေတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ အာသီသမရှိကြတာ များပါတယ်။ ဒါကြောင့် ရောင်းရင်လည်း ဈေးကို တော်တော်ပေးရမှာပါ။
ယူနိုက်တက်လည်း ထို့အတူပါပဲ။ ရက်ဖို့ဒ်ကို ထုတ်မယ်ဆိုရင်တောင် ဘယ်ခြမ်းနဲ့ ညာခြမ်း တောင်ပံ တွေ၊ နောက်ချန်တိုက်စစ်တွေမှာ ကစားနိုင်တဲ့သူတွေ၊ ကွင်းလယ်ဗဟိုကစားသမားတွေနဲ့ ခံစစ်ကူ တောင်ပံကစားသမားတွေ လိုအပ်နေတဲ့အခါကျတော့ အများဆုံး ၂ နေရာလောက်ပဲ ခေါ်လို့ရမယ့် ဇန်နဝါရီမှာ လွယ်တော့မလွယ်ပါဘူး။ ဖြစ်နိုင်စရာရှိတာကတော့ ခံစစ်ကူတောင်ပံ 𝐖𝐢𝐧𝐠𝐛𝐚𝐜𝐤 နဲ့ ကွင်းလယ်ဗဟိုကစားသမား တစ်ယောက်လောက်ကိုပဲ ခေါ်ဖို့ များပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများပျော်ရွှင်နေတဲ့ ခရစ္စမတ်ကာလကြီးမှာ မန်ချက်စတာအသင်းနှစ်သင်းက တော့ ပျော်ရွှင်ခွင့်မရလိုက်ပါဘူး။ သူတို့ရဲ့ပျော်ရွှင်မှုဆိုတာကလည်း ဆုတောင်းရုံနဲ့မရဘဲ သူတို့ ကိုယ်တိုင် နေရာအစုံက ကြိုးစားမှ ပြန်ရောက်လာမှာပါ။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

Related Sports News