အားကစားသတင်းများ

လူးဝစ်ဖီဂို - ပေါ်တူဂီ ဂန္ထဝင် ဘောလုံးကြယ်ပွင့်

blog image

December 16, 2024

သမိုင်းထဲမှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေ များစွာထဲမှာ မှ ဒီနေ့ မှာတော့ ထူးချွန်ပြောင်မြောက် တဲ့ ဘောလုံးစွမ်းရည် နဲ့ အတူ နိုင်ငံ့ သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့သည်အထိ ထူးချွန်တဲ့ ဂန္ထဝင် တစ်ဦးဖြစ်တဲ့ လူးဝစ်ဖီဂို အကြောင်းကို ပြောပြပေးသွားချင်ပါတယ် ။ လူးဝစ်ဖီဂိုကတော့ ဘောလုံးသမိုင်းစာမျက်နှာမှာ အတိအကျ နေရာယူထားတဲ့ ပေါ်တူဂီဂန္ထဝင်တစ်ဦးပါပဲ။ သူ့အကြောင်းကိုစာအနေနဲ့ ဖတ်ရ မယ်ဆိုရင် ရိုးရိုးသာမန် ဘဝ မှ မျှော်လင့်ချက်တစ်ခုနဲ့ အောင်မြင်မှုရောက်အောင် ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပရိတ်သတ် တွေနားလည်နိုင်မှာပါ ။ လူးဝစ်ဖီဂိုဟာ ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ပေါ်တူဂီနိုင်ငံ လစ်ဘွန်းမြို့တွင် မွေးဖွားလာခဲ့ပါတယ်။ သူ့မိဘတွေဟာ သာမန်လက်လုပ်လက်စား မိသားစု တွေ ဖြစ်ပြီး လူးဝစ်ဖီဂို ဆင်းရဲခြင်းရဲ့ အခက်အခဲကို ငယ်စဉ်တည်းက ခံစားခဲ့ရတယ်လို့ ဆိုရပါမယ် ။ လူငယ်ဘဝမှာ ဖီဂိုဟာ လစ်ဘွန်းမြို့ရဲ့ လမ်းကြားတွေထဲမှာ ဘောလုံးအားထက်သန်စွာ ကစားလေ့ရှိပြီး သူ့ရဲ့ ရွေးစရာတစ်ခုတည်းက အားကစားဘဝတစ်ခု ဖြစ်ခဲ့ပါတယ်။ ငယ်စဉ် ဘောလုံး ပညာကို 𝐎𝐒 𝐏𝐚𝐬𝐭𝐢𝐡𝐚𝐬 မှာ သင်ယူခဲ့ပြီး အလားလာ သူ့ရဲ့ စွမ်းရည်က ဘောလုံးကင်းထောက်တွေ သတိထားမိပြီး အသက် ၁၄နှစ်မှာတော့ 𝐒𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐂𝐏 𝐘𝐨𝐮𝐭𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှာ ရောက်ရှိလာခဲ့ပါတယ်။
𝐒𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐂𝐏 မှာ သူ့ရဲ့ စွမ်းရည်တွေကြောင့် လူသိများလာပြီး အဲဒီအချိန်မှာပဲ အသက် ၁၇ နှစ်အရွယ် တိုက်စစ်အလယ်တန်းကစားသမားတစ်ဦးဖြစ်လာပြီး ၁၉၉၁ ခုနှစ်မှာ 𝐒𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐂𝐏 ရဲ့ ပထမ အသင်းကြီးမှာ စတင်ကစားခွင့် ရရှိခဲ့ပါတယ် ။ အဲဒီအချိန် မှာ လူးဝစ်ဖီဂို ဥပရော ရဲ့ လူငယ် ကြယ်ပွင့် အဖြစ် တစ်စ တစ်စ နဲ့ နာမည် ရလာပြီး ၁၉၉၅ ခုနှစ် မှာ ဘာစီလိုနာ အသင်းကို စံချိန်တင် ပြောင်းရွေ့ကြေး ယူရို ၂.၂သန်း နဲ့ အတူ ရောက်ရှိသွားခဲ့ပါတယ် ။ ဖီဂို ဘာစီလိုနာ အသင်းမှာ ပိုပြီး အောင်မြင် မှု တွေ ရရှိလာခဲ့ပြီး အသင်းနဲ့ အတူ ၁၉၉၆-၉၇ ခုနှစ်မှာ 𝐔𝐄𝐅𝐀 𝐂𝐮𝐩 𝐖𝐢𝐧𝐧𝐞𝐫𝐬' 𝐂𝐮𝐩 နဲ့ 𝐂𝐨𝐩𝐚 𝐝𝐞𝐥 𝐑𝐞𝐲 ဆုတွေကို အသင်းနဲ့အတူ ရရှိခဲ့ပါတယ် ။ ဘာစီလိုနာ အသင်းမှာ ၁၉၉၈ ၊ ၁၉၉၉ လာလီဂါ ချန်ပီယံဆု ကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပြီး ကတ်တလန်သားတွေရဲ့ အချစ်တော် ဖြစ်ခဲ့ပါတယ် ။ ဖီဂိုရဲ့ ကစားသမား ဘဝ တစ်ခုတည်းသော ဘောလွန်းဒီအော ဆုကို ၂၀၀၀ ခုနှစ် မှာ ရရှိခဲ့ပါတယ် ။
အဲဒီနောက်မှတော့ အားလုံး အံသြသင့်စေတဲ့ အဖြစ်ပျက် တစ်ခု ဖြစ်သွားခဲ့ပါတယ် ။ ဖီဂိုအတွက် ၂၀၀၀ ခုနှစ်ဟာ အပြောင်းအလဲ အများကြီး နဲ့ အမှတ်ရဆုံး နှစ်တစ်နှစ် တစ်ခု ဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်း ရဲ့ အဓိက ပြိုင်ဘက် ရီးရဲလ် အသင်း ရဲ့ 𝐆𝐚𝐥á𝐜𝐭𝐢𝐜𝐨𝐬 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကြယ်စင်စုစီမံကိန်း စတင်နေတဲ့ အချိန် ဖြစ်ပါတယ် ။ ၂၀၀၀ ခုနှစ်မှာ တော့ ရီးရဲလ်အသင်း ဟာ ဘာစီလိုနာ အသင်းရဲ့ အဓိကကြယ်ပွင့် လူးဝစ်ဖီဂို ကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ယူရို သန်း ၆၂ ဝန်းကျင် နဲ့ ခေါ် ယူသွားခဲ့ပါတယ် ။ ဒီအဖြစ်အပျက်ဟာ ဖီဂို ရဲ့ ကစားသမား ဘဝမှာ အထင်ကရ ဖြစ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပြီး ဖီဂို ဟာဆိုရင် မက်ဒရစ် သားတွေအတွက် ပျော်စရာ ဖြစ်ခဲ့ပေမဲ့ ကတ်တလန် သားတို့ အတွက်တော့ ဖီဂို ဟာသစ္စာဖောက် တစ်ယောက်ဖြစ်ခဲ့ပါတယ် ။
ဖီဂိုဟာ ရီးရဲလ်မက်ဒရစ် ရဲ့ ခေတ်သစ်ကြယ်စင်စု မှာ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင် အသုံးတော်ခံသွားပြီး ကစားသမားဘဝ မှာလည်း အောင်မြင်မှုတွေ ပိုမို အောင်မြင်မှု တွေရရှိခဲ့ပါတယ် ။ ဖီဂို ဟာ ရာအူးလ် ၊ ဇီဒန်း ၊ ရော်နယ်ဒို ၊ ဘက်ခမ်း ၊ ကာဆီးလက် တို့ နဲ့ အတူ အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ် ။ ရီးရဲလ် မှာ ၂၀၀၀ -၂၀၀၅ ခုနှစ် ထိ ၅ နှစ်ကြာ ကစားခဲ့ပြီး ၂၀၀၁ လာလီဂါ ၊ ၂၀၀၁-၂၀၀၂ ချန်ပီယံလိပ် အပါဝင် ဆုဖလား ၇ လုံး ထိ ရရှိအောင် စွမ်း‌ဆောင်နိုင်ခဲ့ပါတယ် ။ အဲဒီနောက် ၂၀၀၅ ခုနှစ် အရောက်မှာတော့ ဖီဂိုဟာ ရီးရဲလ် နဲ့ စာချုပ်သက်တမ်း ထပ်မတိုးတော့ပဲ ရီးရဲလ် ကနေ အင်တာမီလန် အသင်းကို အလွတ်ပြောင်းရွေ့ ကြေး နဲ့ ရောက်ရှိသွားပါတယ် ။ အင်တာမီလန် ဟာ ဖီဂို ရဲ့ ကစားသမားဘဝ နောက်ဆုံး အသင်း ဖြစ်ပြီး အီတလီမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ထပ်မံပြသခဲ့ပါတယ် ။ ၂၀၀၈ ခုနှစ် မှာ တနိုင်ငံတည်းသား နည်းပြ မော်ရင်ဟို ရောက်ရှိလာပြီ ဖီဂိုကိုလည်း အသင်းမှာ ဆက်နေဖို့ကို တောင်းဆိုးခဲ့ပြီး ဖီဂိုဟာလည်း အခြား ပေါ်တူဂီ အသင်းဖော် အချို့ နဲ့ အတူ အင်တာ မီလန် မှာ ဆက်ကစားခဲ့ပါတယ် ။ ၂၀၀၉ ခုနှစ် မေလ ၁၆ ရက်နေ့ မှာတော့ ဖီဂို ဟာ သူ့ ရဲ့ ကစားသမား ဘဝ အနားယူမယ့်အကြောင်းကို ကြေငြာခဲ့ပါတယ် ။ တနေ့တည်းမှာပဲ အင်တာမီလန် မှာ ၂၀၀၈-၂၀၀၉ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ သူ့ရဲ့ ကစားသမား နောက်ဆုံး ပွဲစဉ် အဖြစ် အိမ်ကွင်း ဆန်စီရို ကွင်းမှာ အတ္တလန်အသင်း နဲ့ နောက်ဆုံး ပွဲစဉ် အဖြစ်ကစားခဲ့ပါတယ် ။ အဲဒီပွဲစဉ်မှာတော့ ဖီဂို ဟာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူကစားခဲ့ပါတယ် ။ ပွဲချိန်အတွင်းမှာ နှစ်ဖက်ဖက်ပရိတ်သတ်တွေရဲ့ ဂုဏ်ပြုလက်ခုပ်သံတွေ နဲ့ အတူ ကစားသမား နောက်ဆုံးပွဲစဉ်တစ်ခု ကို လှလှပ ကစားခဲ့ရပါတယ် ။ အတ္တလန်တာ နဲ့ ပွဲပြီး အင်တာဗျူးမှာ “သူဟာ ဘောလုံး ကစားခြင်းက ပဲ အနားယူတာ ဖြစ်ပြီး အင်တာ အတွက်တော့ မဟုတ်ခဲ့ပါဘူး “ လို့ ဖြေကြားခဲ့ပြီး အင်တာအသင်းရဲ့ ဘုတ်အဖွဲ့ ဝင်အဖြစ် တာဝန်ယူခဲ့ပါတယ် ။ နောက်တစ်ရာသီမှာတော့ အင်တာ အသင်းရဲ့ သမိုင်းဝင် အောင်ပွဲ တစ်ခု ဖြစ်တဲ့ 𝐓𝐫𝐞𝐛𝐥𝐞 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 ဖြစ်ခဲ့ပြီး ဖီဂို အတွက်လည်း မေ့မရနိုင်တဲ့ အမှတ်တရ တစ်ခု ဖြစ်ခဲ့ပါတယ် ။
လူးဝစ် ဖီဂိုဟာ ပေါ်တူဂီ ‌ရွှေ‌ရောင်မျိုးဆက် ရဲ့ ဦးဆောင်သူ ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ခဲ့ပြီး နိုင်ငံလက်ရွေးစင် ကစားသမား ဘဝ အစကို ၁၉၉၁ 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐘𝐨𝐮𝐭𝐡 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 အောင်မြင်မှု နဲ့ အတူ စတင်နိုင်ခဲ့ပါတယ် ။ အဲဒီ နှစ် 𝟏𝟗𝟗𝟏 မှာပဲ လူဇင်ဘော့ အသင်း နဲ့ အတူ စီနီယာ အသင်းကြီး ပွဲဦးထွက် အဖြစ် ကစားခဲ့ရပါတယ် ။ အဲဒီ အချိန်မှာဆိုရင် ဖီဂို အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ် ။ ဖီဂို ရဲ့ နိုင်ငံ အသင်း အဓိက ပြိုင်ပွဲအဖြစ် ပေါ်တူဂီအသင်းနဲ့ အတူ 𝐄𝐮𝐫𝐨 𝟗𝟔 ကို ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ဖီဂိုဟာ ‌‌ပေါ်တူဂီ အသင်းနဲ့ အတူ ပွဲပေါင်း ၁၂၇ ထိ ကစားခဲ့ပြီး အဓိက ပြိုင်ပွဲကြီးတွေ ပေါ်တူဂီ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးခဲ့ပါတယ် ။ နိုင်ငံအသင်း နဲ့ အမြင့်ဆုံး အောင်မြင်မှု အဖြစ် 𝐄𝐮𝐫𝐨 𝟐𝟎𝟎𝟒 မှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး ဂရိအသင်း ကို အရေးနိမ့်ကာ ဒုတိယ နဲ့ သာ ကျေနပ်ခဲ့ရပါတယ် ။ ဖီဂို ဟာ ဂရိ ကို ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ နိုင်ငံ လက်ရွေးစင်အဖြစ်က အနားယူရန် ကြေငြာခဲ့ပြီး နည်းပြဖြစ်သူ စကိုလာရီ နဲ့ အကွဲအပြဲ ဇာတ်လမ်းတွေကြောင့်လို့လည်း ကောလဟာလ တွေ ထွက်ပေါ် ခဲ့ပါတယ် ။ ၂၀၀၅ ခုနှစ်မှာတော့ ဖီဂိုဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းကို 𝟐𝟎𝟎𝟔 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 𝐐𝐮𝐚𝐥𝐢𝐟𝐲𝐢𝐧𝐠 ပွဲ ဖြစ်တဲ့ ဆလိုဗက်ကီယား နဲ့ ပွဲ မှာ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့ပါတယ် ။ ဖီဂို ဟာ ၂၀၀၆ ကမ္ဘာ့ဖလား မှာ ပေါ်တူဂီ အသင်းကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ် ။ ဆီမီးဖိုင်နယ်မှာတော့ ရီးရီလ်အသင်းဖော်ဟောင်း ဇီဒန်း ရဲ့ ပင်နတီ နဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ် နဲ့ အရှုံးပေးခဲ့ရပါတယ် ။ တတိယလုပွဲ အဖြစ် ဂျာမနီ အသင်းနဲ့ကစားခဲ့ပြီး ၃-၁ နဲ့ ရှုံးနိမ့်ကာ စတုတ္တနေရာ နဲ့ သာ ပြီးဆုံးခဲ့ပါတယ် ။ ပေါ်တူဂီ အသင်းအတွက်တော့ နှစ်ပေါင်း ၄၀အတွင်းအမြှင့်ဆုံး ရလဒ်အဖြစ် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ် ။ ဂျာမနီ နဲ့ ပွဲပြီးတော့ ဖီဂို ဟာ သူ့ရဲ့ ဂန္ထဝင်ကျောနံပတ် ၇ ကို လူငယ်ကို ဆက်ခံစေခဲ့ပြီး နိုင်ငံ လက်‌ရွေးစင်ကစားသမား ဘဝ ကနေ အနားယူခဲ့ပါတယ် ။ ဖီဂို ဟာ သူ့ခေတ်သူ့အခါ က အရှိန်ဝါကြီးတဲ့ ကစားသမား တစ်ယောက်ဖြစ်ခဲ့ပြီး ကြီးကျယ်တဲ့ မှတ်တမ်းမှတ်ရာတွေကို ပိုင်ဆိုင်ခဲ့တဲ့ ဂန္ထဝင် ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ် ။ ဖီဂို ဟာ ၁၉၆၆ အူစီဘီယို ခေတ် နောက်ပိုင်း ပေါ် တူဂီ ရဲ့ ရွှေရောင်မျိုးဆက်ကို ဦးဆောင်းခဲ့တဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ် ။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

Related Sports News