နောက်ပိုင်းမှာ နိုင်ငံအသင်းတွေနဲ့ မွေးစားသား ကစားသမားတွေကိစ္စက တော်တော်လေး လူပြောသူ ပြောများလာခဲ့ပါတယ်။ အထူးသဖြင့် ဒေသတွင်းအသင်းတွေက ဒီလိုမျိုး ကစားသမားတွေကို များ များစားစား သုံးလာနေတဲ့အချိန်မှာဆိုရင်ပေါ့။ တကယ်တော့ ဒါဟာ ကမ္ဘာကြီးမှာလည်း ရှိပါတယ်။ ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာလည်း အများကြီးတွေ့ရပါတယ်။ ဒါဟာ အဲဒီနိုင်ငံတွေရဲ့ လိုလားချက်နဲ့ အားက စားအပေါ် သဘောထားတွေဆီမှာ အများကြီး သက်ဆိုင်နေတဲ့ ကိစ္စပါပဲ။ မွေးစားသားအကြောင်းပြောတဲ့အခါ ဘယ်လို ကစားသမားတွေကို မွေးစားသား ခေါ်ကြမလဲ၊ ခေါ်ကြ သလဲဆိုတာ အရင်စဉ်းစားရပါလိမ့်မယ်။
အထင်ရှားဆုံး ဥပမာဆိုရင် ကလိုဆေးတို့၊ ပိုဒေါစကီးတို့၊ ကိုရန်ညီတို့လို ဂျာမနီအသင်းကစားသမား တွေ ရှိပါလိမ့်မယ်။ ကလိုဆေးနဲ့ ပိုဒေါစကီးတို့ဆိုရင် ပိုလန်လူမျိုးမိဘတွေက ပိုလန်မှာမွေးခဲ့တာ ဖြစ် ပေမဲ့ သူတို့မိဘတွေက ဂျာမနီကို ရွှေ့ပြောင်းနေထိုင်ရင်းနဲ့ ရောက်လာကြပြီး ဂျာမနီမှာ ကြီးပြင်း ဂျာ မနီအသင်းမှာ ကစားဖို့ ရွေးချယ်ခဲ့ကြသူတွေပါ။ ကိုရန်ညီဆိုရင် မွေးတာက ဘရာဇီးမှာဖြစ်ပေမဲ့ သူ့အ ဖေက ဂျာမနီပါ။ သူ့အမေက ပနားမားသူပါ။ သူ့အဖေကဆိုရင် ဂျာမနီဆိုပေမဲ့ ဟန်ဂေရီသွေးလည်း ပါပါတယ်။ ဒါမျိုး ရှုပ်ထွေးတဲ့ ကိစ္စတွေလည်း ရှိတာပါပဲ။
လက်ရှိ ဒေသတွင်းအသင်းတွေမှာဆိုရင် မွေးစားသားကိစ္စနဲ့ စကားပြောခံရလေ့ရှိတာက အရင်ကဆို စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ရှိပြီး နောက်ပိုင်း အင်ဒိုနီးရှားလည်း အဲဒီအထဲပါလာပါတယ်။
စင်ကာပူကတော့ များများ ဖြေရှင်းဖို့မရှိပါဘူး။ စင်ကာပူဆိုတဲ့ နိုင်ငံမှာကိုက နိုင်ငံသားပဲရှိပြီး သူတို့ ရဲ့ နည်းပါးတဲ့ လူဦးရေနဲ့ဆိုရင် ထက်မြက်တဲ့ လူစွမ်းအားရင်းမြစ်တွေကို အပြင်ကနေ ရရင် ရသလို မွေးစားမှာက သူတို့ရဲ့ မူပါပဲ။ စင်ကာပူ မလေးရှားဆီကနေ ပြန်ခွဲထွက်လာတဲ့အချိန်မှာ စင်ကာပူရဲ့ ဌာနေလူမျိုးတွေလို့ ယူဆခံရတာက မလေး လူမျိုးတွေဖြစ်ပေမဲ့ ဒီနေ့မှာ စင်ကာပူက အိန္ဒိယတွေ၊ တရုတ်လူမျိုးတွေ၊ ဥရောပသား ကော့ကေးရှန်းတွေ စသဖြင့် လူမျိုးစုံနဲ့ ဖွဲ့စည်းထားပါပြီ။ ဆိုတော့ သူတို့လက်ရွေးစင်အသင်းမှာ ဒီလိုကစားသမားတွေ ပါလာတာက သဘာဝကျပါတယ်။
ဖိလစ်ပိုင်အတွက်ကလည်း သူတို့နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ လက်ရှိအခြေအနေတွေကို သိမယ်ဆိုရင် သူတို့ဆီမှာ လူဖြူနွယ်ဖွားတွေ၊ လူမည်းနွယ်ဖွားတွေ ပါနေတာ မဆန်းတဲ့ကိစ္စပါပဲ။ နောက်ပိုင်း အင်ဒိုနီးရှားကတော့ နည်းနည်းလေး ဆွေးနွေးစရာရှိလာပါတယ်။ သူတို့အသင်းက အသက် ၂၁ အရွယ်တိုက်စစ်မှူး ရာဖေးလ် ဝီလျံ စတူးအစ် ဆိုရင် မွေးတာက နယ်သာလန်မှာပါ။ သူ့ မျိုးရိုးက နည်းနည်းရှုပ်ထွေးပါတယ်။ သူ့အမေဘက်က ဆူရီနာမီ နဲ့ ဂျာဗားလူမျိုးစု သွေးပါပါတယ်။ အဖေဘက်ကလည်း အင်ဒိုနီးရှားသွေးပါပါတယ်။ တကယ်တော့ အင်ဒိုနီးရှားနဲ့ ဒတ်ချ် ဆိုတာက သမိုင်းကြောင်းအရ မကင်းရာမကင်းကြောင်းတွေပါ။ အင်ဒိုနီးရှားနိုင်ငံသမိုင်းကို ပြုပြင် ပြောင်းလဲပေးခဲ့တဲ့ ကိုလိုနီတွေထဲမှာ ဒတ်ချ်တွေ ပါပါတယ်။ ဆိုတော့ ဒတ်ချ်နဲ့ အင်ဒိုသွေးပါတဲ့ကစား သမားက အင်ဒိုနီးရှားကို ကိုယ်စားပြုလာတာဆိုတော့ ဒီကိစ္စကမထူးဆန်းပါဘူး။
ညာတောင်ပံကစားသမား ဗစ်တာ ဒီသန်ဆိုရင်လည်း အင်ဒိုနီးရှားမှာ မွေးပြီး အဖေဘက်က အင်ဒို သွေးပါ။ တိုက်စစ်မှူး ရော်နယ်ဒို ကွာတက်ချ် ဆိုရင် သူ့အဖေက လိုင်ဘေးရီးယန်း ဘောလုံးသမား ရော်ဘာတို ကွာတက်ချ်ဆိုပေမဲ့ သူက အင်ဒိုနီးရှား-ယိုဂျာကာတာမှာ မွေးတာပါ။ အသင်းကြီးက ဂိုး သမား မာတန်း ဗင်းဆင့် ပေးစ် ဆိုရင်လည်း သူ့အဖွားဘက်က ဒတ်ချ်-အင်ဒိုနွယ်ဖွားဖြစ်ပါတယ်။ မွေး တာကတော့ နယ်သာလန်မှာပါ။ နောက်ခံလူ မီးစ် ဟေးဂျာ ဆိုရင်လည်း သူ့အမေဘက်က အင်ဒိုနွယ် ဖွားဖြစ်ပါတယ်။ လူဖြူပုံပေါက်နေပေမဲ့ ကွင်းလယ်လူ သွမ်း ဂျန် မာရီနက်စ် ဟာယီ ဆိုရင်လည်း အင်ဒိုသွေးပါပါတယ်။ လက်ရှိ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်မှာ ကစားနေတဲ့ နောက်ခံလူ ကီဗင် ဒစ်ခ် ဆိုရင်လည်း မွေးတာကတော့ နယ်သာလန်မှာဖြစ်ပေမဲ့ သူ့အမေဘက်က အင်ဒိုနီးရှားသွေးပါ။ ဒီလောက်ဆိုရင် ဆိုလိုတာကို သဘောပေါက်လောက်ပါပြီ။
မွေးစားသား ကိစ္စမှာ အဓိကကျလာတာက ဌာနေလူမျိုး သွေးအစစ်ကိုမှ သားအရင်းလို့ ခေါ်မှာလား ဆိုတဲ့ အိုင်ဒီယိုလော်ဂျီပိုင်းဆိုင်ရာ ပြဿနာက အဓိကကျပါတယ်။ ဒီလိုဆိုရင် ဩစတြေးလျက လူဖြူ ကစားသမားတွေဟာ မွေးစားသားတွေချည်းဖြစ်ကုန်မှာပါ။ အကြောင်းကတော့ ဩစတြေးလျကို အင်္ဂလန်က ကိုလိုနီပြုလိုက်ပြီးမှ လူဖြူတွေက ရောက်လာတာဖြစ်လို့ပါပဲ။ ဆိုတော့ ဒီပြဿနာက ဘယ်လိုသဘောထားကြမလဲဆိုတဲ့ သဘောထားပိုင်းနဲ့ အများကြီးသက်ဆိုင် ပါလိမ့်မယ်။ သွေးနှောတွေကို မွေးစားသားလို့ ခေါ်တာမျိုးကတော့ ၂၁ ရာစုမှာ တော်တော်ခေတ်နောက်ကျတဲ့ အမြင်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ သွေးအစစ်ဆိုတာကလည်း လွန်ခဲ့တဲ့ ရာစုနှစ်တွေတော် တော်များများကတည်းက မရှိတော့ပါဘူး။ ကျွန်တော်တို့အားလုံးဟာ 𝐃𝐍𝐀 စစ်လိုက်ရင် အနည်းဆုံး လူမျိုး ၂ မျိုးလောက်ကတော့ ပေါင်းစပ်နေကြတဲ့ သွေးနှောတွေပါ။
မွေးစားသားကိစ္စမှာ နောက်ထပ် အရေးပါလာတဲ့အမြင်တစ်ခုကတော့ လူမျိုးနဲ့ နိုင်ငံသားဆိုတဲ့ အမြင် ပါ။ တစ်ချို့က လူမျိုးစစ်ဖို့ကို ဦးစားပေးကြည့်တဲ့အမြင်နဲ့ မြင်ကြပါတယ်။ တစ်ချို့ကျတော့ နိုင်ငံသား ဖြစ်မှုနဲ့ ကြည့်ပါတယ်။ နိုင်ငံသားဖြစ်မှုမှာ ဘယ်လိုအချက်အလက်တွေ ပြည့်စုံရင်နိုင်ငံသားဖြစ်ခွင့်ရှိ တယ်ဆိုတဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားဥပဒေတွေက အရေးပါလာမှာပါ။ သူတို့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့ ကိုက်ညီလို့ နိုင်ငံသားကတ်ထုတ်ပေးလိုက်ရင် ဒီကစားသမားက နိုင်ငံ့ကိုယ်စားပြုခွင့်ရသွား မှာပါပဲ။ ဒါမျိုးတွေက ပြင်သစ်မှာ မြင်ခဲ့ရပြီးပါပြီ။ နောက် ထူးခြားချက်တစ်ခုကို ပြောရရင် ကမ္ဘာကျော် မက်ဆီဟာ အာဂျင်တီးနားအတွက်ကစားနေပေမဲ့ အီတလီနွယ်ဖွားတစ်ယောက်ပါ။ ကူဒီ စီနီမျိုးနွယ်က ဆင်းသက်လာတာဖြစ်ပါတယ်။
ဌာနေတိုင်းရင်းလူမျိုးဖြစ်မှ နိုင်ငံ့ကိုယ်စားပြုခွင့်ပေးရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ ကြည့်မယ် ဆိုရင် ဌာနေတိုင်းရင်းသားတော့ မဟုတ်ပေမဲ့ နိုင်ငံထဲကို မျိုးနဲ့ရိုးနဲ့ ရောက်နေတာ ကြာပြီဖြစ်တဲ့ တိုင်းရင်းသားမဟုတ်သူတွေကို ဘေးဖယ်ထုတ်လိုက်သလိုဖြစ်သွားမှာဖြစ်ပြီး သူတို့တွေရဲ့ လူ့စွမ်း အားအရင်းအမြစ်တွေကို ဆုံးရှုံးလိုက်ရမှာပါ။
နိုင်ငံအသင်းတွေနဲ့ မွေးစားသားပြဿနာဆိုတာက တကယ်တော့ အိုင်ဒီယိုလော်ဂျီပိုင်းမှာ ရှိနေတဲ့ ပြဿနာဖြစ်ပြီး ခေတ်ဟောင်း လူမျိုးစွဲအမြင်နဲ့ ခေတ်သစ်နိုင်ငံသားအမြင်တို့ရဲ့ လွန်ဆွဲမှုလည်းဖြစ် ပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"