ဘောလုံးလောကထဲမှာ ညီအစ်ကိုကစားသမားတွေ တော်တော်များများ ရှိခဲ့ဖူးပါတယ်။ အရင်တုန်းကဆိုရင် အာဆင်နယ်ကစားသမားဟောင်း ကိုလိုတိုရေးနဲ့ ဘာစီလိုနာနဲ့ မန်စီးတီး ကစားသမားဟောင်း ယာယာတိုရေး၊ မန်ယူနိုက်တက်ရဲ့ ကာရင်တန်အကယ်ဒမီကနေ ထွက်လာတဲ့ ဂယ်ရီ နဗီးလ်နဲ့ ဖီးလ် နဗီးလ်၊ ဘရာဇီးကနေ မန်ယူနိုက်တက်ကို ရောက်လာတဲ့ ရာဖေးဒါဆေးဗားနဲ့ ဖေဘီယိုဒါဆေးဗား၊ ကီဗင်ပရင့်ဘိုတန်နဲ့ ဂျရုမ်းဘိုတန်တို့ဟာဆိုရင်လည်း အဖေတူ အမေကွဲ ညီအစ်ကို တွေပါ။
လက်ရှိဘောလုံးလောကထဲမှာ လှုပ်ရှားကစားနေကြဆဲ ဘောလုံးညီအစ်ကိုတွေအကြောင်းကို ပြော မယ်ဆိုရင်တော့ ထိပ်ဆုံးကနေ ပါလာမှာ ဘယ်လင်ဟမ် ညီအစ်ကိုတွေပါပဲ။ နှစ်ယောက်စလုံးက ဘာ မင်ဟမ် စီးတီးအသင်း အကယ်ဒမီက ထွက်လာတဲ့ ကစားသမားတွေပါ။ အခု ရီးရဲလ်မက်ဒရစ်ကို ရောက်နေပြီဖြစ်တဲ့ ဂျု့ဒ် ဘယ်လင်ဟမ်က အကြီးဖြစ်ပြီး လက်ရှိအချိန်မှာ အသက် ၂၁ နှစ်ပါ။ ဘာ မင်ဟမ်ကနေ ဒေါ့မွန်ကို ပြောင်းသွားတဲ့နောက် တောက်ပလာခဲ့ပြီး လက်ရှိရီးရဲလ်မှာ ဉရောပချန်ပီ ယံပါ ဖြစ်ထားသလို လာလီဂါအကောင်းဆုံးကစားသမားလည်း မနှစ်ကဖြစ်ထားပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ဂျို့ဒ် ဘယ်လင်ဟမ်ကတော့ ဘာမင်ဟမ်ကနေ ဆန်းဒါးလန်းကို ပြောင်းကစား နေပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ ကစားတဲ့ ဂျို့ဒ် တစ်ယောက် သူ့အစ်ကို ဂျု့ဒ် ရဲ့ ခြေရာကို နင်းနိုင်မလားကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ ဘယ်လင်ဟမ်ရဲ့ညီဖြစ်တဲ့ သူ့ကို စောင့်ကြည့်နေတဲ့ အသင်းကြီးတွေ အများကြီးပါ။ လက်ရှိလည်း အသက် ၁၈ ပဲရှိသေးလို့ အလားအလာအများကြီးရှိပါသေးတယ်။
ဒီသူရမ် ညီအစ်ကိုတွေက ဘောလုံးအစွမ်းအစတွေ သွေးထဲမှာကို ပါတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ အဖေက ပြင်သစ်နဲ့ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့ရဲ့ ကစားသမားဟောင်း၊ ကမ္ဘာ့ဖလားနဲ့ ဉရောပချန်ပီ ယံ နောက်ခံလူ လီလီယန် သူရမ်ပါ။ အဲဒီခေတ်က သူရမ်ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ။
လီလီယန်သူရမ်ကနေ မွေးလာတဲ့ သားသမီးတွေထဲမှာ မားကပ် သူရမ်နဲ့ ခီဖရန် သူရမ်တို့က လက်ရှိ ဘောလုံးလောကထဲမှာ ကျင်လည်နေကြပါတယ်။ မားကပ်က အကြီးပါ။ ခီဖရန်နဲ့ဆိုရင် အသက် ၄ နှစ်လောက် ကွာပါတယ်။ အိုလံပစ် ဒီ နျူအီလီ အကယ်ဒမီကနေ စတင်လေ့ကျင့်ကြပြီး ဘောလွန်း ဘီလီယံကု့ဒ်အသင်းအကယ်ဒမီမှာ ဆက်လေ့ကျင့်ကြတာချင်းလည်း တူပါတယ်။ ကွဲသွားတာဆိုလို့ အကြီးဖြစ်တဲ့ မားကပ်က စီနီယာအဖြစ် ပွဲဉီးထွက်ခါနီးမှာ ပြင်သစ်ကလပ် ဆိုးချော့ဒ် အကယ်ဒမီကို ရောက်သွားတာဖြစ်ပြီး ၂၀၁၄ မှာ ဆိုးချော့ အရံအသင်း ၂၀၁၅ မှာ ဆိုးချော့အသင်းနဲ့ စကစားရပါ တယ်။ ၂၀၁၇ မှာ ဂူအင်ဂမ့်အသင်းကိုပြောင်းသွားခဲ့ပြီး ၂၀၁၉ မှာတော့ ဂျာမန်ကလပ် မိုချင်ဂလာ ဘတ်ကို ရောက်ပါတယ်။ ၂၀၂၃ ကနေ လက်ရှိအချိန်အထိမှာတော့ အင်တာမီလန်မှာ ကစားနေပါ တယ်။ မားကပ်က တိုက်စစ်မှူးတစ်ယောက်ပါ။
ခီဖရန် သူရမ်ကတော့ သူ့အစ်ကိုလိုပဲ အိုလံပစ် ဒီ နျူအီလီ၊ ဘောလွန်း ဘီလီယံကု့ဒ်တို့ဆီမှာ လေ့ ကျင့်ခဲ့ပြီး ၂၀၁၆ မှာ မိုနာကို အကယ်ဒမီကိုရောက်ပါတယ်။ မိုနာကိုမှာပဲ ပွဲဉီးထွက်ခဲ့ပါတယ်။ ခီဖရန် က ကွင်းလယ်ခံစစ်ကစားသမားပါ။ ၂၀၁၉ မှာ နိ့စ် အသင်းကို ရောက်သွားပြီး ၂၀၂၄ အထိ ကစားခဲ့ ကာ လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းကိုရောက်နေပါပြီ။ ခီဖရန်နဲ့ သူ့အစ်ကို မားကပ်နဲ့ မတူတာကို ကြံကြံဖန်ဖန်ပြောရမယ်ဆိုရင် ကစားတဲ့နေရာနဲ့ ပွဲထွက်တဲ့အသင်းအပြင် နောက်ထပ်ရှိ တာကတော့ မွေးတဲ့နေရာပါ။ မားကပ်ကို အီတလီနိုင်ငံ ပါးမားမြို့မှာ မွေးခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ ပေါ့။ အဲဒီတုန်းက သူတို့အဖေ လီလီယန် သူရမ်က ပါးမားမှာ ကစားနေပါတယ်။ ခီဖရန်ကိုတော့ ရက် ဂျီယို အမလီယာဒေသမှာ မွေးခဲ့တာပါ။
သူရမ်တွေလိုပဲ လူးကပ်စ် ဟာနန်ဒက်နဲ့ သီယို ဟာနန်ဒက်တို့ ညီအစ်ကိုရဲ့အဖေ ယန်း ဖရန်ဆွာ ဟာနန်ဒက်ကလည်း ဘောလုံးသမားပါ။ ခံစစ်မှူးပေါ့။ ပြင်သစ်ကလပ် တူးလူး၊ ဆိုးချော့၊ မာဆေး၊ စပိန်ကလပ် ဗယ်လ်ကာညို၊ အက်သလက်တီကိုမက်ဒရစ်တို့မှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ ညီအစ်ကိုနဲ့ သူတို့အဖေ ယန်း-ဖရန်ဆွာနဲ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတော့မရှိဘဲ သူတို့အဖေ က သူတို့ကို ငယ်ငယ်ကတည်းက စွန့်ပစ်သွားသလိုရှိခဲ့တာကြောင့် အေးစက်ကင်းပြတ်နေတဲ့ ဆက် ဆံရေးမျိုးပါပဲ။ နှစ်ယောက်စလုံးက မာယာဒါဟွန်ဒါ ဆိုတဲ့ စပိန်ဒေသအခြေစိုက် ကလပ်က အကယ်ဒမီမှာ စတင်ခဲ့ ကြတာဖြစ်ပြီး အဲဒီနောက် အက်သလက်တီကိုမက်ဒရစ်အကယ်ဒမီမှာ နှစ်ယောက်စလုံး ဆက်လေ့ကျင့်ခဲ့ကြပါတယ်။ အစ်ကိုဖြစ်သူ လူးကပ်စ်က ဗဟိုခံစစ်ရော - ဘယ်ခြမ်းခံစစ်ပါကစားပြီး သီယိုက တော့ ဘယ်ခြမ်းခံစစ်ကစားသမားပါ။ နှစ်ယောက်စလုံး အက်သလက်တီကို အရံအသင်းကိုလည်း ရောက်ခဲ့ပေမဲ့ အသင်းနဲ့ပွဲထွက်နိုင်ခဲ့တာတော့ လူးကပ်စ်ပါ။ သီယိုကအလာဗက်ကို အငှားချခံခဲ့ရပါ တယ်။
လူးကပ်စ်က ၂၀၁၉ အထိ အက်သလက်မှာကစားခဲ့ပြီး အဲဒီနောက် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ သွားကာ ၂၀၂၃ မှာ ပီအက်စ်ဂျီအသင်းကို ရောက်လာခဲ့ပါတယ်။ အလာဗက်ကို အငှားချခံခဲ့ရတဲ့ သီ ယိုကတော့ ၂၀၁၇ မှာ ရီးရဲလ်မက်ဒရစ်ကို ရောက်သွားခဲ့ပေမဲ့ များများစားစားမကစားခဲ့ရဘဲ ၂၀၁၈-၁၉ ရာသီကို ဆိုစီဒက်မှာ အငှားနဲ့ ဖြတ်သန်းရပြန်ပါတယ်။ ၂၀၁၉ ကနေ အခုချိန်ထိတော့ အေစီမီ လန်အသင်းမှာ ကစားနေပါတယ်။ လူးကပ်စ်က ကမ္ဘာ့ဖလားရ ၂၀၁၈ ပြင်သစ်အသင်းမှာ ပါခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယရ ပြင်သစ်အသင်းမှာတော့ ညီအစ်ကိုနှစ်ယောက်လုံး ပါဝင်ခဲ့ပါတယ်။
ဖယ်ချန်ထားလို့မရတဲ့အထဲမှာ ဝီလျံ ညီအစ်ကိုတွေလည်း ပါပါတယ်။ အနာကီ ဝီလျံနဲ့ နီကို ဝီလျံ တို့ပါ။ အသက် တော်တော်ကွာပြီး ၈ နှစ်ကြီး ၈ နှစ်ငယ်ဖြစ်ကာ ကစားသမားဘဝလည်း တော် တော်ကို ကွာပါတယ်။ ကစားတဲ့အသင်းချင်းကတော့ အခုထိ အတူတူပါပဲ။ ဘီလ်ဘာအို အကယ်ဒ မီထွက်တွေဖြစ်ပြီး အခုထိ ဘီလ်ဘာအိုမှာပဲ ကစားနေတုန်းပါ။ ဒါပေမဲ့ အငယ်ဖြစ်တဲ့ နီကိုဝီလျံက စပိန်အသင်းနဲ့အတူ ဉရောပဖလားကို ကိုင်မြောက်ထားနိုင်ပြီဖြစ်ပြီး စပိန် ယူ ၁၇ မှာ ကစားခဲ့ဖူးသလို စပိန်အသင်းနဲ့လည်း ကစားခဲ့ဖူးတဲ့ အနာကီ ဝီလျံကတော့ ဂါနာနိုင်ငံသားပြောင်းလဲခံယူပြီး ဂါနာ အသင်းအတွက် ကစားပေးနေပါပြီ။ အခုချိန်မှာ နာမည်အတက်ဆုံးကစားသမားတွေထဲ နီကိုဝီလျံက ပါဝင်နေပြီဖြစ်ပေမဲ့ အနာကီကတော့ အသက် ၃၀ ဖြစ်တာကြောင့် တဖြည်းဖြည်း အကျပိုင်းကို ရောက်လာခဲ့ပါပြီ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"