အားကစားသတင်းများ

ဖီဖာ ပွတ်ကပ်ရှ် ဆု၏ အမှတ်တရ နှင့် သမိုင်းကြောင်း

blog image

December 20, 2024


ဖီဖာ ပွတ်ကပ်ရှ် ဆု (𝐅𝐈𝐅𝐀 𝐏𝐮𝐬𝐤á𝐬 𝐀𝐰𝐚𝐫𝐝) ဆိုတာ တစ်နှစ်တာအတွင်း ကျင်းပသော ဘောလုံးပွဲစဉ်များထဲ မှ အကောင်းဆုံး သွင်းဂိုး ကို ချီးမြှင့်သည့် အထူးဂုဏ်ပြုဆုပဲ ဖြစ်ပါတယ် ။ ဖီဖာ ပွတ်ကပ်ရှ် ဆု ၂၀၀၉ ခုနှစ်တွင် စတင်ပေအပ်ခဲ့ပြီး တစ်နှစ်တာတွင်း သွင်းဂိုး များစွာထဲ မှာ အလှပဆုံး ၊ အကောင်းဆုံး သော ဂိုး ကို ရွေးချယ် ပေါင်းစပ်ပြီး ပရိသတ်များနှင့် ကျွမ်းကျင်သူများမှ မဲပေးရွေးချယ်တဲ့ ဆုလည်း ဖြစ်ပါတယ် ။


ဖီဖာ ပွတ်ကပ်ရှ် ဆု ကို ဟောင်ဂေရီနိုင်ငံ၏ ဘောလုံး အကျော်အမော် 𝐅𝐞𝐫𝐞𝐧𝐜 𝐏𝐮𝐬𝐤á𝐬 ကို ဂုဏ်ပြုသည့် အနေနှင့် ပေးအပ် တဲ့ ဆုလည်း ဖြစ်ပါတယ် ။ ဖီရန် ပွတ်ကပ်ရှ် ဟာ ၂၀ ရာစု၏ အကောင်းဆုံးဂိုးသွင်းသူများထဲမှ တစ်ဦးအဖြစ် မှတ်ကျောက်တင် အသိအမှတ်ပြုခံရသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ ပွတ်ကပ်ရှ် ဟာ ၁၉၅၀ -၁၉၆၀ ကာလ တွေမှာ ရီးရဲလ် မက်ဒရစ် အသင်း နှင့် ဟန်ဂေရီ နိုင်ငံကို ကိုယ်စားပြုပြီး ကစားခဲ့ပါတယ် ။ ၁၉၉၇ ခုနှစ် မှာတော့ ၂၀ရာစု ရဲ့ အကောင်းဆုံး ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် အသိမှတ်ပြုခံခဲ့ရပြီး ကစားသမား ဘဝ မှာ ၇၉၃ ပွဲ ကစားက ၈၀၆ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ် ။ အဲထဲမှာ မှ နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် ပွဲ ၉၀ ကစားကာ ၈၆ ဂိုး ထိ သွင်းယူ ပေးခဲပါတယ် ။ ပွတ်ကပ်ရှ် ဟာ ဂုဏ်ပြုခံရတဲ့ ဆုတွေ များစွာရရှိခဲ့တဲ့ ထူးခြားတဲ့ သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ ပွတ်ကပ်ရှ် ဆု ကို အဓိက အားဖြင့် လှလှပပ သွင်းယူတဲ့ သွင်းဂိုးရှင်ကို ချီးမြှင့်တာ ဖြစ်ပြီး အဝေးကန်ချက် ဂိုး ၊ အသင်းလိုက်ဂိုး ၊ ရိုဘိုနာ ဂိုး ၊ နောက်ပြန် ကန်ချက်ဂိုး ၊တစ်ကိုယ်တော် သွင်းဂိုး ၊ စကော်ပီယံ သွင်း ဂိုး စတဲ့ သွင်းဂိုးများထဲမှာ ရွေးချယ် သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ပွတ်ကပ်ရှ် ဆု ဟာ ကစားတဲ့ ပြိုင်ပွဲ နဲ့ နိုင်ငံအလိုက် ခွဲခြားပြီး ပေးအပ်ချီးမြှင့်တာမဟုတ်ပဲ ကမ္ဘာပေါ်က တရားဝင် ဘောလုံးပွဲ တိုင်းမှာ ယှဥ်ပြိုင်တဲ့ ပွဲတွေက သွင်းဂိုး အားလုံးကို ဆိုလိုတာ ဖြစ်ပါတယ် ။

ဒီဆု ကို ၂၀၀၉ ခုနှစ်ကနေ စတင်ပေးအပ်ခဲ့တာ အခုဆိုရင် ၁၅ နှစ်ကျော်ကြာမြှင့် ခဲ့တာဖြစ်ပြီး ဒီဆု ရဲ့ ပထမဆုံး ဆုရှင်ကတော့ 𝐆𝐎𝐀𝐓 ကြီးတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ရရှိခဲ့တာဖြစ်ပါတယ် ။ ရော်နယ်ဒိုဟာ မန်ယူမှာ ကစားခဲ့စဉ် ၂၀၀၈-၂၀၀၉ ချန်ပီယံလိဂ် ပွဲစဉ် တစ်ခုဖြစ်တဲ့ ပေါ်တို အသင်း နဲ့ ပွဲစဉ်မှာ ကိုက် ၄၀ အကွာ က ကန်သွင်းခဲ့တဲ့ ဂိုးနဲ့ အတူ ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒို ရဲ့နောက်ပိုင်း နှစ်မှာတော့ ၂၀၁၀ ခုနှစ် ပွတ်ကပ်ရှ် ဆုရှင် တူရကီ နိုင်ငံသား ဟာမစ် အယ်တင်တော့ ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ နေမာ မှာ ဆန်းတို့စ် အသင်းမှာ ကစားစဉ် ရရှိခဲ့တာ ဖြစ်ပါတယ် ။ ၂၀၁၂ ခုနှစ်မှာ ဖီနာဘာချီအသင်းမှ ဆာဘီးယားနိုင်ငံသား မီရိုဆလတ် စတော့ က ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဆွီဒင် ဂန္ထဝင်တိုက်စစ်မှုးကြီး အီဘရာဟီမိုဘစ် က အင်္ဂလန်အသင်း နဲ့ ပွဲစဉ်မှာ ၃၅ ကိုက်အကွာကနေ နောက်ပြန်ကန်ချက် နဲ့ ဆု ရရှိခဲ့ပါတယ် ။ ၂၀၁၄ ခုနှစ်မှာ ကိုလံဘီယာ တိုက်စစ်မှုး ဟားမက် ရိုဒရီဂွက်စ် က ဥရုဂွေး အသင်း နဲ့ ကမ္ဘာ့ဖလား ပွဲစဉ်မှာ ဘီးကုတ်ဧရိယာ ထိပ် က အပြင်းလှည့်ကန်သွင်းချက် နဲ့ ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အတွက် ကို ဘရားဇီးလ်လိဂ် ပွဲစဉ် တစ်ခုမှ ဝန်ဒယ် လီရာ က ရရှိခဲ့ပါတယ် ။ ဒီဆု အတွက် ထူးထူးခြားခြား ရခဲ့တဲ့ နှစ်ကတော့ ပထမဆုံး အာရှ ကနေ ဆွတ်ခူးခဲ့တဲ့ နှစ်တစ်ခုပါ ။ ၂၀၁၆ ခုနှစ် မှာ မလေးရှား စူပါလိဂ် ပွဲစဉ် တစ်ခု မှာ ပီနန် အသင်းမှ မိုလ်ဖိတ် ဆာဘရီ ရဲ့ ဖရီးကစ် သွင်းဂိုး နဲ့ ရရှိခဲ့ပါတယ် ။ဂိုးဧရိယာ နဲ့ အတော်လှမ်း တဲ့ နေရာကနေ ဝေ့ဝိုက် ကန်သွင်းသွားခဲ့တာပါ ။ မလေးရှားလိဂ် အတွက်ရော သူတို့ နိုင်ငံ အတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ် ။ ၂၀၁၇ ခုနှစ်မှာတော့ ဂီရော့ဒ် ရဲ့ ခရစ္စတယ်ပယ်လေ့ နဲ့ ပွဲစဉ် မှာ သွင်းယူခဲ့တဲ့ စကော့ပီယံ သွင်းဂိုး နဲ့ ရရှိခဲ့ပါတယ် ။ ၂၀၁၈ ခုနှစ် ရဲ့ ပွတ်ကပ်ရှ် 𝐖𝐢𝐧𝐧𝐞𝐫 ဆု ကိုတော့ အငြင်းပွားဖွယ် မိုဆာလာ ရဲ့ အဲဗာတန် နဲ့ ပွဲ က သွင်းဂိုး က ရရှိခဲ့ပါတယ် ။တကယ်တမ်း အဲဒီ နှစ်မှာ ရော်နယ်ဒို ရဲ့ ‌ဂျူဗင်တပ် အသင်း နဲ့ ပွဲစဉ်က နောက်ပြန်ကန်ချက် နဲ့ သွင်းဂိုး ကို ကျော်ပြီး ရရှိခဲ့တာပါ ။ ၂၀၁၉ ခုနှစ် ရဲ့ ဆုရှင် ကတော့ ဟန်ဂေရီ လိဂ်ပွဲစဉ် တစ်မှာ ဒီဘရီကန် အသင်း ရဲ့ ကစားသမား ဒန်နီရယ်ဆောရီ က ပွဲကစားချိန် ၉၃ မိနစ် မှာ ၁၈ကိုက် စည်းထိပ်ကနေ နောက်ပြန်ကန်ချက် အနိုင်ဂိုး နဲ့ ရရှိခဲ့ပါတယ် ။ ၂၀၂၀ ခုနှစ် မှာတော့ စပါးအသင်း မှ အာရှသား ဆွန်ဟောင်မင် က ဘန်လေအသင်း နဲ့ အိမ်ကွင်း ပွဲစဉ်မှာ စပါးကွင်းဘက်ခြမ်း ကွင်းတဝက်လောက်နေ တကိုယ်တော် လိမ်ခေါက်ပြီး သွင်းယူသွားတဲ့ ဂိုးက ရရှိခဲ့တာပါ ။ ၂၀၂၁ မှာလည်း စပါးအသင်းမှ လာမယ်လာ က အာဆင်နယ် အသင်း နဲ့ ပွဲစဉ် မှာ ရိုဘိုနာ ကန်ချက်ဂိုး နဲ့ ရရှိခဲ့တာပါ ။ ၂၀၂၂ ခုနှစ် အတွက်ကိုတော့ ပုံမှန် ကစားသမား က ရရှိခဲ့တာ မဟုတ်ပဲ ပိုလန် မသန်စွမ်းပြိုင်ပွဲ မှာ ကစားသမား မာတင် အော်လီစကီ မှ နောက်ပြန် ကန်ချက် နဲ့ ရရှိခဲ့ပါတယ် ။ ၂၀၂၃ ခုနှစ် အတွက် ပွတ်ကပ်ရှ် ဆုရှင်ကတော့ ဘရာဇီးလ် စီးရီးဘီ ပွဲစဉ် မှ ဘိုတာဖိုဂို အသင်းကစားသမား မာဒရူဂါ မှ ဧရိယာ ထိပ်မှ ‌နောက်ပြန်ကန်ချက် နဲ့ ရရှိခဲ့ပါတယ် ။ အခု ၂၀၂၄ ခုနှစ်အတွက် ပွတ်ကပ်ရှ် ဆုရှင် ကတော့ မန်ချက်စတာယူနိုက်တက် ရဲ့ လူငယ် ကစားသမား ဂါနာချိုက တော့ အဲဗာတန် အသင်း နဲ့ ပွဲစဉ်မှာ သွင်းယူ ခဲ့တဲ့ နောက်ပြန်ကန်ချက်ဂိုး နဲ့ ရရှိခဲ့ပါတယ် ။
ဖီဖာ ပွတ်ကပ်ရှ် ဆုဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၁၅ နှစ်တာ ချီးမြှင့်ခဲ့ပြီး ကမ္ဘာ့ပေါ် က နိုင်ငံပေါင်းစုံမှာကျင်းပ ပြုလုပ်နေတဲ့ ပွဲစဉ်တွေက အကောင်းဆုံး သွင်းဂိုးတွေကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ် ။ ဒီဆု ဟာ အမျိုးသားတွေကို ရွေးချယ်ပေးအပ်တာ ဖြစ်ပြီး အမျိုးသမီး သွင်းဂိုးတွေ တော့ မပါဝင်ပါဘူး ။ အဲဒီအတွက် ဖီဖာဟာ အမျိုးသမီးအတွက် ပွတ်ကပ်ရှ် ဆု တစ်ခု ကို ၂၀၂၄ ခုနှစ်မှစပြီး 𝐅𝐢𝐟𝐚 𝐌𝐚𝐫𝐭𝐚 𝐀𝐰𝐚𝐫𝐝 ဆိုပြီး စတင်ချီးမြှင့်သွားမှာပါ ။ ဘရာဇီးလ် အမျိုးအသင်းရဲ့ ဂန္ထဝင်ကစားသမား မာတာ ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်ချီးမြှင့် တဲ့ ဆု တစ်ခုလည်း ဖြစ်ပါတယ် ။ အခုဆိုရင် ဖီဖာ ရဲ့ အကောင်းဆုံး သွင်းဂိုးတွေကို ပေးအပ်ချီးမြှင့်တဲ့ ပွတ်ကပ်ရှ် ဆုအကြောင်းကို ရေးသားတင်ဆက်ပြီးပြီမို့ ဆောင်းပါးလေးကို ဒီမှာတင်ရပ်နားပါရစေ .....

#MMMedia
#FIFAPuskásward

#FifaMartaAward

Related Sports News