"မင်းရဲ့မိန်းမ မကောင်းရင် နောက်မိန်းမ ယူလို့ရတယ်။ မင်းရဲ့ နိုင်ငံက မကောင်းဘူးဆိုရင် တခြားနိုင်ငံကို ပြောင်းနေလို့ရတယ်။ မင်းရဲ့ဘာသာရေး စိတ်မဝင်စားလို့ တခြားဘာသာရေးကို ပြောင်းပြီး ကိုးကွယ်ယုံကြည်လို့ရတယ်။ အရာအာလုံးကို အသစ်ပြောင်းပစ်ဖို့ လွယ်တယ် ။ ဒါပေမယ့် မင်းအားပေးနေတဲ့ ဘောလုံးအသင်း / မင်း စိတ်ကြိုက်ဘောလုံးအသင်းက မကောင်းဘူးဆိုပြီး တခြား အသင်းကို ပြောင်းပြီး အားပေးဖို့ ဘယ်သောအခါမှ ဖြစ်နိုင်မှာ မဟုတ်ဘူး"လို့ ပြောခဲ့ဖူးတဲ့ ဂန္ထဝင်ကြီး တစ်ယောက် ရှိခဲ့ပါတယ် ။ အဲဒီ ဂန္ထဝင် ကစားသမားကြီးက အားကစားမှာ အကြိမ်ကြိမ် စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး ။ အဲဒီ ကစားသမားကြီးကတော့ မန်ချက်စတာယူနိုက်တက် ရဲ့ ဂန္ထဝင် ကျောနံပါတ် ၇ ပိုင်ရှင် အဲရစ် ကန်တိုနာ ပဲ ဖြစ်ပါတယ် ။
အဲရစ်ကန်တို နာလို့ပြောလိုက်ရင် ဒေါသကြီးပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သူ ၊ ဘောလုံးကစားရင် အင်္ကျီ လက်ရှည်ဝတ် ကော်လန် ထောင်ပြီး ကစားတတ်သူ ၊ ခရစ္စတယ်ပဲလေ့ နဲ့ ပွဲက ပရိတ်သတ် ကို ကွန်ဖူးကစ် နဲ့ ကန်ခဲ့ပြီး ၇ လ ပွဲပယ်ခံခဲ့ရသူ ၊ ပလာတီနီ နဲ့ ဇီဒန်းစတဲ့ နာမည်ကျော် ပြင်သစ်ကစားသမားမျိုးဆက်နှစ်ခုကြားမှာ ပေါ်ထွန်းခဲ့ပေမဲ့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားကို မကစားခဲ့ရဖူးသူ၊ လိဒ်စ်ယူနိုက်တက်ရဲ့ အမှတ်ပေးဖလား ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်မှုမှာ အရေးပါတဲ့ နေရာကပါဝင်ခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက်က နေ ပြောင်းရွှေ့ကြေး ပေါင် (၁) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင် နံပါတ် ၇ ပိုင်ရှင် ၊ ပြင်သစ် ဘောလုံး သမားကြီး တစ်ယောက် အစရှိ တဲ့ ဂုဏ်ပုဒ်တွေ နဲ့ အတူ ထင်ရှားပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂန္ထဝင် ကစားသမား တစ်ယောက်ဖြစ်ပြီး ဘောလုံး လောကရဲ့ ပြယုဂ် တစ်ခု အဖြစ်လည်း အဲရစ် ကန်တိုနာရဲ့ ဂုဏ်သတင်းက ကျော်ဇောပါတယ် ။ ဘောလုံး လောကမှာ ကစားသမားတွေ အများကြီးရှိပါတယ် ။ အဲ့ ကစားသမားတွေထဲမှာ ကစားသမားကောင်းတွေ အနည်းငယ် ပေါ်ထွက်လာပါတယ် ။ အဲဒီ ကစားသမားကောင်းတွေထဲမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ပေါ်ထွက်လာပါတယ် ။ အဲဒီ ကမ္ဘာ့အဆင့်ဆိုတဲ့ ကစားသမားတွေ ထဲမှာမှ 𝐋𝐞𝐠𝐞𝐧𝐝 လို့ သတ်မှတ်လို့ ရတဲ့ ကစားသမားတွေဟာ လက်တစ်ဆုပ်စာ အနည်းငယ် သာ ရှိပါတယ် ။ ပြင်သစ်လီဂူး-𝟏ချန်ပီယံဆုကို မရတာဟာ မာဆေးလ်အသင်းအတွက် ၁၆နှစ်အထိကြာခဲ့ပြီဖြစ်ပေမဲ့ အဲရစ်ကန်တိုနာ အသင်းကိုရောက်လာတဲ့အခါမှာတော့ မာဆေးလ်အသင်းဟာ ပြင်သစ်လီဂူးချန်ပီယံဖြစ် လာခဲ့ပါတယ်။
အင်္ဂလန်အမှတ်ပေးဖလားဆုကို မရတာ(၁၆)နှစ်ကြာမြင့်နေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းကိုလည်း ကန်တိုဟာ သူရောက်ရောက်ချင်းနှစ်မှာပဲ အမှတ် ပေးဖလားကိုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အမှတ်ပေးဖလားမရတာ နှစ်ပေါင်း(၂၆)နှစ်အထိကြာမြင့်နေပြီဖြစ်တဲ့မန်ယူနိုက်တက်အသင်းကိုလည်း အဲရစ်ကန်တိုနာဟာသူကစားခဲ့တဲ့ငါးနှစ်အတွင်းမှာအမှတ်ပေးဖလားလေးလုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ကိုယ်ရောက်ရှိလာခဲ့တဲ့ ပတ်ဝန်းကျင်ကို အရင်ကနဲ့မတူဘဲ အမြင့်ဆုံးအထိရောက်အောင် ထမ်းပို့ပေးနိုင်တဲ့သူမျိုးကိုသာ ဂန္ထဝင်လို့ခေါ်ထိုက် ပါတယ်။
ကစားသမားဘဝ မှာတည်းက အမျိုးမျိုးသော စွမ်းဆောင်မှု တွေ နဲ့အတူ အောင်မြင်မှုတွေ ရရှိပြီး ရောက်ရှိတဲ့ အသင်းကို အနေထား တစ်ခုထိ ထမ်းတင်ပေးခဲ့တဲ့ အဲရစ် ကန်တိုနာကို ၁၉၆၆ ခုနှစ် မေလ ၂၄ ရက်နေ့ မှာ မွေးဖွားခဲ့ပြီး လူငယ်ကစား သမား ဘဝ ကို အောက်ဆာရဲ အသင်းမှာ စတင်ခဲ့ပါတယ် ။ အောက်ဆာရဲ အသင်းမှာ ကစားသမား ဘဝ ကို စတင်ခဲ့တဲ့ အဲရစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ၅ ရာသီ ကြာကစားခဲ့ပြီး အသက် ၃၁ နှစ် အရွယ်မှာ တင် ကစားသမားဘဝ ကနေ အနားယူခဲ့ပါတယ် ။ ပြင်သစ် မှာပဲ ကစားသမားဘဝ ကို ကျင်လည်ခဲ့ပြီး အောက်ဆာရဲ ၊ မာဆေးလ် ၊ ဘော်ဒိုး ၊ မောင့် ပယ်လီယာ ၊ နမ်းစ် အသင်းတို့ မှာ ကစားခဲ့ပါတယ် ။ မားဆေး အသင်းဟာ အဲရစ် မရောက်ခင်မှာ လိဂ်ချန်ပီယံ ဆု မရရှိတာ ၁၆ နှစ်တာ ကြာမြင့်ခဲ့ပြီး အဲရစ် ရောက်လာတဲ့ အခါမှာ မာဆေးလ် တို့ဟာ ပြင်သစ် မှာ နောက်ထပ် ချန်ပီယံ တစ်ဖန် ပြန်ဖြစ်ခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ အဲရစ် ကန်တိုနာဟာ ပြင်သစ်မြေ ကို စွန့်ခွာလာပြီး အင်္ဂလန် ကလပ် လိဒ် ယူနိုက်တက် ကို ရောက်ရှိလာခဲ့ပါတယ် ။ မာဆေးလ် တို့တုန်းကလိုမျိုးပဲ လိဒ်ယူနိုက်တက် ဟာ အင်္ဂလန် အမှတ်ပေးဆုဖလားကို မရတာ ၁၆ နှစ် ကြာမြင့်နေပြီး ကန်တိုနာ ရောက်ရောက်ချင်း နှစ်မှာပဲ အင်္ဂလန်အမှတ်ပေးဖလား ဆု ကို ပြန်လည် ရရှိခဲ့ပါတယ် ။ အဲဒီနောက်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို ပေါင် ၁ သန်း တည်း နဲ့ ရောက်ရှိခဲ့ပြီး အမှတ်ပေးဖလားမရတာ နှစ်ပေါင်း(၂၆)နှစ်အထိကြာမြင့်နေပြီဖြစ်တဲ့မန်ယူနိုက်တက်အသင်းကိုလည်း အမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ အဲရစ် ကန်တိုနာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားခဲ့တဲ့ ၅ နှစ် မှာ ၄ကြိမ် အထိ အမှတ်ပေးဆုဖလားကို ရရှိခဲ့ပြီး အက်အေ ဖလား နဲ့ ပူးတွဲ ၂ နှစ် ရရှိခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာသွားခဲ့ပြီး ကစားသမား ဘဝ ကနေပါ အနားယူသွားခဲ့ပါတယ် ။ မန်ချက်စတာယူနိုက်တက်မှာ မှတ်မှတ်ရရ ခရစ္စတယ် ပဲလေ့ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲကြည့်ပရိတ်သတ် တစ်ယောက်ကို ကွန်ဖူး ကစ် နဲ့ ကန်ကျောက်ခဲ့ပြီး ၇ လ ပွဲပယ် ပြစ်ဒဏ် ကျခဲ့ပါတယ် ။ နိုင်ငံလက်ရွေးစင် အသင်းမှာတော့ ၇ နှစ်သာ ကစားခဲ့ ရပြီး အဓိကပြိုင်ပွဲကြီးတွေကို တော့ မကစားခဲ့ရပါ။
ကစားသမား ဘဝ မှာ လူပြောများစရာ ၊ ဝေဖန်စရာတွေ အများကြီး ဖန်တီးခဲ့တဲ့ အဲရစ် ကန်တိုဟာ ဘောလုံး သမိုင်းမှာ မှတ်ကျောက်တင်ရမယ့် ဂန္ထဝင်တစ်ယောက် ဆိုတာကိုတော့ ဘောလုံးပရိတ်သတ် တွေ ကြားမှာ ငြင်းလို့ မရပါဘူး ။ အဲရစ်ဟာ အခုချိန်မှာ ပြင်သစ်ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင်နေပါတယ် ။ ဒီနေ့ မှာ ပြင်သစ် နဲ့ မန်ချက်စတာယူနိုက်တက် တို့ ရဲ့ ဂန္ထဝင်ကြီး အဲရစ် ကန်တိုနာအကြောင်းကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"