ဒိန်းမတ်အသင်းဟာ ပထမဆုံးအကြိမ်အဖြစ် ယူရို ၉၂ မှာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ အဲဒါဟာ ယူရိုမှာ အခုချိန်ထိ သူတို့အတွက် တခုတည်းသော အောင်မြင်မှုပါ။ ဖိုင်နယ်မှာ ဂျာမနီအသင်းကို အနိုင်ကစားပြီး ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီတုန်းက ဒိန်းမတ်အသင်းဟာ ဆွီဒင်၊ ပြင်သစ်၊ အင်္ဂလန်တို့နဲ့ တအုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုကြပ်ပါတယ်။ ဆွီဒင်က အိမ်ရှင်အသင်းပါ။ ဒိန်း မတ်အသင်းမှာ ပီတာ ရှမိုက်ကယ်၊ လားလ်အော်ဆန်တို့နဲ့အတူ ဘရိုင်ယန် လက်ဒ်ရပ်ပါဝင်ခဲ့ပါ တယ်။ အုပ်စုအဆင့်မှာ မာတင်ကီအွန်၊ စတူအာ့ ပီယာ့စ်၊ ပေါလ် မာဆန်၊ ဂယ်ရီလိုင်နီကာတို့ပါတဲ့ အင်္ဂလန်အသင်းကို သရေ၊ အိမ်ရှင်ဆွီဒင်အသင်းကို ၁-၀ နဲ့ရှုံးခဲ့ပြီး အုပ်စုနောက်ဆုံးပွဲမှာ လောရင့် ဘလန့်၊ ဒီဒီယာ ဒက်ချန့်၊ အဲရစ်ကန်တိုနာတို့ပါဝင်နေတဲ့ ပြင်သစ်အသင်းကို ဟင်းနရစ် လာဆင်၊ အဲလ်ရပ်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူကာ အုပ်စုဒုတိယနဲ့ ဒိန်းမတ်တို့ နောက်တဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။
အဲဒီကာလတုန်းက ယူရိုပြိုင်ပွဲမှာ ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်အဆင့်တွေ မပါသေးဘဲ အုပ်စု ပွဲပြီးတာနဲ့ ဆီမီးဖိုင်နယ်တခါတည်းကစားတာပါ။ အုပ်စုကလည်း ၂ အုပ်စုပဲရှိပါတယ်။ ဒိန်းမတ်တို့ ဟာ နယ်သာလန်နဲ့ တွေ့ခဲ့ရပြီး ၂-၂ ဂိုးဆီသရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ပြီး အဖြေ မပေါ်ခဲ့ဘဲ ပင်နယ်တီကန်ရာမှာတော့ ဒိန်းမတ်က ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဒိန်းမတ်အ တွက် သွင်းဂိုးတွေကိုတော့ လာဆင်က ၂ ဂိုးလုံး သွင်းယူပေးသွားတာဖြစ်ပါတယ်။ ဖိုင်နယ်မှာတော့ အိမ်ရှင်ဆွီဒင်ကို အနိုင်ယူပြီးတက်လာခဲ့တဲ့ ဂျာမနီတို့နဲ့ ဒိန်းမတ်တို့တွေ့ဆုံခဲ့ပါ တယ်။ အဲဒီပွဲမှာ ယန်ဆန်နဲ့ ဗဲလ်ဖော့တို့ရဲ့ ဂိုးတွေနဲ့ ဒိန်းမတ်တို့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ သွင်းဂိုး အများဆုံးကစားသမားတွေမှာလည်း ဒိန်းမတ်က ဟင်းနရစ်လာဆင်၊ ဂျာမနီအသင်းက ကားလ်ဟိန့်ဇ် ရစ်ဒဲလ်၊ နယ်သာလန်က ဒင်းနစ် ဘားကမ့်၊ ဆွီဒင်က သောမတ် ဘရိုလင်နဲ့ ၃ ဂိုးစီ သွင်းယူရပ်တည် နိုင်ခဲ့ပါတယ်။
ဒီလို ဒိန်းမတ်ကို ယူရိုမှာ အောင်မြင်မှုရအောင် လုပ်နိုင်ခဲ့တဲ့အထဲ ဂိုးသွင်းအများဆုံး ကစားသမား လာဆင်နည်းတူ အရေးပါခဲ့တဲ့ ကစားသမားကတော့ လက်ဒ်ရပ်ပါ။ သူက အဲဒီပြိုင်ပွဲအတွက် ယူအီး အက်ဖ်အေက ရွေးချယ်တဲ့ အကောင်းဆုံးကစားသမား ၁၁ ဉီးစာရင်းမှာ ကွင်းလယ်ကစားသမားအ နေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီ ၁၁ ဦးကို ၄-၄-၂ အထိုင်နဲ့ ရွေးချယ်ထားတာဖြစ်လို့ နောက်တန်း ၄ ဦး၊ ကွင်းလယ် ၄ ဦး၊ တိုက်စစ် ၂ ဦး၊ ဂိုးသမား ၁ ဦးပါ။ ပီတာရှမိုက်ကယ်လည်း ပါဝင်ခဲ့သလို လော ရင့်ဘလန့်၊ ရုဒ်ဂူးလစ်၊ ဒင်းနစ်ဘားကမ့်၊ မာကို ဗန် ဘက်စတန်တို့လို ကစားသမားတွေလည်း အဲဒီ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
တကယ်တော့ ဒိန်းမတ်အသင်းဟာ နည်းပြနီလ်ဆင်လက်အောက်မှာ ခံစစ်အသားပေးပုံစံနဲ့ ကစားခဲ့ တာဖြစ်ပြီး တိုက်စစ်အားပြုကစားသမားတွေဆိုလို့ အနည်းအကျဉ်းပဲသုံးစွဲပါတယ်။ အဲဒီတိုက်စစ် အားပြုကစားသမားတွေထဲမှာ ဘရိုင်ယန် လက်ဒ်ရပ်ကတယောက်အပါအဝင်ပါ။ တိုက်စစ်ကို တာ ဝန်ယူရတဲ့ ကစားသမားတွေပီပီ သူရော၊ လာဆင်တို့ပါ တာဝန်ကြေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘရိုင်ယန် လက်ဒ်ရပ်ဟာ အဲဒီပြိုင်ပွဲမှာ တဂိုးမှ မသွင်းယူနိုင်ခဲ့ပေမဲ့ သူ့ရဲ့ တ ဦးချင်း စွမ်းဆောင်ရည် တွေ၊ ကျော်ဖြတ်မှုနဲ့ စကေးတွေ၊ လျင်မြန်မှုတွေက ဒိန်းမတ်တိုက်စစ်အတွက် မရှိမဖြစ် အသက် သွေးကြောလို လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အကောင်းဆုံး ၁၁ ယောက်ထဲမှာ ပါဝင် လာခဲ့သလို ယူရို ၉၂ ဒိန်းမတ်ဆိုရင် လာဆင်ကိုကျော်ပြီး လက်ဒ်ရပ်ကို ပိုမြင်တတ်ကြတာပါ။
လက်ဒ်ရပ်ဟာ တောင်ပံကစားသမားအနေနဲ့ရော၊ တိုက်စစ်မှူးအနေနဲ့အပြင် ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ်လည်း ကစားနိုင်တဲ့ စွယ်စုံရကစားသမားတ ဦးပါ။ ဒီနေ့ခေတ်မှာတော့ သူ့နာမည် ကို သိပ်မကြားရတော့ပေမဲ့ သူ့ခေတ်မှာတော့ ပါရမီအကောင်းဆုံး ကစားသမားတွေထဲက တယောက်လည်း ဖြစ်ပါတယ်။
၁၉၆၉ မှာ မွေးဖွားခဲ့ပြီး အခုချိန်မှာ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ လက်ဒ် ရပ်ဟာ ဒိန်းမတ်ကလပ် ဘရန်ဘီမှာ ကစားသမားဘဝစတင်ခဲ့ကာ ဒိန်းမတ်ပြည်တွင်းဖလားကို ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ၁၉၈၉ မှာ ဘိုင်ယန်အာဒင်ဂျန်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၀ မှာတော့ ဘိုင် ယန်မြူးနစ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့တော့ သူက ဂျာမန်စူပါဖလားကို ရယူနိုင်ခဲ့ ပါတယ်။ ၁၉၉၂ မှာ ဖီအိုရင်တီးနားကို ရောက်ရှိသွားခဲ့ပြီး ၁၉၉၃ မှာ အေစီမီလန်ကို အငှားသွား ရောက်ကစားခဲ့ပါတယ်။ အေစီမီလန်နဲ့အတူ စီးရီးအေနဲ့ ချန်ပီယံလိဂ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၉၉၄ မှာတော့ စကော့တလန်ကလပ် ရိန်းဂျားကို ရောက်ရှိသွားပြန်ပါတယ်။ ရိန်းဂျားမှာ ၁၉၉၈ ခု နှစ်အထိ ကစားခဲ့ပြီး စကော့တလန်ပြည်တွင်းလိဂ် ၃ ကြိမ်၊ စကော့ဖလား ၁ ကြိမ်နဲ့ စကော့လိဂ်ဖ လား ၁ ကြိမ်တို့ကို ရရှိခဲ့ပါတယ်။ ၁၉၉၈ မှာ ချယ်လ်ဆီးကို ခဏရောက်ရှိလာသေးပြီး ချယ်လ်ဆီးနဲ့ စူပါဖလားကိုတောင် ရယူသွားနိုင်ခဲ့ပါသေးတယ်။ ထူးခြားတဲ့အချက်က လက်ဒ်ရပ် ချယ်ဆီးနဲ့လက် မှတ်ထိုးပြီးတဲ့နောက် ရက်ပိုင်းလေးမှာပဲ ဆာအဲလက်စ်ဖာဂူဆန်က သူ့ဆီ ဖုန်းခေါ်ပြီး ယူနိုက်တက် ဆီကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့တာပါ။ သူက ချယ်ဆီးနဲ့ လက်မှတ်ထိုးပြီးခဲ့ပါပြီ။
လက်ဒ်ရပ်ဟာ စာချုပ်ချုပ်ပြီး အသင်းနဲ့ မိတ်ဆက်လို့ ခဏချင်းမှာပဲ စာချုပ်ကို ပြန်ဖျက်သိမ်းဖို့ ကြိုး စားခဲ့ပါသေးတယ်။ သူ့အတွက် အဆင်မပြေတာတွေရှိတဲ့အတွက် ချယ်လ်ဆီးနဲ့ စာချုပ်ကို ဖျက်သိမ်း ချင်ခဲ့တာပါ။ ဒါပေမဲ့ ချယ်ဆီးဘက်က တရားတဘောင်တွေအထိ သွားဖို့ စီစဉ်ခဲ့တာကြောင့် ခဏ တော့ ကစားသွားခဲ့ပြီး ပြန်လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုပင်ဟေဂင်နဲ့ အိုင်း ယက်အသင်းတို့ဆီလည်း သူရောက်သွားခဲ့ပါသေးတယ်။
၁၉၉၅ ကွန်ဖက်ဒရေးရှင်းဖလားမှာ ဒိန်းမတ်အသင်း ချန်ပီယံဖြစ်နိုင်ဖို့အတွက်လည်း လက်ဒ်ရပ်ပါဝင် ပြီး စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဒိန်းမတ်မှာတော့ သူက တကယ့်ကို အိုင်ကွန်တယောက်အဖြစ် ရပ် တည်နေတာပါ။ လျင်မြန်မှု၊ နည်းစနစ်ကျေညက်မှု၊ အတ္တမကြီးဘဲ အသင်းဖော်တွေအတွက် ဖန်တီးပေးနိုင်မှု၊ နေရာလွတ်တွေကို ရှာဖွေဖန်တီးပေးနိုင်တဲ့ စူးရှတဲ့အမြင်ရှိမှု၊ တကိုယ်ရည်ကျွမ်းကျင်မှုပိုင်းမှာ ထူးချွန်မှုနဲ့ ဘောလုံးအမြင်ကောင်းမွန်မှုတွေက လက်ဒ်ရပ်ကို ထူးခြားစေခဲ့တာဖြစ်ပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"