အားကစားသတင်းများ

စပိန်ရွှေရောင်တခေတ် ရဲ့ တိုက်စစ်မှူး ဒေးဗစ်ဗီလာ

blog image

December 23, 2024

ဒီနေ့ တင်ဆက်ပေးချင်တဲ့ ဂန္ထဝင် ဘောလုံး သမား တစ်ယောက်ကတော့ စပိန်ဘောလုံးရဲ့ တမူထူးခြားတဲ့ ရွှေရောင်တခေတ်ကို ထင်ရှားစေခဲ့တဲ့ တိုက်စစ်မှူးတစ်ဦး 𝐅𝐢𝐠𝐡𝐭𝐢𝐧𝐠 𝐒𝐩𝐫𝐢𝐭 အပြည့်နဲ့ မမောတမ်းမပမ်းတမ်း အသင်းအတွက် ပေးဆပ်ကစားခဲ့တဲ့ ဂန္ထဝင်တစ်ဦး ၊ လက်ရှိ စပိန် အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမား တစ်ဦး ၊ စပိန်အသင်းရဲ့ 𝐁𝐚𝐜𝐤 𝐭𝐨 𝐁𝐚𝐜𝐤 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 အဖြစ် အောင်ပွဲခံခဲ့တဲ့ ကာလတွေ ဟာ တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ကစားသမား တစ်ဦး အဲဒီ သူ က တော့ ဘာစီလိုနာ နဲ့ စပိန်တို့ ရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး ဒေးဗစ်ဗီလာ ပဲ ဖြစ်ပါတယ်။

ဒေးဗစ်ဗီလာဟာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ စပိန်နိုင်ငံ အိုဗီဒိုမြို့အနီး 𝐋𝐚𝐧𝐠𝐫𝐞𝐨 ကျေးလက်ဒေသ၌ မွေးဖွားခဲ့ပါတယ် ။ ဒေးဗစ်ဗီလာ တို့ မိသားစုဟာ သာမန်လက်လုပ်လက်စား မိသားစု ဖြစ်ပြီး ဗီလာဟာ ဘောလုံးကို အသက်ငယ်စဉ်ကတည်းက ဝါသနာကြီးခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။မိသားစုရဲ့ အားပေးမှုရတဲ့အချိန်တွေမှာ ဗီလာဟာ လက်လွှတ်မခံဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ် ။သူ့ရဲ့ လူငယ်ဘောလုံးသမားဘဝဟာ များပြားတဲ့ အခက်အခဲများကြားကနေ ရုန်းထွက်ခဲ့ရတာ ပြီး၊ အသက် ၄ နှစ်အရွယ်မှာ ပေါင်ရိုးကျိုး ဒဏ်ရာကြောင့် ဘောလုံးသမားတစ်ယောက် ရဲ့ ဘဝကို ထိခိုက်နိုင်တဲ့ ဒဏ်ရာမျိုး ရရှိခဲ့ဖူးပါတယ် ။

ဗီလာ ဟာ ငယ်ဘဝကစားသမား ဘဝကို 𝐋𝐚𝐧𝐠𝐫𝐞𝐨 အသင်းမှာ စတင်ခဲ့ပြီး အသက် ၁၇ နှစ် ရောက်တဲ့အချိန်မှာနေတာ့ 𝐌𝐚𝐫𝐞𝐨 ဘောလုံးသင်တန်းကျောင်းကို ရောက်ရှိခဲ့ပါတယ် ။ ဗီလာ ကို သြစတြေးလျ အသင်းတော်တော် များများ ကစိတ်ဝင်စားခဲ့ပြီး ဒေသတွင်းအသင်းကြီး ဖြစ်တဲ့ 𝐑𝐞𝐚𝐥 𝐎𝐯𝐢𝐞𝐝𝐨 အသင်းကို ရောက်လုနီးနီး အချိန် မှ ဗီလာ ရဲ့ အရပ် ပြဿနာကြောင့် အပြောင်းအရွေ့ ပျက်ပြယ်ခဲ့ရပါတယ် ။ ဗီလာရဲ့ ပရော်ဖက်ရှင်နယ်ကစားသမား ဘဝကို 𝐒𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐆𝐢𝐣ó𝐧 𝐁 အသင်းမှာ စတင်ခဲ့ပြီး အသင်းကြီး နဲ့ အတူ ၂၀၀၁ ခုနှစ် ကနေ ၂၀၀၃ ခုနှစ်ထိ ၂ ရာသီကြာကစားခဲ့တာ ပွဲပေါင်း ၈၀ ထိ ကစားခဲ့ပြီး ၃၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ အဲဒီနောက် ၂၀၀၃ ခုနှစ် မှာတော့ ဗီလာ ဟာ 𝐑𝐞𝐚𝐥 𝐙𝐚𝐫𝐚𝐠𝐨𝐳𝐚 အသင်းသို့ ပြောင်းရွှေ့ ကြေး ယူရို ၃ သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ 𝐑𝐞𝐚𝐥 𝐙𝐚𝐫𝐚𝐠𝐨𝐳𝐚 အသင်းမှာ သူ့ရဲ့ ကစားဘဝပိုမိုတိုးတက်လာစေခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ဂိုးပေါင်းများစွာကို သွင်းယူနိုင်ခဲ့ပါတယ် ။ ဇာရာဂိုဇာ အသင်း နဲ့ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ၂၀၀၃ ခုနှစ် 𝐂𝐨𝐩𝐚 𝐃𝐞𝐥 𝐑𝐞𝐲 ဗိုလ်လုပွဲ မှာ ရီးရဲ အသင်းကို ၃ဂိုး - ၂ဂိုး နဲ့ အနိုင်ရရှိတဲ့ ပွဲ မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၁ ဂိုး ကို သွင်းယူပေးနိုင်ခဲ့ပြီး ဇာရာဂိုဇာ အသင်း ဗိုလ်စွဲခဲ့ပါတယ် ။ ဒီဖလား ရဲ့ အကျိုးအမြတ်အဖြစ် ဗီလာဟာ နိုင်ငံ အသင်းအတွက် ပထမဆုံး ခေါ်ယူခြင်းခံခဲ့ရပါတယ် ။ 𝐂𝐨𝐩𝐚 𝐝𝐞𝐥 𝐑𝐞𝐲 နဲ့ 𝐒𝐮𝐩𝐞𝐫𝐜𝐨𝐩𝐚 𝐝𝐞 𝐄𝐬𝐩𝐚ñ𝐚 ဆုကြီးများကို 𝐙𝐚𝐫𝐚𝐠𝐨𝐳𝐚 အသင်းနှင့်အတူ ရရှိခဲ့ပြီး ဗီလာရဲ့ ကစားသမား အောင်မြင်မှု မှတ်တိုင်ရဲ့ အစ အရေးကြီးအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ် ။ ဇာရာဂိုဇာ အသင်း မှာ ၂ နှစ်ကြာ ကစားပြီးတဲ့နောက် ဗီလာ ဟာ ၂၀၀၅ ခုနှစ် မှာ သူ့ဘဝ ရဲ့ အအောင်မြင်ဆုံး ကလပ် ဖြစ်တဲ့ ဗလင်စီယာအသင်းကို ဇာရာဂိုဇာ အသင်းရဲ့ ဘဏ္ဍရေး ပြဿနာကြောင့် ယူရို ၁၂သန်း နဲ့ ရောက်ရှိသွားခဲ့ပါတယ် ။ ဥပရောတခွင်လုံးကို ဗလင်စီယာ အသင်းကနေ ဗီလာ က ကြေငြာသွားခဲ့ပြီး ဂိုးသွင်းကောင်းတဲ့ ဂိုးသွင်းမုဆိုးအဖြစ် အသိမှတ်ပြုခံခဲ့ရပါတယ် ။ ဗလင်ဆီယာ အသင်း နဲ့ ပထမရာသီ မှာကတည်းက အလျင်အမြန်အသားကျခဲ့ပြီး လာလီဂါ မှာ ဗလင်စီယာအသင်းအတွက် ၃၅ ပွဲကစားပြီး ၂၅ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး ဆီမြူရယ် အီတူး ရဲ့ နောက် ၁ ဂိုး အကွာ နဲ့ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ။ အဲဒီနှစ်မှာထဲ နှစ် ၆၀ အတွင်း အယ်မန်ဒို ဆွာရက်ရဲ့ သွင်းဂိုးအများဆုံး စံချိန် ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။ နောက်ရာသီ ၂၀၀၆-၂၀၀၇ ခုနှစ် မှာ ရီးရဲလ်မက်ဒရစ် ကနေ ပြောင်းရွေ့လာခဲ့တဲ့ စပိန် တိုက်စစ်မှူး မောရီယန်တေး နဲ့ အတူ ခြေစွမ်းပြပြီး နှစ်ဦးပေါင်း ပြိုင်ပွဲစုံ ၄၃ဂိုး အထိသွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

၂၀၀၇-၂၀၀၈ ရာသီ ဟာ ဗီလာအတွက်ရော ဗလင်စီယာ အသင်း အတွက် ပါ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ ရာသီတစ်ခုလည်း ဖြစ်ပါတယ် ။ အသင်းရဲ့ နည်းပြဖြစ်သူ ဆန်းချက် ဖလောရကစ် ကို ထုတ်ပယ်ခဲ့ပြီး ရော်နယ် ကိုးမန်း နဲ့ အစားထိုးခဲ့ပါတယ် ။ ဗီလာ ဟာ ကိုးမန်း လက်ထက်မှာလည်း အဓိကကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး ၂၆ပွဲမှာ ၁၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။ သူ့အတွက် ဒုတိယမြောက် ဖလားလည်း ဖြစ် ဗလင်စီယာအသင်းနဲ့အတူပထမဆုံး ဖလား လည်း ဖြစ်တဲ့ ကိုပါဒယ်ရေး ဖလားကို ဂီတာဖေး အသင်းကို ၃-၁ ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူခဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ရာသီကုန်မှာတော့ ဗီလာ ဟာ အသင်း နဲ့အတူ ၂၀၁၄ ထိ ဆက်ရှိနေစေမယ့် ၆ နှစ် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ် ။ ၂၀၀၈ ခုနှစ် ဟာတော့ ဗီလာအတွက် ကြည်နူးစရား ပျော် ရွှင်စရာများစွား ဖြစ်ပေါ်ပြီး စပိန် အသင်း နဲ့ အတူ ယူရို ၂၀၀၈ ဆွတ်ခူးနိုင်ခဲ့သလို ပြိုင်ပွဲ ရဲ့ သွင်းဂိုးအများဆုံး ကစားသမား လည်း ဖြစ်ခဲ့ပါတယ် ။ အဲဒီရာသီမှာပဲ ဗီလာ ဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ရောက်ရှိမလိုထိ ဖြစ်ခဲ့ပြီး အပြောင်းအရွှေ့ ဟာပျက်ပြယ်ခဲ့ရပါတယ် ။ ဗီလာဟာလည်း ၂၀၀၈ ခုနှစ် ဘောလွန်ဒီအော မှာ အဆင့် ၇ နေရာထိ ရောက်ရှိခဲ့ပါတယ် ။ ဖီဖာရဲ့ 𝟐𝟎𝟎𝟖 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐏𝐥𝐚𝐲𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 မှာလည်း စပိန်အသင်းဖော် အင်နီယာစတာ နဲ့ အဆင့် ၉နေရာ ပူးတွဲ ရပ်တည်ခဲ့ပါတယ် ။ ၂၀၀၈ ခုနှစ်ဟာ ဗလင်စီယာ ကစားသမား ဘဝ ဂိုးသွင်းအများဆုံး ရာသီ ဖြစ်ခဲ့ပြီး ၃၃ ပွဲကစားကာ ၂၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ၂၀၀၉ ခုနှစ် မှာတော့ စပိန် နဲ့ ဗလင်စီယာ အသင်းအတွက် ၅၄ပွဲကစားကာ ၄၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ၂၀၀၉ ခုနှစ်အတွက် ဘောလွန်းဒီအော နဲ့ ဖီဖာတစ်နှစ်တာ အကောင်းဆုံးအသင်းမှာ စကာတင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ် ။ ဗီလာဟာ ဗလင်စီယာအသင်း မှာ ၅ ရာသီကြာ ကစားခဲ့ပြီး ၁၆၆ ပွဲ မှာ ၁၀၈ ဂိုး ထိ သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

၂၀၁၀ ခုနှစ် မှာတော့ ဗီလာ ဟာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ ကြေး ယူရိုး သန်း၄၀ နဲ့ ရောက်ရှိသွားပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။ ဗီလာ ဟာ ဘာစီလိုနာအသင်းမှာ တစ်နှစ်ကို လုပ်ခလစာ ယူရို ၇ သန်း ရရှိခဲ့ပါတယ် ။ ဘာစီလိုနာ အဖွင့်ကတော့ ဗီလာအတွက် ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ ဖလားကို စပိန်အသင်း နဲ့ အတူ ဆွတ်ခူးနိုင်ခဲ့သလို ပြိုင်ပွဲ ရဲ့ သွင်းဂိုး အများဆုံး ဆု ကို ၅ ဂိုး နဲ့ ပူးတွဲ ရပ်တည်ခဲ့ပါတယ် ။ အဲဒီနှစ် မှာပဲ မန်ချက်စတာယူနိုက်တက် နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲပွဲစဉ်မှာ အနိုင်ဂိုး တစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဘာစီလိုနာ နဲ့ ပထမရာသီ ဟာ ဗီလာအတွက် တာထွက်ကောင်းတယ်လို့ ပြောလို့ရပြီး ပြိုင်ပွဲစုံ ၅၂ ပွဲ မှာ ၂၃ ဂိုး ထိ သွင်းယူနိုင်ခဲ့ပါတယ် ။ ၂၀၁၀ ခုနှစ်ဟာ ဗီလာအတွက်တော့ အရာရာပြည်စုံ ခဲ့ပါတယ် ။

၂၀၁၁-၂၀၁၂ ရာသီကတော့ ဗီလာ အတွက် ကံဆိုးမှုတွေ စတင်ခဲ့တဲ့ ရာသီတစ်ခုလို့ဆိုရပါမယ် ။ ဒဏ်ရာကြောင့် ၆လ ကျော်ကြာအနားယူခဲ့ရပြီး တစ်ရာသီလုံးမှာ ၂၄ သာကစားခဲ့ရပြီး ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ် ။ အဲဒီဒဏ်ရာကြောင့် ပဲ ဗီလာ ဟာ စပိန် ရဲ့ ယူရို ၂၀၁၂ နှစ်ထပ်ကွမ်း ချန်ပီယံခရီးစဉ်ကို လွဲချော်ခဲ့ရပါတယ် ။ ဒဏ်ရာ ပြဿနာကနေ ပြန်လာပြီး ဗီလာ ဟာ ဘာစီလိုနာ အတွက် နောက်ဆုံး ရာသီမှာ ၃၉ပွဲကစားပြီး ၁၆ ဂိုး သွင်းယူခဲ့ပါတယ် ။ ဘာစီလိုနာအသင်း နဲ့ အတူ ၂၀၁၀-ကနေ ၂၀၁၃ ခုနှစ် အထိ ၃ရာသီ ကြာကစားခဲ့ပြီး ၁၁၉ ပွဲ ကစားခဲ့ပြီး ၄၈ ဂိုး ထိ သွင်းယူနိုင်ခဲ့ပါတယ် ။ ဒေးဗစ်ဗီလာ ဟာ ဘာစီလိုနာ မှာ ကစားစဉ်အတွင်း လာလီဂါ ၂ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် ၊ စပိန်စူပါဖလား ၊ 𝐔𝐄𝐅𝐀 𝐒𝐮𝐩𝐞𝐫 𝐂𝐮𝐩 , 𝐅𝐈𝐅𝐀 𝐂𝐥𝐮𝐛 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 နဲ့ ကိုပါဒယ်ရေး တစ်ကြိမ် စီ ရရှိခဲ့ပါတယ် ။

အဲဒီနောက် မှာတော့ အသလက်တီကို မက်ဒရစ် အသင်းကို အလွတ်ပြောင်းရွှေ့ ကြေး နဲ့ ရောက်ရှိသွားခဲ့ပြီး အဲဒီနောက် 𝐍𝐞𝐰 𝐘𝐨𝐫𝐤 𝐂𝐢𝐭𝐲 နဲ့ 𝐌𝐞𝐥𝐛𝐨𝐮𝐫𝐧𝐞 𝐂𝐢𝐭𝐲 အသင်းတွေ ဆီ ပြောင်းရွှေ့ ပြီး စပိန် နဲ့ ဘာစီလိုနာ အသင်းဖော် အင်နီယေစတာ ကစား ဗစ်ဆယ် ကိုဘီ အသင်း မှာ ကစားသမား ကို ကုန်ဆုံးသွားခဲ့ပါတယ် ။ စပိန် အသင်းမှာလည်း ၂၀၀၅ ခုနှစ်ကနေ စတင်ရွေးချယ်ခံရပြီး ၂၀၁၇ ခုနှစ် ထိ ကစားခဲ့ပြီး ၉၈ ပွဲ ကစားရာမှာ ၅၉ ဂိုးအထိသွင်းနိုင်ခဲ့ပြီး စပိန်သမိုင်းတစ်လျှောက် ထာဝရဂိုးသွင်းအများဆုံးသူအဖြစ် လက်ရှိအချိန်ထိ ရပ်တည်နေခဲ့ပါတယ်။ ဗီလာဟာ ကစားသမား ဘဝ တစ်လျှောက် ၇၅၅ ပွဲကစားခဲ့ပြီး ၄၃၆ ဂိုးသွင်းကာ ဆုဖလား ၁၅ လုံး ရယူနိုင်ခဲ့ပြီး အောင်မြင်မှု များစွာ ရရှိနိုင်ခဲ့ပါတယ် ။ လက်ရှိ အချိန်မှာ 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐞𝐫𝐬 အဖြစ် လုပ်ကိုင်လျက်ရှိပြီး လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နေရင် ဘဝဖြတ်သန်းလျှက်ရှိကြောင်း ပြောရင် ဒေးဗစ် ဗီလာ ရဲ့ အကြောင်း ဆောင်းပါးလေးကို ဒီမှာတင် ရပ်နားပါရစေ .... စာဖတ်ပရိတ်သတ်တွေထဲမှာရော ကျ‌နော့် လို့ပဲ ဒေးဗစ် ဗီလာကို ကြိုက်ခဲ့တဲ့ သူတွေ ရှိလား ?

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#MMMedia
#DavidVilla
#Spain


Related Sports News