အားကစားသတင်းများ
ချယ်ဆီး အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်မယ်လို့ ပြောလာတဲ့ ဂျင်မီကာရေဂါ ရဲ့ ပြောစကားကမှန်ရဲ့လား
April 10, 2025
ဂျင်မီကာရေဂါ က SKY SPORT နဲ့ အင်တာဗျူးမှာ ချယ်ဆီး အသင်းက နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လွဲချော်သွားမယ်လို့ ပြောသွားခဲ့ပါတယ် ။ ချယ်ဆီး အသင်းက ရာသီအစမှာတုန်းက နည်းပြ အသစ် အန်ဇိုမာရက်စကာ ရဲ့ ကစားကွက်နဲ့ တော်တော်လေးကို ကောင်းခဲ့တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းပွဲစဥ် တွေမှာ ရာသီအစတုန်းကလို ခြေစွမ်းမျိုးတွေမတွေ့ရတော့ဘူး ၊ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကျဆင်းလာတယ် ၊ နိုင်လိုစိတ်တွေပျောက်ဆုံးလာတယ် ။ ချယ်ဆီး အသင်း ပရိတ်သတ်တော်တော်များများ နဲ့ အသင်းပိုင်ရှင်တွေက ချယ်ဆီး အသင်း နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက် အဓိက မျှော်လင့်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် က အရင်နှစ်တွေထက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်နေတာပဲဖြစ်ပါတယ်။ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် အသင်း ၅ သင်းအထိ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာဖြစ်ပေမယ့် ခုချိန်ထိ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လီပါပူး နဲ့ အာဆင်နယ် နှစ်သင်းကသာ အာမခံချက်ရရှိထားတာပဲဖြစ်ပါတယ်။
ကျန်တဲ့ ၃ နေရာအတွက် နော်တင်ဟမ် ၊ ချယ်ဆီး ၊ နယူးကာဆယ် ၊ မန်စီးတီး ၊ အက်စတွန်ဗီလာ စတဲ့ ၅ သင်းက တိုက်ပွဲဝင်ရအုံးမှာပဲဖြစ်ပါတယ်။ ဒီ အသင်း ၅ သင်းလုံး က အမှတ်ကွာဟချက် ကလည်း နည်းပါးတာကြောင့် လုံးဝ အမှားခံလို့ မရတဲ့ အခြေအနေဖြစ်နေတာပဲဖြစ်ပါတယ်။ အဲ့ ၅ သင်းထဲမှာမှ ချယ်ဆီး ၊ နယူးကာဆယ် ၊ အက်စတွန်ဗီလာ သုံးသင်းက လက်ကျန်ပွဲစဥ်တွေမှာ ပွဲကြပ်တွေ ရင်ဆိုင်ရအုံးမှာပဲဖြစ်ပါတယ်။ အမှတ်တွေကလည်း တစ်သင်းနဲ့ တစ်သင်း ကွာဟမှု နည်းပါးကြတဲ့ အပြင် လက်ကျန်ပွဲစဥ်တွေမှာလည်း ပွဲကြပ်တွေကို ရင်ဆိုင်ရမှာချင်း အတူတူ ချယ်ဆီး အသင်းက ဘာလို့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကို လွဲချော်မယ်လို့ ဘာလို့ ကာရေဂါက ကောက်ချက်ချရတာလဲ ။ အကြောင်းကတော့ ရှင်းပါတယ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အာဆင်နယ် နဲ့ လီပါပူး နှစ်သင်းကို ဖယ်လိုက်ရင် လက်ကျန် ၃ နေရာအတွက် ရင်ဆိုင်ကျော်ဖြတ်ရမယ့် အသင်း ၅ သင်းထဲမှာ ချယ်ဆီး အသင်းထက် ကျန်တဲ့လေးသင်းက အခုချိန်မှာ ကစားပုံရော ၊ ကစားသမားတွေရဲ့ နိုင်လိုစိတ် ၊ နည်းပြရဲ့ လူထုတ်ပုံ ၊ ကွင်းလယ် နေရာမှာ လူစားလဲဖို့ ဒေါင်ဒေါင်မြည်ကစားသမား မရှိတာ တွေက ပိုကောင်းနေတာပဲဖြစ်ပါတယ်။
ကျန်တဲ့ လေးသင်းမှာ သူတို့ရဲ့ LINE UP ကစားသမား ၁၁ စာရင်းက အခြေကျပြီးသာပါ ။ ဒါပေမယ့် ချယ်ဆီး အသင်းမှာက ရာသီအစထဲက ရာသီကုန်မယ့်အချိန်ထိ နောက်တန်း ခံစစ် မှာ ဘယ်ကစားသမားက အဓိက ဦးစားပေးကစားသမားလည်းဆိုတာကို မသိရသေးပါဘူး။ တစ်ပွဲ ပြီး တစ်ပွဲ ခံစစ် အတွဲ ကို အမျိုးမျိုး ပြောင်းလဲ အသုံးပြုနေတာက ကောင်းတဲ့ အချက်တော့မဟုတ်ပါဘူး ။
ဘာပဲဖြစ်ဖြစ်ပါ နောက်နှစ် ချန်ပီယံလိဂ် အတွက် ဘယ်အသင်းတွေက ဝင်ခွင့်ရရှိသွားမလဲ ဆိုတာကတော့ လက်ကျန်ပွဲတွေကို ကြည့်ရင်း ဆက်လတ် ရင်ခုန် ရမှာပဲဖြစ်ပါတယ်။ အခုလို ချယ်ဆီး အသင်းနည်းပြ ရဲ့ လူထုတ်ပုံ ၊ ကစားသမားတွေရဲ့ လက်ရှိ ခြေစွမ်း ၊ ကစားသမားတွေရဲ့ လက်ရှိနိုင်လို စိတ် နဲ့ကတော့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ဆိုတာ ခက်ခဲပါတယ်။ အခြားကျန်တဲ့ အသင်းတွေ ခြေချော်မှုပေါ်လည်းမူတည်ပါတယ်လို့ ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#championsleague
#jamiecarragher
#enzomaresca
#coach
Related Sports News
ချယ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဝေးကွာပြီလား?
April 18, 2025
ကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာကတော့အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။
April 17, 2025
ချယ်ဆီး နဲ့ မန်ယူ နှစ်သင်းလုံး အမှန်တကယ်စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး
April 16, 2025
Golden Boy ဆုရရှိခဲ့ပေမယ့် အောင်မြင်တဲ့ဘဝကို မရရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်
April 14, 2025
သူ့ခေတ်ရဲ့ ကြိုးဝိုင်းထဲ မှ လူမိုက်ကြီး မိုက်တိုင်ဆန်
April 14, 2025