အားကစားသတင်းများ

ဘောလုံးသမိုင်းရဲ့ ဘက်လိုက်မှု မရှိဆုံးဒိုင်လူသား VAR

blog image

April 10, 2025

    အခုနောက်ပိုင်းခေတ်တွေမှာ ဘောလုံးပွဲ တစ်ပွဲ ပြီးသွားလို့ နောက်တရက်ကြရင်  ဒိုင်က ဆုံးဖြတ်ချက်အမှားတွေချတယ် ၊ VAR  က ဘယ်လို ဆုံးဖြတ်တာလဲ ဆိုတဲ့ ဘောလုံးပရိတ်သတ်တွေရဲ့ စိတ်ပျက်တဲ့ စကားသံတွေကို ခနခန ကြားနေရတာပဲဖြစ်ပါတယ်။ ပွဲကောင်းတစ်ပွဲ ဖြစ်ဖို့ ဆိုတာ ကွင်းလယ်ဒိုင် တစ်ဦးရဲ့ မှန်ကန်တဲ့  ဆုံးဖြတ်ချက်တွေ ၊ သမာတမက် ကျမှုတွေ ၊ ကွင်းလယ်ဒိုင်ရဲ့ လုပ်ပိုင်ခွင့်တွေကို မှန်မှန်ကန်ကန် အသုံးချမှုတွေ ၊ ကွင်းအတွင်း ဩဇာညောင်း မှုတွေနဲ့  အများကြီး သက်ဆိုင်တာပဲဖြစ်ပါတယ်။  ဘောလုံးပွဲ တစ်ပွဲမှာ ကွင်းလယ်ဒိုင် တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့က အရမ်းကို အရေးပါပါတယ်။ ကွင်းလယ် ဒိုင် တစ်ယောက်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် သာမန်ဘောလုံးပွဲ တစ်ပွဲကနေ ကြည့်ကောင်းပြီး ဘောလုံးရသ အပြည့်အဝ ပေးနိုင်တဲ့ ဘောလုံးပွဲ တစ်ပွဲ အဖြစ်ပြောင်းလဲသွားနိုင်သလို ၊ ဒိုင်တစ်ဦးရဲ့ ဆုံးဖြတ်ချက် အမှားကြောင့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ကောင်းနေတဲ့ပွဲကနေ ဘောလုံးရသကို မခံစားရတော့တဲ့ ပွဲတစ်ပွဲ  ဖြစ်သွား နိုင်ပါတယ်။ 


    တချိန်က အခုအသုံးပြုနေတဲ့ VAR တွေထက် ပိုမိုတိကျပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်တဲ့ လူသား VAR  ရှိခဲ့ဖူးပါတယ်။  အဲ့ဒိ လူသား VAR ကတော့ ကော်လီနာပဲဖြစ်ပါတယ်။   အခုလက်ရှိ အသုံးပြုနေတဲ့  VAR တွေက အငြင်းပွားတာတွေ ရှိပေမယ့် ကော်လီနာ မှာတော့ အငြင်းပွားဖွယ်    ကိစ္စ တစ်ခုမှ မရှိခဲ့တာပဲဖြစ်ပါတယ်။ ကော်လီနာကို ၁၉၆၀ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာ အီတလီ မြောက်ပိုင်း Emilia-Romagna  ဒေသရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဘိုလော့နာ မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ကော်လီနာက ဆယ်ကျော်သက် အရွယ်လောက်က ဒေသခံ အသင်းမှာ ဗဟို ခံစစ်မှုး အဖြစ် ကစားခဲ့ဖူးတာပဲဖြစ်ပါတယ်။ ကော်လီနာက ဘိုလော့နာ တက္ကသိုလ်မှာ ဒိုင်လူကြီး အထူးပြု ဘာသာရပ်ကို သင်းကြားခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ဘွဲ့ရရှိခဲ့တာပဲဖြစ်ပါတယ်။ အဲ့နောက် ကော်လီနာက အီတလီ စီးရီး C1 နဲ့ C2 ပွဲစဥ်တွေကို စတင်ကိုယ်တွယ်ခဲ့ရပြီး သူ့ရဲ့ သမာသမက် ကျမှုတွေ ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အချိန်တိုလေး အတွင်းမှာပဲ ကော်လီနာက အီတလီ စီးရီး B နဲ့ စီးရီး A  ပွဲစဥတွေကို ကိုင်တွယ်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ 


   ၁၉၉၅ ခုနှစ်မှာ စီးရီး A ပွဲစဥ် ၄၃ သုံးပွဲအထိ ကိုင်တွယ်ပြီးတဲ့ အချိန်မှာတော့ ဖီဖာရဲ့ တရားဝင် ဒိုင်လူကြီး တစ်ယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ် ။ ကော်လီနာ ရဲ့ ကွင်းတွင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ၊  သမာသမက် ကျမှုတွေကြောင့်ပဲ ပရိတ်သတ်တွေသာမက ဘောလုံး ကစားသမားတွေရဲ့ ချစ်ခင် လေးစားမှုကို အပြည့်အဝ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကော်လီနာက သူ့ရဲ့  ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ၊ ရိုးသားမှုတွေ ၊ ကစားသမားတွေကို face to face  ရင်ဆိုင်ပြောဆိုပုံတွေကြောင့် တသက်သာ မမေ့နိုင်တဲ့ အကောင်းဆုံး ဗိုလ်လုပွဲတွေကို ကိုင်တွယ်ခဲ့ရတဲ့ အပြင် ကမ္ဘာ့ဘောလုံး လောက မှာ ဖီဖာကပေးတဲ့ တစ်နှစ်တာ  အကောင်းဆုံး ဒိုင်လူကြီးဆုကို ၆ ကြိမ် နဲ့ အများဆုံးရရှိခဲ့ဖူးတဲ့  ဒိုင်လူကြီး တစ်ယောက်လည်းဖြစ်ပါတယ်။ ကော်လီနာက ၁၉၉၆ ခုနှစ် အိုလံပစ် ဖိုင်နယ်ပွဲစဥ် အဖြစ် အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားတို့ ကစားခဲ့တဲ့ ပွဲစဥ် အပြင် ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်အဖြစ် ကစားတဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဘာယန်မြူးတို့ရဲ့ ပွဲစဥ်တွေကို ကိုင်တွယ်ခဲ့တာပဲဖြစ်ပါတယ်။


    ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဖီဖာကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ဒိုင်လူကြီးဆုကို ၆ ကြိမ်တိုင်တိုင် ရရှိခဲ့ပြီး သူ့ရဲ့ ရိုးသားဖြောင့်မတ်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပရိတ်သတ်တွေ အပြင် ကွင်းအတွင်းက ကစားသမားတွေပါ ချစ်ကြောက်ရိုသေ ရတဲ့ ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ ကော်လီနာ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။ 


#mmmedia

#pierluigicollina

#referee

#bologna

#var


Related Sports News