အားကစားသတင်းများ

ဖိအားကြားထဲ ရုန်းထခဲ့သူ အမော်ရင် နဲ့ ပြဿနာများကြား ခေါင်းမဖော်နိုင်သေးတဲ့ ဂွာဒီယိုလာ

blog image

December 17, 2024

မန်ချက်စတာ ဒါဘီဟာ တဖက်အတွက် ကြည်နူးစရာ ဖြစ်ခဲ့သလို တဖက်အတွက်ကတော့ အပြတ်ပြတ် နဲ့ နှာခေါင်းသွေး ထွက်ခဲ့ပါတယ် ။ ထင်ထားသလောက် ပွဲက မမြိုင်ဆိုင်ပေမယ့် ရလာဒ် ပိုင်းဆိုင်ရာမှာတော့ အစွန်း တစ်ဖက် ဆီမှာ သက်ရောက်မှုတွေတော့ ရှိခဲ့ပါတယ် ။ ပွဲရဲ့ အလှည့်အပြောင်း အချိန်တွေကို ပရိတ်သတ်တွေ ပြန်လည် ခံစားလိုက်ရတာကတော့ မန်ချက်စတာဒါဘီ ရဲ့ တစ်ချိန်က ပြိုင်ဆိုင်မှုပြင်းထန် ခဲ့တာတွေ ကို အမှတ်ရပြီး ပြန် ခံစားခဲ့ရပါတယ် ။ လက်ရှိအချိန်မှာဆိုရင် နှစ်သင်းလုံးက အကောင်းဆုံးပုံစံမှာ ရှိမနေတဲ့ အချိန်ဖြစ်ပါတယ် ။ အထူးသဖြင့် မန်ချက်စတာစီးတီး ဟာဆိုရင် ပြိုင်ပွဲစုံ ၁၁ပွဲ မှာ ၈ပွဲ အထိ ရှုံးနိမ့်ထားပြီး ၂ ပွဲ သရေ ကျထားခဲ့တဲ့ အထိ ကို ရလာဒ်တွေ ဆိုးနေတာပဲ ဖြစ်ပါတယ် ။ ပပ် ဂွာဒီယိုလာ အတွက် မန်ချက်စတာစီးတီး အသင်းအတွက်ပါ အဆိုးရွားဆုံး ရလဒ်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ တစ်ဖက်က မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုရင်လည်း နည်းပြသစ် အမော်ရင် လက်ထဲမှာ အသင်းဟာ တည်ဆောက်ဆဲကာလ ဖြစ်ပြီး ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေကာ ရလဒ်ကောင်း ရဖို့ကို ရုန်းကန်ဆဲ ကာလ တစ်ခုပဲ ဖြစ်ပါတယ် ။


နှစ်သင်းစလုံး အနေနဲ့ အပေါင်းလက္ခဏာ ဆောင်ဖို့ ဒီပွဲကို သေချာ ပြင်ဆင်လာခဲ့ကြပါတယ် ။ ဒဏ်ရာရ ကစားသမားတွေ ကိုယ်စီ နဲ့ အတူ အကောင်းဆုံး လူစာရင်း နဲ့ ပွဲထုတ်လာခဲ့ပါတယ် ။ အိမ်ရှင် မန်ချက်စတာစီးတီး အသင်းဟာ ဂိုးသမား နေရာ အီဒါဆင် ၊ နောက်တန်း ၃ ယောက် တန်း အဖြစ် ဝေါ်ကာ ၊ ဒီယက် ၊ ဂဗာဒီ‌ရော ကွင်းလယ် နဲ့ တိုက်စစ် နေရာမှာ ဂွန်ဒိုဂန် ၊ နူးနက် ၊ ဆေးဗား ၊ ဒီဘရိုင်း ၊ ဖိုဒန် ၊ ဒိုကူး နဲ့ ဟာလန်း တို့ နဲ့ ပွဲထွက်လာပြီး သူတို့ ရဲ့ အကောင်းဆုံး လူစာရင်း နဲ့ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဒီနေ့ မှာ ထူးထူးခြားခြား ဂါနာချို နဲ့ ရက်ဖို့စ် တို့ကို အရံလူစာရင်းမှာတော့ ထည့်သွင်း ထားခြင်းမရှိပါဘူး ။ အဲဒီ အကြောင်းကို လည်း နည်းပြ အမော်ရင် က ဖြေရှင်းထားချင်းမရှိပါဘူး ။ အသင်းအတွက် အရေးပါတဲ့ ကစားသမား ၂ ယောက်ကို ဒီလိုပွဲစဉ် မျိုးမှာ ချန်လှပ်ခဲ့တယ်ဆိုတာကတော့ 𝐑𝐢𝐬𝐤 များပြီး မီဒီယာ တွေ အနေနဲ့ လည်း အသင်း ရှုံး ခဲ့ရင် ထိုးနှက်လို့ ကောင်းတဲ့ သတင်းတစ်ပုဒ် ဖြစ်မှာတော့ အသေချာပါပဲ ။ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မေဆင်မောင့် နဲ့ မက်ဂွဲယားကို ပွဲထွက် လူစာရင်းမှာ အသုံးပြုခဲ့တာက လွဲရင် ကျန်တဲ့ လူစာရင်းကို အပြောင်းလဲ ကြီးကြီးမားမား မလုပ်ပဲ နဲ့ အဝေးကွင်းမှာ မန်ချက်စတာ စီးတီးကို ရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ် ။


ပွဲအစတည်းက ပွဲကတော့ အနည်းငယ် အေးနေပြီး ပွဲ ကစားချိန် ၃၆မိနစ်အရောက်မှာ ဒီဘရိုင်းနား ဖြတ်တင်ပေးပို့ မှုကို ဂဗာဒီရော က ခေါင်းတိုက် အဆုံး သတ်ပြီး မန်ချက်စတာစီးတီး ဟာ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။ မန်ချက်စတာယူနိုက်တက် အနေနဲ့ ပေးဂိုး အများစုကို 𝐒𝐞𝐭 𝐏𝐢𝐞𝐜𝐞 တွေ ဖြတ်တင်ဘောတွေကနေ တဆင့် အလွယ်တကူ ခွင့်ပြုနေရတာဟာ ပွဲစဉ်တိုင်း လိုလို ဖြစ်နေပြီး အမော်ရင် အနေနဲ့ ဒီပြဿနာကို သေချာကိုင်တွယ်ဖို့ လိုပါတယ် ။ အရပ်မောင်းမြင့်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပြီး အမြင့်ဘောတွေက အလွယ်တကူ ဂိုးတွေ ခွင့်ပြုနေရတာဟာ မဖြစ်သင့်တဲ့ အခြေနေဖြစ်ပါတယ် ။ ဒီနေ့ ပွဲဟာ ပြောစရာ ဖြစ်ခဲ့တာကတော့ အမော်ရင် အမွှန်းတင်လေ့ရှိတဲ့ မေဆင်မောင့် က တော့ ပွဲကစားချိန် ၁၄မိနစ်မှာတင် ဒဏ်ရာ ရပြီး ကိုဘီမိုင်နူး နဲ့ လူစားလဲခဲ့ရပါတယ် ။ မောင့် အနေနဲ့ ပွဲထွက်ကစားခွင့် ရတဲ့ ပွဲမျိုးမှာ ဒဏ်ရာပြန်ရာခဲ့တာကတော့ ပရိတ်သတ်တွေအတွက်ရော အသင်းအတွက်ပါ စိတ်ပျက်စရာ အခြေနေတစ်ခုပါ ။ ပထမပိုင်းမှာတော့ ၁-၀ ဆိုတဲ့ ရလာဒ် နဲ့ မန်ချက်စတာစီးတီးအသင်းကပဲ ဦးဆောင်ထားခဲ့ပါတယ် ။


အထူးသဖြင့် နောက်ဆုံး ၁၀နှစ်အတွင်း မန်ချက်စတာစီးတီးအနေနဲ့ ကစားပုံ အရ ရော အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ အဆိုးရွာဆုံး ဖြစ်နေတာကို သိသိသာသာ မြင်တွေ့ရပါတယ် ။ ပထမပိုင်း ရရှိခဲ့တဲ့ ဦးဆောင်ဂိုးကလွဲပြီး အိုနာနာ ဆီကို ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက် မှုတွေလည်း မလုပ်နိုင်ခဲ့သလို တပွဲလုံး နီးပါး မန်ချက်စတာ ယူနိုက်တက် ရဲ့ တိုက်စစ်ဆင် ခြိမ်းခြောက်မှုတွေကို အသည်းသန် ကာကွယ်နေခဲ့ရပါတယ် ။ ဘောလုံး ဆုံးရှုံးချိန်မှာ မန်စီးတီး ဂိုးဘက်ခြမ်း ထိကို ၉ ယောက် ထိ ဆင်းပိတ်ကစားနေတာကို တွေ့ရတာဖြစ်ပါတယ် ။ ဒါဟာ မန်ချက်စတာစီးတီး အသင်းရဲ့ စရိုက် လက္ခဏာမဟုတ်ပါဘူး ။ အသင်းအနေနဲ့ အချိန်ပြည့် တဖက်အသင်းကို ဖိအား ပေးပြီး ဘောလုံး ပိုင်ဆိုင်မှုကို ဦးစားပေးကစားတတ်တဲ့ ဂွာဒီယိုလာ ရဲ့ မန်ချက်စတာ စီးတီးအသင်းဟာ အခုဆိုရင် တပ်ပျက်နေပြီး တဖက် ပြိုင်ဘက်အသင်းရဲ့ လွှမ်းမိုးမှုကို ကြိုးစားရုန်းထွက် တဲ့ ပုံစံမျိုးနဲ့ ကစားနေရပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ဒီနေ့ ပွဲမှာ တပွဲလုံးမှာ ထိရောက်တဲ့ ဂိုးပေါက် ချိန်းခြောက်မှု ၃ ကြိမ် ကလွဲရင် ခြေစွမ်းပိုင်းက အားရစရာ မရှိပါဘူး ။ 𝐖𝐢𝐧𝐠 𝐁𝐚𝐜𝐤 ကို အားပြု ကစားတဲ့ အမော်ရင် ရဲ့ ကစားကွက်မှာ ဒါလော့ ကတော့ မေးခွန်းထုတ်ချင်စရာ ကောင်းနေပါပြီ ။ 𝐑𝐢𝐠𝐡𝐭 𝐖𝐢𝐧𝐠 𝐁𝐚𝐜𝐤 ရော 𝐋𝐞𝐟𝐭 𝐖𝐢𝐧𝐠 𝐁𝐚𝐜𝐤 ရောပါ အမော် ရင် တောက်လျှောက် အသုံးပြုလာပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲပါပဲ ။ ဒီနေ့မှာ 𝐋𝐞𝐟𝐭 𝐖𝐢𝐧𝐠 𝐁𝐚𝐜𝐤 အနေနဲ့ ပွဲထွက်လာပြီး 𝐂𝐫𝐨𝐬𝐬 တွေလည်း မလုပ်နိုင်သလို 𝐓𝐚𝐜𝐤𝐥𝐞 ပိုင်းတွေမှာလည်း မလုပ်နိုင်ပါသည် ။ ဘောလုံး ပေးပို့ မှု အပျက်များပြီး ပုံမှန် ခြေစွမ်းမှာ ရှိမနေပါဘူး ။ အမော်ရင် ကို မေးခွန်းထုတ်ရမှာ ပေါ်တူဂီ တနိုင်ငံတည်း သားမို့ မျက်နှာသာ ပေးတာလားဆိုတဲ့ အချက်ပါ ။ အမော်ရင် ရဲ့ မန်ချက်စတာ ယူနိုက်မှာ 𝐋𝐞𝐟𝐭 𝐖𝐢𝐧𝐠 𝐁𝐚𝐜𝐤 ပြဿနာ ဖြစ်နေတာကို နားလည်ပေမဲ့ ဒါလော့ ခြေစွမ်းကတော့ 𝐋𝐢𝐧𝐞 𝐔𝐩 ကစားဖို့ အခုချိန်မှာ ထိုက်တန်မနေပါဘူး ။ ဒီ‌နေ့ ပွဲရဲ့ အလှည့်အပြောင်းကတော့ ပွဲကစားချိန် ၇၈ မိနစ် မှာ အန်တီနီ နဲ့ ဇက်ဇီ တို့ ကို ပြောင်းလဲ ထည့်သွင်းပြီးတဲ့ နောက်မှာတော့ အသင်းကစားကွက်က သိသိသာသာ တိုးတက်လာပါတယ် ။ တပွဲလုံးမှာ မန်းစီးတီး ခံစစ်ကို တောက်လျှောက် ဒုက္ခပေးနေတဲ့ အာမက် အတွက် ကစားပေါက် ပိုချောင်သွားပြီး ပိုပြီး ဘောလုံး ရလာပါတယ် ။ ဒီလိုနဲ့ ပွဲကစားချိန် ၈၇ မိနစ်မှာ မန်ချက်စတာစီးတီး ကွင်းလယ်လူ နူးနက်စ် လူပေးမှားရာကနေ တဆင့် အာမက် ဘောလုံးရသွားပြီး တချက်ပြန်အခေါက်မှာ နူးနက်စ်ကပဲ နောက်ကနေ လူချသလိုဖြစ်ပြီး ရရှိခဲ့တဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် က အမှားယွင်းမရှိ အဆုံးသတ်ပြီး ၁ -၁ ဖြစ်သွားခဲ့ပါတယ် ။ အဲဒီနောက် မန်ချက်စတာယူနိုက်တက် ကပဲ ‌တောက်လျှောက်ဖိအားပေးရင် ကွင်းလယ် တဝက်ကျော်လောက်က လီချာ ( မာတီနက်စ် ) ရဲ့ ပေးပို့မှုကနေ အာမက်က လူကျွံ့ထောင်ချောက် ကို ဖောက်ထွက်ပြီး ဂိုးသမား အီဒါဆင်ကို ကျော်ပြီး ကန်ထည့်ကာ အသင်းအတွက် အနိုင်ဂိုး ကို သွင်းနိုင်ခဲ့ပါတယ် ။ ဒီနေ့ ပွဲ အတွက် ချွင်းချက် မရှိ အကောင်းဆုံးကစားသမားကတော့ အာမက် ဆိုတာ ငြင်းလို့ရမယ် မထင်ပါဘူး ။ အာမက်ရဲ့ ပွဲချိန်တစ်လျှောက်လုံး အတိုးအလှုပ်တွေကနေ မန်ချက်စတာယူနိုက်တက်ကို ပွဲကို ပြန်စိုးမိုး နိုင်ခဲ့တာပါ ။ ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက်ကတော့ အဆင့် ၁၃ နေရာမှာသာ ဆက်လက်ရပ်တည်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကတော့ အဆင့် ၅ နေရာထိ ဆင်းပေးခဲ့ရပြီလည်း ဖြစ်ပါတယ် ။


တဖက်က အပေါင်းလက္ခဏာဆောင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပေမဲ့ ကျန်တဖက် မှာတော့ အမှောင်ဖုံး နေဆဲဖြစ်ပါတယ် ။ အမော်ရင်အတွက် ရက်ဖို့စ် နဲ့ ဂါနာချို တို့ကို ချန်လှပ်စေပြီး နိုင်ပွဲရစေခဲ့သလို အသင်းအနေနဲ့ ဖိအား တချို့ လျော့ချနိုင်ပြီး အပေါင်းလက္ခဏာဆောင်တ တဲ့ နိုင်ပွဲ ဖော်ဆောင်စေခဲ့ပါတယ် ။ ဂွာဒီယိုလာ အတွက်တော့ ပြင်ဆင်မှု ကြီးကြီးမားမား နဲ့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ အချက်ပေးခေါင်းလောင်း သံ ဆက်တိုက်ကြားနေရပြီး နောက်ထပ် ခြောက်ခြားစရာ နေ့တရက်ကို ဖြတ်ကျော်ခဲ့ရတဲ့ ပွဲစဉ် တစ်ပွဲ လို့ ပြောရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်ပေးလိုက်ပါတယ် ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#MMMedia
#Amorim
#PepGuardiola




Related Sports News