အားကစားသတင်းများ

မန်ချက်စတာယူနိုက်တက် ရဲ့ အိုင်ဗရီကို့စ် စိန်တစ်ပွင့် အာမက်ဒီယာလို

blog image

December 22, 2024

အာမက် ဒီယာလို ထရာအိုရေး ဆိုတဲ့ အိုင်ဗရီကို့စ် လူငယ်လေး ဟာ အခုဆိုရင် မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တို့ရဲ့ အချစ်တော် ကစားသမားတစ်ယောက် ဖြစ်နေပါပြီ ဒီရာသီ နစ္စရွိုင်း ကိုင်ခဲ့တဲ့ ပွဲတွေကဆို အမော်ရင် အထိ အာမက် ထမ်းတင်ခဲ့တဲ့ ပွဲတွေ မနည်းပါဘူး ။ ဆရာကြီး တန်ဟက် စင်တင်ပေးလို့ ပေါ်ထွက်လာပေမဲ့ တန်ဖိုး ကို မသိခဲ့လို့ တန်ဟက် တစ်ယောက်ကို ပရိတ်သတ်တွေ စိတ်ဆိုးနေကြတာလည်း မဆန်းပါဘူး ။ အာမက် ကလည်း ဒီရာသီ ရှယ်ကောင်း ရှယ်ရုန်း ပေးနေတာကိုး .. အာမက်ဆီ ဘောလုံး ရောက်ပြီဆိုရင် စိတ်ချထားလို့ ရတဲ့အထိ အာမက် ရဲ့ အတိုး အလှုပ် အယိမ်းအနွဲ့တွေဟာ တဖက် နောက်တန်းကို တော်တော် အလုပ်ရှုပ်စေခဲ့ပါတယ် ။ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် မှာစပါးအသင်းကို ၄ - ၃ ဆိုတဲ့ ရလဒ် နဲ့ ရှုံးခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက် ရဲ့ ပရိတ်သတ် တွေကတော့ အာမက် လူစားဝင်လာပြီးနောက် တိုက်စစ်ပိုင်း အသက်ဝင်လာပြီး Come Back ပြန်လာနိုင်တဲ့ အနေထားထိတောင်ထင်ခဲ့ပါတယ် ။


အာမက် ဟာ လူကောင်သေးတယ် ။ ဘယ်‌ခြေအားသန် တောင်ပံတိုက်စစ် ကစားသမား မျိုး တိုးအား၊ရုန်းအား ကလည်း လွှတ်ပေးလို့ မရဘူး ။ လွတ်ပြီ ဆိုတာနဲ့ ဂိုးရဖို့ က သေချာနေပြီ ။ လျှင်မြန်မှုကို ဦးစားပေးပေမဲ့ ခြေနုတ်ခြေသိမ်း အယိမ်းအနွဲ့ တွေက အာမက် ဟာ ထိပ်တန်း အဆင့်မှာ ရှိပါတယ် ။ အမော်ရင် ကလည်း အာမက် နဲ့ ပတ်သက်ပြီး “ အာမက် နဲ့ ပတ်သက်လို့ တန်ဟက် ကို ကျေးဇူးတင်ပါတယ်။ သူ့ကို ပျိုးထောင်ပေးခဲ့တဲ့အတွက် ရယ် ပြီးတော့ သူ့ကို ပိုပြီးတိုးတက်အောင် လုပ်ပေးခဲ့တယ် ရုဗ် ရယ် “ ဆိုပြီး ကျေးဇူးတင်စကား ဆိုထားပါတယ် ။ အာမက် ဟာ မန်ချက်စတာ ယူနိုက်တာကို ရောက်တာ ၂၀၂၁ ခုနှစ်က အတ္တလန်တာ အသင်းကနေ ရောက်ရှိခဲ့တာပါ ။ အာမက် ကို ခေါ်တုန်းက သူ့အသက်က ၁၈နှစ်ကျော် ၁၉နှစ် ဝန်းကျင် ပဲ ရှိပါသေးတယ် ။ ရောက်ခါစက နေရာမရသေးပဲ ရိန်းဂျား ၊ ဆန်းဒါလန်း တို့ အသင်းတွေမှာ တစ်ရာသီ ဆီ အငှားသွားကစားခဲ့ရပြီး ၂၀၂၃ ဇွန်လ မှာ အသင်းကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ် ။ တန်ဟက် လက်ထက်မှာ အာမက် ဟာ ပွဲထွက်ခွင့် မရရှိခဲ့ပဲ အရန် ကစားသမား အနေနဲ့ အချိန်ကုန်ခဲ့ရတာ များပါတယ် ။ အာမက် ဟာ သူ ကစားရတဲ့ ပွဲစဉ်တိုင်းမှာ မခိုမကပ်ပဲ ကြိုးစားကစားတတ်ပြီး မှတ်မှတ်ရရ မနှစ်က အက်စ်အေဖလား ပွဲစဉ် လီဗာပူးလ် ကို ၄ -၃ နဲ့ အနိုင်ရရှိတဲ့ ပွဲ မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။ တန်ဟက် ထွက် သွားပြီးနောက်ပိုင်းမှာ နစ္စရွိုင်းကိုင်တွယ်ခဲ့တဲ့ ၄ ပွဲ မှာ ၂ ပွဲထွက်ကစားခဲ့ပြီး ၂ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ အမော်ရင် လက်ထက် မှာ အာမက် ဟာ Wing Back နဲ့ RMF နေရာတွေ မှာ ပွဲထွက် ကစားရပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ အမော်ရင် လက်ထက် မှာတော့ အာမက် ဟာ ပိုပြီး‌ နေရာ ရခဲ့ပြီး အရေးပါတဲ့ သွင်းဂိုး နဲ့ ဂိုးဖန်တီး မှု တွေ ပိုလုပ်နိုင်ခဲ့ပါတယ် ။ အမော်ရင် ရဲ့ ကစားကွက် ထဲမှာ အကောင်းဆုံး အံဝင် ခြေစွမ်းပြနိုင်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး လုပ်အားနှုန်းလည်း ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ် ။ အမော်ရင် လက်ထက် မှာ ၂ ဂိုးသွင်းပြီး ၅ ဂိုးအထိ ဖန်တီးပေးထားပါတယ် ။


စပါးအသင်း နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းအသင်း နဲ့ ပွဲစဉ်မှာလည်း အမော်ရင် ဟာ အာမက်ကို အနားပေးထားခဲ့ပါတယ် ။ စပါး အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို ၃ဂိုး ဂိုးမရှိ နဲ့ ဦးဆောင်နေတဲ့ အချိန်မှာတော့ အမော်ရင် ဟာ အာမက် ကို အန်တိုနီ နေရာမှာ လူစားလဲ ပြီး ကစားစေခဲ့ပါတယ် ။ အာမက် ဝင်လာပြီးတဲ့ နောက်ပိုင်း စပါးနောက်တန်း ကို မွှေနှောက်နိုင်ခဲ့ပြီး ထိရောက် တဲ့ ဂိုးကန်သွင်းခွင့် နဲ့ ခြိမ်းခြောက်နိုင်ခဲ့ပြီး ၁ ဂိုး သွင်း ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဂိုးသမား ဘယင်ဒါ အမှားတွေ ကနေ အလွယ်တကူ ဂိုးခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး အသင်း နဲ့ ပရီးမီးယား လိဂ် ပွဲစဉ် မှာ အာမက် ရဲ့ ထူးရှယ် ခြေစွမ်း နဲ့ အတူ ၂ -၁ ဆိုတဲ့ ရလဒ် နဲ့ အဝေးကွင်း နိုင်ပွဲ ကို ရရှိခဲ့တာပါ ။ မန်ချက်စတာ စီးတီးနဲ့မှာ အာမက် ဟာ အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး သူ့ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီ ကနေပဲ ခြေပ ဂိုး ကို ရရှိခဲ့ပါတယ် ။


အာမက် ဟာ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ပြီး အမော်ရင် ရဲ့ စိတ်ကြိုက် ကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး ။ အာမက် မှာ လက်ရှိ အချိန်မှာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးပြီး အသင်းအတွက် အလားလား ကောင်းတဲ့ လူငယ်ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။ အနာဂတ်အတွက် ကစားသမား ကောင်းတစ်ယောက် အဖြစ် အလားလားရှိနေတဲ့ အာမက် ကို အမော်ရင် အနေနဲ့ လည်း ဂရုတစိုက် ကိုင်တွယ်သွားဖို့ လိုအပ်ပါမယ် ။ မန်ချက်စတာယူနိုက်တက် ရဲ့ အိုင်ဗရီကို့စ် သား အာမက်ဒီယာလို ထရာအိုရေး အကြောင်း ဆောင်းပါးလေး ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ .....

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#MMMedia
#AmadDiallo #ivorycoast
#manchesterunited
#footballer

Related Sports News