အားကစားသတင်းများ

ရှနိုက်ဒါ အကြောင်း ပြောရအောင်

blog image

December 30, 2024

ဝက်စလေ ရှနိုက်ဒါ အကြောင်း ကျွန်တော်တို့ ပြောကြပါမယ်။ ပြောဖို့ လိုအပ်ပါတယ်။ ဒီကစားသမား ဟာ အသိအမှတ်ပြုမှု ရသင့်တဲ့ ကစားသမားပါ။ အောင်မြင်မှုတွေလည်း ရသင့်သလောက်ရခဲ့ပြီး ခြေစွမ်းအားဖြင့်လည်း ကောင်းမွန်ခဲ့တဲ့ကစားသမားတစ်ယောက်ပါ။ ဆိုတော့ ဒီအပိုင်းမှာ ကျွန်တော်တို့ သူ့အကြောင်းလေးကို သေချာ ပြောကြတာပေါ့။



ရှနိုက်ဒါလို့ ပြောလိုက်ရင် ပရိသတ်တော်တော်များများက ရီးရဲလ်မက်ဒရစ်မှာ သူကစားခဲ့ဖူးတဲ့ တို တောင်းတဲ့ ကာလကလေးကို ပြေးမြင်တဲ့သူလည်း ရှိပါလိမ့်မယ်။ အောင်မြင်မှုဆိုလို နည်းနည်းပါးပါး ပဲရခဲ့တဲ့ ကာလဆိုပါတော့။ အဲဒီအချိန်က ရီးရဲလ်မက်ဒရစ်ဟာလည်း နာမည်ကျော်ကစားသမားအဝင် အထွက်တွေများပြီး အောင်မြင်မှုရဖို့ ကြိုးကုတ်အားထုတ်နေရတဲ့အချိန်ပေါ့။ သူရောက်လာတဲ့အချိန် မှာ ဘက်ခမ်းတို့၊ အသက်ကြီးပြီဖြစ်တဲ့ ရော်ဘတ်တို ကားလို့စ်တို့လို ကစားသမားတွေ ထွက်ခွါသွား ကြတဲ့အချိန်ပါ။ သူနဲ့အတူ ရီးရဲလ်ကို ရောက်လာခဲ့ကြသူတွေက ဖီယင်နုက ဒရန်သီ၊ ချယ်လ်ဆီးက အာဂျန်ရော်ဘင်၊ မန်ယူနိုက်တက်က ဟိန့်ဇ်၊ ပေါ်တို ခံစစ်မှူး ပီပီတို့ပါ။ သူတို့ အုပ်စု အစုအဖွဲ့နဲ့ဆိုရင် တစ်ခုခုတော့ ဖြစ်လာမယ်လို့ ထင်ထားခဲ့ပေမဲ့ လာလီဂါတစ်ကြိမ်တော့ ရလိုက်ပြီး မယ်မယ်ရရမအောင်မြင်ခဲ့ဘဲ ရှနိုက်ဒါလည်း ၂၀၀၉ မှာ ပြန်ထွက်သွားခဲ့ရပါတယ်။



ရှနိုက်ဒါ စပြီး နာမည်ကြီးလာတာက ထုံးစံအတိုင်း အေဂျက်ဇ်မှာပါ။ သူက နယ်သာလန်ကစားသ မားကိုး။ အေဂျက်ဇ်နဲ့အတူ အရီဒီဗီစီလိဂ် သရဖူတစ်ကြိမ်အပါအဝင် ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပြီး အားကိုးရမယ့် ကြယ်ပွင့်ကစားသမားအဖြစ် နာမည်အထွက်မှာ ရီးရဲလ်က ခေါ်လိုက်တာပါ။ အေ ဂျက်ဇ်အကယ်ဒမီကနေပဲ ထွက်တာဖြစ်ပြီး သူ ပွဲဦးထွက်ခွင့်ရတဲ့အချိန်မှာ အသက် ၁၈ ပဲရှိပါသေး တယ်။ အသက် ၂၃ မှာတော့ ရီးရဲလ်မက်ဒရစ်ကို ရောက်လာခဲ့ပါပြီ။သူ နာမည်စထွက်လာတော့ သူပင်မကစားတဲ့နေရာက ကွင်းလယ်တိုက်စစ်ပါ။ ဒါပေမဲ့ သူက ကွင်း လယ်မှာ ကစားပေါက် တော်တော်ကျယ်ပြန့်ပါတယ်။ တောင်ပံမှာလည်း ထွက်ကစားနိုင်သလို နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း တက်ကစားနိုင်ပါတယ်။ သူ့ကစားသမားဘဝနောက်ပိုင်းမှာ တော့ ဗဟိုကွင်းလယ်ကစားသမားအဖြစ်လည်း ကစားခဲ့သလို နောက်ချန်ကွင်းလယ်ဖန်တီးရှင် 𝐃𝐞𝐞𝐩-𝐥𝐲𝐢𝐧𝐠 𝐩𝐥𝐚𝐲𝐦𝐚𝐤𝐞𝐫 အဖြစ်လည်း ကစားခဲ့ပါသေးတယ်။



ဘောလုံးအမြင်ကောင်းပြီး ပေးပို့မှုတွေလည်း ကောင်းသလို တိုက်စစ်လိုက်ပါမှုလည်း ကောင်းတဲ့ ကစားသမားဆိုတာ သိမှီလိုက်တဲ့သူတိုင်း လက်ခံကြမှာပါ။ အဲဒီအပြင် ဖရီးကန်တည်ကန်ဘောတွေ လည်း တော်တော် အားကောင်းတဲ့ ကစားသမားပါ။ ဒါကြောင့်လည်း ဘက်ခမ်းအထွက်မှာ သူ့ကို ခေါ်ထားလိုက်တာပေါ့။ သူ့ရဲ့ တည်ကန်ဘောတွေကလည်း နာမည်ကျော်ပါတယ်။ ဘောလုံးနဲ့အတူ ကစားတဲ့ပုံစံမှာတော့ တကယ့်ကို ကောင်းတဲ့ ကစားသမားတစ်ယောက်ပါပဲ။ သူ ကစားခဲ့တဲ့ ကစားပုံကို နောက်ပိုင်းမှာ နာမည်အမျိုးမျိုး ပေးကြတာတောင်ရှိပါတယ်။ အထူးသ ဖြင့် အင်တာမီလန်နဲ့ အောင်မြင်မှုတွေရခဲ့တဲ့အချိန်လောက်မှာပါ။ သူ့ကို ဗဟိုတောင်ပံကစားသမား 𝐂𝐞𝐧𝐭𝐫𝐚𝐥-𝐰𝐢𝐧𝐠𝐞𝐫 လို့တောင် ခေါ်ခဲ့ကြဖူးပါတယ်။ ဆိုလိုချင်တာကတော့ သူက ကွင်းလယ်ဗဟို တကြောမှာ နေရာယူကစားပေမဲ့ ဘောလုံးရသွားတဲ့အချိန်တွေဆိုရင် ကွင်းအစွန်ခြမ်းတွေဆီ ထွက် ကစားတာ အားသန်ပြီး အဲဒီနေရာကနေ ဖန်တီးမှုတွေ၊ ခြိမ်းခြောက်မှုတွေ လုပ်တာ အားကောင်းလို့ ပါ။



သူ့ရဲ့ အားနည်းချက်ကတော့ သူက မြန်နှုန်းနည်းပါတယ်။ အရမ်းမြန်တဲ့ကစားသမားမဟုတ်ပါဘူး။ ညက်ညက်ညောညော လိုက်ပါရွှေ့လျားနိုင်ပေမဲ့ တောင်ပံကစားသမား၊ တိုက်စစ်ကစားသမားတွေ လို အရှိန်နဲ့ အဟုန်ကိုသုံးပြီး ပြေးကစားတဲ့သူမျိုးမဟုတ်ပါဘူး။ အရပ်အမောင်းအားဖြင့်လည်း ၅ ပေ ၇ ပဲရှိတာကြောင့် ဥရောပမှာတော့ ပုတဲ့ဖက်ကိုတောင် သွားပါတယ်။ ဒါပေမဲ့ ကန်ချက်တွေကတော့ အားကောင်းပြီး အဝေးကန်ချက်တွေ အားသာတဲ့ကစားသမားပါ။ ဘယ်ရော ညာရော သုံးနိုင်တဲ့က စားသမား အုပ်စုထဲမှာ ပါပါတယ်။ သူ ဝေဖန်ခံရတာကတော့ သူ့ရဲ့ ခံစစ်ကူနိုင်စွမ်းနည်းမှုနဲ့ ဒဏ်ရာရလွယ်မှုတွေကြောင့်ပါပဲ။ ဒါပေမဲ့ ဒီလို ကစားသမားဆီကနေ မော်ရင်ညိုက အင်တာမီလန်မှာ အကောင်းဆုံး အရည်အသွေးတွေထုတ် ယူခဲ့ပါတယ်။ ဘန်းရူးစတား လက်အောက်မှာ ရီးရဲလ်ကိုရောက်ပြီး ဟွမ်ဒီ ရာမို့စ် လက်အောက်မှာ ဆက်ကစားခဲ့ပေမဲ့ ပယ်လီဂရီနီစတင်ကိုင်တွယ်တော့မယ့်အချိန်မှာတော့ သူ ရီးရဲလ်ကနေ ထွက်သွား ပါပြီ။ အဲဒီနှစ်က သူအထွက် ကာကာ၊ ရော်နယ်ဒို၊ အလွန်ဆိုတို့ အဝင်ပါ။



သူ အင်တာကို ရောက်လာပြီး မော်ရင်ညိုလက်အောက်မှာ ပေါင်းစပ်သွားခဲ့တာက ချက်ချင်းကို အကျိုးပြုသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ယူရို ၁၈ သန်းနဲ့ ရောက်လာခဲ့ပြီး စီးရီးအေ၊ ကိုပါအီတာလီ ယာဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ရခဲ့တဲ့အသင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူနဲ့ အတူ ဒီယေဂို မီလီတို၊ သီယာဂို မော့တာ၊ အီတူး၊ ပန်ဒက်၊ ဟီမီနက်တို့ ရောက်လာခဲ့တာကလည်း တကယ့်ကို အင်တာမီလန်ကို ပြည့်စုံသွားစေပါတယ်။ ဘာစီလိုနာကို ရအောင် ထိန်းပြပြီး ကျော်ဖြတ် ခဲ့တဲ့ မော်ရင်ညိုရဲ့ နည်းဗျူဟာကလည်း နာမည်ကျော်ခဲ့ပါတယ်။ဖီဂို အနားယူ၊ အဒရီယာနိုထွက်၊ ခရက်စပိုထွက်၊ ဇလာတန် အီဗရာမိုဗစ်တို့ ထွက်ထားတဲ့ရာသီမှာ ဖြစ်နိုင်ပါ့မလားလို့ အားလုံးထင်နေကြတဲ့အထဲက အင်တာမီလန်နဲ့အတူ ရှနိုက်ဒါစွမ်းဆောင်ပြခဲ့ တာတွေက အထင်ကြီးဖို့ ကောင်းပါတယ်။ အဲဒီနှစ်ရာသီက မက်ဆီရသွားခဲ့တာကြောင့် သူ ဆုလွဲ သွားခဲ့တာကို နားလည်လို့ရနိုင်ပေမဲ့ သူက အကောင်းဆုံးကစားသမားတွေဆုမှာ အဆင့် ၄ ရောက် နေတာကတော့ တော်တော်ကို မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ဆိုတာက သူ နယ်သာလန် နဲ့လည်း ကမ္ဘာ့ဖလား ဒုတိယရထားတဲ့နှစ်ကိုး။



မက်ဆီရဲ့ မှော်ဝင်ခြေစွမ်းကြောင့် သူ့အနေနဲ့ ဆုကို နောက်ဆုတ်ပေးလိုက်ရတာကို အားလုံးက နား လည်နိုင်ပေမဲ့ သူ ထိပ်ဆုံး ၃ ယောက်ထဲ ပါဝင်သင့်တယ်လို့ ထင်ကြတဲ့သူတွေလည်း မနည်းပါဘူး။ ဖြစ်နိုင်တာက ဒုတိယနေရာက အင်နေယက်စတာနဲ့ တတိယနေရာက ဇာဗီတို့က ဘာစီလိုနာရဲ့ လာ လီဂါအောင်မြင်မှုကြောင့်ရော စပိန်ရဲ့ ကမ္ဘာ့ဖလားဆွတ်ခူးမှုကြောင့်ပါ သူ့ကို ကျော်ဖြတ်သွားတာဖြစ် မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဉီးချင်းဆုတွေနဲ့ လွဲခဲ့ပေမဲ့ ရှနိုက်ဒါဟာ ဘောလုံးပရိသတ်တွေရဲ့ အသိ အမှတ်ပြုမှုကိုတော့ အပြည့်အဝရခဲ့တဲ့ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#wesleysneijder
#player

Related Sports News