အားကစားသတင်းများ

မွေ့ထိုင်း ရဲ့ မင်းသားတစ်ပါး လို့ သတ်မှတ်ထားကြတဲ့ တာဝမ်ချိုင်

blog image

January 30, 2025

ထိုင်းမွေထိုင်း ကစားသမား တစ်ဦးဖြစ်တဲ့ တာဝမ်ချိုင် ကတော့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုတွေ၊ အားပါပြင်းထန်တဲ့ ကန်ချက်တွေ ၊ လျှင်မြန်ဖျက်လတ်တဲ့ လက်သီးထိုးချက်တွေကြောင့် လူသိများတဲ့ ထိုင်းဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ တာဝမ်ချိုင်း ကို ၁၉၉၉ ခုနှစ် ဧပြီလ ၇ ရက်နေ့ ထိုင်းနိုင်ငံ ပတ္တရား မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ တာဝမ်ချိုင် က မိသားစု ရဲ့ စီးပွား‌ရေး အခက်အခဲ တွေကို တစ်ဖက်တစ်လမ်းက နေ ဝင်ရောက်ကူညီချင်တာကြောင့်ရော သူရဲ့ ဝါသနာ အတွက်လည်း အသက် ၇ နှစ်မှာပဲ သူတို့အိမ် အနားမှာ ရှိတဲ့ 𝐏𝐞𝐭𝐜𝐡𝐫𝐮𝐧𝐠𝐫𝐮𝐚𝐧𝐠 မွေထိုင်း 𝐠𝐲𝐦 တစ်ခုမှာ မွေထိုင်း လက်ဝှေ့ ကို လေ့လာခဲ့တာပဲဖြစ်ပါတယ်။ တာဝမ်ချိုင် ကသူ့ရဲ့ ပထမဆုံးသော ပွဲကို အသက် ၈ နှစ်မှာပဲ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။



တာဝမ်ချိုင်က ငယ်စဥ်ကတည်းက သူရဲ့ အားပါလှတဲ့ ကန်ချက်တွေ နဲ့ သူရဲ့ လျင်မြန်တဲ့ လက်သီးထိုးချက် တွေကို ပိုမို ကောင်းမွန်အောင်တစ်နေ့ထက်တစ်နေ့ပိုမိုလေ့ကျင့်လာခဲ့တာပဲဖြစ်ပါတယ်။ အသက် ၁၄ နှစ် အရွယ်မှာ ပဲ တာဝမ်ချိုင်က သူရဲ့ မွေးထိုင်းလက်ဝှေ့ ပညာကို ပိုမို လေ့လာနိုင်ရန်အတွက် ဘန်ကောက် သို့ပြောင်းရွှေ့ခဲ့ပြီး ဘန်ကောက်မြို့ရဲ့ နာမည်ကျော် 𝐋𝐮𝐦𝐩𝐢𝐧𝐞𝐞 အားကစားကွင်းမှာ ပြိုင်ပွဲတွေကို သွားရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တာဝမ်ချိုင်ရဲ့ ပြင်းထန်အားပါတဲ့ ခြေကန်ချက်တွေနဲ့ လျှင်မြန်တဲ့ လက်သီးထိုးချက်တွေ စတဲ့ တာဝမ်ချိုင်ရဲ့ အရည်အသွေးတွေကို ထိုင်းဝါရင့်ဖိုက်တာဟောင်း တစ်ယောက်ဖြစ်တဲ့ ပရာချန်ချိုင်း က ကြိုက်နှစ်သက်ပြီး 𝐏𝐤 𝐒𝐚𝐞𝐧𝐜𝐡𝐚𝐢 𝐠𝐲𝐦 ကို ခေါ်ခဲ့တာကြောင့် တာဝမ်ချိုင်းက အသက် ၁၆ နှစ်အရွယ်မှာပဲ 𝐏𝐤 𝐒𝐚𝐞𝐧𝐜𝐡𝐚𝐢 𝐠𝐲𝐦 ကို ရောက်ရှိခဲ့ပါတယ်။ တာဝမ်ချိုင်းက 𝐏𝐤 𝐒𝐚𝐞𝐧𝐜𝐡𝐚𝐢 𝐠𝐲𝐦 ကိုရောက်ရှိပြီးနောက် သူရဲ့ လက်ဝှေ့စွမ်းရည် က သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့ပြီး ပြိုင်ပွဲတော်တော်များများကို ထိုးသတ် အနိုင်ယူကာ မွေထိုင်းဆုတွေကို ရရှိလာခဲ့ပါတယ်။


၂၀၁၇ ခုနှစ်မှာ 𝐖𝐚𝐲𝐮𝐧𝐨𝐢 𝐏𝐞𝐭𝐜𝐡𝐤𝐢𝐚𝐭𝐩𝐞𝐭𝐜𝐡 ကို အနိုင်ယူ ထိုင်း ၁၂၆ ပေါင်ရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာတော့ ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံးထိုင်းမွေထိုင်း ဖိုက်တာဆုကို ရရှိထားတဲ့ 𝐊𝐮𝐥𝐚𝐛𝐝𝐚𝐦 ကို အနိုင်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး မွေထိုင်းဖိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ တာဝမ်ချိုင်က 𝐊𝐮𝐥𝐚𝐛𝐝𝐚𝐦 နဲ့ မကျေပွဲ နောက်ထပ်နှစ်ကြိမ်ထိုးခဲ့ပြီး နှစ်ကြိမ်စလုံးကို အနိုင်ရရှိအောင် အကောင်းဆုံစွမ်းဆောင်နိုင်ခဲ့ပါတယ်။ တာဝမ်ချိုင်က သူရဲ့ အစွမ်းကုန် ကြိုးစားမှုတွေကြောင့် အသက် ၂၀ အရွယ်မှာပဲ ကမ္ဘာကျော် ဖိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တာဝမ်ချိုင်က သူရဲ့ ဘဝ ပထမ ဆုံးသော ထိုင်းနိုင်ငံမှာမဟုတ်ပဲ ပြည်ပထွက်ထိုးတဲ့ ပွဲကတော့ ၂၀၁၉ ခုနှစ် ဇူလှိုင် လ ၂၇ ရက်နေ့ တရုတ်နိုင်ငံ မှာကျင်းပတဲ့ 𝐖𝐮 𝐋𝐢𝐧 𝐅𝐞𝐧𝐠 𝐤𝐢𝐜𝐤𝐛𝐨𝐱𝐢𝐧𝐠 ပွဲစဥ်ပဲဖြစ်ပါတယ်။ တရုတ်ဖိုက်တာရဲ့ မြန်ဆန်တဲ့ လက်သီးထိုးချက်တွေကြောင့် ဒုတိယ အချီမှာပဲ အရှုံးပေးခဲ့ရပါတယ်။ တာဝမ်ချိုင်က အဲ့ဒီရှုံးပွဲကြောင့် သူက ပိုမို ကောင်းမွန်တဲ့ ဖိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။


၂၀၂၁ ခုနှစ်မှာတော့ တာဝမ်ချိုင်က 𝐎𝐍𝐄 𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍𝐒𝐇𝐈𝐏 နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 𝟐𝟎𝟐𝟏 ခုနှစ် မေလ 𝟏𝟓 ရက်နေ့ မှာ တာဝမ်ချိုင်က သူရဲ့ ပထမ ဆုံး 𝐎𝐍𝐄 𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍𝐒𝐇𝐈𝐏 ပွဲစဥ် အဖြစ် 𝐒𝐞𝐚𝐧 𝐂𝐥𝐚𝐧𝐜𝐲 ဆိုတဲ့ ပြိုင်ဘက် ဖိုင်တာကို တတိယချီ အစ မှာ ပဲ လှပတဲ့ အမြင့်ကန်ချက်နဲ့ အနိုင်ရရှိပြီး တစ်ကမ္ဘာလုံး ရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ တာဝမ်ချိုင်က သူရဲ့ လှပသေသပသေသပ် တဲ့ အမြင့်ကန်ချက်တွေ ၊ လျင်မြန်လွန်းလှတဲ့ ထိုးချက်တွေနဲ့ ပွဲတော်တော်များများ ကို အနိုင်ရရှိခဲ့ပြီး 𝐅𝐞𝐚𝐭𝐡𝐞𝐫𝐰𝐞𝐢𝐠𝐡𝐭 မွေထိုင်းချန်ပီယံ 𝐏𝐞𝐭𝐜𝐡𝐦𝐨𝐫𝐚𝐤𝐨𝐭 ကိုစိန်ခေါ်ခွင့်ရရှိခဲ့ပါတယ်။ 𝟐𝟎𝟐𝟐 ခုနှစ် စက်တင်ဘာ လ 𝟐𝟗 ရက်နေ့မှာ 𝐏𝐞𝐭𝐜𝐡𝐦𝐨𝐫𝐚𝐤𝐨𝐭 နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ 𝐅𝐞𝐚𝐭𝐡𝐞𝐫𝐰𝐞𝐢𝐠𝐡𝐭 မွေထိုင်းချန်ပီယံ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။𝐅𝐞𝐚𝐭𝐡𝐞𝐫𝐰𝐞𝐢𝐠𝐡𝐭 မွေထိုင်းချန်ပီယံ ဆုကို ရရှိခဲ့ပြီးတဲ့ အချိန်ကတည်းက တာဝမ်ချိုင်က 𝐤𝐢𝐜𝐤𝐛𝐨𝐱𝐢𝐧𝐠 ပွဲတွေနဲ့ ချန်ပီယံ ကာကွယ်တဲ့ပွဲစဥ်တော်တော်များများကို အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တာဝမ်ချိုင်က 𝐅𝐞𝐚𝐭𝐡𝐞𝐫𝐰𝐞𝐢𝐠𝐡𝐭 မွေထိုင်းရဲ့ ဝါရင့်တဲ့လူတွေဖြစ်ကြတဲ့ 𝐉𝐨 𝐍𝐚𝐭𝐭𝐚𝐰𝐮𝐭 နဲ့ 𝐒𝐮𝐩𝐞𝐫𝐛𝐨𝐧 တို့ကိုအနိုင်ယူကာ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။


အဲ့နောက် 𝐉𝐨 𝐍𝐚𝐭𝐭𝐚𝐰𝐮𝐭 နဲ့‌ နောက်ထပ်မကြေပွဲလည်းဖြစ်တဲ့ ဒုတိယအကြိမ်ချန်ပီယံ ခါးပတ် ကာကွယ်ပွဲကို ခက်ခက်ခဲခဲ ထိုးသတ်ကာ ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။တာဝမ်ချိုင် ရဲ့ လျင်မြန်ပြီး တိကျအားပါတဲ့ ကန်ချက်တွေက တစ်ဘက်ပြိုင်ဘက်တွေအတွက် အိမ်မက်ဆိုးလိုပါပဲ။ 𝟐𝟎𝟐𝟓 ခုနှစ် ဇန်နဝါရီလ 𝟐𝟒 ရက်နေ့ 𝐎𝐧𝐞 𝟏𝟕𝟎 မှာ ပြိုင်ဘက်ဟောင်း 𝐒𝐮𝐩𝐞𝐫𝐛𝐨𝐧 ကို ဒုတိယ အချီမှာပဲ အလဲထိုး အနိုင်ရရှိကာ သူက 𝐅𝐞𝐚𝐭𝐡𝐞𝐫𝐰𝐞𝐢𝐠𝐡𝐭 မွေထိုင်းရဲ့ ပြိုင်ဘက်ကင်းကစားသမား ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ မွေးထိုင်းလောက ရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ တာဝမ်ချိုင် အကြောင်းပဲဖြစ်ပာတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှူတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#TawanchaiPKSaenchai
#kickboxer
#onechampionship


Related Sports News