အားကစားသတင်းများ
၃နှစ်ပွဲပယ်ခံခဲ့ရပေမဲ့ အခုချိန်မှာ မြန်မာ့လက်ရွေးစင်အဖြစ်ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ MIU ကစားသမား ခင်ဇော်လင်း
April 6, 2025
မြန်မာဖူဆယ်လောက ကို စိတ်ဝင်တစား အားပေးတဲ့ ပရိတ်သတ်အရေအတွက်က အနည်းငယ်သာရှိခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ရုပ်ဆိုးအကျဥ်းတန်ခဲ့တဲ့ ရန်ပွဲပြီးမှသာ လူတော်တော်များများက စတင်သတိထားမိခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ရန်ပွဲကြောင့် ပွဲပယ် ပြစ်ဒဏ် တွေခံခဲ့ ရတာကြောင့် ကစားသမား ဘဝ ပျောက်ကွယ်သွားလောက်တဲ့ အထိ ဖြစ်ခဲ့ပြီး ဖူဆယ်ကို ချစ်တဲ့စိတ်ကြောင့် အရှုံးမပေးခဲ့ရာကနေ ၃ နှစ်ကြာပြီးနောက် မြန်မာ့လက်ရွေးစင် အသင်းမှာ ပြန်လည်ရွေးချယ်ခွင်ခံခဲ့ရတဲ့ ဝါရင့် ကစားသမား ခင်ဇော်လင်းအကြောင်း ပဲဖြစ်ပါတယ်။ ခင်ဇော်လင်းဆိုတာကတော့ မြန်မာဖူဆယ်လောကရဲ့ နာမည်ကြီး ကစားသမား တစ်ဦးဖြစ်တဲ့ အပြင်မြန်မာ့လက်ရွေးစင် အသင်းအတွက်လည်း မရှိမဖြစ် အားကိုး ရတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။
ခင်ဇော်လင်းက ခြေစွမ်းကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ စိတ်မထိန်းနိုင်တဲ့ ကိစ္စတစ်ခုကြောင့်ပဲ ပွဲပယ်ပြစ်ဒဏ်တွေ အပြင် ပရိတ်သတ်တော်တော်များများရဲ့ အမြင်စောင်းတာကိုလည်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီနှစ် ဖူဆယ်ဘောလုံးရာသီ မှာ နာမည်ကြီး ကလပ် အသင်းတစ်သင်းဖြစ်တဲ့ miu အသင်းက ရှုံးပွဲတစ်ပွဲမှ မရှိပဲ ချန်ပီယံ ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချန်ပီယံ ဖြစ်တဲ့ MIU အသင်းရဲ့ လူစာရင်းမှာ ပွဲပယ်ပြစ်ဒဏ်ရာက နေပြန်လည်ပါဝင်လာခဲ့တဲ့ ခင်ဇာ်လင်းလည်း ပါဝင်နေတာပဲဖြစ်ပါတယ်။ ခင်ဇော်လင်း အတွက်ကတော့ ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်ရောက်လာလာချင်း နှစ်မှာပဲ ချန်ပီယံ ဆုကြီးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချန်ပီယံ ဆုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် ၂၀၂၅ ခုနှစ် အတွင်း ကျင်းပမယ့် ပြိုင်ပွဲတွေဖြစ်တဲ့ အာရှဖူဆယ် ခြေစစ်ပွဲတွေ နဲ့ ဆီးဂိမ်း ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် ပဏမ ၂၅ ယောက်စာရင်းကို မြန်မာဖူဆယ် နည်းပြ အသစ်ဖြစ်တဲ့ Mr. Pattaya Piemkum က သူ့ကစားပုံနဲ့ အံဝင်မယ့်ကစားသမားတွေကိုသူ့စိတ်ကြိုက်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီ မြန်မာလက်ရွေးစင် လူစာရင်းထဲမှာ ခင်ဇော်လင်း က ပြန်လည်ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ခင်ဇော်လင်းအတွက် ပြန်လာတဲ့ အချိန်မှာ အောင်မြင်မှုတွေကို ပြန်လည်စွမ်းဆောင်နိုင်ခဲ့တဲ့ အပြင် ၊ မြန်မာလက်ရွေးစင်ကစားသမား အဖြစ်ပါ ပြန်လည်ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ခင်ဇော်လင်းကို အတွေ့အကြုံပြည့်ဝပြီးတစ်ဦးတစ်ယောက်ချင်းစွမ်းဆောင်ရည်မြင့်မားတဲ့ခင်ဇော်လင်းလို ကစားသမား ကို ရွေးချယ်လိုက်တာက မြန်မာ့လက်ရွေးစင် အသင်းအတွက်လည်း မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အတွက် အထောက်အကူ အများကြီး ဖြစ်စေခဲ့ပါတယ်။
ဟုတ်ကဲ့ပါ ဒီနေ့တင်ဆက်ပေးသွားတာကတော့ ကစားသမားဘဝ အကောင်းဆုံး အချိန်တစ်ခုမှာ စိတ်မထိန်းနိုင်ပဲ ကစားသမားဘဝ လုံးဝ ပြီးဆုံးသွားနိုင်တဲ့ ဝေဖန်မှုတွေ ၊ ပွဲပယ်ပြစ်ဒဏ်တွေ ကျခဲ့ပေမယ့် ဖူဆယ်ကိုချစ်တဲ့စိတ် ၊ ဘောလုံးကို ချစ်တဲ့ စိတ်တစ်ခုထဲနဲ့ အကောင်းဆုံး ပြန်လာနိုင်ခဲ့တဲ့ ခင်ဇော်လင်း တစ်ယောက် သူ့ရဲ့ အရှုံးမပေးတဲ့ စိတ်ကြောင့် ဆုဖလားအောင်မြင်မှု အပြင် မြန်မာ့အသင်းရဲ့ လူစာရင်းမှာပဲ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#miu
#khinzawlin
#myanmarfustal
#champions
Related Sports News
Ac Milan နဲ့ Inter နှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမား ၅ ယောက်
April 9, 2025
အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး
April 9, 2025
ချန်ပီယံ ဆုကို ပီအက်ဂျီ အသင်းက ရရှိခဲ့ပေမယ့်လက်ကျန်ပွဲစဥ်တွေမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ဦးမယ့် လိဂ်ဂူးဝမ်း
April 7, 2025
ဘောလွန်းဒီအော ရော ကမ္ဘာ့ဖလား နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ရခဲ့တဲ့ ကစားသမား ၅ ဦး
April 7, 2025
Manchester United ရဲ့နောက်ဆုံးရ Injury Update အကြောင်းအရာများ
April 5, 2025