စကော့တလန်ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံးနိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် သတ်မှတ်ခံရထားရတဲ့ အပြောင်းအရွှေ့တစ်ခုကို ဝင်ဂျက်ဆင် က 𝟏𝟗𝟗𝟕 ဇူလိုင်လတွင် စကော့တလန်ကလပ် ဆဲလ်တစ်အတွက် ပေါင် 𝟔𝟓𝟎,𝟎𝟎𝟎 ဖြင့် လာဆင် ကိုခေါ်ယူကာပြုလုပ်ခဲ့ပါတယ်။ ကလပ်အတွက်သူ့ရဲ့ပထမဆုံးရာသီမှာပဲသူဟာ ဆယ်နှစ်အတွင်းသူတို့ရဲ့ပထမဆုံးလိဂ်ဖလားကို
ဆဲလ်တစ်အတွက်
အဓိတစ်နေရာကနေပါဝင်ကာရယူပေးခဲ့ပါတယ်။ သူဟာ 𝟏𝟗𝟗𝟗 ၊လိုင်ယွန်အသင်း နှင့်ပွဲစဉ်တွင် ခြေထောက်ကျိုးသွားခဲ့သော်လည်းပြန်လာနိုင်ခဲ့ပြီး 𝟐𝟎𝟎𝟎-𝟎𝟏 ရာသီတွင် 𝟓𝟑 ဂိုးသွင်းယူကာ ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လာဆင်ဟာ ဆဲလ်တစ်တွင် ခုနစ်နှစ်အတွင်း လိဂ်ဖလား 𝟒ကြိမ် ရရှိခဲ့ပြီး ပေါ်တိုနဲ့ ကစားခဲ့တဲ့ 𝟐𝟎𝟎𝟑 ယူအီးအက်ဖ်အေဖလား ဖိုင်နယ်မှာ အသင်းကို အချိန်ပိုမှာ 𝟑-𝟐 နဲ့ ရှုံးနိမ့်ခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆဲလ်တစ်အသင်း အတွက် 𝟑𝟏𝟑 ပွဲမှာ 𝟐𝟒𝟐 ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆဲလ်တစ်ပရိသတ်တွေက သူ့ကို 𝐊𝐢𝐧𝐠 𝐨𝐟 𝐊𝐢𝐧𝐠𝐬 လို့ နာမည်ပြောင်ပေးခဲ့ကြပါတယ်။
𝟐𝟎𝟎𝟒 ခုနှစ်တွင် ဘာစီလိုနာသို့ ရောက်ရှိလာခဲ့ပြီး လိဂ်ဖလား 𝟐 ကြိမ်နှင့် 𝟐𝟎𝟎𝟓-𝟎𝟔 ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် တို့ကို ဆွတ်ခူးခဲ့ပြီး ဖိုင်နယ်တွင် သွင်းဂိုးနှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့ပါတယ်။ ဘာစီလိုနာ အသင်းတွင် သူရဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လာဆင်ဟာ 𝟐𝟎𝟎𝟕 ခုနှစ်အစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းတွင် အငှားသွားရောက်ကစားပြီး ဟယ်လ်ဆင်ဘာ့ခ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ အောက်တိုဘာ 𝟐𝟎 ၊ 𝟐𝟎𝟎𝟗 တွင် ဘောလုံးလောကမှ အနားယူကြောင်း ကြေညာခဲ့ပါတယ်။
သူဟာနိုင်ငံလက်ရွေးစင် ဆွီဒင်အတွက် ဖီဖာကမ္ဘာ့ဖလား 𝟑 ကြိမ်နှင့် ယူရို 𝟑 ကြိမ်တွင် ပါဝင်ကစားခဲ့ပြီး 𝟏𝟗𝟗𝟒 ဖီဖာကမ္ဘာ့ဖလား တွင် ကြေးတံဆိပ်ရရှိခဲ့ကာ နိုင်ငံအသင်းခေါင်းဆောင်ဟောင်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ် ။ လက်ရွေးစင် ကစားသမားဘဝပွဲပေါင်း 𝟏𝟎𝟔 ပွဲတွင် 𝟑𝟕 ဂိုးသွင်းယူထားသူပါ။ ယူအီးအက်ဖ်အေ ဂျူဗလီဆုပေးပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ် 𝟓𝟎 ရဲ့ အကောင်းဆုံး ဆွီဒင်ဘောလုံးသမားဆု ကိုလည်း 𝟏𝟗𝟗𝟖 ခုနှစ်တွင် ပထမအကြိမ်နှင့် 𝟐𝟎𝟎𝟒 ခုနှစ်တွင် တစ်ကြိမ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့ပါတယ်။
လာဆင် နဲ့ပက်သက်ပြီးချီးကျူးသံတွေကတော့-
𝟐𝟎𝟎𝟔 ချန်ပီယံလိဂ်အနိုင်ဂိုးရှင် ဘယ်လက်တီက “ ခင်ဗျားကဘာစီလိုနာမှာကစားပြီဆိုရင် ခင်ဗျားဆီမှာ အာရုံစူးစိုက်မှု ၊ စည်းကမ်းရှိမှု ၊ စိတ်ဓာတ်ပြင်းထန်မှုတွေ အမြင့်ဆုံး လယ်ဗယ် မှာရှိမှရမှာပါ၊ လာဆင်မှာက ဒါတွေအကုန်လုံးပြည့်စုံနေတယ်၊ သူ့ရဲ့အကြီးမားဆုံးအားသာချက်က အဆုံးသတ်စွမ်းရည်နဲ့ အသင်းလိုက်ကစားပုံကောင်းတာပဲလို့ “ ဆိုခဲ့ပါတယ်။
ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားကလည်း “ မိုက်ကယ်လော့ဒရပ်ပြီးနောက် လာဆင်က စကင်နေဗီးယန်းမှာ အကောင်းဆုံးပါပဲ” ဟုချီးမွမ်းခဲ့ပါတယ်။
သူဟာအသက် 𝟑𝟓 နှစ်အရွယ်မှာမှယူနိုက်တက်ကိုရောက်လာပေမဲ့ ကစားသမားတွေရဲ့ လေးစားအတုယူစရာကောင်းတဲ့သူဖြစ်ကြောင်းကိုလည်း ဖာဂူဆန်က “ ကျွန်တော်တို့အတွက် သူနောက်ဆုံး ကစားပေးခဲ့တာက မစ်ဒယ်ဘရော့နဲ့ပွဲပါ၊ 𝟐-𝟏 နဲ့ကျွန်တော်တို့အနိုင်ရခဲ့ပြီး လာဆင်က ကွင်းလယ်မှာဆင်းကစားကာ ခြေစွမ်းပြခဲ့ပါတယ်၊ အဝတ်လဲခန်းထဲသူရောက်လာချိန် အသင်းဖော် တွေအားလုံး လက်ခုပ်တီးပြီးဂုဏ်ပြုခဲ့ကြသေးတယ်၊ 𝟐လအတွင်းမှာပဲ တချို့ကစားသမား တွေအပေါ် သူ့ရဲ့အကျိုးသက်ရောက်မှုက ကြီးမားခဲ့ပါတယ် “ လို့ပြောခဲ့ပါတယ်။
လာဆင်ဟာ တကယ်ကိုကြီးမြတ်ခဲ့တဲ့ ဆွီဒင်သမိုင်းထဲကဂန္ထဝင်တိုက်စစ်မှူးကြီးတစ်ယောက်ပါ။ သူဘယ်လောက်ကောင်းလဲဆိုတာ သူနဲ့တွဲကစားဖူးကြတဲ့သူတိုင်းကသိကြပါတယ်။ ချီးကျူးမှုတွေ၊ ဂုဏ်ပြုမှုတွေနေရာမှာလူတွေကအခြားနာမည်ကြီး တိုက်စစ်မှူးတွေအကြောင်းတွေပဲပြောနေကြပေမဲ့ ပွဲအတွင်းသူ့ရဲ့အကျိုးသက်ရောက်မှုက တကယ်ကိုတန်းဖိုးကြီးမားလွန်းခဲ့ပါတယ်။