တကယ်တော့ ကာကာအကြောင်းဆိုတာက သူ့ခေတ် သူကစားနေတုန်းက အချိန်ကို ကြည့်ဖူးမြင်ဖူး ခဲ့ကြတဲ့သူတွေဆိုရင် ကာကာ လို့ တစ်ခွန်းပြောရုံနဲ့ လုံလောက်ပါတယ်။ အများကြီးထပ်ပြောဖို့မလို တော့ပါဘူး။ အဲဒီလောက်ကို ကောင်းခဲ့ပြီး ဘယ်လိုအသင်းကို အားပေးတဲ့ပရိသတ်ဖြစ်စေ ကာကာကို တော့ မချစ်ခင်တဲ့သူဆိုတာ အတော်ကို ရှားပါတယ်။ ကိုယ့်အသင်းနောက်တန်းကို ထင်သလို မွှေ နှောက်နေရင်တောင် စိတ်မဆိုးနိုင်တဲ့သူတွေဆိုတာ အတော်ကိုရှားတဲ့ ကစားသမားတွေပါ။ အဲဒီအ ထဲမှာ ကာကာတို့ ရော်နယ်ဒင်ညိုတို့ မက်ဆီတို့ဟာ ထိပ်ဆုံးက ပါတဲ့သူတွေပါပဲ။
ကာကာရဲ့ ဘောလုံးကို သယ်ယူပြီး ဖြတ်ကျော်သွားပုံတွေ၊ ပြိုင်ဖက်နောက်တန်းကို ဖရိုဖရဲဖြစ်သွား အောင်လုပ်နိုင်တဲ့ အရွေ့တွေ၊ နောက်တန်းတွေ သတိမထားမိ အငိုက်မိသွားစေနိုင်တဲ့ ဘောလုံး ပေး ပို့မှုတွေနဲ့တင် နာမည်ကြီးတာမဟုတ်ဘဲ သူ့ရဲ့ ကန်ချက်တွေကလည်း အားကောင်းပါတယ်။ ဖရီးကစ် ကန်ချက်တွေကလည်း သေသပ်လှပပါတယ်။ ပြောရရင် ဘောလုံးရဲ့ရွှေခေတ်လို့ ဆိုရလောက်အောင် ကစားသမားကောင်းတွေ စုပြုံပေါ်ထွက်နေတဲ့ ကာလထဲမှာကို လင်းလက်ပြခဲ့နိုင်တဲ့သူတစ်ယောက် ဆိုပါတော့။ သူနဲ့ပတ်သက်လို့ ရော်နယ်ဒင်ညိုကတောင် ပြောဖူးပါတယ်။ အေစီမီလန်မှာ သူအကောင်းဆုံးဖြစ်နေ တဲ့အချိန် ၃ ရာသီလောက်က သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါပဲ။ အဲဒီတုန်းက နောက်တန်း တွေဟာ သူ့ကို ဘယ်လို တားရမလဲဆိုတာ သိကို မသိခဲ့ကြတာပါ တဲ့။ အဲဒီလောက်အထိကို ကာကာ က ထင်ပေါ်အောင်မြင်ခဲ့ပါတယ်။
အေစီမီလန်ပရိသတ်မဟုတ်သူတွေထဲမှာတောင် ကာကာဖန်တွေဆိုတာက မနည်းပါဘူး။ အဓိကက တော့ မြန်နှုန်းရော၊ ခွန်အားပါ ပါသလို ညက်လည်း ညက်ညောတဲ့ သူ့ရဲ့ရွေ့လျားပုံတွေက နောက် ထပ် ပေါ်လာတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတွေထဲမှာ ရှာမှ ရှားတဲ့ ပုံစံမျိုးပါပဲ။ သူက ညာသန် ဆိုပေမဲ့ ဘယ်ခြေနဲ့လည်း လိုအပ်ရင် ကစားနိုင်တာကြောင့် သူ့ကို တားဖို့ဆိုတာ တော်တော်လေးကို ခက်တာပါ။ တကယ်တော့ သူက အေစီမီလန်မှာပဲ ဆက်နေပြီး မီလန်ကို အဓိက ဦးဆောင်သွားမယ့်သူဖြစ်ခဲ့သင့် တာဖြစ်ပါတယ်။ ကံဆိုးစွာပဲ အဲဒီနှစ်တွေဟာ မီလန်အတွက်တော့ အကောင်းဆုံးဖြစ်မနေခဲ့ပါဘူး။ ၂၀၀၉ မှာ ကာကာကို ရီးရဲလ်မက်ဒရစ်က ခေါ်သွားခဲ့သလို နောက် ၂ နှစ်အကြာ ၂၀၁၁ မှာ အသင်း ရဲ့ သက်တော်ရှည်ကွင်းလယ်ကစားသမားကြီး အန်းဒရက် ပီယာလိုလည်း ဂျူဗင်တပ်စ်ကိုပြောင်းရွှေ့ သွားခဲ့ပါတယ်။
ကာကာအတွက်လည်း အဲဒီအပြောင်းအရွှေ့က အဆင်မပြေခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်မှာ ၄ နှစ်က စားခဲ့ပေမဲ့ ရီးရဲလ်က ကာကာဟာ အရင်ကာကာမဟုတ်တော့သလို ရီးရဲလ်ကနေ ပြန်လာတော့ လည်း သူ အရင်ကာကာ ပြန်ဖြစ်မလာတော့ပါဘူး။ တကယ့်ကို စိတ်မကောင်းစရာပါ။ ရီးရဲလ်မက် ဒရစ်နဲ့ အောင်မြင်မှုလည်း ပြောပလောက်အောင် ဘယ်လောက်မှ မရခဲ့လိုက်ဘဲ သူ အေစီကို တစ်ရာ သီပြန်သွားခဲ့ပြီးတော့ အမေရိကန်ကလပ် အော်လန်ဒို စီးတီးကိုရောက်သွားခဲ့ကာ ၂၀၁၇ မှာ ကစားသ မားဘဝက အနားယူသွားခဲ့ပါတယ်။ ရီးရဲလ်ကို သူရောက်သွားတဲ့အချိန်က အသက် ၂၇ အကောင်းဆုံး အရွယ်ဆိုပေမဲ့ သူ့ရဲ့ ဒူးနဲ့ ပေါင်အတွင်းကြွက်သားဒဏ်ရာတွေက သူ့ကို နှိပ်စက်ခဲ့တာကြောင့် အ ကောင်းဆုံးပုံစံကို ဆက်တိုက်ပြနိုင်ဖို့ဆိုတာ မဖြစ်လာခဲ့ပါဘူး။ ရီးရဲလ်နဲ့ ၄ ရာသီမှာ ၈၅ ပွဲကစားခဲ့ပြီး ၂၃ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ သူက ကစားသမားပြင်ပဘဝမှာလည်း အရမ်းကို အနေအေးတဲ့ ကစားသမားတစ်ယောက်ပါ။ မကြာ သေးခင်က သတင်းတွေမှာတောင် ဟိုးလေးတကျော်ဖြစ်သွားခဲ့သေးသလိုပေါ့။ သူက အရမ်းကို သူ တော်ကောင်းနဲ့တူလွန်းတော့ ပျင်းစရာကောင်းလို့ သူ့မိန်းမက ထားသွားခဲ့တာဆိုတဲ့ သတင်းလေ။ ကာကာခမျာ အိမ်ထောင်ရေးတော့ ကံမကောင်းရှာပါဘူး။ ဒါမှမဟုတ် အဲဒီလို မိန်းမမျိုးနဲ့ ဝေးသွား တာကပဲ ကောင်းတယ်လို့ ဆိုရမလား။ သူ့ကို အေစီမီလန်က စပြီး ခေါ်လာတော့ ဘယ်က ကျောင်းသားကို ခေါ်လာတာလဲပါလို့ အသင်းက ထင်ခဲ့ကြတယ်လို့ အင်တာဗျူးတွေရှိပါတယ်။ သူ့ဒီဇိုင်းက စာတော်တဲ့ကောလိပ်ကျောင်းသား လူရည်ချွန်လေး ပုံစံဖြစ်နေတာကိုး။ တကယ့်မိုက်တီးတွေနဲ့ဖွဲ့စည်းထားတဲ့ အီတလီမှာတော့ သူပုံစံက မျက်စိထဲ ကန့်လန့်ဖြစ်ချင်စရာ။ ဒါပေမဲ့ လေ့ကျင့်ခန်းတွေလည်း စရော ကာကာ ဘာလုပ်နိုင်တယ်ဆို တာကို သူတို့တွေ့ခဲ့ကြရပြီး ဒီချာတိတ် တကယ်ကောင်းတယ်ဆိုတာကို လက်ခံခဲ့ရပါတယ်။ ကာကာ က သူ့ ငယ်ဘဝ ဘရာဇီးကလပ် ဆာအိုပေါ်လိုကနေ ပြောင်းလာတာပါ။ သူက ဆာအိုပေါ်လို အကယ် ဒမီထွက်ပါပဲ။
ဆာအိုပေါ်လိုနဲ့အတူ ဘရာဇီးပြည်တွင်းဖလား ၂ လုံးရယူနိုင်ခဲ့သလို အေစီမီလန်နဲ့လည်း စီးရီးအေ တစ်ကြိမ်၊ အီတလီစူပါဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ ဖလား ၁ ကြိမ်၊ ရယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ နေခဲ့တဲ့ ၄ နှစ်တာအတွင်း လာလီဂါ ၁ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ် ရရှိခဲ့ဖူးပါတယ်။ ကလပ်အောင်မြင်မှုတွေက သူ့ခြေစွမ်းနဲ့ယှဉ်ရင် နည်းတယ်လို့ ဆိုလို့ရနိုင်ပါတယ်။ ဒါကို ကာကာကစားပုံကို မြင်ဖူးတဲ့သူတိုင်း သဘောတူကြမှာပါ။ ဒါပေမဲ့ ဘောလုံး မှာက ကစားသမားတစ်ယောက်တည်း ကောင်းရုံနဲ့ ဆုဖလားတွေက မသေချာဘူးကိုး။ဒါပေမဲ့ သူက ဘရာဇီးနဲ့အတူ ၂၀၀၂ ကမ္ဘာ့ဖလားကို ရယူခဲ့ဖူးတော့ သူ့ရဲ့ ဆုတံဆိပ်စုဆောင်းမှုက ပြည့်စုံတယ်လို့ ဆိုလို့ရနိုင်ပါတယ်။ ဖီဖာ ကွန်ဖက်ဒရေးရှင်းဖလားလို့ခေါ်တဲ့ တိုက်ကြီးများဖလား ကိုလည်း ဘရာဇီးနဲ့ ၂ ကြိမ်ရခဲ့သေးတာပါ။ အဲဒီအပြင် သူတစ်ဦးတည်းအတွက်ဆိုရင်လည်း သူက ၂၀၀၇ ခုနှစ်ရဲ့ ဘောလွန်းဒီအော ဆုရှင်ဖြစ်ပါတယ်။
အခုအချိန်မှာဆိုရင် ကာကာရဲ့အကောင်းဆုံးအချိန်က ခြေစွမ်းမျိုးနဲ့ ကစားသမားကို ပေါင် သန်း ၃၀၀ လောက် အနည်းဆုံး စားပွဲပေါ်တင်ပေးမှ ရနိုင်တော့မှာပါ။ နောက်ထပ် သူ့လို ကစားသမားမျိုး ပေါ် ထွက်လာဖို့ဆိုတာကလည်း တော်တော်ကို ခက်ခဲပါတယ်။ အဖက်ဖက်က ပြည့်စုံတဲ့ ကစားသမားမျိုး ဖြစ်ပြီး သူ့မျိုးဆက်မှာရော သမိုင်းမှာပါ အကောင်းဆုံး ကွင်းလယ်တိုက်စစ်တွေထဲက တစ်ယောက်ပါ ပဲ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"