အားကစားသတင်းများ

ဒုက္ခတွင်းထဲမှာ ဘဝကို အရှုံးမပေးပဲ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့သူ ရာဖင်ညာ

blog image

February 3, 2025

ဒုက္ခတွင်းထဲမှ ဘဝကို အရှုံးမပေးပဲ အိမ်မက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ခဲ့တဲ့ ငယ်ငယ်က ဆာလောင်မှုကိုဖြေဖျောက်ဖို့အတွက် လမ်းမတွေပေါ်မှာ တောင်းစားခဲ့ရသူ ၊ ဆိုးရွားတဲ့ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက် အဲဒိ ကစားသမား ကတော့ ရာဖင်ညာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို အကြိမ်အရေအတွက် အများဆုံးရရှိထားပြီး ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းနားဆုံး အသင်း တစ်သင်းဖြစ်တဲ့ ဘရာဇီး အသင်းမှာ ကမ္ဘာ့အဆင့်မှီ ကစားသမားပေါင်းများစွာထွက်ပေါ်တက်ပြီး ရာဖင်ညာ တစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။


ရာဖင်ညာကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ 𝐏𝐨𝐫𝐭𝐨 𝐀𝐥𝐞𝐠𝐫𝐞 မှာမွေးဖွားခဲ့ပြီး မြို့နဲ့ဝေးတဲ့ ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်လေး တစ်ခုမှာ ကြီးပြင်းခဲ့တာပဲဖြစ်ပါတယ်။ ရာဖင်ညာက ဆင်းရဲနွမ်းပါးတဲ့ သူတို့ရဲ့ ဘဝ ကို တိုးတက်ကောင်းမွန်လာစေရန် ဘောလုံးအားကစားကို ငယ်စဥ်ကတည်းက ကြိုးစားလေ့လာခဲ့ပါတယ်။ ရာဖင်ညာ က ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ မစတင်ခင် က ဒေသအတွင်း ကျင်းပ ပြီး အလွန် အန္တရာယ်များတဲ့ အခြေအနေတွေ ၊ အဆိုးရွားဆုံးဖျက်ထုတ်မှုတွေ ၊ပရိတ်သတ် တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗာဇီယာ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဥ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ငယ်စဥ်ကတည်းက ခက်ခဲတဲ့ ဘဝပေး အခြေအနေတွေနဲ့ ရော ကြမ်းတမ်းလှပါတယ်ဆိုတဲ့ အားကစားအတွေအကြုံတွေကို ရာဖင်ညာ တစ်ယောက် အသက်အရွယ် ငယ်ငယ်လေးနဲ့ သည်ခံပြီး သူ့ဘဝ တိုးတက်အောင်ပဲ အကောင်းဆုံကြိုးစားခဲ့ပါတယ်။ ရာဖင်ညာရဲ့ အပေါင်းအသင်းတော်တော်များများ က ဆင်းရဲနွမ်းပါးတဲ့ ဒဏ်ကိုမခံနိုင်ကြပဲ မူးရစ်ဆေးလောကထဲ ကို ခြေစုံပစ်ဝင်သွားကြပါတယ်။ အချို့တွေက ချမ်းသာလာကြပြီး တစ်ချို့တွေကြတော့လဲ နေ့မြင်ညပျောက် ဘဝတွေ ဖြစ်လာကြပါတယ်။


ရာဖင်ညာကတော့ လောကဓံ တရားကို ကောင်းကောင်းကြီး ရင်ဆိုင်ကျော်ဖျက်ပြီး သူဝါသနာပါတဲ့ ဘောလုံး အားကစားကိုသာ တဆိုက်မက်မက် လုပ်ခဲ့ပြီး ရာဖင်ညာ ကလူငယ် ကစားသမား ဘဝကို 𝐈𝐦𝐛𝐢𝐭𝐮𝐛𝐚 အသင်းမှာ စတင်ကစားခဲ့ပြီး နောက်ပိုင်းမှာ 𝐚𝐯𝐚𝐢 𝐅.𝐂 အသင်းကင်းထောက်တွေက သူတို့သတိထားစောင့်ကြည့်ခဲ့ပြီး ရာဖင်ညာ အသက် ၁၈ အရွယ်မှာပဲ 𝐁𝐫𝐚𝐳𝐢𝐥𝐢𝐚𝐧 𝐬𝐞𝐫𝐢𝐞 𝐀 အသင်းတစ်သင်းဖြစ်တဲ့ 𝐚𝐯𝐚𝐢 𝐅.𝐂 ရဲ 𝐔 𝟐𝟎 အသင်းတွေမှာ စတင်ကစားလာခဲ့ပါတယ်။ ရာဖင်ညာက သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီး ဘရာဇီး ကလပ်တော်တော်များများရဲ့ စိတ်ဝင်စားမှုကို လည်းခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပေါ်တူဂီ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ 𝐕𝐢𝐭𝐨𝐫𝐢𝐚 𝐝𝐞 𝐆𝐮𝐢𝐦𝐚𝐫𝐚𝐞𝐬 အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေကို ဆက်တိုက်ပြလာခဲ့ပြီး ၂၀၁၇ ခုနှစ် 𝐕𝐢𝐭𝐨𝐫𝐢𝐚 𝐝𝐞 𝐆𝐮𝐢𝐦𝐚𝐫𝐚𝐞𝐬 အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။



၂၀၁၈ ခုနှစ်မှာ ရာဖင်ညာက ပေါ်တူဂီ ကလပ် စပိုးတင်း အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး 𝐭𝐚𝐜𝐚 𝐝𝐞 ပေါ်တူဂီ တစ်ကြိမ် ၊ 𝐓𝐚𝐜𝐚 𝐝𝐞 𝐥𝐢𝐠𝐚 တစ်ကြိမ်တို့ကို အသင်းဖော်ဘရူနိုဖာနန်တက်နဲ့ အကောင်းဆုံးခြေစွမ်းပြကာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟗 ခုနှစ်မှာ 𝐑𝐞𝐧𝐧𝐞𝐬 အသင်းက ရာဖင်ညာရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်တာကြောင့် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ၂၁ သန်းဖြင့်ခေါ်ယူခဲ့တာကြောင့် ရာဖင်ညာတစ်ယောက် ပြင်သစ်မြေမှာ သွားရောက်တိုက်ပွဲဝင်ရပြန်တယ်။ ပြင်သစ်မြေမှာ တစ်ရာသီကြာ ဖြတ်သန်းပြီးနောက် ၂၀၂၀ ခုနှစ်မှာ ရာဖင်ညာက ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ လိဂ်ယူနိုက်တက် အသင်းကို ၄ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ လိဂ်ယူနိုက်မှာ အဆိုးရွားဆုံးဒဏ်ရာပြသနာတွေရင်ဆိုင်ခဲ့ရပြီးမထင်မှတ်ထားလောက်အောင်အကောင်းပုံစံတွေနဲ့ အတူ ရာဖင်ညာကပြန်လာနိုင်ခဲ့ပါတယ် ။ ရာဖင်ညာ က လိဂ်ယူနိုက်တက် အသင်းမှာ ၂ရာသီကြာ ကစားခဲ့ပြီး သူပြသနိုင်ခဲ့တဲ့ခြေစွမ်းတွေကြောင့် စပါး ၊ အာဆင်နယ်၊ ချယ်ဆီး ၊ဘာစီလိုနာ တို့လို ဥရောပအသင်းတွေရဲ့ အပြိုင်ခေါ်ယူခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။



၂၀၂၂ ခုနှစ် ဇူလိုင် လ ၁၅ ရက်နေ့မှာတော့ ရာဖင်ညာက ဘာစီလိုနာ အသင်းကိုပြောင်းရွှေ့သွားပါတယ်။ ရာဖင်ညာရဲ့ခြေစွမ်းက ဘယ်နည်းပြနဲ့ပဲဖြစ်ဖြစ် ဘယ်နည်းစနစ်နဲ့ပဲဖြစ်ဖြစ် အံဝင်အောင် ကစားနိုင်ခဲ့ပြီး အခုနည်းပြအသစ်ဖြစ်တဲ့ ဟန်စီဖလစ် လက်ထပ်မှာ အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပြီး သူရဲ့အရည်အချင်းကိုလည်း အကောင်းဆုံးပြသနေပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ ဘာအခက်အခဲတွေပဲရှိရှိ သူရဲ့ အိမ်မက်တွေအတွက် ဘဝကိုအရှုံးမပေး ၊ အလွယ်လမ်းမလိုက်ပဲ တစ်ဆင့်ချင်းကြိုးစားခဲ့တဲ့ ရာဖင်ညာ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ရှိပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#Raphinha
#brazilian
#footballer
#barcelona


Related Sports News