အားကစားသတင်းများ

လျှော့တွက်လို့ မရတော့တဲ့ ဖိလစ်ပိုင်

blog image

January 1, 2025

ဖိလစ်ပိုင်ဟာ ကျင်းပဆဲ မစ်ဆူဘီရှီ ဖလားမှာတော့ ဆီမီးကနေ နှုတ်ထွက်သွားခဲ့ရပြီ ဆိုပေမဲ့ သူတို့ရဲ့ ခြေစွမ်းခြေစကိုတော့ ကောင်းကောင်းကြီး ဖော်ပြလာနိုင်ခဲ့ပါပြီ။ သူတို့ဟာ ဟိုအရင်တုန်း က ဖိလစ်ပိုင်မဟုတ်တော့ဘူးဆိုတာကို ထုတ်ပြလာတာပါ။ ဒီထက် ဘယ်လောက်တိုး တက်ဦးမလဲဆိုတာကိုလည်း စောင့်ကြည့်ကြရပါမယ်။



တချိန်တုန်းကတော့ ဖိလစ်ပိုင်ဟာ အာဆီယံမှာ အိမ်ဖြည့်အသင်းတစ်သင်းလိုပါပဲ။ ဘယ်သူကမှ သိပ်လေးလေးစားစား မရှိခဲ့ပါဘူး။ ဒေသတွင်းမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်တို့ဟာ အသင်း ကြီးတွေအဖြစ်နဲ့ မင်းမူခဲ့တာပေါ့။ ဖိလစ်ပိုင်မှာ ဘောလုံးနဲ့ပတ်သက်လို့လည်း ပြောလောက် စရာ မှတ်တမ်းမျိုး၊ သမိုင်းမျိုး မရှိခဲ့တာ လည်း ပါပါလိမ့်မယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ဖိလစ်ပိုင်တွေ အလုပ် လုပ်လာကြပါတယ်။ သူတို့ နိုင်ငံရေခံမြေခံနဲ့ လိုက်လျောညီထွေတဲ့ စနစ်တွေကို ချမှတ်ပြီး အဆင့်ဆင့်တိုးတက်လာအောင် လုပ်လာခဲ့တဲ့ ရလဒ်တွေကို ရှေ့က ပြိုင်ပွဲတွေမှာလည်း မြင်ရမှာပါ။ သိသိသာသာကြီးသာ မဟုတ်ပေမဲ့ တက်ရိပ်ပြလာတာ ကြာပါပြီ။ ဒေသတွင်း ကျန်တဲ့ အသင်းတွေလိုပဲ ဖိလစ်ပိုင်တွေ လုပ်လာတဲ့လမ်းက အဓိက အားဖြင့် ၂ မျိုးရှိပါတယ်။ ပြည်တွင်း အားကစားအတွက် အကယ်ဒမီတွေကို သေချာလုပ်၊ အခြေခံအဆင့်ဘောလုံးကွန်ရက်တွေကို သေချာတည်ဆောက်၊ ပညာရေးနဲ့ အားကစားကို ပေါင်းစပ်လာတာက ပထမ တစ်လမ်းပါ။ ဒီနည်းနဲ့ ဖိလစ်ပိုင်တွေဟာ ဘက်စကက်ဘော လိဂ်တွေကိုတောင် သူတို့ပြည်တွင်းမှာ အလုပ် ဖြစ်အောင် အတော်လုပ်နိုင်နေပါပြီ။ဖိလစ်ပိုင်ရဲ့ ရေခံမြေခံကလည်း သူတို့ကို အကူအညီပေးပါတယ်။ သူတို့က ကိုလိုနီ တော်တော် များခဲ့တဲ့ အတိတ်သမိုင်းရှိပြီး စပိန် တို့က နှစ် ၃၀၀ ကျော်၊ အမေရိကန် လက်အောက်မှာ ၃၇ နှစ်ကျော်၊ ဂျပန်လက် အောက်မှာ ၃ နှစ်နီးပါးနေခဲ့ရပါတယ်။ ဒါကြောင့်လည်း အာရှနဲ့ ဉရောပပေါင်းစပ်‌နေတဲ့ အသွင်မျိုးရှိပြီး ယုံကြည်မှုအရလည်း ကက်သလစ်နိုင်ငံဖြစ်နေတာပါ။ သူတို့အတွင်း မှာ သွေးနှော‌တွေက အရမ်းကိုများပြီး ဒါကို လည်း ဖိလစ်ပိုင်တွေက ပွေ့ဖက်ကြိုဆိုထား ပါတယ်။



ဆိုတော့ ဖိလစ်ပိုင်ကနေ ကျွန်တော်တို့ အမြင် အနောက်တိုင်းသား လူဖြူနဲ့တူတဲ့ သူမျိုး ကပြားမျိုး မြင်တိုင်း အဲဒါ မွေးစားသား မဟုတ်ဘဲ သူတို့ နိုင်ငံသားအစစ်တွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအပြင် ဖိလစ်ပိုင်တွေက နိုင်ငံတော်တော်များများကို ရွှေ့ပြောင်းနေထိုင်၊ အဲဒီနိုင်ငံသား‌တွေနဲ့ အိမ်ထောင်ကျ မျိုး ဆက်ပွါးနေသူတွေလည်း မနည်းပါပဲ။ ဒီအခါ ဖိလစ်ပိုင်တွေက သူတို့အနွယ် ဘောလုံးကစား သမားတွေကို လိုက်လံရှာဖွေပြီး ဖိလစ်ပိုင် အတွက် ကိုယ်စားပြုကစားပေးဖို့ ဖိတ်ခေါ်နိုင်သွားတာပေါ့။သူတို့နိုင်ငံဟာ စနစ်ဆိုးတွေအောက်မှာလည်း နေခဲ့ရပေမဲ့ အခုအချိန်မှာ အတန်အသင့်တည် ငြိမ်တဲ့နိုင်ငံဖြစ်နေပြီး စီးပွါးရေးလည်း မဆိုးပါဘူး။ ဆိုတော့ အားကစားကို စီမံကိန်း ချမြေတောင်မြှောက်ဖို့လုပ်လို့ အဆင်ပြေပါ တယ်။ သူတို့ပြည်တွင်း အကယ်ဒမီ၊ ပြည်တွင်းကလပ်တွေက ကစားသမားတွေနဲ့ ပြည်ပရောက် ဖိလစ်ပိုင်နွယ်ဖွားတွေကို ပေါင်းစပ်ဖို့ ကြိုးစားတဲ့ စီမံကိန်း အလုပ်ဖြစ်သွားတဲ့ အခါ သူတို့ရဲ့ တိုးတက်မှုက ဒီလို မြန်ဆန်လာပါတယ်။ဒါက သူတို့နိုင်ငံကိုယ်စားပြုကစားပေးဖို့ ဖိလစ်ပိုင်နွယ်ဖွားတွေကို စည်းရုံးနိုင်တာနဲ့ စည်းရုံးဖို့ရာ ကောင်းမွန်ကျနတဲ့ ချပြစရာ စီမံကိန်းလမ်းစဉ်တစ်ခုရှိနေခြင်းရဲ့ နောက်ဆက် တွဲ ကောင်းကျိုးတွေပါပဲ။ ဒီစနစ်ကို ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့လည်း လုပ်နေကြပါပြီ။ ဗီယက်နမ်ဆိုရင် သူ့ရဲ့ အဓိက ကစားသမား တစ်ယောက်က ဗီယက်နမ်သွေးတောင် မပါပါဘူး။ နိုင်ငံသားစည်းမျဉ်းနဲ့ ကိုက်တဲ့အခါ ပေး ကစားလိုက်တာပါ။



ကိုယ့်စီမံကိန်းတွေနဲ့ ကိုယ် အခုလို တိုးတက်လာတဲ့ ဖိလစ်ပိုင်ကို ချီးကျူး ဂုဏ်ပြုရမှာဖြစ်ပြီး သူတို့လိုပဲ ကျွန်တော်တို့ မြန်မာအသင်းလည်း ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတာကို ကောင်းမွန်တဲ့ ရေရှည်လမ်း စဉ်တွေ ရေးဆွဲနိုင်ဖို့လိုနေပါပြီ။ စီမံကိန်းလမ်း စဉ်က အရာရာပါပဲ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#Philippines
#football


Related Sports News