လူတော်တော်များများကို သူရဲ့ကစားပုံတွေနဲ့ ဆွဲဆောင်နိုင်ခဲ့ပြီး ဘောလုံးရသအပြည့်အဝ ပေးနိုင်ခဲ့တဲ့ နေမာ တစ်ယောက်ကတော့ ဘောလုံးလောက ရဲ့ ဘုရင်တစ်ပါးမဖြစ်ခဲ့ပေမယ့် အိမ်ရှေ့စံမင်းသားတစ်ပါးတော့ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းမတိုင်ခင် သူရဲ့ ငယ်ဘဝ အသင်းဖြစ်တဲ့ ဆန်းတို့စ် အသင်းမှာထဲ က သူရဲ့ အရည်အသွေး ကိုပြသနိုင်ခဲ့တဲ့ နေမာ က မက်ဆီ ၊ရော်နယ်ဒို ပြီးရင် ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက် ၊ ဘောလွန်ဒီအော ရရှိမယ့် ကစားသမား တစ်ယောက်လို့ ထင်ကြေးပေးကြပေမယ့် သူ့ရဲ့ ဒဏ်ရာပြသနာတွေကအကုန်လုံးကိုရိုက်ချိုးခဲ့ပါတယ်။ကမ္ဘာ့ဘောလုံး သမိုင်းမှာ ဈေးအကြီးဆုံး ကစားသမား ဖြစ်တဲ့ နေမာ ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ဘရာဇီးနိုင်ငံ ဆာဖိုလို မြို့ ဆင်းရဲတဲ့ မိသားစု တစ်စုမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက ဘောလုံး ဝါသနာ နဲ့ ပါရမီ အပြည့်အဝ ပါရှိလာတဲ့ နေမာ တစ်ယောက်ကတော့ ငယ်ဘဝ အချိန်တော်တော်များများကို ဘရာဇီးနိုင်ငံ လမ်းကြားတွေနဲ့ ဖူဆယ်ကွင်းတွေထဲမှာ ဘောလုံးကစားရင်းအချိန်ကုန်ခဲ့ပါတယ်။ နေမာ ရဲ့ နည်းစနစ်ပိုင်းနဲ့ တစ်ဦးချင်းကျော်ဖြတ်မှု စွမ်းရည်တွေကြောင့် ငယ်စဉ်ကတည်း ကနေမာတစ်ယောက် အခြားလူငယ်ကစားသမားတွေ ထက် သိသိသာသာ ကောင်းမွန်နေတာပဲဖြစ်ပါတယ်။ နေမာ တစ်ယောက် အသက် ၇ နှစ်အရွယ်မှာပဲ ဒေသခံ ကလပ် အသင်း တစ်သင်းဖြစ်တဲ့ ပေါ်တူဂီဆာဆန်တီစတာ အတွက် စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။ နေမာ တစ်ယောက် သူရဲ့ အကောင်းဆုံး ကစားပုံတွေကို ဆက်တိုက်ပြသခဲ့တာကြောင့် ဘရာဇီးနိုင်ငံရဲ့ ကစားသမားကောင်းတွေအများကြီးကို မွေးထုတ်ပေးတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဆန်းတို့စ် အသင်းက အသက် ၁၁ နှစ်သာ ရှိသေးတဲ့ နေမာကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ နေမာတစ်ယောက်ကတော့ သူရဲ့ အကောင်းဆုံးခြေစွမ်းတွေကြောင့် ဥရောပ အသင်းကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ကခေါ်ယူခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ ဆန်းတို့စ် အသင်း ကို နေမာတစ်ယောက် ဆုဖလားအောင်မြင်မှုတော်တော်များများကို ဆွတ်ခူးနိုင်စေခဲ့ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးပါဆိုတဲ့ တစ်ဦးထဲ ထိုးဖောက်တဲ့ ဂိုးတွေကို သွင်းပေးနိုင်ခဲ့ပြီး ဘောလုံးလောက ကို ငယ်စဉ်ကတည်းကအကောင်းဆုံးဖျော်ဖြေပေးနေတာပဲဖြစ်ပါတယ်။
နေမာ က ၂၀၁၀ ခုနှစ်ထဲ က ဘရာဇီး နိုင်ငံ အသင်းကြီးအတွက် စတင်ကစားခဲ့ရပြီး ကလပ်အသင်းနဲ့ရော နိုင်ငံ အသင်းနဲ့ပါ နေမာပြသနေတဲ့ ခြေစွမ်းက အသက်အရွယ်နဲ့ မလိုက်အောင် တစ်နှစ်ထက်တစ်နှစ် တစ်ရာသီထက် တစ်ရာသီ ပိုပိုပြီး ဆွဲဆောင်နိုင်ခဲ့သလို အသင်းကိုလည်း အများကြီးထမ်းတင်ပေးနေတာကြောင့် ဥရောပ အသင်းတော်တော်များများရဲ့စိတ်ဝင်တစားစောင့်ကြည့်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ နေမာ က ဘရာဇီး နိုင်ငံရဲ့ အကောင်းဆုံး 𝐒𝐓𝐀𝐑 𝐏𝐋𝐀𝐘𝐄𝐑 တစ်ယောက်ဖြစ်လာခဲ့ပြီး ကလပ် အသင်းနဲ့ ရရှိနိုင်တဲ့ ဖလား အကုန်သိမ်းခဲ့ပြီး တစ်ဦးချင်းဆုတွေကိုလည်း အများကြီး ရရှိခဲ့ပါတယ်။ နေမာ ကို စပိန်လာလီဂါ အသင်းကြီး နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ် မက်ဒရစ် အသင်းက အမှန်တကယ် စိတ်ဝင်စားနေပြီး ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့မှာတော့ ဘာစီလိုနာ အသင်း ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းမှာ နေမာ တစ်ယောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြတဲ့ မက်စီ ၊ ဆွာရက် တို့နှင့်အတူ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် အတွဲဖြစ်တဲ့ 𝐌𝐒𝐍 တိုက်စစ် အတွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ 𝐌𝐒𝐍 တိုက်စစ်အတွဲ နဲ့ ဆုဖလားပေါင်းများစွာကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဘာစီလိုနာ အသင်းရဲ့ ရွှေရောင်ခရီးလမ်းတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိူနာ အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပြီး နေမာ တစ်ယောက် ကမ္ဘာ့စျေးအကြီးဆုံးပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို ၂၂၂ သန်းနဲ့ ပြင်သစ်လီဂူးကလပ် 𝐩𝐬𝐠 အသင်း ကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ 𝐏𝐒𝐆 အသင်းမှာပါ နေမာ ကတော့ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပေမယ့် နေမာရဲ့ ဘဝ အခက်ခဲဆုံးသော အချိန်ဖြစ်တဲ့ ဒဏ်ရာပြဿနာ တွေနဲ့ လုံးပန်းလာခဲ့ရပါတယ်။
နေမာ တစ်ယောက် ဆုဖလားအောင်မြင်မှုတွေကို ဆက်တိုက်ရရှိခဲ့ပြီး 𝐩𝐬𝐠 အသင်းကို ဥရောပမှာ လူရိုသေရှင်ရိုသေဖြစ်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်မှာ နေမာ တစ်ယောက် ဒဏ်ရာပြဿနာ တွေနဲ့သာရင်ဆိုင်နေရပြီး ကစားချိန်လျော့နည်းလာခဲ့ပါတယ်။၂၀၂၃ ခုနှစ် မှာတော့ နေမာတစ်ယောက် 𝐩𝐬𝐠 အသင်းကနေ ဆော်ဒီ ကလပ် အယ်လ်ဟီလာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ အယ်လ်ဟီလာ အသင်း မှာလဲ နေမာ တစ်ယောက် ဒဏ်ရာပြသနာတွေနဲ့ သာရင်ဆိုင်ခဲ့ရပြီး 𝐚𝐜𝐥 ဒဏ်ရာကြောင့်လည်း တစ်ရာသီကြာ မြက်ခင်းစိမ်းတွေနဲ့ဝေးကွာခဲ့ရပါတယ်။ အခု ၂၀၂၄ - ၂၅ ဘောလုံးရာသီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် မှာ အယ်လ်ဟီလာ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး အသင်းပြောင်းရွှေ့မယ့် သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ နေမာ တစ်ယောက် အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ မက်ဆီ ၊ ဆွာရက်တို့ ရှိတဲ့ အင်တာမိုင်ယာမီ ကို ပြောင်းရွှေ့သွားမယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘရာစီးနိုင်ငံ ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက် ဘောလုံးလောကရဲ့ ဘုရင်မဖြစ်ခဲ့ပေမယ့် အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်ခဲ့တဲ့ နေမာကတော့ သူရဲ့ ငယ်ဘဝ ကလပ် အသင်းဖြစ်တဲ့ ဆန်းတို့ အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။
ဆန်းတို့စ် အသင်းနဲ့ ကစားသမား မိတ်ဆက်ပွဲမှာ နေမာတစ်ယောက်ကတော့ မျက်ရည် တွေနဲ့ အတူ နေမာ ရဲ့ အိမ်ပြန်ခရီးလမ်းကတော့ ဘောလုံးဝါသနာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ဘောလုံးလောက နဲ့ ဘရာဇီး နိုင်ငံ ရဲ့ အကောင်းဆုံး ကစားဖြစ်တဲ့ နေမာရဲ့ အိမ်ပြန်ခရီး အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှူပေးတဲ့ တစ်ဦးတစ်ယောက် ချင်းဆီတိုင်းကိုကျေးဇူးအများကြီး တင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"