အားကစားသတင်းများ
အန်ဇိုမာရက်စကာ ချယ်ဆီး အသင်းရဲ့ အဓိက ကျောရိုးဖြစ်တဲ့ ကိုင်စီဒို
February 19, 2025
ချယ်ဆီး အသင်းက ရာသီ အစတုန်းက ခြေစွမ်းပိုင်း အရမ်းတည်ငြိမ်ပြီး အသင်းတိုင်းကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ အသင်းတိုင်းကို စိန်ခေါ်နိုင်ခဲ့တယ်ဆိုတာကလည်း အသင်းရဲ့ ကစားသမား တိုင်းက အကောင်းဆုံးခြေစွမ်း ကို ပြသနိုင်ခဲ့ပြီး ချယ်ဆီး အသင်းရဲ့ ကွင်းလယ် အတွဲဖြစ်တဲ့ ကိုင်စီဒိုနဲ့ အန်ဇို ဖာနန်ဒက် တို့ရဲ့ ကွင်းလယ်က ပြိုင်ဘက်အသင်းတိုင်းရဲ့ ကွယ်လယ် တွေကို အကောင်းဆုံးထိန်းချုပ် စားနိုင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ချယ်ဆီး အသင်းက ပုံမှန်ခြေစွမ်းမျိူးကို ပြန်ရရှိဖို့ရုန်းကန်နေရပြီး အသင်းရဲ့ ကစားသမားတိုင်းနီးပါးကလည်း ပုံမှန် ခြေစွမ်းအောက်ကို ရောက်ရှိနေတာကိုလည်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရာသီ အစထဲ ကနေ အခုအထိ တသမတ်တည်း ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ပြီး တစ်ပွဲထက် တစ်ပွဲ ပိုမို ကောင်းမွန်လာတဲ့ ကစားသမားတွေထဲ ကတစ်ဦးကတော့ ကိုင်စီဒိုပဲဖြစ်ပါတယ်။
အီကွေဒေါ ကစားသမား တစ်ဦးဖြစ်တဲ့ ကိုင်စီဒိုက ဘရိုက်တန် အသင်းနှင့် အတူ ပရီးမီးယားလိဂ် လိုမျိုးလိဂ်မှာ အသက် အရွယ်ငယ်ငယ်လေးနဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် ချယ်ဆီး ၊ လီပါပူး အပါအဝင် အခြားထိပ်တန်း ကလပ် အသင်းတော်တော်များများ က စိတ်ဝင်စားခဲ့ကြပြီး ၂၀၂၃ ဩဂုတ်လ ၁၄ ရက်နေ့မှာ ချယ်ဆီး အသင်းကို ပေါင် သန်း ၁၀၀ ဆိုတဲ့ပြောင်းရွှေ့ကြေးနဲ့ ၈ နှစ်စာချုပ်ချုပ်ဆိုခဲ့တာကြောင့် ကိုင်စီဒို တစ်ယောက်က စတန်းဖို့ဘရစ် ကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ကိုင်စီဒိုရဲ့ ပြောင်းရွှေ့ကြေးကြောင့်ဝေဖန်မှု တစ်ချို့ရှိခဲ့ပေမယ့် အဲ့ဝေဖန်မှုတွေ ပျောက်သွားအောင် ကိုင်စီဒိုက ပြောင်းရွှေ့ကြေးက သူရဲ့ ခြေစွမ်းနဲ့ ထိုက်တန်ကြောင်း အကောင်းဆုံး သက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကိုင်စီဒိုက ချယ်ဆီး အသင်း က DM ( ကွင်းလယ်အဖျက်) ကစားသမား နေရာအတွက်ဆိုရင် ဟို ခေတ်တွေထဲ က ကစားသမား ကောင်းတွေပဲ ပိုင်ဆိုင်ခဲ့ရတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ချယ်ဆီး အသင်းရဲ့ အောင်မြင်ခဲ့တဲ့ ခေတ်အဆက်ဆက် ကိုပြန်ကြည့်မယ်ဆိုရင် မက်ခီလီလီ ၊ မီခေး ၊ ကန်တီ တို့လို ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ဖူးသလို အခုဆိုရင်လည်း အရှေ့က Legend ကစားသမားတွေနေရာမှာ အကောင်းဆုံး အစားထိုးနိုင်မယ့် ကိုင်စီဒို လို ကစားသမားမျိုးကိုလည်း ထပ်မံပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။
ကိုင်စီဒိုက ချယ်ဆီး အသင်းရဲ့ ကွင်းလယ် ကို အကောင်းဆုံး ဦးဆောင် မောင်းနှင်ကစားခဲ့ပြီး ချယ်ဆီး အသင်းရဲ့ နောက်တန်းကိုလည်း အကောင်းဆုံး ကာဗာ ပေးနေတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ကိုင်စီဒို က လုပ်အားနှုန်းကောင်းကောင်းနဲ့ ချယ်ဆီး အသင်း ရဲ့ ကွင်းလယ်ကနေစပြီး ခံစစ် အထိ လိုက်ပါကစားပြီး ချယ်ဆီး အသင်းရဲ့ defensive action တွေကို အကောင်းဆုံးလုပ်ပေးနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကိုင်စီဒို ကခံစစ်ပိုင်းကို အားထားရတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ အပြင် ကွင်းလယ်ကနေ အန်ဒို ဖာနန်တက်နဲ့ အတူ ဘောလုံးတွေကို အကောင်းဆုံး ဖြန့်ဝေပေးနေတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ချယ်ဆီး နည်းပြ အန်ဇို မာရက်စကာ ရဲ့ ကစားကွက်မှာ အဓိက အရေးပါတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ အပြင် မာရက်စကာရဲ့ System မှာ လုံးဝ ဖယ်ထားလို့မရတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ကိုင်စီဒို က မာရက်စကာ ရဲ့ System မှာ အဓိက ကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေပြီး အန်ဇို မာရက်စကာရဲ့ ယုံကြည် ကိုးစားခြင်းကို ၁၀၀ ရာခိုင်နှုန်း အပြည့် အဝ ရရှိထားနဲ့တဲ့ ကစား သမား တစ်ဦးလည်းဖြစ်ပါတယ်။
ကိုင်စီဒို ကသာမန် holding Midfielder တွေလို မဟုတ်ပဲ ကွင်းလယ် တစ်လျှောက်နဲ့ အသင်းရဲ့ ခံစစ် တစ်လျှောက်ကို အကောင်းဆုံး ကာဗာ ပေး ကစားနိုင်ပြီး ပြိုင်ဘက် အသင်းရဲ့ တိုက်စစ်ပိုင်းပြောင်းလဲမှုတွေကို ထိန်းချုပ်နိုင်တဲ့ အပိုင်းတွေမှာ အရမ်းကောင်းမွန်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ကိုင်စီဒိုရဲ့ Interceptions နဲ့ Tackling တွေက ချယ်ဆီး midfield ရဲ့ Balance ကို ထိန်းသိမ်းပေးနိုင်တဲ့ အရေးကြီးဆုံး အချက်တွေထဲက တစ်ခုဖြစ်ပြီး ချယ်ဆီးရဲ့ တိုက်စစ်ဆင်မှုတွေကို Build-up လုပ်ပေးနိုင်တဲ့ အရည်အသွေးရှိတဲ့ Midfielder တစ်ဦးဖြစ်ပါတယ်။ ကိုင်စီဒို လို အရည်အချင်းပြည့်ဝပြီး အသက်အရွယ်ငယ်သေးတဲ့ ကွင်းလယ်အဖျက် ကစားသမား တစ်ဦးကို ပိုင်ဆိုင်ထားတာက ချယ်ဆီး အသင်းအတွက် ကောင်းမွန်တဲ့ အချက်တစ်ချက်လည်းဖြစ်ပါတယ်။ ကိုင်စီဒို က မရှိမဖြစ် ကစားသမား တစ်ယောက်ဖြစ်တဲ့ အပြင် အန်ဇိုမာရက်စကာ ချယ်ဆီး အသင်းရဲ့ အဓိက ကျောရိုးလည်းဖြစ်တယ်လို့ပြောရင်းဒီဆောင်းပါးခေးကို ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီ ကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#MoisésCaicedo
#EnzoMaresca
#midfield
#chelsea
Related Sports News
ချန်ပီယံ ဆုကို ပီအက်ဂျီ အသင်းက ရရှိခဲ့ပေမယ့်လက်ကျန်ပွဲစဥ်တွေမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ဦးမယ့် လိဂ်ဂူးဝမ်း
April 7, 2025
ဘောလွန်းဒီအော ရော ကမ္ဘာ့ဖလား နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ရခဲ့တဲ့ ကစားသမား ၅ ဦး
April 7, 2025
၃နှစ်ပွဲပယ်ခံခဲ့ရပေမဲ့ အခုချိန်မှာ မြန်မာ့လက်ရွေးစင်အဖြစ်ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ MIU ကစားသမား ခင်ဇော်လင်း
April 6, 2025
Manchester United ရဲ့နောက်ဆုံးရ Injury Update အကြောင်းအရာများ
April 5, 2025
ရာသီကုန်မှာ မန်စီးတီး အသင်းကနေ ထွက်ခွာတော့မယ် ကယ်ဗင် ဒီဘရိုင်း
April 5, 2025