အားကစားသတင်းများ

ကမ္ဘာ့ဖလားရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား - မီရိုဆလဗ် ကလိုဆေး

blog image

December 31, 2024

ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အခုချိန်ထိ ဂိုးသွင်းအများဆုံး ကစားသမားက ဘယ်သူလဲဆိုရင်တော့ တခြား နာမည်ကျော်ကစားသမားတွေကို ကျော်ဖြတ်ပြီး ကလိုဆေးက ပေါ်ထွက်လာမှာပါ။ နောက် ပိုင်း ဘောလုံးပရိသတ်တွေကတော့ သူ့ကို ရင်းနှီးချင်မှ ရင်းနှီးပါလိမ့်မယ်။ အကောင်းဆုံးတိုက်စစ်မှူး တွေအကြောင်းပြောတိုင်း သူပါရမှာဖြစ်သလို၊ အသန့်ရှင်းဆုံး ကစားသမားတွေအကြောင်းပြောတိုင်း လည်း သူပါရမှာပါ။ ဆိုတော့ ဒီအပိုင်းလေးမှာ ကလိုဆေး ဆိုတာ ဘယ်သူလဲဆိုတဲ့အကြောင်း ပြော လိုက်ကြရအောင်။


ကလိုဆေးဟာ ဂျာမနီအသင်းနဲ့ ကမ္ဘာ့ဖလားရဖို့ အကြာကြီး စောင့်လိုက်ရတဲ့သူပါ။ ကမ္ဘာ့ဖလားကို ၄ ကြိမ်ဝင်ပြိုင်ခဲ့ဖူးပြီး ၄ ကြိမ်လုံးမှာ တတိယရလိုက်၊ ဒုတိယရလိုက်နဲ့ ချန်ပီယံဆုကြီးကို ဝေးကွာနေခဲ့ ရပါတယ်။ ကမ္ဘာ့ဖလားဆိုတာက ၄ နှစ်မှ ၁ ကြိမ် လုပ်တာဆိုတော့ ၁ ကြိမ်လွဲသွားတိုင်း အချိန် ၄ နှစ် ထပ်စောင့်ရပါတယ်။ ၃ နှစ်လွဲသွားတာဆိုတော့ သင်္ချာနည်းအရဆိုရင် ၁၂ နှစ်ပါပဲ။ တကယ့်ကို စောင့် နေခဲ့ရတာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားကျမှ သူလိုလားခဲ့တဲ့ ကမ္ဘာ့ဖလားကို ဂျာမနီနဲ့အတူ ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။ အဲဒါဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပါပဲ။ ၂၀၁၄ မှာ အသက် ၃၆ နှစ်ရှိနေပါပြီ။ ကမ္ဘာ့ဖလားမှာ ပွဲပေါင်း ၂၄ ပွဲကစားဖူးတဲ့သူဖြစ်ပြီး အဲဒီမှာ ၁၆ ဂိုးသွင်းထားပါတယ်။ သူ့နောက်မှာ ကပ်လျက်ရှိနေတာကတော့ ကမ္ဘာ့ဖလား ၄ ကြိမ်မှာ ၁၉ ပွဲကစားပြီး ၁၅ ဂိုးသွင်းထားတဲ့ ဒိုကြီး ခေါ် ရော်နယ်ဒို နဇာရီယိုပါပဲ။ ဂျာမနီ ဂန္ထဝင်တိုက်စစ်မှူးကြီးနောက်တစ်ယောက်ဖြစ်တဲ့ ဂတ်မူလာက ၁၃ ဂိုး၊ မက်ဆီနဲ့ ပြင်သစ်တိုက်စစ်မှူး ဂျက် လူဝီ ဖွန်တိန်းက ၁၃ ဂိုးစီနဲ့ ရှိနေကြတာပါ။ ပီလီနဲ့ အမ်ဘာ ပေက ၁၂ ဂိုးပါ။ ကမ္ဘာ့ဖလားဆိုတာက ဂိုးသွင်းဖို့ အရမ်းကိုခက်ပါတယ်။ ကလိုဆေး ကိုယ်တိုင်လည်း ၂၀၀၂ ကမ္ဘာ့ဖလားမှာ ငွေဖိနပ်နဲ့ ပြိုင်ပွဲတွင်း ဒုတိယဂိုးသွင်းအများဆုံး၊ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ရွှေဖိနပ် ရခဲ့ဖူးပေမဲ့ တကယ်ကမ္ဘာ့ဖလားရတဲ့ ၂၀၁၄ မှာ ပြိုင်ပွဲတွင်း ဂိုးသွင်းအများဆုံး ကစားသမား မဟုတ်ခဲ့ပါဘူး။


၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ဂါနာ သရေကျတဲ့ပွဲ ၁ ဂိုးသွင်းယူပေးခဲ့သလို ဆီမီးဖိုင်နယ်မှာ ဘ ရာဇီးကို ၇-၁ နဲ့ အရှက်ခွဲကျတော့ ၁ ဂိုး ဒါပဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် ၃၆ နှစ်ဖြစ်ပြီး အဓိက တိုက်စစ်မှူးအဖြစ်လိုက်လာတာ မဟုတ်တော့လည်း ဒီလောက်က အားရကျေနပ်စရာပါပဲ။ ဂေါ့ဇီရဲ့ ဂိုးနဲ့ ကမ္ဘာ့ဖလားရတော့ ကလိုဆေးအတွက် သူစောင့်မျှော်နေခဲ့ရတဲ့ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက် ခွင့်ရသွားခဲ့တာပေါ့။ ကလိုဆေး ဘဝကလည်း နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ သူ့ဇာတိက ပိုလန်ကပါ။ အိုပိုလီဆိုတဲ့ မြို့ဇာတိဖြစ်ပါတယ်။ ဒါပေမဲ့ ပိုလန်လူမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ သူ့မိဘတွေက ပိုလန်နိုင်ငံ ထဲက ဂျာမန်လူနည်းစု ဩဇဒဲလာ စာရင်းဝင်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတော့ ပိုလန်ကနေ ပြန်မသွားဘဲ ဆက်ကျန်ရစ်ခဲ့တဲ့ ဂျာမန်တွေဆိုပါတော့။ သူ့ကို ၁၉၇၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ့မိဘနှစ် ယောက်စလုံးက အားကစားသမားတွေပါ။ သူ့အဖေ ယိုဆပ် ကလိုဆေးကလည်း ဘောလုံးသမားပါ ပဲ။ ပိုလန်ကလပ် အိုဒရာ အိုပိုလီ အသင်းအတွက် ကစားခဲ့ပြီး ၁၉၇၈ မှာ ပြင်သစ်ကလပ် အော်ဇား အသင်းမှာ ကစားဖို့ ထွက်ခွါသွားခဲ့ပါတယ်။ သူမွေးပြီးပြီးချင်းဆိုပါတော့။ သူ့အမေကတော့ ပိုလန်နိုင်ငံအမျိုးသမီး လက်ပစ်ဘော အားကစားနည်းလက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့သူပါ။


နောက်တော့ အနောက်ဂျာမနီမှာ အခြေချနေပြီဖြစ်တဲ့ သူ့အဖေဆီကို ၁၉၈၆ ခုနှစ်မှာ ကလိုဆေးတို့ လိုက်သွားခဲ့ကြပါတယ်။ အဲဒီမှာ သူ့အဖေနဲ့အတူ နေရင်း အနောက်ဂျာမနီရဲ့ သတ္တမတန်း အဆင့် ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်တဲ့ ဘလူဘတ်ချ်ဒိုင်ဒဲကော့ဖ်မှာ ပူးတွဲလေ့ကျင့်နေခဲ့ပါတယ်။ အသက် အရွယ်တဖြည်းဖြည်းရလာတော့ အလုပ်အကိုင်အတွက် လက်သမား လက်သင်အဖြစ် လိုက်လုပ်ခဲ့ရ ပြီး ဂျာမန်စကားကိုလည်း တဖြည်းဖြည်းပြန်သင်နေခဲ့ရတာပါ။ ကလိုဆေးရဲ့ ကစားသမားဘဝက အသက် ၂၀ မှ စပါတယ်။ ဘွန်ဒစ်လီဂါပြိုင်ပွဲဝင်ဖူးတဲ့အသင်းတစ် သင်း ဟွန်းဘာ့ဂ်ရဲ့ အရံအသင်းကို ရောက်လာတဲ့အချိန်မှာပေါ့။ တစ်နှစ်လောက်လည်းကြာရော သူ ကိုင်ဇာစလော့တန်အသင်းဆီကို ပြောင်းသွားခဲ့ပါတယ်။ အဲဒီမှာလည်း အရံအသင်းအတွက် ကစား ရင်း စောင့်နေခဲ့ပြီး ၂၀၀၀ ခုနှစ်ရောက်မှ ဘွန်ဒစ်လီဂါမှာ ပွဲထွက်ခွင့်စရတာပါ။ သူ့အသက် ၂၂ နှစ်မှ ပေါ့။ ၂၀၀၁-၀၂ ရာသီမှာတော့ သူ အသင်းအတွက် ၁၆ ဂိုးသွင်းပေးခဲ့ပြီး ဘွန်ဒစ်လီဂါ ဂိုးသွင်းအများ ဆုံးကစားသမားဖြစ်ဖို့ ၂ ဂိုးပဲ လိုလိုက်ပါတယ်။ ၂၀၀၄ ခုနှစ် သူ့အသက် ၂၆ မှာမှ ဝါဒါဘရီမင်ကို ပြောင်းလာခဲ့ပြီး ဘိုင်ယန်းမြူးနစ်ကိုပြောင်းတော့ ၂၀၀၇ သူ့အသက် ၂၉ နှစ်ရှိပါပြီ။ ၂၀၁၁-၁၂ မှာ လာဇီယိုအသင်းကိုလည်း ပြောင်းရွှေ့ကစားခဲ့သေး ပြီး လာဇီယိုကစားသမားဘဝ ကုန်ဆုံးချိန်မှာ သူဟာ အီတလီမဟုတ်တဲ့အခြားကစားသမားတွေထဲ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ကလပ်စံချိန်တင်နိုင်ခဲ့သလို ကလပ်သမိုင်းတလျှောက် သတ္တမမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါပြီ။


ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါ ၂ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ဒုတိယတစ်ကြိမ် ရရှိခဲ့သလို လာဇီယိုနဲ့အတူ ကိုပါအီတာလီယာ ၁ ကြိမ်ရခဲ့ဖူးပါတယ်။ ကလပ်ကစားသမားဘဝမှာ အောင်မြင်မှု များများစားစား မရခဲ့တာက ကလိုဆေးလို ကစားသမားအတွက်တော့ တော်တော်လေး ကို နစ်နာပါတယ်။ ဒါပေမဲ့ နိုင်ငံအသင်းအတွက်ကတော့ သူ တော်တော်များများကို လုပ်ပေးနိုင်ခဲ့တာ ပါ။

ယူရိုဖလားမှာလည်း ၂၀၀၈ တုန်းက ဒုတိယရခဲ့ပြီး ၂၀၁၂ မှာ တတိယရခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန် ပီယံဆိုတဲ့ ဆုတံဆိပ်နဲ့ ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကတော့ သူ့အတွက် သမိုင်းတစ်ခုအဖြစ် ကျန်နေရစ်မှာပါ။ အဲဒီအပြင် ပြစ်ဒဏ်ဘောမဟုတ်ဘဲ ဒိုင်က ပြစ်ဒဏ်ဘောပေး တဲ့အခါ သူက အမှန်အတိုင်းပြောပြပြီး ပြန်ပယ်ဖျက်ခိုင်းခဲ့တာတွေ၊ ပင်နယ်တီကို ပြန်ပယ်ဖျက်ခိုင်းခဲ့ တာတွေကြောင့် သူ့ရဲ့ သန့်ရှင်းတဲ့ကစားဟန်က နာမည်ကြီးပါတယ်။ ဟန်ဆောင်လှဲချတတ်တဲ့ကစား သမားမဟုတ်တာကြောင့်လည်း လေးစားခံရပါတယ်။ ဒီနေရာမှာ ချန်ထားခဲ့လို့မရတဲ့ နောက်ထပ် ဂုဏ်ပုဒ်တစ်ခုကတော့ ကလိုဆေးဟာ ဂျာမနီအသင်း အတွက် ၇၁ ဂိုးသွင်းပေးထားပြီး အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် လည်း မှတ်တမ်းတင်ထားတယ်ဆိုတာပါပဲ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#MiroslavKlose
#German
#manager


Related Sports News