အခုနောက်ပိုင်း မန်စီးတီး အသင်းနဲ့ အတူ ပွဲထွက်ကစားခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိလာခဲ့တဲ့ 𝐌𝐚𝐭𝐡𝐞𝐮𝐬 𝐍𝐮𝐧𝐞𝐬 ရဲ့ ဘောလုံးသမား မဖြစ်ခင် ဘဝအစ ကထင်သလောက်လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ကျွန်တော်တို့လူငယ်တွေဆိုတာအမြဲတမ်းကြိုးစားနေသင့်ပြီးတော့ကြိုးစားနေတဲ့လူငယ်တွေအတွက်အောင်မြင်မှုဆိုတာအချိန်တန်ရင်ရလာမှာအသေအချာပါပဲဘောလုံးနယ်ပယ်မှာဆိုရင်လဲဒီလိုပဲဖြစ်ပီးတော့နောက်ထွက်ပေါ်လာတဲ့လူငယ်တွေအနေနဲ့ဥရောပအသင်းကြီးတွေမှာနေရာရဖို့အတွက်အစွမ်းကုန်ကြိုးစားနေကြရပြီးထိုလူငယ်တွေထဲမှာကစားသမားတချို့သာလျှင်ဥရောပအသင်းကြီးတွေမှာနေရာရရှိကြတာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ပြောပြချင်တာလေးကတော့လွန်ခဲ့တဲ့(𝟓)နှစ်လောက်တုန်းက𝐒𝐩𝐨𝐫𝐭𝐢𝐠𝐂𝐏𝐔-𝟐𝟑အတွက်ကစားပေးရင်းမုန့်ဆိုင်တခုမှာအချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့တဲ့𝐌𝐚𝐭𝐡𝐞𝐮𝐬𝐍𝐮𝐧𝐞𝐬အကြောင်းလေးပဲဖြစ်ပါတယ်။
𝐍𝐮𝐧𝐞𝐬ကို𝟏𝟗𝟗𝟖ခုနှစ်ဩဂုတ်လ𝟐𝟕ရက်နေ့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ဖခင်ရဲ့ထားခဲ့မှုကြောင့်အသက်𝟏𝟐နှစ်အရွယ်ထဲက𝐍𝐮𝐧𝐞𝐬ကမိသားစုအတွက်ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်။𝐍𝐮𝐧𝐞𝐬ဟာအလုပ်ကိုမနက်၅နာရီထသွားရပြီးအလုပ်ပြီးတာနဲ့လည်းမနားတမ်းအသင်းရဲ့𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠ကွင်းကိုမပျက်မကွက်သွားခဲ့ရပါတယ်။အခုချိန်မှာတော့𝐍𝐮𝐧𝐞𝐬ဟာကြိုးစားအားထုတ်မှုတွေရဲ့ရလဒ်တွေကိုခံစားနေရပြီးကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့မန်ချက်စတာစီးတီးအသင်းမှာကစားနေတာပဲဖြစ်ပါတယ်။𝐍𝐮𝐧𝐞𝐬ဟာဝုဗ်အသင်းကနေမန်ချက်စတာစီးတီးအသင်းကြီးဆီကိုပေါင်(၄၅)သန်းနဲ့ရောက်ရှိတာလာခဲ့တာဖြစ်ပီးနည်းပြ ပက်အကြိုက်ကစားသမားတယောက်လဲဖြစ်ပါတယ်။ပက်ဟာဝုဗ်အသင်းအတွက်𝐧𝐮𝐧𝐞𝐬ရဲ့ခြေစွမ်းအပေါ်ကိုချီးကျူးမှုတွေပြုလုပ်ခဲ့ပီးကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲကတယောက်လို့လဲအမွှန်းတင်ခဲ့ဖူးပါတယ်။𝐍𝐮𝐧𝐞𝐬ဟာလဲဝုဗ်အသင်းနဲ့အတူခြေစွမ်းပြကစားနိုင်ခဲ့ပြီးအသင်းတန်းမဆင်းရရေးအတွက်စပါယ်ရှယ်ခြေစွမ်းတွေနဲ့ရုန်းကန်ပေးခဲ့သူတယောက်ဆိုလဲမမှားပါဘူး။
ဘောလုံးအထိန်းအသိမ်းတွေကောင်းမွန်သလိုစွမ်းဆောင်ရည်မြင်မားတဲ့ပေါ်တူဂီသားတယောက်လဲဖြစ်တာကြောင့်မန်ချက်စတာစီးတီးအတွက်လဲအားကိုးရတဲ့ကွင်းလယ်လူတယောက်ဖစ်လာမှာသေချာပါတယ်။𝐍𝐮𝐧𝐞𝐬ဟာအခုချိန်မှာဥရောပချန်ပီယံမန်ချက်စတာစီးတီးရဲ့ကစားသမားတယောက်ဖြစ်နေသလိုမော်ဒန်ဘောလုံးလောကရဲ့အကောင်းဆုံးနည်းပြတယောက်လဲဖစ်တဲ့ပက်ဂွာဒီရိုလာရဲ့လက်အောက်မာကစားနေရတော့တာပဲဖြစ်ပါတယ်။စီးတီးနည်းပြပက်အကြိုက်ကစားသမားတယောက်ဖြစ်သလိုမန်ချက်စတာစီးတီးအသင်းလိုအပ်နေတဲ့𝐠𝐨𝐚𝐥 𝐬𝐜𝐨𝐫𝐢𝐧𝐠 𝐦𝐢𝐝𝐟𝐢𝐞𝐥𝐝𝐞𝐫𝐬 တယောက်လဲဖြစ်ပါတယ်။နူနပ် ရဲ့ မန်စီးတီး ကစားသမား ဘဝ အစက ပွဲထွက်ခွင့်နဲ့ ပွဲကစားချိန် နည်းပါးခဲ့ပေ့မယ် အခုဘောလုံးရာသီမှာတော့ မန်စီးတီး အသင်းရဲ့ ကွင်းလယ် ကစားသမားအချို့ က ဒဏ်ရာပြသာနာတွေနဲ့ရင်ဆိုင်နေရတာကတစ်ကြောင်းအသက်အရွယ်ရလာတာကြောင့် ခြေစွမ်းနဲ့ လုပ်အားနှုန်းကျဆင်းလာတာ တွေကြောင့် နူနပ် က ပွဲထွက်ကစားခွင့်ပိုမို ရရှိလာခဲ့ပါတယ်။
နူနပ်တစ်ယောက် ပွဲထွက်ကစားခွင့်ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချသွားနိုင်မလား ပရိတ်သတ်တွေရောဘယ်လိုထင်လဲ အဆုံးထိ ဝင်ရောက်ကြည့်ရှူပေးတဲ့တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"