ငယ်ရွယ်စဉ်မှာ အလားအလာကောင်းတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဘာလော့တယ်လီဟာ ဟာ ပြေးအား၊ ရုန်းအားတွေနဲ့ဂိုးသွင်းဖို့အရည်အချင်းတွေအားလုံးပြည့်ဝတဲ့ စွယ်စုံရ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ အရည်အချင်းရှိသော်လည်း ကွင်းတွင်းနှင့် ပြင်ပတွင် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်မပီသတဲ့ စရိုက်တွေနဲ့အမြဲတမ်းလိုလို ဝေဖန်ခံခဲ့ရသူ လည်းဖြစ်ပါတယ်။ ဘာလော့တယ်လီ သည် သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို 𝟐𝟎𝟎𝟓 ခုနှစ်တွင် လူမက်ဇ်ဇင်း တွင်စတင်ခဲ့ပြီး 𝟐𝟎𝟎𝟕 ခုနှစ်တွင် အင်တာမီလန်သို့ ပြောင်းရွှေ့ကာ 𝟐𝟎𝟏𝟎 ခုနှစ်တွင်အင်တာနဲ့အတူ (စီးရီးအေ၊ ကိုပါအီတာလီယာ နှင့် ချန်ပီယံလိဂ်) တို့ကို ဆွတ်ခူးခဲ့ပါတယ်။ သူသည် 𝟐𝟎𝟏𝟎 မန်ချက်စတာစီးတီးတွင် အင်တာနည်းပြဟောင်း ရောဘတ်တိုမန်စီနီနှင့် ပြန်လည်ဆုံတွေ့ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား နဲ့ 𝐅𝐀 ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ 𝟐𝟎𝟏𝟑 ခုနှစ် ဇန်နဝါရီတွင် အီတလီသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး အေစီမီလန်မှာတစ်ရာသီကစားကာ နောက်ရာသီမှာတော့ ပရီးမီးယားလိဂ်ကလပ် လီဗားပူးလ်သို့ပြောင်းရွှေ့ခဲ့ပါတယ်။
လီဗာပူးလ်မှာ 𝟐 ရာသီရှိနေစဉ်အတွင်း သူဟာ အေစီမီလန်သို့ တစ်ရာသီအငှားဖြင့်ပြန်လာပြီးနောက် ဘာလော့တယ်လီသည် ပြင်သစ်သို့ ထွက်ခွာကာ လီဂူးဝမ်းရှိ နိုက်စ် နှင့် မာဆေးတို့တွင် ကစားခဲ့ပါတယ်။ သူသည် အီတလီသို့ တတိယအကြိမ် ပြန်လာခဲ့ပြီး 𝟐𝟎𝟏𝟗 နွေရာသီတွင် စီးရီးအေကလပ် ဘရက်စ်စီယာ နှင့် 𝟐𝟎𝟐𝟎 ခုနှစ်နှောင်းပိုင်းတွင် စီးရီးဘီကလပ် မီဇာ သို့ ရောက်ရှိခဲ့ပါတယ်။ ကြားမှာ တူရကီကလပ် အဒ်ဒါနာဒီမီစပေါ ၊ ဆွပ်ဇာလန် ကလပ် ဆီရွန် တို့တွင်လည်းကစားသမားဘဝဖြတ်သန်းခဲ့ပြီး ယခုနှစ်ရာသီမှာတော့ စီးရီးအေကလပ် ဂျီနိုအာ ကိုတစ်ရာသီစာချုပ်နဲ့ရောက်လာခဲ့ပါတယ်။
ဘာလော့တယ်လီသည် 𝟐𝟎𝟏𝟎 တွင် အိုင်ဗရီကို့စ်အသင်းနှင့် ချစ်ကြည်ရေးပွဲတွင် အီတလီအတွက် ပွဲဦးထွက်ကစားခဲ့ပြီး လက်ရွေးစင်အသင်းအတွက်ပွဲပေါင်း 𝟑𝟎 ကျော်ကစားခဲ့ကာ 𝟏𝟒 ဂိုးသွင်းယူ ပေးခဲ့ပါတယ်။ သူဟာ ယူအီးအက်ဖ်အေယူရို 𝟐𝟎𝟏𝟐 ၊ 𝟐𝟎𝟏𝟑 ဖီဖာကွန်ဖက်ဒရေးရှင်းဖလား နှင့် 𝟐𝟎𝟏𝟒 ဖီဖာကမ္ဘာ့ဖလားတို့တွင် နိုင်ငံအတွက် ကစားပေးခဲ့ပြီး ယူရို 𝟐𝟎𝟏𝟐တွင် ဖိုင်နယ်ရောက်အောင် ကူညီပေးခဲ့ကာ ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်မှာလည်း ဂျာမနီဘက်ကို 𝟐 ဂိုးသွင်းရင်း ကြေးတံဆိပ်ရခဲ့ပါတယ်။ သူသည် ယူအီးအက်ဖ်အေယူရိုတွင် အီတလီရဲ့ ပူးတွဲဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ကွန်ဖက်ဒရေးရှင်းဖလားတွင် လည်းပူးတွဲဂိုးသွင်းအများဆုံးကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။
ဘာလော့တယ်လီကို နှစ်ကြိမ်တိုင်တိုင်ကိုင်တွယ်ဖူးပြီး ပြဿနာခဏခဏတက်ခဲ့ကြတဲ့ နည်းပြ မန်စီနီက သူ့အပေါ် -“ လွန်ခဲ့တဲ့ 𝟏𝟎 နှစ်က ဒီကောင်နဲ့အတူကစားဖြစ်ရင် ဒီကောင့်မျက်နှာကို နေ့တိုင်းထိုးမိလိမ့်မယ်။ ဘာလော့တယ်လီ လိုယောက်ျားတစ်ယောက်ကို ကူညီဖို့ နည်းလမ်းမျိုးစုံရှိပါတယ်။ ကျွန်တော် သူနဲ့နေ့တိုင်းတော့ စကားမပြောဖြစ်ပါဘူး၊ ဒါပေမယ့် သူ့အရည်အသွေးကို မဆုံးရှုံးစေချင်တာကြောင့် သူနဲ့ စကားပြောပါတယ်။ မာရီယိုက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်မဟုတ် ခဲ့ရင် ဒါကသူ့အမှားကြောင့်ပါ ဘာလို့လဲဆိုတော့သူ့မှာဒီလိုဖြစ်ဖို့အရည်အခြင်းတွေ အားလုံးပြည့်စုံ နေပါတယ်။ မာရီယိုဟာ ဥရောပရဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဖြစ်နိုင်ပါတယ်။ သူ့အရည်အချင်းတွေကို မဆုံးရှုံးစေချင်ဘူး။ ငါသူ့ကိုသိတယ်၊ သူက လူဆိုးမဟုတ်သလို ထူးချွန်တဲ့ ကစားသမားပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့အရည်အချင်းနဲ့ သူ့အရည်အသွေးတွေ ဆုံးရှုံးနေတာကြောင့် သူ့အတွက် စိတ်မကောင်းပါဘူး။ သူ့အတွက်၊ သူ့အနာဂတ်အတွက် ဘာတွေမှားနေလည်း သူနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ သူ့အမူအကျင့်တွေကို သူကိုယ်တိုင်အနာဂတ်မှာ ပြောင်းလဲနိုင်ပါတယ်။ “
တကယ်လည်းအကျင့်ဆိုးတွေရှိမနေခဲ့ဘူးဆိုရင် ဘာလော့တယ်လီဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဖြစ်ခဲ့မှာပါ၊ ဒါကို ဘောလုံးအသိုင်းအဝိုင်းအားလုံးက လက်ခံထားခဲ့ကြတာပါ။အခုတော့သာမန်ကစားသမားဘဝနဲ့ လိုချင်တဲ့အသင်းကခပ်ရှားရှားဖြစ်ပြီး ဝေဖန်သံတွေကြားမှာ ဘဝကိုဖြတ်သန်းခဲ့ရပြီဖြစ်ပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"